မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ
Post 25 August 2013
By ဘိုတွန်(မြစ်မခ)
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက် သမားများ စေလွှတ်ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်း လုံခြုံရေးအထူးမြှင့်တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ
တဆင့်အကြမ်းဖက်သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်သိရှိထား၍
ဖောက်ခွဲရေးသမားများ၏ အမည်နှင့် ဓါတ်ပုံများအား တိုင်းဒေသကြီးအတွင်းရှိ
လုံခြုံရေးအဖွဲ့များထံပေးပို့ထားရာ သြဂုတ်လ ၂၂ ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment