Friday, July 12, 2013

ကာကွယ်ရေးဝန်ကြီးအဖြစ် ဝန်ကြီးချုပ်ရင်လပ် စတင် တာဝန်ထမ်းဆောင်



ဗန်ကောက် ဇူလိုင် ၁၁

ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်သည် နိုင်ငံ၏ ပထမဆုံးသော ကာကွယ်ရေးဝန်ကြီး အဖြစ် ဇူလိုင် ၁၁ ရက်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီး အဖြစ် စတင်တာဝန် ထမ်းဆောင်ရန် အဆိုပါ ဝန်ကြီးဌာန အဆောက်အအုံ အတွင်းသို့ ရင်လပ် ရောက်ရှိလာချိန်တွင် ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ယူသာဆက်ဆာစီ ဖရာပါ၊

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာနာ ဆက်ပါတီမာ ပါခွန်နှင့် အခြားအဆင့်မြင့် အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ကာကွယ်ရေးဝန်ကြီး ဌာနသို့ ရင်လပ် မရောက်ရှိလာမီ အချိန်တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက ဝန်ကြီးချုပ် အနေဖြင့် ကာကွယ်ရေးဝန်ကြီး အဖြစ် ပူးတွဲတာဝန် ထမ်းဆောင်ခြင်းကို ကန့်ကွက်ဆန္ဒပြ ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေး ဝန်ကြီး ရာထူးကို ဝန်ကြီးချုပ်ရင်လပ်က ပူးတွဲထမ်းဆောင် ခြင်းသည် နိုင်ငံရေးနှင့်လက်နက်ကိုင် တပ်ဖွဲ့များအကြား ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေ နိုင်သောကြောင့် ကာကွယ်ရေး ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူ ခြင်းသည် နိုင်ငံရေး စွက်ဖက်မှု တစ်ရပ်ဟု ယူဆရမည်ဟု ဆန္ဒပြအဖွဲ့မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ တူလ် ဆစ်သီဆွန် ဝုန်က ပြောကြား ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments: