ဆရာ ဒဂုန်တာရာ အသက်(၉၅)နှစ်သည် သြဂုတ်(၁၉) တနင်္လာနေ့ မြန်မာ စံတော်ချိန်
နေ့လည် ၁း၁၅ အချိန်၌ ရှမ်းပြည် အောင်ပန်းမြို့နေအိမ်တွင် လူကြီးရောဂါဖြင့်
ကွယ်လွန် အနိစ္စရောက်သည်။
ကွယ်လွန်ချိန်ထိ လူပျိုကြီးဖြစ်သည်။ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီက ဆရာကြီးကို ပြုစုစောင့်ရှောက် ခဲ့သည်။
ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာ၏ အမည်ရင်းမှာ ဦးဌေးမြိုင် ဖြစ် သည်။
မေလ(၅)ရက် ၁၉၁၉တွင် အဖ ဦးဘအုန်း အမိ ဒေါ်ဖွားရှင် တို့မှ ဧရာဝတီတိုင်း
ကျိုက်လတ်မြို့နယ် ထိုင်ကူ မြစ်တန်း(မွန်ရွာ)တွင် မွေးဖွားခဲ့ သည်။
(၁၉၃၇-၄ဝ) တွင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြား ခဲ့သည်။ ဆရာ ဒဂုန် တာရာသည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေ စည်းရုံးရေး
ကိုယ်စားလှယ်၊ တကသ-အမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ
စာရေးဆရာအသင်း ဥက္ကဌ တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ
မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ မြန်မာ-ဆိုဗိယက် ယဉ်ကျေးမှုနှင့်
မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက်
(မြန်မာနိုင်ငံ) အမြဲတမ်းကော်မတီ ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာ ဆရာသမဂ္ဂ ဥက္ကဋ္ဌ
တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ်
တက္ကသိုလ်သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို
စတင် ရေးသားခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ်
ဒီဇင်ဘာလတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။
ဒဂုန်တာရာ၏ အကျော်ကြားဆုံး စာပေလက်ရာ (မေ)၀တ္ထုကို ၁၉၄၁ တွင် နဂါးနီ စာအုပ်တိုက်မှ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါသည်။
ဆရာဒဂုန်တာရာ၏ ကလောင်ခွဲများမှာ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စော ထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန် တို့ဖြစ်သည်။ A
ဆရာ ဒဂုန်တာရာ အသက်(၉၅)နှစ်သည် သြဂုတ်(၁၉) တနင်္လာနေ့ မြန်မာ စံတော်ချိန် နေ့လည် ၁း၁၅ အချိန်၌ ရှမ်းပြည် အောင်ပန်းမြို့နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သည်။
ကွယ်လွန်ချိန်ထိ လူပျိုကြီးဖြစ်သည်။ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီက ဆရာကြီးကို ပြုစုစောင့်ရှောက် ခဲ့သည်။
ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာ၏ အမည်ရင်းမှာ ဦးဌေးမြိုင် ဖြစ် သည်။ မေလ(၅)ရက် ၁၉၁၉တွင် အဖ ဦးဘအုန်း အမိ ဒေါ်ဖွားရှင် တို့မှ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် ထိုင်ကူ မြစ်တန်း(မွန်ရွာ)တွင် မွေးဖွားခဲ့ သည်။
(၁၉၃၇-၄ဝ) တွင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြား ခဲ့သည်။ ဆရာ ဒဂုန် တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ-အမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌ တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ မြန်မာ-ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်းကော်မတီ ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာ ဆရာသမဂ္ဂ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ်သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။
ဒဂုန်တာရာ၏ အကျော်ကြားဆုံး စာပေလက်ရာ (မေ)၀တ္ထုကို ၁၉၄၁ တွင် နဂါးနီ စာအုပ်တိုက်မှ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါသည်။
ဆရာဒဂုန်တာရာ၏ ကလောင်ခွဲများမှာ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စော ထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန် တို့ဖြစ်သည်။ A
No comments:
Post a Comment