Saturday, August 24, 2013

အံ့သြဘွယ်ရာ သူလို လူစား


၁၉၈၈နောက်ပိုင်း မြန်မာပြည်က လက်နက်ကိုင်တော်လှန်ရေးဆက်လုပ်မ
ဲ့သူတွေ
အကြမ်းမဖက် ပြောင်းလဲရေးလုပ်မဲ့သူတွေ အဖေါ်ကောင်းလို့  ပြည်ပထွက်သူတွေ
ထောင်ပေါင်းများစွာသော လူတွေရှိခဲ့ပါတယ် ။
နယ်စပ်တွေမှာ စခန်းတွေထောင်ပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ သူတွေလည်း ငှက်ဖျားဒဏ်နဲ့ ပြင်းထန်တဲ့ မြန်မာ့တပ်တော်ရဲ့ စစ်ဆင်ရေးများကြောင့်
တစစနဲ့ နယ်စပ်မြို့ တွေက တဆင့် ဘန်ကောက်ကိုရောက်လာကြပါတယ် ။ ထိုင်းအစိုးရဆီမှာ မှတ်ပုံတင်ကြရပြီး ဦးတည်ရာ အမေရိကန် ကနေဒါ နဲ့ သြစတေးသျှ သံရုံးတွေကို တိုက်ရိုက်အကူအညီတောင်းပြီး ပြောင်းရွေ့ သွားကြပါတယ် ။

မိမိနိုင်ငံမှာ လူမျိုးရေး ဘာသာရေး နိုင်ငံရေး စတဲ့ ယုံကြည်ချက်တွေကြောင့် မိမိနေထိုင်ရာ နိုင်ငံမှာ ဆက်လက်နေထိုင်ရန် အာဏာပိုင် အဖွဲ့ အစည်းနဲ့ ပြသနာဖြစ်ပြီး အသက်အန္တရာယ်ဖြစ်ရင် အထောက်အထားတွေနဲ့  တိတယနိုင်ငံတွက လက်ခံပြီး ကူညီကြပါတယ် ။

၁၉၉၀ မှာ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကြောင့် တတိယနိုင်ငံတခါးကြီးက လူတိုင်းသွားနိုင်ဖို့ ခက်ခဲသွားခဲ့ပါတယ် ။
ဒီအချိန်မှာ ဘန်ကောက်မှာ မြန်မာပြည်က နိုင်ငံရေးသမားတွေ များလာတာကြောင့် ထိုင်းအစိုးရက မနီလွိုင်စခန်းကို စီစဉ်ပေးခဲ့ပါတယ် ။
စခန်းထဲကနေပြီး တတိယနိုင်ငံတွေမှာ ဘဝသစ်ထူထောင်ပြီး မိမိတို့ ရည်ရွယ် တွေကို ဆက်လက် အကောင်အထည်ဖေါ်ဖို့ ဖြစ်ပါတယ် ။
မနီလွိုင်စခန်းမှာ တရားဝင်နေထိုင်သူများအတွက် နေစရာ စားစရာ ပေးပြီး တလကို ဘတ်ငွေ ၈၀၀ ပေးပါတယ် ။ (ထမင်းတပွဲ ၁၀ ဘတ် ။ စီကရက်တဗူး၂၅ ဘတ် . အရက်ဖြူတလုံး ၅၀ ဘတ် ဝန်းကျင် ။ ငါးချောင်းဆိုးပျောက်ဆေး - ??)

ထိုအချိန်က ခေတ်ပြိုင် ဒုက္ခသည်များအဖြစ် သီရိလင်္ကာ နှင့် တရုပ်ကျောင်းသားလည်း ရှိပါတယ် ။ သူတို့ နိုင်ငံတွေ အတွက်က လူနည်းပြီး ပြသနာ နည်းလို့  စခန်းမသွင်းဘဲ တိုက်ရိုက်သွားကြပါတယ် ။

မနီလွိုင်စခန်းထဲ တရားဝင်နေထိုင်ဖို့ ရန်အတွက် ပထမ အသုတ်မှာ ထိုင်းအစိုးရမှ အင်တာဗျူးအောင်မြင်ထားသူများဖြစ်ပါတယ် ။ ဒုတိယ အသုတ်နဲ့ နောက်ပိုင်း ကတော့ UNHCR မှ အောင်မြင်ထားသူများ ဖြစ်ကြပါတယ် ။
သြစတေးသျှကို ပထမဦးဆုံး သွားခွင့်ရလို့ စတင်ကြိုးစားတဲ့အုပ်စုထဲမှာ ကိုမန်းထွန်း( ကရင်နီ-၃၀၃) ဖြစ်ပါတယ် ။ ၁၉၈၉ နှစ်က ကရင်နီကို လာရောက်ကူညီတဲ့ ဖါသာကြီးတဦးက ပြောပြလို့  ရံပုံငွေရှာဖွေးရေး အတွက် စတင်ကြိုးစားတာ မှတ်မိပါတယ် ။ အမေရိကန်ကို သွားတဲ့အုပ်စုတွေထဲမှာ ကျွန်တော်သိတာက (၁၉၉၀) ထွက်သွားတဲ့ VOA မှာ လုပ်သွားတဲ့ ကိုချမ်းအေးတို့ ဖြစ်ပါတယ်။ ကနေဒါကို စပြီး လမ်းဖေါက်တဲ့ အုပ်စုထဲမှာ ၁၉၉၀မှာ အမေရိကန်က ငြင်းပယ်လိုက်တဲ့ အုပ်စုတွေ ဖြစ်ပါတယ် ။
ဒီလိုနဲ့  နောက်က လိုက်လာတဲ့ အုပ်စုတွေ မနီလွိုင်စခန်းမှာ တစစနဲ့ စုလာကြပါတယ် ။
အမေရိကန် သံရုံးကို လျှောက်လွှာတင်ပြီးရင် ၆လ ၁ နှစ်စောင့်ရပါတယ် ။ သံရုံက အင်တာဗျုးခေါ်ရင် သွားဖြေပြီး အောင်တဲ့သူတွေကို သံရုံးကတဆင့် ဘဝသစ်အတွက် ကူညီမဲ့ အလှုရှင် ရှာပေးပါတယ် ။၁ နှစ်ဝန်းကျင်ကြာပါတယ်။
သြစတေးသျှက တိုင်းပြည်ငယ်တော့ ပိုပြီးခက်ခဲပါတယ် ။
အင်တာဗျူး ခေါ်ဖို့ ကို ၃ နှစ်ဝန်းကျင်စောင့်ကြရပါတယ်
ပြီးရင် ၂ နှစ်နီးပါး ပြင်ဆင်ရပါတယ် ။
ပြီးရင် သက်ဆိုင်ရာတွေက လေယာဉ်လက်မှတ် ပို့ လာရင် ထိုင်းနိုင်ငံ နေထိုင်စရိပ် ဖြတ်သန်းခွင့် စတဲ့ ရုံလုပ်ငန်း အဆင့်ဆင့် လုပ်ပြီးရင်
မိမိမှာ ရှိနေတဲ့ ငပိလေး ငရုပ်သီးလေး အဝတ်စုတ်လေးတွေကို ကျွတ်ကျွတ် အိတ်ထဲမှာ ထဲ့ပြီး ဘဝသစ်အတွက် စကြပါတယ် ။
၁၉၈၈ နောက်ပိုင်း ကထဲက အတူတူ နေကြသူတွေဆိုတော့လည်း အချင်းချင်း သံယောဇဉ်က ကြီးမားကြပါတယ် ။
တတိယနိုင်ငံကို ထွက်ကြတော့မယ်ဆိုရင် သူငယ်ချင်းတွေ စုပြီး နှုတ်ဆက်ပွဲတွေ လုပ်ကြတာပေါ့။အဲဒီတုံးကအင်တာနက်မပြောနဲ့ တယ်လီဖုန်းတောင် ဈေးကြီးပြီး
လူချမ်းသာတွေ အတွက်လေ ။ တယောက် တနိုင်ငံရောက်သွားကြရင် ဘယ်လို
ပြန်တွေ့ ကြမယ် ဆိုတာ မပြောပါနဲ့  ဘယ်လို ဘဝအတွက် ရပ်တည်ကြမလဲဆိုတာ
မစဉ်းစားတတ်ကြပါဘူး ။ဗဟုသုတလည်းမရှိကြပါဖူး ။ နယ်စပ်က စစ်မြေပြင်ထက်
စစ်မဖြစ်တဲ့ ထိုင်းက သာမယ် ။ အဖမ်းခံနေရတဲ့ ဘန်ကောက်ထက် မနီလွီုင်က သာတယ် ။ မနီလွီုင်ထက်တော့ တတိယနိုင်ငံတွေက သာမယ်ဆိုတာ လောက်သာ အများစုက နားလည်ထားကြတာကပါ ။
ရှိတဲ့ ငွေထုတ် ကဒ်ပြားလေးတွေ ပေါင်နှံပြီး နှုတ်ဆက်ပွဲတွေ လုပ်ကြတဲ့ အထဲမှာ

၁၉၉၆ လောက်က ထင်ပါတယ် ။ စောသက်ဦးနဲ့  မထွေး တို့ လင်မယား လည်းပါတာပေါ့ ။ မျက်ရည်စက်လက်နဲ့ သီဘောဘိုးစခန်းက သူငယ်ချင်းဟောင်းတွေနဲ့  ဘန်ကောက် မနီလွီုင်က သူငယ်ချင်း အသစ်တွေကို
နှုတ်ဆက်နေကြတယ် ။ နောက်တနေ့ သြစတေးသျှ ကို သွားဖို့  ဘန်ကောက်ခရီးသွား လက်မှတ်သွားထုတ်တော့ သံရုံးက ပြည့်စုံ လုံလောက်သော
အကြောင်းပြချက်နဲ့  သြစတေးသျှနိုင်ငံက လက်ခံထားမှုကို ပယ်ဖျက်လိုက်ပါသည်
ဆိုတဲ့ စာထုတ်ပေးလိုက်ပါတယ် ။
စခန်းထဲက သူငယ်ချင်း ရဲဘောရဲဘက်တွေ ရုပ်ရုပ်သဲသဲဖြစ်ကုန်တာပေါ့ ။
ဘန်ကောက်သွားနိုင်သူတွေက အင်္ဂလိပ်စာတတ်တဲ့သူတွေကို ခေါ်ပြီး သံရုံးကို
သွားပြီးစုံစမ်းတာပေါ့ ။
တစစနဲ့ သြစတေးသျှ သံရုံးက ပယ်တဲ့ အကြောင်းအရာကို သေသေချာချာ သိရှိလာကြပါတယ် ။ စောသက်ဦးနဲ့ မထွေး တို့ လင်မယား နှစ်ယောက် ဘန်ကောက်တွင် နေထိုင်စဉ်က ဘိန်းအရောင်းအဝယ်လုပ်နေပြီး ဆက်လက်လုပ်ကိုင်ရန် အစီအစဉ်ရှိပါသည်ဆိုပြီး ဘန်ကောက်မှာ ရုံးဖွင့်ထားတဲ့
သြစတေးသျှ လူဝင်မှုကြီးကြပ်ရေး ကို တိုင်ကြားထားလို့ ဖြစ်ပါတယ်တဲ့  ။
မနီလွိုင်စခန်းထဲမှာ ရှိတဲ့ သူငယ်ချင်းတွေကလည်း မဟုတ်ကြောင်း ဝိုင်းဝန်းပြီး
လက်မှတ်တွေ ထိုးပြီး ပြန်လည် တင်ပြကြရပါသည် ။
ဘန်ကောက်မှာကျောင်းသားတွေ နေထိုင်စဉ်က
ဘိန်းပါသော ချောင်းဆိုးပျေက်ဆေးကို ထိုင်းအစိုးရ၏ ခွင့်ပြုသောဆိုင်များမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ပြန်ရောင်းနိုင်ပါတယ် ဆိုတာကို သက်သေများနဲ့ တင်ပြကြတဲ့ အခါမှာ သြစတေးသျှကို ပြန်လည်သွားခွင့်ပြုခဲ့ပါတယ် ။
သံရုံးက တိုင်ကြားသူကို ဘာကြောင့် တိုင်ကြားသည်ကို နားမလည်သောကြောင့်
အမည်နှင့် တကွ ထုတ်ဖေါ်ပြောကြားလာပါသည်

သူလိုလူစား ဆိုတာ ထိုင်းမြန်မာ နယ်စပ် သီဘောဘိုးကျောင်းသား စခန်းတွင်
ဒုတိယ ဥက္ကဌ နေရာကို တာဝန်ထမ်းဆောင်သွားသော

ဝင်းထွန်းဆိုသူဖြစ်ပါတယ် ။
သူ့ ကို အများက ကြပ်ပွား သဝန်ကြောင် လို့ ခေါ်ကြပါသည်။
မိုးသီးဇွန် အဖွဲ့ မှာ ထောက်ပံရေး လုပ်ခဲ့သူဖြစ်ပါတယ်ခင်ဗျား ။
အခုတော့ သြစတေးသျှ နိုင်ငံမှာ နေထိုင်ပြီး သောင်္ကြနေ့ တိုင်း
လောင်းကစားဝိုင်းမှာ ငွေတွေ ဖြုံးနေတယ်လို့ သတင်းရပါတယ် ။

ကျောင်းသားတပ်မတော်သားတဦး
သီဘောဘိုး စခန်း

(မရိုဘီတင်လိုက်သော ဗီဒီယို ကိုကြည့်ရသူ ကျောင်းသားတဦးက
ဒီလိုလူတွေ ကို လူအများသိရှိ ရှောင်ရှားနိုင်ရန် ဖုန်းဆက်ပြီး
ပြောပြကာ စာရေးပြီး တင်ပြရန် အကူအညီတောင်းသဖြင့် တင်ပြပါသည် )

No comments: