လူတွေများ တော်တော်လေး တရားကျစရာများ ပြောပါတယ်...
လဖျူဂျီနဲ့ လာရတာလို့ ပြောရမှာ ရှက်သတဲ့ ဟက်ဟက်စ်......?
ဟိုး...ကျွန်တော်တို့ခေတ် ၁၉၉၀ ၉၁ ၉၂ ၊ အစပိုင်းမှာ ကျုပ်တို့ဆိုတာ တောထဲလဲ အဆင်မပြေ ၊ ထိုင်းရောက်ပြန်တော့ ရဲက ဖမ်း ငွေညှစ်၊ ဂလိုနဲ့ အထောက်အပံ့လေးရစရာ လဖျူဂျီ လျှောက်ကြရသဗျာ၊ အဲ့တုံးက နိုင်ခြံကားတွေ ဘာတွေ သွားရမယ်ဆိုတာလဲ မရှိပါဘူး၊ လောလောဆယ် ထုတ်ပေးတဲ့ ဘတ်ငွေ ၂၅၀၀ ( $ 100 ) ဆိုတာ နဲတာမှ မဟုတ်တာ၊ ကျုပ်ဆို မိဘတွေလဲ မရှိမရှား၊ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလေးနဲ့လဲ နေလာခဲ့ဘူးပါရဲ့၊တလ ဘတ် ၂၅၀၀ မပြောပါနဲ့။ ကျပ်နဲ့ ၂၅၀ တောင် ဘယ်လိုလုပ် လတိုင်းသုံးးနိုင်မတုံး။ အဲ့ဒီခေတ် အောက်တန်းစာရေးလစာ ဆိုတာ ရှားပါးစားရိတ်နဲ့မှ ကျပ် နှစ်ရာ့အစိတ် ပဲရတာ ..တွက်ကြည့်ပေါ့၊ ထားပါတော့ ဘာဖြစ်ဖြစ် အစက လဖျူဂျီ နာမည်ခံရတာတော့ ဘယ်သူမှ မကြိုက်ခဲ့ကြပေမဲ့ အဲ့သလို နာမည်ခံမှလဲ ဘတ်ငွေလေးဘာလေး စိုပြေတာမို့ ကျိတ်မှိတ်ပြီး လဖျူဂျီကြရတာပါပဲ၊ ဒါလဲ ထိုင်းရဲစားလို့ ကုန်တာ ခပ်များများပါ။ နောက်တော့ ဂျော်နီတို့ ဗေဒါတို့ သံရုံးတို့ ဆေးရုံ တို့ ကိစ္စလဲ ပေါ်လာရော ထိုင်းအစိုးရက camp သွင်းပြီး လက်ခံပေးထားတဲ့ ကျုပ်တို့ (နန့်စုဆာ ဖမ) ခေါ်တဲ့ ဗမာကျောင်းသားတွေ အကုန်လုံး တောထုတ်တာခံရ အဲအဲ တတိယနိုင်ငံခေါ်တဲ့ နိုင်ခြံကား အကုန်ထုတ်တာ ခံရတာပဲဗျို့။ အဲဒီမှာ ခုနပြောတဲ့ ဇာတ်လမ်းကစတာပဲ ဗျ။ အစမတော့ နိုင်ငံရေး တက်ကြွစွာ လှုပ်ရှားခဲ့လို့၊ ဗမာပြည်မှာနေမရ ပြန်မရသူတွေမှ လဖျူဂျီဆိုတာပေးသဗျ။ Biography ခိုင်ရ ဆိုသကိုး။ အဲ့တော့ ကိုယ့်ကိုကိုယ် ဘာတွေလုပ်ခဲ့ ဘယ်လိုလုပ်ခဲ့ စတာတွေ အထုတ်ဖြေရသပေါ့လေ၊ ကျုပ်တို့ဆိုတာ တော့ ထောက်ပံ့ကြေးရပြီးရောဆိုတော့ အထုတ်တော့ အကုန်မဖြေပါဘူး။ ပြန်လုပ်စရာတွေက ရှိသေးသမို့လို့ အဲ့တုံးက ထင်ထားတာကိုး။ ဒါပေမဲ့ ကျုပ်တို့လို မဟုတ်ပဲ အကြံနဲ့ နိုင်ခြံဂါး ထွက်ရဖို့ ရည်ရွယ်ပြီးလာလျှောက်ချင်သူတွေက
No comments:
Post a Comment