Tuesday, August 13, 2013
ဗန်းမော်ဆရာတော်ဆုံးမစာ
============================
( ယခုခေတ်မှာ ဖြစ်ပျက်နေတာတွေနဲ့ ထပ်တူပါဘုရား.. )
တရားကိုတေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲကဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံကသမာဓိ၊
ရွှေရှိမှလူလိမ္မာ၊
လိမ်နိုင်မှသစ္စာရှင်၊
ရိုးသားသူကိုအရူးလို့ထင်၊
အင်္ကျီပါးနှင့်ဥပုသ်သည်၊
ဇရပ်အလည် ကို့ယိုးကားယား၊
လူဆင်းရဲကသူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
ရွှေရှိဘုရားမှရှိခိုးချင်၊
ဇာတ်သမားမှလူခေါ်ချင်၊
အပျိုငယ်က၊လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
လင်ရှိမယားကအပျိုလုပ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊
ဖိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းကစိတ်ကြီးဝင်၊
မယ်သီလက အနုဆေးဖေါ်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ်၊
အမှန်ပြောတော့အမုန်းပွား၊
ဥပုသ်စောင့်ရင်းအတင်းပြော၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊
အလှူပေးရင်းထမင်းရောင်း၊
မသာပို့ရင်း အပျိုလှည့်၊
သူတော်ကောင်းတို့တရားပျက်ကြပြီ။
(ဗန်းမော်ဆရာတော်)
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး,
အမှတ်တရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment