=====
နေခြည်ငယ် ညှိုးပါပေါ့၊
မှောင်ပျိုးစခါကြိမ်၊
တိမ်ပန်းငယ် ညိုမှိန်သည်၊
ရွာပြန်ချိန် အခါသင့်ပါကော၊
ကျူးရင့်လို့ ထံတျာသီ၊
“ပြန်လာပြီ ညိုညိုနွဲ့ရယ်က၊
ကြိုလှဲ့ကွယ်လေးတဲ့”။
နွားပြာညိုငယ်၊ နွားဝါချိုကုပ်၊
အစာလိုချင် ရွာပြင်ထုတ်လို့၊
တလုတ်ကယ်ဝမ်းစာ၊
နွားကျောင်းရင်း ရှာတော့ကို၊
ဘိုးသာတို့ ညီအကိုမှာ၊
တံပြာကို အသာမြှောက်ကာနှင့်၊
ဟဲ့-နွားလေ တခါငေါက်ပုံက၊
လွမ်းလောက်ကဲ့လေး။ ။
ငွေတာရီ
From .. Harry Lwin,
ရှေးဟောင်းမြန်မာ့ ကဗျာများ
https://www.facebook.com/
No comments:
Post a Comment