တော်လှန်ရေးကို အတိကျသိချင်လျင် အစေ့ကို ကြည့်ပါ။
မြေကြီးအောက်တွင် လာသမျှသူနင်း ၊ ဖနောက်နှင့် ပေါက်သူကပေါက် ဆောင့်အောင့်အောင့် ခမ်းကြမ်းကြမ်း လျောက်သွားသူတွေလည်း တနေ့တမျိုး မရိုးရပါ။ သို့သော် ယခုကဲ့သို့ ဖိလိုက် နင်းလိုက် ဆောင့်လိုက်၊ ညောင်လိုက်ဆိုသော အောက်ဝယ်…. အများသူငှာ မကြည်ဖြူသော ခြေနှင်းသံများ ကျယ်လောင်စွာဖြင့် စစ်ဖိနပ်များဖြင့် ဖိနင်း ချေမွသွားကြ၏။
သူတို့ နင်းသမျှ ဖိသမျှ ဆောင့်သမျှ အားလုံးတို့၏ အောက်တွင် အစေ့ ကလေး နှစ်စေ့ရှိနေကြ၏။ သူတို့သည် အလွန်ပင်ချစ်ကြသည်။ ဖိသမျှ နင်းသမျှအောက်တွင် နေခဲ့သော ကာလ အတော်ကြာနေလေပြီ။
ခုတော့ အစေ့လေးနှစ်စေ့ သူတို့ သူငယ်ချင်းနှစ်ယောက် ချစ်ခင်ဆုံး သွေးသောက်ရဲဘော်ရဲဘက်နှစ်ယောက် တိုင်ပင်ကြသည်။
အစေ့တစေ့က သူ့သူငယ်ချင်းကို ပြောသည်။
“သူငယ်ချင်းရယ် ငါတို့ ဖိနှိပ်မှုနှင်းပြားအောက်မှာ ကြာပြီကွာ ၊ ငါတော့ မခံနိုင်တော့ဘူး၊ မင်းရော ဘယ်လိုလဲ?” ဟု မျှော်လင့်ချက် တစုံတရာဖြင့် မေး၏။
“အခြားငါတို့လိုပဲ ခုတိုင်းပဲ အောက်မှာ တိတ်တိတ်ကလေးနေထိုင်ပြီး အေးအေးပဲ နေနေကြသူတဲ့သူ အစေ့တွေ အများကြီးပဲကွာ၊ မင်းက ဘာ ခုမှ စကားကြီးစကားကြယ် ပြောနေတာလဲကွာ ငါနဲ့မင်းလဲ ဒီအတိုင်းပဲ နေနေတာကြာပြီကွာ ဆက်နေရုံပဲ မဟုတ်ဘူးလား သူငယ်ချင်းရယ်”၊ဟု အခြားစေ့က ပြန်ပြောသည်။
ထိုအခါ အစေ့က ငြိမ်မနေနိုင်တော့ပါ၊ လှုပ်လှုပ်ရွရွလေးဖြင့် သူရဲဘော် သူနှင့်နေနေသူ သူ့၏သူငယ်ချင်းအစေ့ကို ပြနပြောသည်။
“မင်း ပြောတာ မှန်သလိုလိုတော့ရှိတယ် ဒါပေမယ့် မှားနေတယ်လို့ ငါထင်တယ်။ ငါတို့ အစေ့ဖြစ်နေတာကြာပြီ ဒီအတိုင်းပဲ ဖိသမျှ နင်းမျှ ခုလိုပဲ မင်းနဲ့ငါ ဘေးချင်းကပ်ပြီး ဘာမှရှေ့ဆက်မတိုးရဲပဲ ဒီအတိုင်းပဲ နေကြမယ်ဆိုရင် အစေ့ဆိုတဲ့ သဘာဝတော့မှန်ပေမယ့် ငါတို့ရဲ့ ဂုဏ်သိက္ခါ အရည်ချင်း ဘာမှ ပြခွင့်မရတော့ပဲ ဒီအတိုင်းပဲ သဘာဝ ဆိုတဲ့ လောကဓါန်တရားထဲမှာပဲ ယုံမှတ်မှားစွာနဲ့ ပုတ်ပွ သေဆုံးရမလားကွာ။ မဟုတ်သေးပါဘူး၊ ငါ ဆိုလိုချင်တာက ငါတို့ရဲ့ အရည်ချင်း ငါတို့ရဲ့ မွေးရာပါ အစေ့တွေရဲ အ၇ည်ချင်းကို ပြကို ပြသင့်တယ်လိုငါ ယူဆတယ်။ ဒါကြောင့် ငါကတော့ ငါတို့အစေ့တွေ အထင်သေးမခံရအောင် အမြဲနင်းထား ဖိထားလိုမရဘူးဆိုတဲ့ ၀ိသေသပြယုဂ်ကို ငါပြချင်လို ဘေးချင်းကပ်ရှိနေတဲ့ မင်းကို ငါတိုင်ပင်နေတာ” ဟု ဆိုသည်။
ထိုအခါ သူငယ်ချင်း အစေ့က “ မလုပ်ပါနဲ့သူငယ်ချင်းရာ နေမြဲတိုင်းသာ နေပါကွာ၊ ငါက မင်းမရှိတော့ရင် ဘာကိုမှ မရှိတော့လို့ မင်းနဲ့ငါ ခုလိုတူတူနေရတာကိုက ငါ့ဘ၀၊ ငါ့အလှ လို့ပဲယုံကြည်တယ်။ မင်းမရှိပဲ ငါတယောက်ထဲဘယ်လိုနေရမလဲ၊ ပြီးတော့ မင်းနဲ့ငါက အစေ့ဘ၀ထဲမှာ အကြာကြီး အတူတူနေခဲ့ကြတာ၊ ခုတော့ မင်းက နင်းတာ မခံနိုင်တော့ဘူး ပြီးတော့ ဖိသွားတာ နှိပ်သွားတာ မင်းမကြိုက်တော့ဘူးဆိုတော့မင်းက ဘာကို လုပ်နိုင်လို့လဲ?မင်းတခုခု ဖြစ်ပြီး ဘ၀ပျက်သွားမှာ ငါစိုးတယ်။ မင်း ငါ့ကို မခွဲသွားပါနဲ့ သူငယ်ချင်းရယ်” ဟု ပြောသည်။
သို့သော် အစေ့က မရ ၊ အပြီးတိုင်းဆုံးဖြတ်ပြီးသား အန္တိမ သစ္စာ ကို ရအောင်ယူဖို့ ရောက်အောင်သွားတော့မည်ဟု အစေ့က စဉ်းစားထားသည်။ ထို့ကြောင် အစေ့၏ နောက်ဆုံး ဆုံးဖြတ်ချက်နှင့် နည်းနိသယအား သူငယ်၏သူငယ်ချင်းကို ပြောပြသည်။
“ဒါဆိုလဲ ဒီလိုလုပ်ကွာ၊ မင်းက အောက်မှာ ဒီတိုင်းခနနေခဲ့ ငါမင်းကို မေ့မထားဘူး၊ ငါကိုယ်တိုင် အညှောင်ထွက်ကြည့်လိုက်မယ် ၊ အခြေနေကောင်းတာနဲ့ မင်းလဲ အညှောင်ထွက်လာအောင် ငါပြန်ပြောမယ် ပြီးတော့ ဒို့နှစ်ယောက်အတူတူ ထိုးဖေါက်ရှင်သန်ပြလိုက်မယ် မင်းဘယ်လိုသဘောရလဲ? ငါကတော့ ငါတို့ အစေ့တွေရဲ့ အရည်ချင်း၊ ဂုဏ်ကို ပြရမှာက ငါတို့ အစေ့တွေရဲ့ ဓမ္မ (အမှန်တရား)ပဲ၊ ငါကတော့ မနက်ဖြန်ကို အညှောင့်ထွက်ပြလိုက်မယ်ကွာ၊ ပြီးတော့ အခြေနေကောင်းတာနဲ့ မင်းလဲ အညှောင့် ထွက်ပြီး ရှေ့တက်လိုက်လာဖို့ ငါအချက်ပြမယ်၊ ဒါဆိုရင် ငါတို့ အစေ့တွေရဲ့ အန္တိမ သစ္စာ (ဓမ္မ) အမှန်တရားကို အားလုံးတွေ့သွားမယ် ပြီးတော့ ငါတို့အစေ့တွေကို (Generation) ဆိုတဲ့ အစေ့တွေကို သူတို့ မဖိနှိပ်ရဲတော့ဘူး၊ အခုပဲကြည့်ကွာ… တို့နှစ်စေ့နေထိုင်နေတဲ့မြေတွေကို
ခရိုနီတွေကသိမ်းလိုက် စစ်တပ်က သိမ်းလိုက်၊ တရုတ်နဲ့ပေါင်းထားတဲ့
ဦးပိုင်က သိမ်းလိုက်နဲ့ဆိုရင် ငါတို့ မကြာခင် ဒီကောင်တွေရဲ့
စီရင်ရာအတိုင်း ရောက်သွားတော့မယ်၊ ဒါကြောင့်ငါက အညှောင့်ထွက်ပြီး
ကြီးမားဆုံးသော အပင်ကြီးတပင် နဲ့အသီးပေါင်း အစေ့ပေါင်းများ ထပ်ပြီး
မွေးထုတ်မယ် ပွင့်ပြ သီးပြမယ်ကွာ၊ ဒါဆိုရင် ငါတို့ အစေ့ဆိုတဲ့
(Generation) ကို အားလုံး အသိမှတ်ပြုလာမယ် လေးစားလာမယ်လို့ ငါတို့ယူဆတယ်။
ဒါကြောင့် ငါ…. မနက်ဖြန် အညှောင်ထွက်ပြမယ်၊ ပြီးရင်
မင်းလိုက်ခဲ့ပေါ့”ဟုဆိုလေသည်။
နောက်တနေ့တွင် အစေ့မှ အညှောင့်ထွက်လိုက်သည်၊ ပြီးတော့ သူ၏ အညှောင့်မှ နေရောင်ခြည်နှင့် အေးမြသော အောက်စီဂျင်ကို ခံစားရကာ ထပ်မံကာ ဆထက်တန်းဘိုး ကြီးမားခွင့်ရကာ မြန်မြန်ဆန်ဆန်ပင် အညှောင်မှ အညွန့်များ ဆက်လက်ထွက်ခွင့်ရလာပြီး သဘာဝ မိုးတိမ်တိုက်များ၏ ယူဆောင်လားသော မိုးစက်တို့၏ တိုက်ရိုက် မိတ်ဖွဲ့ ကူညီကြခြင်းခံရသောအခါ အကိုင်းအခက်များဆက်လက်ပြီး ထွက်ခွင်ွှ့ ကြီးထွားခွင်ွှ့ ရှင်သန်ခွင်များ ရရှိလာပြီး အစေ့မှ အညှောင့် ၊ အညှောင့်မှ အပင်အဖြစ်သို့ တမဟုန်ခြင်းပင် ရောက်ရှိသွားလေ၏။
သို့သော် ထိုးဖေါက် တော်လှန်ထွက်ကာ ကြီးထွားခွင့် ရသွားသော အစေ့သည် သူနှင့်အတူ တချိန်က အတူတူနေခွင့် တိုင်ပင်ခွင်ရခဲ့သော သူ၏ ခြေရင်းတွင်ကျန်နေရစ်သော သူငယ်ချင်းရဲဘော် အစေ့အား သူ့ကဲ့သို့ပင် အညှောင့်ထွက်ပြီး ရှင်သန်ကြီးထွားလာရန် သတိရပြီး သူ၏ အမြစ်များဖြင့် သူ့၏ကျန်ရစ်ခဲ့သူ ..သူငယ်ချင်း အစေ့အား သတိပေးနိုးဆော်သည့်အနေဖြင့် ထိုးလှန်လိုက်သောအခါ သူ၏ခြေရင်းတွင် ကျန်နေရစ်သော သူငယ်ချင်းအစေ့အား ပိုးသတ္တ၀ါ ချပိုး များက ကိုက်စားကာ အဆန်မရှိတော့ပဲ အခွံသာ ကျန်ရစ်တော့သည်ကို အပင်ဖြစ်သွားသော အစေ့မှ မုချ တွေ့လိုက်ရပေသည်။
ထိုသို့ဖြင့် အစေ့မှ အညှောင့်၊ အညှောင့်မှ ယခု အပင်သို့ ရောက်ရှိသွားသော အပင်သည်ကြီးသည် မည်သူမျှ မည်သို့သော အာဏာရှင်မှပင် ဖြတ်လျောက်နှင်းချေ စော်ကားအနိုင်ကျင့်ခြင်း မခံရတော့ပဲ မကြာခင် အေးမြုငြိမ်းချမ်းသော အရိပ်နှင့် လွတ်လပ်သောအရသာအား ထယ်ထယ်ဝါ၀ါ ခန့်ခန့်ညားညားကြီးပင် ကျွန်ုပ်တို့ လူသားတို့အား သူ၏ တော်လှန်ဖေါက်ထွက်သော သစ္စာ တရားဖြင့် လူသားတို့အတွက် ထားဝရ အကြိုးအားဆောင်ကျင်းပေးနိုင်တော ပေမည်ဟု စာရေးသူမှ ယုံကြည်ပါကြောင်း တင်ပြပါသည်။
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဝန်ခံချက် ( ယခု စာမူသည် နာဇီအုပ်ချုပ်သော ကာလတွင် ထိုးထွင်းဖေါက်ထွက် တော်လှန်ရန် ပထမဦးဆုံး ၁၉၃၆ခုနှစ်တွင် ရေးသားသော စာရေးဆရာမဟုတ်သော စာရေးသူ ရော်မန်ဂျူဒစ်၏ (The Seed) အား ဘာသာပြန်အကျဉ်းချုပ်ကို ဖတ်မိရင်း …ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေနှင့် ထိစပ်မှုရှိအောင် ပြန်ဆိုတင်ပြခြင်း ဖြစ်ပါသည်။
ကြိုက်သလိုသာ ရှယ်လိုက်ကြပါဗျာ (ဂိုလ်ရှယ်လေး)
မြေကြီးအောက်တွင် လာသမျှသူနင်း ၊ ဖနောက်နှင့် ပေါက်သူကပေါက် ဆောင့်အောင့်အောင့် ခမ်းကြမ်းကြမ်း လျောက်သွားသူတွေလည်း တနေ့တမျိုး မရိုးရပါ။ သို့သော် ယခုကဲ့သို့ ဖိလိုက် နင်းလိုက် ဆောင့်လိုက်၊ ညောင်လိုက်ဆိုသော အောက်ဝယ်…. အများသူငှာ မကြည်ဖြူသော ခြေနှင်းသံများ ကျယ်လောင်စွာဖြင့် စစ်ဖိနပ်များဖြင့် ဖိနင်း ချေမွသွားကြ၏။
သူတို့ နင်းသမျှ ဖိသမျှ ဆောင့်သမျှ အားလုံးတို့၏ အောက်တွင် အစေ့ ကလေး နှစ်စေ့ရှိနေကြ၏။ သူတို့သည် အလွန်ပင်ချစ်ကြသည်။ ဖိသမျှ နင်းသမျှအောက်တွင် နေခဲ့သော ကာလ အတော်ကြာနေလေပြီ။
ခုတော့ အစေ့လေးနှစ်စေ့ သူတို့ သူငယ်ချင်းနှစ်ယောက် ချစ်ခင်ဆုံး သွေးသောက်ရဲဘော်ရဲဘက်နှစ်ယောက် တိုင်ပင်ကြသည်။
အစေ့တစေ့က သူ့သူငယ်ချင်းကို ပြောသည်။
“သူငယ်ချင်းရယ် ငါတို့ ဖိနှိပ်မှုနှင်းပြားအောက်မှာ ကြာပြီကွာ ၊ ငါတော့ မခံနိုင်တော့ဘူး၊ မင်းရော ဘယ်လိုလဲ?” ဟု မျှော်လင့်ချက် တစုံတရာဖြင့် မေး၏။
“အခြားငါတို့လိုပဲ ခုတိုင်းပဲ အောက်မှာ တိတ်တိတ်ကလေးနေထိုင်ပြီး အေးအေးပဲ နေနေကြသူတဲ့သူ အစေ့တွေ အများကြီးပဲကွာ၊ မင်းက ဘာ ခုမှ စကားကြီးစကားကြယ် ပြောနေတာလဲကွာ ငါနဲ့မင်းလဲ ဒီအတိုင်းပဲ နေနေတာကြာပြီကွာ ဆက်နေရုံပဲ မဟုတ်ဘူးလား သူငယ်ချင်းရယ်”၊ဟု အခြားစေ့က ပြန်ပြောသည်။
ထိုအခါ အစေ့က ငြိမ်မနေနိုင်တော့ပါ၊ လှုပ်လှုပ်ရွရွလေးဖြင့် သူရဲဘော် သူနှင့်နေနေသူ သူ့၏သူငယ်ချင်းအစေ့ကို ပြနပြောသည်။
“မင်း ပြောတာ မှန်သလိုလိုတော့ရှိတယ် ဒါပေမယ့် မှားနေတယ်လို့ ငါထင်တယ်။ ငါတို့ အစေ့ဖြစ်နေတာကြာပြီ ဒီအတိုင်းပဲ ဖိသမျှ နင်းမျှ ခုလိုပဲ မင်းနဲ့ငါ ဘေးချင်းကပ်ပြီး ဘာမှရှေ့ဆက်မတိုးရဲပဲ ဒီအတိုင်းပဲ နေကြမယ်ဆိုရင် အစေ့ဆိုတဲ့ သဘာဝတော့မှန်ပေမယ့် ငါတို့ရဲ့ ဂုဏ်သိက္ခါ အရည်ချင်း ဘာမှ ပြခွင့်မရတော့ပဲ ဒီအတိုင်းပဲ သဘာဝ ဆိုတဲ့ လောကဓါန်တရားထဲမှာပဲ ယုံမှတ်မှားစွာနဲ့ ပုတ်ပွ သေဆုံးရမလားကွာ။ မဟုတ်သေးပါဘူး၊ ငါ ဆိုလိုချင်တာက ငါတို့ရဲ့ အရည်ချင်း ငါတို့ရဲ့ မွေးရာပါ အစေ့တွေရဲ အ၇ည်ချင်းကို ပြကို ပြသင့်တယ်လိုငါ ယူဆတယ်။ ဒါကြောင့် ငါကတော့ ငါတို့အစေ့တွေ အထင်သေးမခံရအောင် အမြဲနင်းထား ဖိထားလိုမရဘူးဆိုတဲ့ ၀ိသေသပြယုဂ်ကို ငါပြချင်လို ဘေးချင်းကပ်ရှိနေတဲ့ မင်းကို ငါတိုင်ပင်နေတာ” ဟု ဆိုသည်။
ထိုအခါ သူငယ်ချင်း အစေ့က “ မလုပ်ပါနဲ့သူငယ်ချင်းရာ နေမြဲတိုင်းသာ နေပါကွာ၊ ငါက မင်းမရှိတော့ရင် ဘာကိုမှ မရှိတော့လို့ မင်းနဲ့ငါ ခုလိုတူတူနေရတာကိုက ငါ့ဘ၀၊ ငါ့အလှ လို့ပဲယုံကြည်တယ်။ မင်းမရှိပဲ ငါတယောက်ထဲဘယ်လိုနေရမလဲ၊ ပြီးတော့ မင်းနဲ့ငါက အစေ့ဘ၀ထဲမှာ အကြာကြီး အတူတူနေခဲ့ကြတာ၊ ခုတော့ မင်းက နင်းတာ မခံနိုင်တော့ဘူး ပြီးတော့ ဖိသွားတာ နှိပ်သွားတာ မင်းမကြိုက်တော့ဘူးဆိုတော့မင်းက
သို့သော် အစေ့က မရ ၊ အပြီးတိုင်းဆုံးဖြတ်ပြီးသား အန္တိမ သစ္စာ ကို ရအောင်ယူဖို့ ရောက်အောင်သွားတော့မည်ဟု အစေ့က စဉ်းစားထားသည်။ ထို့ကြောင် အစေ့၏ နောက်ဆုံး ဆုံးဖြတ်ချက်နှင့် နည်းနိသယအား သူငယ်၏သူငယ်ချင်းကို ပြောပြသည်။
“ဒါဆိုလဲ ဒီလိုလုပ်ကွာ၊ မင်းက အောက်မှာ ဒီတိုင်းခနနေခဲ့ ငါမင်းကို မေ့မထားဘူး၊ ငါကိုယ်တိုင် အညှောင်ထွက်ကြည့်လိုက်မယ် ၊ အခြေနေကောင်းတာနဲ့ မင်းလဲ အညှောင်ထွက်လာအောင် ငါပြန်ပြောမယ် ပြီးတော့ ဒို့နှစ်ယောက်အတူတူ ထိုးဖေါက်ရှင်သန်ပြလိုက်မယ် မင်းဘယ်လိုသဘောရလဲ? ငါကတော့ ငါတို့ အစေ့တွေရဲ့ အရည်ချင်း၊ ဂုဏ်ကို ပြရမှာက ငါတို့ အစေ့တွေရဲ့ ဓမ္မ (အမှန်တရား)ပဲ၊ ငါကတော့ မနက်ဖြန်ကို အညှောင့်ထွက်ပြလိုက်မယ်ကွာ၊ ပြီးတော့ အခြေနေကောင်းတာနဲ့ မင်းလဲ အညှောင့် ထွက်ပြီး ရှေ့တက်လိုက်လာဖို့ ငါအချက်ပြမယ်၊ ဒါဆိုရင် ငါတို့ အစေ့တွေရဲ့ အန္တိမ သစ္စာ (ဓမ္မ) အမှန်တရားကို အားလုံးတွေ့သွားမယ် ပြီးတော့ ငါတို့အစေ့တွေကို (Generation) ဆိုတဲ့ အစေ့တွေကို သူတို့ မဖိနှိပ်ရဲတော့ဘူး၊ အခုပဲကြည့်ကွာ… တို့နှစ်စေ့နေထိုင်နေတဲ့မြေတွေက
နောက်တနေ့တွင် အစေ့မှ အညှောင့်ထွက်လိုက်သည်၊ ပြီးတော့ သူ၏ အညှောင့်မှ နေရောင်ခြည်နှင့် အေးမြသော အောက်စီဂျင်ကို ခံစားရကာ ထပ်မံကာ ဆထက်တန်းဘိုး ကြီးမားခွင့်ရကာ မြန်မြန်ဆန်ဆန်ပင် အညှောင်မှ အညွန့်များ ဆက်လက်ထွက်ခွင့်ရလာပြီး သဘာဝ မိုးတိမ်တိုက်များ၏ ယူဆောင်လားသော မိုးစက်တို့၏ တိုက်ရိုက် မိတ်ဖွဲ့ ကူညီကြခြင်းခံရသောအခါ အကိုင်းအခက်များဆက်လက်ပြီး ထွက်ခွင်ွှ့ ကြီးထွားခွင်ွှ့ ရှင်သန်ခွင်များ ရရှိလာပြီး အစေ့မှ အညှောင့် ၊ အညှောင့်မှ အပင်အဖြစ်သို့ တမဟုန်ခြင်းပင် ရောက်ရှိသွားလေ၏။
သို့သော် ထိုးဖေါက် တော်လှန်ထွက်ကာ ကြီးထွားခွင့် ရသွားသော အစေ့သည် သူနှင့်အတူ တချိန်က အတူတူနေခွင့် တိုင်ပင်ခွင်ရခဲ့သော သူ၏ ခြေရင်းတွင်ကျန်နေရစ်သော သူငယ်ချင်းရဲဘော် အစေ့အား သူ့ကဲ့သို့ပင် အညှောင့်ထွက်ပြီး ရှင်သန်ကြီးထွားလာရန် သတိရပြီး သူ၏ အမြစ်များဖြင့် သူ့၏ကျန်ရစ်ခဲ့သူ ..သူငယ်ချင်း အစေ့အား သတိပေးနိုးဆော်သည့်အနေဖြင့် ထိုးလှန်လိုက်သောအခါ သူ၏ခြေရင်းတွင် ကျန်နေရစ်သော သူငယ်ချင်းအစေ့အား ပိုးသတ္တ၀ါ ချပိုး များက ကိုက်စားကာ အဆန်မရှိတော့ပဲ အခွံသာ ကျန်ရစ်တော့သည်ကို အပင်ဖြစ်သွားသော အစေ့မှ မုချ တွေ့လိုက်ရပေသည်။
ထိုသို့ဖြင့် အစေ့မှ အညှောင့်၊ အညှောင့်မှ ယခု အပင်သို့ ရောက်ရှိသွားသော အပင်သည်ကြီးသည် မည်သူမျှ မည်သို့သော အာဏာရှင်မှပင် ဖြတ်လျောက်နှင်းချေ စော်ကားအနိုင်ကျင့်ခြင်း မခံရတော့ပဲ မကြာခင် အေးမြုငြိမ်းချမ်းသော အရိပ်နှင့် လွတ်လပ်သောအရသာအား ထယ်ထယ်ဝါ၀ါ ခန့်ခန့်ညားညားကြီးပင် ကျွန်ုပ်တို့ လူသားတို့အား သူ၏ တော်လှန်ဖေါက်ထွက်သော သစ္စာ တရားဖြင့် လူသားတို့အတွက် ထားဝရ အကြိုးအားဆောင်ကျင်းပေးနိုင်တော
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဝန်ခံချက် ( ယခု စာမူသည် နာဇီအုပ်ချုပ်သော ကာလတွင် ထိုးထွင်းဖေါက်ထွက် တော်လှန်ရန် ပထမဦးဆုံး ၁၉၃၆ခုနှစ်တွင် ရေးသားသော စာရေးဆရာမဟုတ်သော စာရေးသူ ရော်မန်ဂျူဒစ်၏ (The Seed) အား ဘာသာပြန်အကျဉ်းချုပ်ကို ဖတ်မိရင်း …ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေနှင့် ထိစပ်မှုရှိအောင် ပြန်ဆိုတင်ပြခြင်း ဖြစ်ပါသည်။
ကြိုက်သလိုသာ ရှယ်လိုက်ကြပါဗျာ (ဂိုလ်ရှယ်လေး)
No comments:
Post a Comment