Monday, July 22, 2013

နွားများအားတရားမ၀င်သယ်ဆောင်ခဲ့သူကို အရေးယူ



ရန်ကုန်၊ ဇူလိုင် ၂၂

၂၁.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မှော်ဘီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်မြောင်းတကာကျေးရွာ အမှတ်(၆)ရပ်ကွက်နေ၊ ကိုသက်နိုင်ဦး၊ (ဘ)ဦးစိုးမြင့်၏နေအိမ်တွင် ထန်းတပင်မြို့နယ်မှ နွားများအားတရားမ၀င်သယ်ဆောင်
ထားရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးမေးမြန်းခဲ့ပါသည်။

ကိုသက်နိုင်ဦးသည် ၁၀၀၀ အချိန်ခန့်တွင် နွား(၃)ကောင်အား ထန်းတပင်မြို့နယ်မှ တရားမ၀င် သယ်ဆောင်ခဲ့ပြီး ထပ်ဆင့်ရောင်းချရန်အတွက် မြောင်းတကာကျေးရွာ၊
ကျွဲကူးကွက်သစ်နေ ဦးစိုးလွင်၏နွားတင်းကုပ်တွင်ထားရှိကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာနွားထီး (၂)ကောင်၊
နွားမ(၁)ကောင်တို့အားရှာဖွေတွေ့ရှိခဲ့ပါသည်။

၎င်းနွားများနှင့်ပတ်သက်၍ တရားဝင်အထောက်အထားများ
အားမေးမြန်းရာ တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အတွက် ကိုသက်နိုင်ဦးအား မှော်ဘီမြို့မရဲစခန်း (ပ)၄၂၄/၂၀၁၃ ၊
အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်
အရေးယူထားရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

No comments: