နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့ ၊ နတ်ရေးသည်သို့ ။
ဒီအကျပေမို့ 
အလှလတာပြင်က၊ ကျူးရိုးရှင်လှေကလေးနဲ့ 
မျှော်ငေးလိုလို့ ။
သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။
ဘယ်ပြောင်းညာပြန်နဲ့ 
ဟိုငါးပျံ လတာစွန်းမှာ၊ သူကျွမ်းဟန်ချည့်။
သူ့ကိုယ်သူလျှင်၊ဘာထင်လေမသိ။
ဘုတ်မခုနှစ်သံနဲ့ 
တညံညံ လတာစွန်းမှာ၊ သူ့လွမ်းသံချည့်။
အိုအချင်း ကျူရိုးရှင်။
သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ်။
မင့်ကိုယ်လည်း မင်းပင်လျှင်၊ ဘာထင်လို့လေလဲ။
မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ပဲ။
(ဆရာဇော်ဂျီ၏-ရသစာပေအဖွင့်နိဒါ
No comments:
Post a Comment