ဈေးခွေးနှင့်ဘုန်းကြီးကျောင်းခွေး
၁။
၈၈၈၈ရဲဘော်သူငယ်ချင်းများအားရိုင်းရိုင်းရေးတော်မူ၍ခွင့်လွှင့်တော်
မူကြပါဟူ၍ကြိုတင်တောင်းပန်လိုပါ၏။
၂။ခေါင်းစဉ်မှာပါသောဈေးခွေးနှင့်ဘုန်းကြီးကျောင်းခွေးဆိုသည်အားဗမာပြည်
နိုင်ငံရေးဖြစ်စဉ်၌လေ့လာဂရုပြုမိကြလျှင်နိုင်ငံရေး-တော်လှန်ရေး၌အုပ်စုဖွဲ
့မှုနှင့်
လွှမ်းမိုးလိုမှုဆိုသောလူနှင့်တိရစ္ဆာန်အသိတရားချိန်ထိုး၍တိုင်းပြည်အကျိုးပြုနိုင်
သောအင်အားများပေါ်ထွက်ထွန်းကားလို၍ရေးသားခြင်းဖြစ်ပါသည်။
၃။ဈေးခွေးဆိုသည်မှာရိုင်း၏၊ပညာမတက်၏၊သို
့သော်သူခိုးသူဝှက်နှင့်သူစိမ်းတရံ
မျိုးမြင်လျှင်အုပ်နှင့်ကျင်းနှင့်ထွက်ကိုက်တက်၏၊တနည်းအားဖြင့်ဆိုလျှင်ဈေးခွေးဆိုသည်မှာမျက်နှာမွဲနင်းပြားခွေးများဖြစ်၏။
၎။ဘုန်းကြီးကျောင်းခွေးဆိုသည်ကားကြေးစည်သံကြားလျှင်အူ၏(မှတ်ချက်။ ။
ကနေ့ ကာလ၌၈၈ငွေရတုဆို၍၂၅နှစ်တာကာလပတ်လုံးဘာမှအနစ်နာမခံကိုယ်
ဘ၀နှင့်ကိုယ်မိသားစုလုပ်ကာတောခိုပါသည်ဗန်းပြနေသည့်ဘုန်းကြီးကျောင်းခွေးများ)ငွေရတုကြေးစည်သံကြား၍အူနေကြပါသည်။
၅။သို့ သော်အရပ်ကမောင်းမထုတ်လျှင်ဈေးခွေးဖြစ်ဖြစ်၊ဘုန်းကြီးကျောင်းခွေးဖြစ်
ဖြစ်သစ္စာရှိကြလျှင်ဈေးပဲဖြစ်ဖြစ်-ဘုန်းကြီးကျောင်းပဲဖြစ်ဖြစ်နေရာပေးမှာဖြစ်ပါ သည်။
၆။သို
့သော်လည်းအုပ်စုဖွဲ့ အရှိန်အ၀ါတက်လာလျှင်-ခွေးတကောကောလာလျှင်-
သစ္စာမဲ့လာလျှင်ဈေးခွေး-ဘုန်းကြီးကျောင်းခွေးတို့သည်ခွေးလေခွေးလွှင့်ဖြစ်သွား
နိုင်ပါသည်။
၇။ဤစာအားရေးရခြင်းမှာလည်းအသည်းထဲမှနာကျင်ထိခိုက်စွာဖြင့်ရှစ်လေးလုံး
ရဲဘော်များ၏ငွေရတုပွဲသဘင်၌အပြိုင်လု၍ပုဂ္ဂိုလ်ရေးမဏ္ဌိုင်တိုင်တက်ပြနေခြင်း
ထင်ပေါ်ကျော်ဇော်လိုခြင်းများမြင်တွေ
့နေရ၍ဖြစ်ပါသည်။ရဲဘော်သံခဲ-စိန်ခဲတို့  သာကမအမေရိကားဖို့ ဝေးမှသည်ဝါရှင်တန်မြို
့တော်ဆီအထိခွပ်ဒေါင်း အလံများ အား(၈၈)အရေးတော်ပုံငွေရတုမှသည်ရွှေရတု-စိန်ရတု-ပတ္တမြားရတု-န၀ရတ်
ရတု-ဦးတိဘွားရတုနှင့်ဦးရိုဟင်ဂျာရတုများသာကမဖြစ်ပေါ်လာမည့်ရတုဟူသမျှ
ဖြင့်ဘေးရန်မကွာ-လူထုအရေးအနာမခံသော-၈၈၌လမ်းပေါ်မထွက်သော-စစ်တပ်နှင့်ရင်မဆိုင်ရဲသောခေါင်းဆောင်များလက်နတ်ချအညံ့ခံခေါင်းဆောင်များ(မှတ်ချက်။ ။
ကျောင်းသားခေါင်းဆောင်ဆို၍မသုံးနှုန်းပါ-ကျောင်းသားထု
မျိုးဆက် ဂုဏ်သိဏ္ခာထိခိုက်မည်စိုး၍ဖြစ်ပါသည်၊)များများပေါ်ထွန်းကြမှသာလျှင်
စည်းကမ်းဒီမိုကရေစီနှင့်စစ်ကျွန်စံနစ်အားထောက်ခံသည့်အပြည့်အ၀ဒေါက်တိုင်ကောင်းများပေါ်ထွက်လာမည်ဖြစ်ပါသည်။
၈။သို့ သော်..ကျောင်းသားသမဂ္ဂနှင့်လူထုအခွင့်အရေးတိုက်ပွဲများအတွက်
နိုင်ငံရေးအရခြွင်းချက်များစွာရှိနေသည့်အပေါ်၌ဒေါက်တိုင်များနှင့်သမိုင်းမှတ်တိုင်
များခွဲခြားစွာ စိုက်ထူပြသနေမည်ဖြစ်ပါသည်။
တော်လှန်သမိုင်းမညစ်ရိုင်းပါ
စစ်အောင်
ဘာတွေဖြစ်ကုန်ကြပြီလဲ
၁။အထက်ပါခေါင်းစဉ်သည်၁၉၈၈ခုနှစ်၊စက်တင်ဘာ(၁၈)ရက်နေ့ ၌
စစ်တပ်မှမဆလတပါတီအာဏာရှင်စံနစ်မှစစ်အာဏာရှင်စံနစ်ကို
ဖော်ထုတ်လာပြီးနောက်မှာပေါ်ထွက်ခဲ့သည့်စာရေးဆရာမင်းလူ၏
ကဗျာတပုဒ်ပင်ဖြစ်ပါသည်။အဆိုပါကဗျာရေးသားခဲ့သောစာရေးဆရာ
ကိုလည်းဂျိုကုတ်မှူးကြီးနှင့်ဂျိုကုတ်ကြီးများမှထောင်နှစ်ရှည်ချမှတ်
လိုက်ပါသည်။
၂။မျက်မှောက်နိုင်ငံရေးအခြေအနေသည်လည်း(ဘာတွေရှုပ်နေကြသည်လဲ)
အဖြစ်မျိုး၌ရှိနေပါသည်။
၃။စစ်ကျွန်စံနစ်လွှတ်တော်၌ဒီချုပ်ပါတီကြီးမှပြည်တန်ဆာဥပဒေကိုအဆိုတင်
သွင်းခဲ့ပါသည်။အချိန်-ကာလ-နေရာ-ဒေသမှားယွင်းစွာတွက်ချက်မှုနှင့်မြန်မာ
မှုသဘောသဘာဝကိုနားမလည်ခဲ့၍အဖျားရူးသွားပါ၏။ကောင်းတော့ကောင်း
သည်-မျက်စိစပ်သည်ဆိုသလိုမျိုးဖြစ်ခဲ့ရပါသည်။
၎။ရခိုင်ပြည်ပဌိပက္ခဖြစ်ပေါ်ရာမှနေ၍ပြည်မအတွင်းသို့ ဗုဒ္ဓဘာသာ-မွတ်ဆလင်
ဆိုသောတင်းမာမှုများဆက်တိုက်ဖြစ်ပေါ်လာပြီးနောက်ယခင်ကာလများ၌
ဂရုမပြုကြသောမြန်မာထုံးထမ်းဓလေ့ဆိုင်ရာလက်ထပ်မင်္ဂလာများနှင့်မြန်မာနိုင်ငံ
သူများမွတ်ဆလင်ဘာသာဝင်များဖြင့်ယူရာ၌ဘာသာပြောင်းယူနေရခြင်းအပေါ်
အခြေခံ၍ မျိုးစောင့်ဥပဒေတို့ ၊အမျိုး-ဘာသာ-သာသနာထိမ်းသိမ်းစောင့်ရှောက်
ရေးတို့ ဆို၍ပေါ်ထွက်လာပါသည်။
၅။ထိုအရေးကိစ္စများအပေါ်သံဃာထုမှဦးဆောင်မှုပေးလာသည့်အပေါ်၌
ဒီချုပ်ပါတီအပါအ၀င်အမျိုးသမီးအခွင့်အရေးဆို၍လုပ်ကိုင်နေသောခေါင်းဆောင်အချို့ ကလည်းဝေဖန်ကန့် ကွက်ကြပါသည်။ထိုထက်ပို၍ပြင်းထန်
လာသည်မှာဦးဝီရသူ၏၉၆၉သာမကသံဃာများအပေါ်ဆဲဆိုပြောဆိုလာချက်
များဖြစ်၍နေပါသည်။ထိုသို့ သောအခြေအနေများသည်မြင်ရသောရန်သူနှင့်
မမြင်ရသောရန်သူအပါအ၀င်ရန်သူဟူသမျှအတွက်အကြိုက်တွေ့ စေပါသည်။
၆။တိုင်းပြည်တပြည်၏ကြီးပွားတိုးတက်ရေးအခြေခံသည်ညီညွတ်ခြင်းသာဖြစ်
ပါသည်။ညီညွတ်ခြင်းအခြေအနေတရပ်အပေါ်စုံချက်တရပ်အနေဖြင့်အဖြေရှာ
ကြရေးအတွက်ခေါင်းဆောင်များ(ကြံ့ ဖွတ်ခေါင်းဆောင်များမပါ)မှအလေးဂရုမပြု
ကြလျှင်ဗမာပြည်သည်မုန်တိုင်းဆိုးဒဏ်များကြောင့်ကြေမွပျက်ဆီးဖွယ်ရှိ
နေပါသည်။
၇။အမျိုးအပေါ်ချစ်စိတ်-စောင့်ရှောက်စိတ်(နိဝါတတရား)သည်ကောင်းမြတ်ခြင်း မင်္ဂလာတရားတော်ဖြစ်ကြောင်းကို
ဗုဒ္ဓဘုရားရှင်မှသုဗ္ဗလုလင်ကိုဟောကြားတော် မူခဲ့ပါသည်။ထို့ အတူပင်ကာလာမသုတ်တရားတော်သည်လည်း
ကိုယ်တိုင်ထိတွေ့ သိရှိပြီးသောအတွေ့ အကြုံမှပေါက်ဖွားခြင်းဖြင့်သာ
ယုံကြည်ပါဆို၍ဗုဒ္ဓမြတ်စွာဘုရားရှင်မှဟောကြားတော်မူခဲ့ပါသည်။ကမ္ဘာ့ပေါ်မှာ
ရှိရှိသမျှသောဘာသာရေးဆိုင်ရာအဘိဓမ္မာများ၌ဤကဲ့သို့ လွတ်လပ်ပွင့်လင်း
သောကိုးကွယ်မှုဆိုင်ရာညွန်ကြားပြသခြင်းမျိုးမရှိဘူးဖြစ်ပါသည်။၈။လောကဓါတ်ပညာဆိုင်ရာဖခင်ကြီးဖြစ်သောအဲလဗတ်အိုင်စတိုင်း၏ကိုယ်ရေး
အတ္တုပ္ပတ္တိစာအုပ်စာအုပ်ထဲ၌ဖော်ပြထားသည်မှာ“If there is any religion
that
Would be cope with modern scientific needs, it would be Buddhism.”
(ခေတ်သိပ္ပံပညာရဲ့ လိုအပ်ချက်တွေနဲ့ အပြိုင်လိုက်နိုင်တဲ့ဘာသာတရားရှိတယ်
ဆိုရင်အဲ့ဒီဘာသာတရားဟာဗုဒ္ဓဘာသာပဲဖြစ်တယ်)ဟုပြောကြားချက်ကိုဖော်ပြထားပါသည်။
၉။မျိုးစောင့်ဥပဒေကြောင့်ရဟန်းသံဃာများကိုလက်ညှိုးထိုးဝေဖန်ပြောဆိုနေရာမှ
ဗုဒ္ဓဘာသာသည်အမျိုးသမီးအခွင့်အရေးများအားပိတ်ပင်မှုရှိသည်ဟုပြောဆိုချက်
များသည်လည်းမှားယွင်းသောအတွေးအခေါ်တရပ်သာဖြစ်ပါသည်။
၁၀။ဗမာပြည်သည်ဗုဒ္ဓဘာသာကိုးကွယ်သူအများစုရှိ၍အမျိုးသမီးအခွင့်အရေး
ဆိုင်ရာမှာအခြားသောဘာသာခြား၊တိုင်းတပါးနိုင်ငံများထက်ယှဉ်ကြည့်ပါလျှင်
ဘာသာရေးဆိုင်ရာကိစ္စများသာမကလူ့ အဖွဲ့ အစည်းကဏ္ဍာရပ်များ၌လည်း
လွတ်လပ်ခွင့်ရှိနေပါသည်။
၁၁။ဗုဒ္ဓပွင့်တော်မူခဲ့ပြီးနောက်မဇ္ဇိုမဒေသ၌အမျိုးသမီးများ၏ဘ၀တမူထူးခြားလာ
ခြင်း၊အမျိုးသမီးများအားဘာသာရေးဆိုင်ရာ၌လွတ်လပ်စွာပါဝင်ခွင့်ပြုခြင်း၊သာသနာတော်အတွင်း၌ဘိက္ခုနီများအဖြစ်အထိခွင့်ပြုတော်မူခြင်း၊အမျိုးသားများနည်းတူ
အမျိုးသမီးများလည်းအရဟတ္တမဂ်ဖိုလ်ကိုရောက်အောင်ကျင့်ကြံအားထုတ်လျှင်ရကြောင်းဆိုသည်ကိုသက်သေထင်ရှားပြသခြင်းအစရှိသောအမျိုးသမီးဆိုင်
ရာအခွင့်အရေးနှင့်ပက်သက်လာလျှင်ဗုဒ္ဓသည်ကမ္ဘာ၌လက်ဦးဆရာပင်ဖြစ်ပါ
သည်။
၁၂။ဗုဒ္ဓမပွင့်မှီမဇ္ဇိုမဒေသ၌အမျိုးသမီးများကိုဘုရားကျောင်းတော်များအတွင်းဝင်
ခွင့်မပြုခြင်း၊ဘာသာရေးဆိုင်ရာကျမ်းစာ-ပရိတ်နှင့်တရားတော်များသင်ယူခွင့်မရ
ရှိခြင်း၊ပုရိဿထက်ဘုန်းတံခိုးနိမ့်သည်ဟုသတ်မှတ်ခံရခြင်းများရှိနေရာမှဗုဒ္ဓပွင့်
တော်မူပြီးနောက်မှာအမျိုးသမီးများ၏တန်ဖိုးဆိုင်ရာအားအသိအမှတ်ပြုမူခြင်း၊
လွတ်လပ်ခွင့်ပေးခြင်းများပြုလုပ်ခဲ့ပါသည်။ထိုသို
့လုပ်ကိုင်မှုကြောင့်ဗုဒ္ဓခေတ် ကာလ၌ဝေဖန်ပုတ်ခတ်မှုများလည်းရှိခဲ့ပါသည်။
၁၃။အမျိုးသမီးအခွင့်အရေးနှင့်ပက်သက်လာလျှင်အကောင်းဆုံးသောသာဓက
ကိုထုတ်ဖော်ပြသရပါလျှင်ဗုဒ္ဓနှင့်မာရ်နတ်စကားပင်ဖြစ်ပါသည်။မာရ်နတ်မင်း
သည်“ဘယ်အမျိုးသမီးမှကျဉ်းမြောင်းတဲ့ဥာဏ်ပညာရှိတာကြောင့်အမြင့်မြတ်ဆုံး
သူတော်စင်များရနိုင်တဲ့ဥာဏ်အဆင့်ကိုမရောက်နိုင်ဘူး”ဆို၍ပြောဆိုပါသည်။
ဘိက္ခုနီမတဦးကိုမာရ်နတ်ကအထက်ပါစကားများပြောဆိုခဲ့ပါသည်။ထိုအယူ
အဆအပေါ်အကြီးအကျယ်ဆန့် ကျင်ပုန်ကန်လိုက်တာကဗုဒ္ဓရှင်တော်မြတ်ဘုရား ဖြစ်ပါသည်။ဗုဒ္ဓရှင်တော်မြတ်ဘုရားမှအောက်ပါအတိုင်းချေပခဲ့သည်မှာ(လူတ
ယောက်ဟာသူ့ စိတ်ကိုကောင်းစွာသမာဓိသို့ ရောက်အောင်ထူထောင်နိုင်ရင်
ပညာဟာမုချလိုက်ပါဖြစ်ပေါ်မှာပဲ၊အမျိုးသမီးကြောင့်ဆိုပြီးဘာမှကွဲပြားခြားနား
မှာမဟုတ်ပါဘူး)ဆို၍ပြန်လည်ချေပပါသည်။ဗုဒ္ဓမှအမျိုးသမီးအခွင့်အလမ်းများနှင့်ပက်သက်၍ကောသလမင်းကြီးကိုဟောကြားတော်မူခဲ့သည့်တရားတော်နှင့်များ
စွာသောတရားတော်များရှိပါသည်။
၁၄။လွန်ခဲ့သောနှစ်ပေါင်း(၂၆၀၀)ခန့် ကတည်းမှဗုဒ္ဓဘာသာသည်အခွင့်အရေးတူ
ညီမှု၊အဆင့်အတန်းတူညီမှုနှင့်အယုတ်အလတ်အမြတ်မရွေးတသားတည်းသော
သဘောထားခဲ့ပါသည်။(မှတ်ချက်။
။ဘုန်းကြီးကျောင်းသို့ ကားကောင်းစီး၍လာ
သူများကိုသာလက်ခံစကားပြောသည့်ဘုန်းကြီးဆိုသူများနှင့်မသက်ဆိုင်ပါ)၁၅။လူ့ အခွင့်အရေးကျေးဇူးရှင်များဖြစ်နေကြသည့်အနောက်တိုင်းနိုင်ငံများ၌ပင်
အမျိုးသမီးများမဲပေးပိုင်ခွင့်ရဖို
့အပြင်းအထန်တိုက်ပွဲဝင်ခဲ့ရခြင်း၊လူမည်းများအား
တန်းတူညီခွင့်မပေးပဲဖိနှိပ်မှုများမှနေလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ရခြင်းဆိုသောသမိုင်းသာဓကများရှိနေပါသည်။အရှေ
့အလယ်ပိုင်းနိုင်ငံများသကဲ့သို့  လည်းဘာသာရေးအစွန်းရောက်မှုများနှင့်လည်းအမျိုးသမီးအခွင့်အရေးမျိုးဆုံးရှုံး
နေရခြင်းသည်ဗမာပြည်၏မည်သည့်ခေတ်သမိုင်း၌မျှမရှိခဲ့ဘူးဖြစ်ပါသည်။
၁၆။နိဂုံးချုပ်အနေဖြင့်၂၀၁၅ခုနှစ်၌သမတဖြစ်လိုသောဒေါ်စုအပါအ၀င်ခေါင်း
ဆောင်များနှင့်မဲနိုင်လိုသောပါတီများအနေနှင့်တရံရောအခါ၏ရွေးကောက်ပွဲ၌
ပါလီမန်တွင်ဖဆပလထိုင်ခုံနည်းသွား၍ပမညတထိုင်ခုံများရလာသောသာဓက၊
တည်မြဲမဲနည်းကာသန်
့ရှင်းမဲအသာရသွားရသောသမိုင်းများအပေါ်ကြေညက်
နေပါကလက်ခမောင်းခတ်ပြီး၂၀၁၅ကြိုးဝိုင်းအတွင်းသို့ခုန်ပျံကျော်လွှားဝင်ရောက်
နိုင်ပါသည်။
သဗ္ဗေသတ္တာ ကမ္မသကာ
စစ်အောင်
No comments:
Post a Comment