Wednesday, August 14, 2013

လူဝါတွေ



ရေးသူ - မဟာဆွေ

ကျွန်ုပ်တို့မြန်မာပြည်တွင် လူဝါတွေများစွာရှိသည်။ ထိုလူဝါတွေကြောင့် တိုင်းပြည်အမျိုးဘာသာ၊ သာသနာနစ်မွန်းနေရသည်။ တောင်သူလယ်သမားဆင်းရဲသားများ ငတ်မွတ်ခေါင်းပါးကြရသည်။ လူဝါတွေမပျောက်သရွေ့ တိုင်းပြည်မကြီးပွားနိုင်၊ သူကျွန်အဖြစ်မှမလွတ်နိုင်၊ တိုင်းပြည်တွင် “လူဝါတွေ” တနေ့တခြားပေါများလာသည်။ ထိုလူဝါများကို မည်ကဲ့သို့ နှိပ်ကွပ်ရမည်နည်း။ မည်ကဲ့သို့သင်ရမည်နည်း။ ကျွန်ုပ်တို့ဆောင်ရွက်ရန် နည်းလမ်းမှာ ပထမအချက်၌ မည်သူတို့သည်။ “လူဝါတွေ” ဖြစ်ကြသနည်း။ ဒုတိယအချက်၌ မည်သူတို့သည်၊ “လူဝါတွေ”ဟုသိပြီးနောက် ထို “လူဝါတွေ”ထံမှ၊ အချို့ကိုမိမွေးတိုင်းဘမွေးတိုင်းဖြစ်အောင်၊ ဆေးကု၍ရအံ့ထင်လျှင်၊ ဆေးကုရခြိမ့်မည်။ ဖျောက်ဖျက် သုတ်သင်သင့်သည် ထင်အံ့၊ မညှာမတာ၊ ဖျောက်ဖျက်သုတ်သင်ရမည်။
“လူဝါ”စစ်တမ်း
ပထမ အချက်အရ မည်သူများသည် ““လူဝါတွေ”” ဖြစ်သည်ကို၊ ကျွန်ုပ်တို့စစ်တမ်းထုတ်သင့်ပေသည်။ ထိုအခါ၌ -
(၁) သာသနာဘက်တွင် ဘုရားအရေတော်ကိုဝတ်လျှင်၊ လူတု၊ တု၊ လူမှုကိုလုပ်ကိုင်နေသော ““လူဝါတွေ””ကို တွေ့မြင်ရလေသည်။ ထိုသူများသည် သင်္ဃန်းအ၀ါရောင်ကြောင့်အသွင်အပြင်အားဖြင့်၊ ခြားနားသော်လည်း၊ စင်စစ်အားဖြင့် ပြုကျင့်နေထိုင် လုပ်ကြံပုံတို့မှာ လူနှင့်မခြားသောကြောင့် အရောင်ကိုစွဲ၍ ““လူဝါတွေ””ဟူသော ပညတ်တွင်ရဟန်းကောင်း၊ ရဟန်းမြတ်၊ သူတော်စင်များနှင့်၊ လုံးဝမသက်ဆိုင်ချေ၊ ဤအရောင်ဝါသော ““လူဝါတွေ”သည်။ သာသနာတော်၏ ပျက်စီးရာ ပျက်စီကြောင်းကိုသော်လည်းကောင်း၊ လူတို့၏ဆုတ်ယုတ်ရာ၊ ဆုတ်ယုတ်ကြောင်းကို သော်လည်းကောင်း၊ ပြုကျင့်နေသူများဖြစ်သည်။
(၂) ၀တ်ကြောင်သတ်္တ၀ါများထံမှ၊ နိုင်ငံရေးနှင့်ပတ်သက်၍ ““လူဝါတွေ”” ကားဖော်ပြရာပါ သာသနာဘက် ““လူဝါတွေ”” အဆပေါင်းရာထောင်မက၊ များပြားလျက်ရှိလေသည်။ ထိုသတ်္တ၀ါများအနက် အရေးအကြီးဆုံးကို ဖော်ပြရမည်ဆိုသော်အုပ်ချုပ်ရေးဥပဒေသစ်အရ ရွေးကောက်စဉ်က၊ တိုင်းပြည်အား မည်သို့ မည်ပုံဆောင်ရွက်ပါမည်ဟု ၀ါးကြွားခဲ့ပြီးနောက် တိုင်းပြည်၏ အကျိုးကိုကား၊ ဘာမျှမလုပ်မိမိ၏ပကတိအင်အားဖြင့် ထယ်ထယ်ဝါ၀ါ မနေနိုင်စေကာမူ ရာထူးလာတ်လာသဖြင့်ထယ်ထယ်ဝါ၀ါ၊ ၀ါဝါပြီးနေနိုင်အောင်၊ ကိုယ်ကျိုးရှာကြသော၊ ““လူဝါတွေ””သည်။သာသနာဘက် ““လူဝါတွေ””ထက် လူဦးရေများသည်အလျှောက်၊ အလွန့်အလွန်ပိုမိုဆိုးရွား၍နေတော့ချေသည်။ ထိုထက် ““၀ါ””သောသူတွေကား၊ မရှိပြီ။
ဘယ်လိုလုပ်ကြမလဲ
ဘယ်လိုမျှမလုပ်ကြခင်၊ သာသနာ ““လူဝါတွေ””အတွက်၊ အမျိုးအစားခွဲရပါလိမ့်မည်။ ဘောပွဲ၊ အငြိမ်၊ ရုပ်ရှင်ပွဲ၊ နတ်ပွဲစသော ပျော်ပွဲရွှင်ပွဲများတွင် သွားလေ့ရှိသော ရဟန်းအချို့မှာ အခိုက်အတန့်သာ၊ လူစိတ်ပေါက်သဖြင့် အခိုက်အတန့်“လူဝါတွေ”ဟု ဆိုသင့်၏။ ထိုပုဂိ္ဂုလ်များမှာ၊ သာသနာ၏ရန်သူ အစစ်မဟုတ်ကြသေး၊
ကျွန်ုပ်တို့ဆိုလိုသော “လူဝါတွေ”မှာ သာသနာ၏ ရန်သူအစစ်မဟုတ်ကြသေး။ကျွန်ုပ်တို့ဆိုလိုသော သိမ်ဝင်၍ ရဟန်းဘောင်သို့ တတ်ခဲ့ပြီးမှ၊ ပါရာဇိကသဘော၊ရဟန်းဘောင်သို့ တတ်ခဲ့ပြီးမှ လျှောက်သော်လည်း၊ အ၀တ်မပြောင်း၊ ၀ါဝါ ၀တ်လျက်ရှိကြသေးသည့် “လူဝါတွေ”နှင့် သိမ်မ၀င် ကံမဆောင်ရဟန်းဘောင်သို့မတတ်၊ ၀ိနည်းဘက်က ဘိတ်ဘိတ်ဝေ၊ ထမင်းကလေးတလုပ် ညာစားလို၍၊ အ၀ါရောင်ပတ်ထားသော“လူဝါတွေ”ကိုသာ၊ စင်စစ်သာသနာတော်၏ ရန်သူကြီးတွေဟုဆိုလို၏။ ပျော်ပွဲရှင်ပွဲ၊ လူဝါဘက်သို့ ခြေလှမ်းပြင်နေသော ပုဂိ္ဂုလ်စုတို့ကိုကား၊ရဟန်းရော၊ လူပါ၊ ၀ိုင်းညှပ်၍ပြုပြင်သင့်၏။ မန္တလေးကျောက်တော်ကြီးပွဲတွင်၊ တွဲစက်ဘီးနှင့် ပျော်မြူးကြသည်ကို၊ ရဟန်းတော်တို့ ဆုံးမသည့်နည်းလောက် သင့်လျော်လှပေပြီ၊ လူပုဂိ္ဂုလ်များ အတွက်မှာကား၊ ကျွန်တို့ဝတ်္တုများတွင် အကြံပေးသည့်အတိုင်း သာယာညှင်းပျောင်း လျှောက်ထားသင့်လေသည်။ မြို့တမြို့တွင် ထိုသို့လျှောက်ထားမိသော လူငယ်တစ်ခု၊ လက်သီးစု၊ ရဘူးသည်ကို ဂရုစိုက်ဘွယ်မဟုတ်၊ မိမိတို့က လူအားကောင်းကောင်းနှင့်၊ ညှင်းပျောင်းလျှောက်ထားနိုင်အောင် ကြိုးစားရမည်ဖြစ်၏။ ကျွန်ုပ်တို့တကယ်ဆိုလိုသော “လူဝါတွေ” အတွက်မှာ ရှေးဦးစွာ “လူဝါတွေ”ဟုတ်မဟုတ် သေချာစုံစမ်းဘို့လို၏။ အကယ်၍ လူဝါမှန်းအသေအချာသိအံ့။ ရဟန်းရောလူပါ ထိုသူအားလူဝါအဖြစ်မှ စွန့်လွှတ်စေ၍၊ ပကတိလူဝတ်ကြောင်အဖြစ်နှင့် အသက်မွေးစေရာ၏။ ဤကိစ်္စကားမလွယ်ကူချေ၊ ရဟန်းရောလူပါ၊ များစွာကြိုးစားရမည့်အရေးဖြစ်၏။ရဟန်းဘောင်သို့ တက်ပြီးမှ “လူဝါ” ဖြစ်နေသော အလဇီ်္ဇအတွက်မှာသာ၍ အခက်ဆုံးဖြစ်၏။ အချို့ ရဟန်းကောင်းများမှာ၊ လုံးဝမသိရှာကြ၊ အချို့မှာ သံသယဖြစ်သော်လည်း၊ သက်သေထင်ရှားမပြနိုင်။ အချို့မှာ သေချာစွာသိသော်လည်း မဖော်ပြောဝံ့ရှာကြ၊ ဤသို့ဖြစ်တတ်၏။
ဥပမာတခုကိုဆောင်ရလျှင်၊ မြန်မာပြည်ရှိ၊ မြို့ကြီးတမြို့၌ တရားဟောအလွန်ကောင်း၊ စကားပြောဖောင်းလှသော၊ ရဟန္တာလောင်းလို သူတထူးထင်မှတ်အောင်ဆွဲင်နိုင်သည့် သတိ္တရှင်ပုဂိ္ဂုလ်ထူးတစ်ဦးရှိ၏။ ကျွန်ုပ်တို့ကိုယ်တိုင်လည်း တကယ်ကြည်ညိုခဲ့ဘူး၏။ ဓါတ်သိအချို့က အဖြစ်အပျက်အမှန်ပြောသည်ကိုပင် မယုံကြည်နိုင်ခဲ့။ သို့ရာတွင် စိတ်ဝင်စားနေသောထိုပုဂိ္ဂုလ်အကြောင်းကို တစ်နှစ်ခန့် အတွင်းရေးလိုက်၍ စုံစမ်း၏။ ထိုအစ၌ ပုဂိ္ဂုလ်ကျော် လူဝါကြီးမှာ၊ စင်စစ်ရဟန်း မဟုတ်တော့၊ ပါရာဇိက ကျပြီးဟုသိရ၏။ ၎င်းင်းမှာ (ပလ်္လင်ဆင်း၊ ငွေချေ) တရားဟော၍ ငွေပေါင်းမြောက်မြားစွာစုဆောင်းကာ၊ ကိုယ်ပိုင်ငွေဝင်လမ်းဖြောင့်သော အလုပ်များကိုလုပ်နေ၏။ ရဟန်းဘက်တွင်လည်း ယနေ့တိုင်ထင်ရှား။ တောနယ်ရှိ ဆင်းရဲသားများတွင်လည်း၊ ဘုရားတဆူကဲ့သို့ တန်ခိုးရှိ။ အစိုးရ၏ အိမ်တော်မှာလည်း မျက်နှာပန်းလှသူဖြစ်နေ၏။ မြန်မာတို့ ခိုင်းလေ့ရှိသော စကားပုံကဲ့သို့၊ (သာယာစီးပြီး၊ နီးရာပေါကိုကပ်တတ်၏။) လူငယ်တွေနှင့် ရဟန်းတော်တွေ စိတ်ဝမ်းကွဲအောင်ပြုမူတတ်၏။ဤကဲ့သို့သော ““လူဝါကြီး””တစ်ယာက်သည် တိုင်းပြည်မည်မျှ ကမောက်ကမဖြစ်စေနိုင်သည်ကို တွေးမိတိုင်း အသဲတုန်စရာပင်တည်း။
အကယ်၍သာ ဤ“လူဝါကြီး”မျိုး၊ ရန်ကုန်မြို့ပေါ်တွင် နေထိုင်ကျက်စားပါက၊ ရန်ကုန်မာမက အရှင်များ၏ လုံးလဥဿဟဖြင့် နေ့ခြင်း၊ ညခြင်းဆိုသလို၊ ပျောက်ဖျက်သုတ်သင်လိမ့်မည်ဟု ယုံကြည်မိပေ၏။ ရန်ကုန်မာမက အဖွဲ့ကြီး၏ သာသနာစင်ကြယ်ရေးလုပ်ငန်း၊ ဆုံးဖြတ်ချက်များကို၊ ကျွန်ုပ်တို့သိရပြီးဖြစ်ရာ၊ သာဓုသုံးကြိမ်ခေါ်၍၊ ဦးသုံးကြိမ်ချမိ၏။ ဦးချမိရာက၊ ထို “လူဝါကြီး”ကို ကွတ်ခနဲပေါ်လာရာ ရန်ကုန်ပေါ်မနေ့လိုနော်ဟု၊ နှုတ်မြွက်မိတော့၏။
ကံမဆောင်ဘဲ၊ အ၀ါရောင်ပတ်ထားသော“လူဝါတွေ” အတွက်မှာ လူပုဂိ္ဂုလ်များနှင့်ပင်၊ နှိပ်နင်းနိုင်၏။ ကျွန်ုပ်သည် လွန်ခဲ့သောတနှစ်ခန့်က၊ ရန်ကုန်ညဈေးတန်းတွင်ပိုက်ဆံအလှူခံလေ့ရှိသော၊ “လူဝါ”တစ်ယောက်ကိုတွေ့၏။ ပထမအကြိမ်၌ ရဟန်းအစ်မှတ်၍ လှူလိုက်၏။ ဒုတိယအကြိမ်၌ ကန်တော့ဆွမ်းလောင်း၏။ တတိယအကြိမ်၌ ကန်တော့ဆွမ်းလောင်းပြီး သူ့အကြောင်းစုံစမ်းရာ ဘိန်းစားမှန်းသိရ၏။ စတုတ္ထအကြိမ် အတွေ့တွင် ၃၆ လမ်း၊ ဘေးထဲသို့၊ ပိုက်ဆုံလှူမလိုခေါ်ခဲ့ပြီး။ မင်းနောက်တစ်ခါတွေ့ရင် လက်သီးနဲ့လဲထိုးအုံးမယ်။ ပုလိပ်ကိုလဲအပ်လိုက်မယ်ဟု ခြိမ့်ချောက်လွှက်လိုက်ရ၏။ ယနေ့အထိ မတွေ့ရတော့ချေ။ ထိုကိစ်္စမျိုးနှင့်ပတ်သက်၍ ရန်ကုန်သာသနာပါလ၊ ဦးဆိုးပေသည်လည်း၊ သူ့ကိုယ်သူရဟန်းကောင်းအစစ်ပါဟု ငြင်းကွယ်သူ။ “လူဝါ”တစ်ဦးအား ပုလိပ်ဌာနသို့၊ အတင်းဆွဲ၍ သင်းပိုင်အတင်းလှန်ကာ မာဖီယားထိုးထားသော အနာရွတ်များကိုပြဘူး၏။ သင်္ကန်းပတ်ထားသော၊ လူသားအစစ်၊ “လူဝါ”မှန်းအတတ်သိလျှင်၊ လူပုဂိ္ဂုလ်များဆောင်ရွက်ရန် ၀န်မလေး။ ရဟန်းဘောင် တတ်ပြီး။ ပါရာဇိကကျနေမှန်းမသိသော “လူဝါ”တွေအတွက်မှာ သံသရာဝန်လေးမည်။စိုးရွံလှသဖြင့်၊ရဟန်းတော်များ အကူအညီဖြင့် ဖျောက်ဖျက်သုတ်သင်ဖို့လိုမည် ပေကြောင်း။
လူသား “လူဝါတွေ” အကြောင်းရေးရာ၌ အမျိုးအမည် အဆင့်အတန်းများလှစွာ၏။ သို့ရာတွင် တိုင်းပြည်နိုင်ငံရေး နှင့် ပတ်သက်၍ အဓိက“လူဝါတွေ” ကိုသာရေးလိုကြောင်း၊ လူတစ်ဦးတစ်ယောက်သည်။ မည်သို့မည်ပုံ လုပ်မည်ဟု ပြောခဲ့၏ ထိုသို့ပြောသည်အတိုင်း မလုပ်သော်၊ လူလိမ်၊ လူညာ၊ “လူဝါ”များသာဖြစ်၏။ ဆောင်းပါးအစတွင် ဖော်ပြခဲ့သည် အတိုင်း၊ အုပ်ချုပ်ရေးအသစ်သည် ဘာမျှမကောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးအသစ်ကို တိုက်ဖျက်ရန်၊ ဥပဒေပြုလွှတ်တော်သို့ ၀င်ရောက်မည်ဟု အရွေးခံကြ၏။ အမတ်များဖြစ်လာကြသောအခါ၊ အုပ်ချုပ်ရေးသစ်ကို ကားမဖျက်။မိမိတို့ရာထူးစည်းစိမ် လာဘ်လာဘဖြင့် မှိန်း၍နေကြ၏။ ထိုသူများထက်““၀ါ” သောသူများရှိမည်မဟုတ်။
ကျွန်ုပ်တို့သည် အယ်ဒီတာများ ယာယီအဖွဲ့၏ ကိုယ်စားလှယ်အဖြစ်၊ခေါင်းဆောင်များနှင့် တွေ့ဆုံရန်၊ ပါဝင်ခဲ့ဘူးရာ ခေါင်းဆောင်တိုင်းသည်။ကျွန်ုပ်တို့အား “၀ါ” ၍လွှတ်လိုက်သည်ကို တွေ့ရ၏။ ၎င်းင်းတို့သည် ပထမ၌တိုင်းပြည်ကို “၀ါ”ခဲ့၏။ ဒုတိယအာရ်စီ၊ ကားသစ်၊ မယား၊ စိန်နားကပ်ဆင်၊ နောက်လိုက်ငယ်သားပင်လျှင်၊ ခြေကြွလောက်အောင် ကြိုးစား၍ တကိုယ်ကောင်း၊ထယ်ထယ်ဝါ၀ါနေကြ၏။ ထို“လူဝါတွေ”ကြောင့် တိုင်းပြည်မည်မျှနစ်နာနေသနည်း။တိုင်းပြည်တွင် ဆန်စပါးဈေးမကောင်း၍ ငတ်၊ ရေဘေး၊ လေဘေးကြောင့်ဖြစ်၍ ၎င်းင်းတို့မှာ တနေရာမှ အခွန်လျော့မည် ဗန်းပြ၍၊ တနေရာက အခွန်တိုးဖို့စီမံကြ၏။ ဆင်းရဲသား ငွေဖြင့်၊ အမတ်တယောက် တလ (၂၅၀ိ)စီစားမည်။ ၀န်ကြီး ၆ ယောက်က (၂၅၀၀ိ)စီ နန်းရင်းဝန်က၊ (၃၀၀၀ိ) ၀န်ကလေးများက (၇၅၀ိ)စီ၊ ဤကဲ့သို့ ယူငင်ကြ၍ ကျွန်မြန်မာတွေ၏အပေါ်တွင် ခေါင်းပေါင်းစထောင်နေကြ၏။ ၀ါနေကြ၏။ အရေးကြီးသော လူဝင်၊ လူထွက်ကိစ်္စ၊ နိုင်ငံခြားအကောက်နှုန်းခန့်ခွဲရေး၊ ကျေးလက်ဆင်းရဲသားများ သက်သာချောင်ချိရေးတို့ကိုကား၊ ဘာမျှမလုပ်ကြ၊ မိမိတို့ လက်ရှိအခွင့်အရေးကို ရာထူးစည်းစိမ် အပြုတ်မခံနိုင်သဖြင့် ကုလားဖြူကုလားမဲတို့နှင့် အတိုက်အခံမလုပ်ရဲကြ ကျွန်မြန်မာအချင်းချင်းအပေါ်သာ “၀ါ” ၍နေကြ၏။ ဤကဲ့သို့သော “လူဝါတွေ”ကို ငါးနှစ်ကြာအောင် စောင့်၍ကြည့်မည်လော၊
“လူဝါတွေ” အဖြစ်မှ ကုလားကွန်ကရက်အဖွဲ့ဝင်တွေလို၊ သွေးရိုးသားရိုး၊ လူပကတိဖြစ်အောင် လုပ်မည်လော၊ ဤအရေးကား အရေးတကာ့အရေးတွင် အကြီးလေးဆုံးဖြစ်ရကား၊ ကျွန်ုပ်တို့သည် မည်သို့မည်ပုံပြုမှု ဆောင်ရွက်ရမည်ဟု အကြံမပေးလိုကမ္ဘာ့ နိုင်ငံရေးလုပ်ထုံးအတိုင်း၊ လုပ်နိုင်မှသာ ““လူဝါတွေ”” ပပျောက်တော့မည်ဟု၊နောက်ဆုံးစကားကို ရေးသားလိုက်ပါကြောင်း။

No comments: