Monday, August 12, 2013

ဒေါင်းရိုင်းများ။


ဒေါင်းရိုင်းများ။

ကျနော်တို့မြို့ကသေးသေးလေးဗျ၊ အလွန်ဆုံးရှိလှ ဆယ်မိုင်ပတ်လည် မရှိတဲ့ကျွန်းလေးပေါ့၊ တစ်ချိန်တုံးကတော့ သမိုင်းရာဇ၀င်ထဲမှာ မာရိတ် ၊ အနောက်တိုင်းသားတွေသိတာကတော့ မားဂွီးပေါ့လေ၊ ကျနော်တို့ဒေသစကားအရတော့ ဘိတ်၊ စာလိုရေးတော့မြိတ်လို့ရေးတယ်၊ ပင်လယ်ကြီးက ကျနော်တို့အတွက်သဘာဝလက်ဆောင်၊ ဟုတ်ပါ့ မြေပြန့်ဆိုပေမဲ့ ကုန်းသေးသေးလေးတွေ များတဲ့မြို့လေး ရှေးစကားအရတော့ တောင်သးတွေ ကုန်းမြင့်တွေစုစုပေါင်း (၉၉) လုံးရှိတယ်တဲ့ ၊ဆရာမြသန်းတင့်ရဲ့စကားအရပြောရရင်တော့ ဟွန်ဒါယဉ်ကျေးမှုထွန်းကားတယ်၊ ယိုဒယားဘက်က ၀င်တဲ့ဟွန်ဒါတွေ တမြို့လုံးစီးကြပေါ့၊ အခုကားတွေပေါလာတော့ မြို့သေးသေး လမ်းကျဉ်းကျဉ်း ရင်မောစရာသတင်းတွေပိုကြားရပါ့၊ လမ်းတွေလား ထုံစံအတိုင်းပေါ့ ကောင်းချင်တဲ့နေရာကောင်းတယ် မြို့ပတ်လမ်းစီမံကိန်းဆို အခု(၁၀)နှစ်ကျော်ရှိပီ ကျောက်ပုံအဆင့်က မပိုဘူး၊ ထူးခြားတာက အများကြီးရှိတယ် ဒါပေမဲ့ ကျနော်ပြောချင်တာက ဒေါင်းကန် အကြောင်းပါ ကျနော်တို့မြို့မှာ အေဒီ ၁၀၅၇ ကတည်းက ဒေါင်းပုံသဏ္ဍာန် ဖေါ်ထားတဲ့ ရေကန်ကြီးရှိတယ်ဗျ။ ရေကန်တူးစဉ်ကာလက ဒီရေကန်တူးမဲ့နေရာမှာ ဒေါင်းဖိုတွေ ဒေါင်းမတွေ မြူးနေတာရှိတယ် ဒီတော့ ဒီရေကန်ကြီးကိုလည်း ဒေါင်းကန်လို့ခေါ်ကြတယ်၊ ကျနော်တို့ငယ်တုံးကအထိ မြို့မရဲစခန်းနောက်က တောကျောင်းတောင်ပေါ်မှာ ဒေါင်းတွေရှိနေတုံး တောကျောင်းဆရာတော်ကြီး ဦပဒုမ ပြန်တော်မူပြီးမှဒါင်းတွေပျောက်သွားတာပါ့၊ အော်…ဒေါင်းကန်ကြီးလား ဒေါင်းပုံဖျက်ခံရတာလေ၊၊ ကြာလှပေါ့၊ စစ်အစိုးရခေတ်မှာပိုဆိုးတာပေါ့ ယတြာချေသလားမသိဘူးဗျာ၊ ကန်ကြီးကိုဖျက်ပစ်တာ အခုထိ ကန်ကြီးက ကောတဲ့နေရာကော ကုန်ပြီ၊ မဆလခေတ်က ချော်ဆိုတဲ့ သတ္တုတမျိုးခေတ်စားတော့ ဒီကန်ကြီးထဲ ချော်ဆင်းတူးတဲ့လောဘသားတွေကြောင့်လည်းပါတာပေါ့ ကျနော်တို့မြို့ငယ်လေးက တစ်ချိန်တုံးကတော့ ရွှေသံ၊ငွေသံ တွေညံနေခဲ့သလို လိုအပ်ရင် အိုးဝေသံညံပြီးအသေခံဖို့ ၀န်မလေးတဲ့မြို့ ကိုလိုခေတ်မှာလည်း ဒေါင်းအလံကိုင်ခဲ့တာ သမိုင်းရှိတယ်၊ ဂျပန်ခေတ်မှာလည်း ဒေါင်းအလံကို မချခဲ့ဘူး၊ မဆလပါတီကိုဖြုတ်ချပြီးသမ္မတတွေဖြုတ်ချခဲ့တဲ့ ၈ရက် ၈လ ၈၈ မှာကော သေတဲ့သူသေ ကြေတဲ့သူကြေ ဒေါင်းတွေလေ သမိုင်းမှာကျန်မနေခဲ့ဘူး။ ခက်တာက ကျနော်တို့ဇာတိသားအားလုံး လူတဖက်သားနားဝင်အောင် စကားပြောတတ်သူရှားတယ်ဗျ ဟန်ဆောင်ကွေပတ်ပြီးပြောရတာထက်၊ ရှင်းရှင်းဘွင်းဘွင်းကြီးကိုပြောတတ်တာဗျ၊ မကြိုက်မကြိုက်ဘူး မလိုရင်မလိုဘူး ဆိုပြီးတဲ့ပြောတော့ နားခံရခက်သဗျ၊ အထက်သားတွေကတော့ပြောတယ် ကျနော်တို့တစ်တွေကို ရိုင်းတယ်တဲ့၊ ထမင်းဆာတာကို ထမင်းငတ်တယ်လို့ပြောတာ ကျနော်တို့ဘိတ်သားလေ၊ အနူးညံ့ဆုံးပြောရမဲ့ ရည်းစားစကားတောင်မှ တဲ့ပြောတော့ခက်ပြီပေါ့၊ ဘိတ်သားအနုပညာရှင်တွေရှိပါ့၊ကဗျာဆရာတွေလည်းရှိပါ့ဗျာ၊ ဖတ်ကြည့် စိတ်ထားရင်းကိုသိနိုင်ပါတယ်၊။
ဟုတ်ပါတယ်၊ ကျနော်တို့ဟာ အရိုင်းတွေပါ၊ မုသားမပါလကာင်္မချောဆိုတာ ကျနော်တို့မြို့ငယ်လေးရဲ့ ဇာတိသားတွေအတွက်မဟုတ်ဘူးလေ၊ ရန်ဖြစ်ရရင်တောင်မှ ချောင်းရိုက်တာထက် ကွင်းလယ်ထွက်သသတ်ရတဲ့ ၈လေဒီရေတာတွေဖြစ်ရတာ ပိုကြိုက်တယ်ဗျ၊ ခပ်ညံ့ညံ့ သာကူးတွေတော့ရှိတာပေါ့ဗျာ၊ သာတဲ့ဘက်ကူးတဲ့သူတွေရှိတတ်တာ သဘာဝလေ၊ မြိုးသေးသေးလေးက အရိုင်းတွေဆိုတော့ ဒေါင်းရိုင်းတွေပေါ့ ဒေါင်းရေကန်ကြီးရှိတဲ့မြို့က ဒေါင်းရိုင်းတွေပေါ့၊ လွပ်လပ်ငြိမ်းချမ်းစွာတေးသီနေချင်တယ်၊ အတောင်ဖွင့်အမြီးဖြန့်ပြီးကနေရင်နေမယ်၊ဒါပေမဲ့ ဒေါင်းတွေရဲ့ သဘာဝအတိုင်း ငြိမ်းချမ်းမှုကိုဖျက်ဆီးမဲ့ မတရားမှုနဲ့ မသူတော်တွေ ကိုတော့ အသခံပြီးခွပ်ခဲ့တယ်လေ..ဒါသမိုင်းပါ၊ဒေါင်းမြို့ သေးသေးလေးမှာ….ယနေ့အထိ ဒေါင်းရိုင်းတွေရှိနေတယ်၊နောင်လည်း ဒေါင်းရိုင်းတွေပျံနေပါဦးမယ်။

No comments: