ဘင်္ဂလီ ကယ်ဆယ်ရေးစခန်းများကို စစ် ဆေးသည့်အဖွဲ့အား ကိုယ်ထိလက်
ရောက်တိုက်ခိုက်ခဲ့သည့် ဘင်္ဂလီများအား အမြန်ဆုံးဖော်ထုတ်နိုင် ရေး
မြို့နယ်ရဲတပ်ဖွဲ့မှ ဆောင် ရွက်နေကြောင်း စစ်တွေ အမှတ် (၁) ရဲစခန်းမှ
အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
ဇူလိုင် ၁ရရက် မွန်းလွဲ ၁၂
နာရီခွဲခန့်က စစ်တွေမြို့နယ် ဘော ဒူဗဘင်္ဂလီ ဒုက္ခသည်ကယ်ဆယ် ရေးစခန်းသို့
အဆောက်အအုံအ ရည်အသွေး သွားရောက်စစ် ဆေး သည့် နတလ ဒုတိယဦးစီးမှူး ဦး
အောင်ဝင်းနိုင်ဦးစီးသည့်အဖွဲ့ ကို အဆိုပါကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီများက
ခဲများဖြင့်ပစ်ပေါက် ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လတွင်ဖြစ် ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု အတွင်း
ဘင်္ဂလီများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သူတစ်ဦး အဆိုပါအဖွဲ့ တွင်
ပါဝင်သည်ဟုဆိုကာ ယခုကဲ့ သို့ ခဲများဖြင့်ပစ်ပေါက် ခဲ့ကြခြင်း ဖြစ်ပြီး
မြို့နယ်စာရင်းစစ်ရုံးမှ ရုံး အကူ ခိုင်မင်းထွန်း ၂၁နှစ်တွင်
နှာခေါင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်၊
နတလဒုတိယဦးစီးမှူး ဦးကျော်
ဟိန်းတွင် ယာဘက်ချိုစောင်းပေါက် ပြဲဒဏ်ရာ တစ်ချက်နှင့် ယင်းတို့
စီးနင်းလာသည့် ဟွန်ဒါကား၏ ရှေ့လေကာမှန်လည်း အက်ကွဲခဲ့ ကြောင်း သိရသည်။
စစ်တွေ အမှတ်(၁)ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ''ဒီကိစ္စနဲ့ ပတ်သက်ပြီး
ပြစ်မှုကျူးလွန်သူတွေ ကို ဥပဒေအရ အရေးယူဆောင် ရွက်လို့ရအောင်အတွက် ကျွန်
တော်တို့ အမြန်ဆုံးဖော်ထုတ် နိုင် အောင် ကြိုးစားနေပါတယ်''ဟု
ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြော သည်။
ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ရေးကော်မ တီအဖွဲ့ဝင်ဦးမျိုးသန့်က ''ဘင်္ဂလီ
တဲတန်းလျားတွေကို သွားစစ်တဲ့ အဖွဲ့တွေကို သူတို့က ခဲနဲ့ပစ်ပေါက် တာ။
ဒဏ်ရာသိပ် ကြီးကြီး ကျယ် ကျယ် မရခဲ့ကြပါဘူး။
ဒီကိစ္စနဲ့ပတ် သက်ပြီး အမှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူဖို့လုပ်နေပါပြီ''
ဟု အတည်ပြုပြောသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ အမှုကျူးလွန်သူများကို
စစ်တွေ အမှတ်(၁)ရဲစခန်းမှ ပြစ်မှု ပုဒ်မ ၃၃၂/၁၁၄ ဖြင့် အမှုဖွင့်ထား ကြောင်း
သိရသည်။
မာန်ယုကျော် (ရွှေဝမြေ)
Yangon Media Group
ဘင်္ဂလီ ကယ်ဆယ်ရေးစခန်းများကို စစ် ဆေးသည့်အဖွဲ့အား ကိုယ်ထိလက် ရောက်တိုက်ခိုက်ခဲ့သည့် ဘင်္ဂလီများအား အမြန်ဆုံးဖော်ထုတ်နိုင် ရေး မြို့နယ်ရဲတပ်ဖွဲ့မှ ဆောင် ရွက်နေကြောင်း စစ်တွေ အမှတ် (၁) ရဲစခန်းမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
ဇူလိုင် ၁ရရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က စစ်တွေမြို့နယ် ဘော ဒူဗဘင်္ဂလီ ဒုက္ခသည်ကယ်ဆယ် ရေးစခန်းသို့ အဆောက်အအုံအ ရည်အသွေး သွားရောက်စစ် ဆေး သည့် နတလ ဒုတိယဦးစီးမှူး ဦး အောင်ဝင်းနိုင်ဦးစီးသည့်အဖွဲ့ ကို အဆိုပါကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီများက ခဲများဖြင့်ပစ်ပေါက် ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လတွင်ဖြစ် ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု အတွင်း ဘင်္ဂလီများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သူတစ်ဦး အဆိုပါအဖွဲ့ တွင် ပါဝင်သည်ဟုဆိုကာ ယခုကဲ့ သို့ ခဲများဖြင့်ပစ်ပေါက် ခဲ့ကြခြင်း ဖြစ်ပြီး မြို့နယ်စာရင်းစစ်ရုံးမှ ရုံး အကူ ခိုင်မင်းထွန်း ၂၁နှစ်တွင် နှာခေါင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်၊
နတလဒုတိယဦးစီးမှူး ဦးကျော် ဟိန်းတွင် ယာဘက်ချိုစောင်းပေါက် ပြဲဒဏ်ရာ တစ်ချက်နှင့် ယင်းတို့ စီးနင်းလာသည့် ဟွန်ဒါကား၏ ရှေ့လေကာမှန်လည်း အက်ကွဲခဲ့ ကြောင်း သိရသည်။
စစ်တွေ အမှတ်(၁)ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ''ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေ ကို ဥပဒေအရ အရေးယူဆောင် ရွက်လို့ရအောင်အတွက် ကျွန် တော်တို့ အမြန်ဆုံးဖော်ထုတ် နိုင် အောင် ကြိုးစားနေပါတယ်''ဟု ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြော သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ရေးကော်မ တီအဖွဲ့ဝင်ဦးမျိုးသန့်က ''ဘင်္ဂလီ တဲတန်းလျားတွေကို သွားစစ်တဲ့ အဖွဲ့တွေကို သူတို့က ခဲနဲ့ပစ်ပေါက် တာ။ ဒဏ်ရာသိပ် ကြီးကြီး ကျယ် ကျယ် မရခဲ့ကြပါဘူး။
ဒီကိစ္စနဲ့ပတ် သက်ပြီး အမှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူဖို့လုပ်နေပါပြီ''
မာန်ယုကျော် (ရွှေဝမြေ)
Yangon Media Group
No comments:
Post a Comment