Monday, September 16, 2013

မြန်မာ့အကြွေး (၁) ဘီလီယံ- နှင့် သူခိုးကြီး(၅)ဦး ပိုင် (၁၁)ဘီလီယံ--- မာတလိ(မဲဆောက်




ပဲပြုတ်သည် စဉ်းစားတာက
၂ ကျပ်တိုးယူတဲ့ မောင်ကမ္ဘာ အကြွေးကို
တအိမ်လုံး ရှိတာတွေ ပေါင်နှံ ပြီးဆပ်ကြတဲ့ ။
ကြွေးဟောင်း ကြေရင် ကြွေးသစ်ထပ်ယူမယ် ။
အိမ်ဘေးက တယုတ် အိမ်တွင်းရေး သိနေတော့
၎ ကျပ်တိုးရဖို့  တအိမ်လုံးကို နောက်က ရန်တိုက်ပေးနေတယ် ။

- မြန်မာ့အကြွေး (၁) ဘီလီယံ- နှင့် သူခိုးကြီး(၅)ဦး ပိုင် (၁၁)ဘီလီယံ--- မာတလိ(မဲဆောက်)
13,9, 2013

(ချုံထဲ နွားခိုးသတ်စားတာ လူမသိပေမယ့်-နတ်သိကြားသိတယ် ) စကားပုံဟာ ဘုရား သာသနာ လွန်မြောက်လို့ သိကြားသာနာထဲ တဖြည်းဖြည်း ၀င်လာတဲ့ အချိန်မှာ ပိုမှန်လာတယ်လို့ ပြောရမယ်ထင်တယ်။

လွန်ခဲ့တဲ့ အနှစ် (၄၀) ကျော် လောက်ကဆိုရင် ဦးနေ၀င်း ကြီးစိုးတဲ့ စစ်အစိုးရ လက်အောက်မှာရော၊ တော်လှန်သူများလို့ အမည်ခံ ဗကပ အပါအ၀င် လက်နက်ကိုင်တွေထဲမှာရော အထက်လူကြီး ဘာတွေ ပိုင်တယ်၊ ဘာတွေ မတရားလုပ်တယ် ဆိုတာ ပြောမိ ဝေဖန်မိရင် သေဖို့သာပြင် အဖြစ်ကို ရောက်ခဲ့ကြတယ်။ ဟော- အခုတော့ တိုးတက်လာတဲ့ သိပ္ပံခေတ်မှာတော့ ဆက်သွယ်ရေးစွမ်းအားကြောင့် အမေရိကန် သမ္မတ ကယ်လန်တန် ကျိတ်ပုန်းခုတ်တာ၊ အဖေနာမည်သုံးပြီး ကုလ- အတွင်ေးရးမှူး ဖီအာနန်သား လာဘ်စားတာ၊ ရုရှားသမ္မတ အမြှောင်ထားတာ စတဲ့ သတင်းတွေ သက်ဆိုင်ရာ ပြည်သူတွေသာ မက ကမ္ဘာ့ လူသားအားလုံး အချိန်နဲ့ တပြေးညီ သိခွင့်ရခဲ့ကြတယ်။

အခုလဲ ပြည်ပအကြွေး (၁)ဘီလီယံတင်နေတဲ့ မြန်မာ နိုင်ငံမှာ တယ်တင်ရှင်အမည်ခံလိုသူ နိုင်ငံ ခေါင်းဆောင် ဆိုသူတွေ ခိုးပြီး အပ်ငွေ (၁၁) ဘီလီယံ ကိစ္စ လယ်ပြင်မှာ ဆင် -သွားသလို ပေါ်ထွက်လာခဲ့ပါပြီ။
နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ် ကတော့ အရှက်မရှိတဲ့ မျက်နှာနဲ့ အရူးချေး ပန်း လေသံ ထုံးစံအတိုင်း 'အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလိုပြည်ပမှာ အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလျံ အပ်ထားတယ်ဆိုတဲ့ အကောင့် ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက် ရှိရင်ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အသင့်ပါပဲ' လို့ ပြောဆိုနေပြန်ပါတယ် ပရိတ်သိတ်တို့ ခင်ဗျ။
စာဖတ်သူတို့ ဖြစ်သင့်တာ ဆုံးဖြတ် နိုင်အောင် သိရသမျှ ဖောက်သည် ချလိုက်ပါတယ်။
နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့် ငါးခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ--- ငြိမ်းချမ်းလူ
Thursday, 12 September

မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်းများကြောင့် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က အကြွေးလျှော်ပေးမည့် အခွင့်အရေး လက်လွှတ်ခဲ့ရကာ နစ်နာရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေနှင့် ဘဏ်စာရင်း ငါးခုအတွက် ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာသည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိရှိသော ဘဏ်အကောင့်ငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေကြောင်း၊ တစ်ဘီလျံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့်ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလျံနီးပါးအထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင်ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။

၎င်းကဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့်အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

"မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ်နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူအကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီအကောင့် ငါးခုမှာ ၁၁ ဘီလျံအထိ ရှိနေတယ်။ အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး" ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား ကြွေးမြီနှင့်ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းသုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်းငါးခုနှင့် ပတ်သက်၍ မသိကြသေးကြောင်း ၎င်းကထုတ်ဖော်ခဲ့သည်။

Mr.Jelson Garcia က "အဲဒီအတွက် မြန်မာနိုင်ငံကို Option သုံးခု ထုတ်တယ်။ ၁၁ ဘီလျံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲကထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေးဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့သူကို ရှာမလား။ ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေပေါင်းပြီး Trust Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီအကောင့် ငါးခုကို ခုထိမြန်မာပြည်သူတွေ မသိသေးဘူး" ဟု Mr.Jelson Garcia က ဆက်လက်ပြောကြားသည်။

ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ် . . . . .

ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက်ဖြေရှင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်းပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေး ကျေသွားပြီ ဖြစ်သော်လည်း အဆိုပါအကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဆိုသည့် ပမာဏမှာ မြန်မာ့သဘာဝဓာတ်ငွေ့များ ပြည်ပသို့ လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့်ငွေ စုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်။

မြန်မာနိုင်ငံ၏ နံပါတ် (၁) ၀င်ငွေအကောင်းဆုံးပို့ကုန် သဘာဝဓာတ်ငွေ့အား ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အထိ လေးနှစ်တိတိ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ နှစ်ပေါင်းများစွာ ချေးယူထားပြီး ၂၀၁၂ ခုနှစ်အထိ ပြည်ပသို့ ပြန်ဆပ်ရန်ကျန်သည့် အကြွေးစုစုပေါင်း ပမာဏသည်ပင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်သာ ရှိသည်။

နိုင်ငံတွင် အကြွေး ၁၁ ဘီလျံ ရှိနေချိန် နိုင်ငံတော် အစိုးရသည်ပင် အကြွေးဆပ်ရန် မထိရဲခဲ့သော ဘဏ်စာရင်း ငါးခုထဲတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်း ငါးခုကြောင့်လည်း နိုင်ငံတော် အနေဖြင့် အကြွေးလျှော်ခွင့်ရမည့် အခွင့်အရေးမှာ လက်လွှတ်ခဲ့ရပြီ ဖြစ်သည်။

၎င်းအပြင် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများထံမှ ဥပမာ-တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမည့် ချေးငွေများကိုမူ ရယူသုံးစွဲနေရချိန်တွင် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၁ ဘီလျံကို အတိုးနှုန်း နှစ်ရာခိုင်နှုန်းနှင့်အောက်သာ ပြန်ရမည့် နိုင်ငံခြားဘဏ်များတွင် သွားရောက်အပ်နှံထားသည့် နိုင်ငံမှာ နစ်နာရပြန်သည်။


“ကျနော် ကမ္ဘာကျော်” (ကာတွန်း ကျော်သူရိန် - ဧရာဝတီဝက်ဘ်ဆိုက်)
အတိုးများများဖြင့် ယူသုံးပြီး အတိုးနည်းနည်းသာ ပြန်ရမည့် ဘဏ်များတွင် ယခုကဲ့သို့ သွားရောက်အပ်နှံထားခြင်းမှာ မည်သည့်ငွေများအား မည်သူက မည်သည့်အကြောင်းကြောင့် အပ်နှံထားသည် ဆိုခြင်းကို အစိုးရအနေဖြင့် ရှင်းလင်းသင့်ပြီ ဖြစ်ကြောင်းနှင့် ဘဏ်စာရင်းများမှာ အစိုးရ ပါဝင်ပတ်သက်သည့် ဘဏ်စာရင်း သို့မဟုတ် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ဘဏ်စာရင်း ဟုတ်မဟုတ် ရှင်းလင်းရန် လိုအပ်လာသည်။

နိုင်ငံတော်၏ သစ်၊ ကျောက်မျက်၊ တွင်းထွက်၊ သတ္တု၊ သဘာဝဓာတ်ငွေ့ အပါအ၀င် နိုင်ငံ့သယံဇာတများ ရောင်းချထားရာတွင် ရသည့်ငွေများ ပါမပါ၊ နိုင်ငံခြားမှ နိုင်ငံအတွက် ချေးယူထားသောငွေများ ပါမပါ၊ လာဘ်ပေးလာဘ်ယူများမှ ရသည့်ငွေများ ပါမပါ စိစစ်သင့်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် သယံဇာတ အရင်းအမြစ်များ ဖော်ထုတ်အသုံးချရန်အတွက် လာရောက်ရင်းနှီး မြှုပ်နှံထားသည့် ဥပမာအားဖြင့် လက်ရှိအချိန်အထိ ယွမ်ငွေခုနစ်ဘီလျံအထိ မြှုပ်နှံထားသည်ဆိုသော မြစ်ဆုံစီမံကိန်း အပါအ၀င် စီမံကိန်းပေါင်း များစွာဖြင့် ပတ်သက်ခဲ့သည့်ငွေများ အဆိုပါ ဘဏ်စာရင်းများထဲ၌ ပါနေခြင်း ရှိမရှိမှာလည်း စိစစ်ရှင်းလင်းရမည့် အချက်များထဲတွင် ပါဝင်သည်ဟု စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်။

နိုင်ငံနစ်နာသည့်အတွက် အဆိုပါ ဘဏ်စာရင်း ငါးခုအား နိုင်ငံတော် အစိုးရ အနေဖြင့် မဖြစ်မနေ ရှင်းလင်းရန် လိုအပ်လာကြောင်းနှင့် အဖွဲ့ဖွဲ့စစ်ဆေးရန် လိုအပ်လာကြောင်း၊ အရေးယူသင့်လျှင်ပင် အရေးယူရမည် ဖြစ်သည်ဟု ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက ထောက်ပြခဲ့သည်။

ဥပဒေနှင့် စီးပွားရေး ပညာရှင်တစ်ဦးက "ဒါက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ခဲ့တာဆိုရင်လည်း ဥပဒေကို ချိုးဖောက်ရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ဥပဒေနဲ့အညီ လုပ်ခဲ့သလား၊ မလုပ်ခဲ့ဘူးလား ဆိုတာကို အစိုးရအနေနဲ့ အဖွဲ့ဖွဲ့စစ်ပြီး အများပြည်သူကို ချပြသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ မညီဘူးဆိုရင် စစ်ဆေးအရေးယူခွင့် ရှိတယ်။ ကိုယ့်နိုင်ငံက ငွေအမြောက်အမြားကို အတိုးနှစ်ရာခိုင်နှုန်းအောက်ပဲ ရမယ့် နိုင်ငံခြားဘဏ်တွေမှာ အပ်ပြီး ကိုယ်ကအတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးရမယ့် ချေးငွေကို ပြည်ပဘဏ်တွေက ပြန်ချေးပြီး သုံးနေတာက Foreign Exchange Regulation Act နဲ့လည်း ငြိနိုင်သလို Money Laundary နဲ့လည်း ငြိနိုင်တယ်။ ဘယ်တုန်းက လုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့မညီရင် ပြန်ဖော်ထုတ် အရေးယူလို့ရတယ် ဆိုတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီလို့ အစိုးရအနေနဲ့ ဒါကိုရှင်းလင်းပြီး အများပြည်သူကို ချပြသင့်တယ်" ဟု ထောက်ပြခဲ့သည်။
စီးပွားရေး ပညာရှင် တစ်ဦးကလည်း "ဒီလောက်များပြားတဲ့ ငွေပမာဏ သွားအပ်ထားတယ်ဆိုတော့ ဒါတွေက ဘယ်ကငွေတွေလဲ။ နိုင်ငံရဲ့ သယံဇာတ ရောင်းထားတဲ့ ငွေတွေပါလား။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ လာဘ်လာဘတွေ ပါနေသလား ဆိုတာပါ စစ်သင့်တယ်။ အရင်လက်ထက်က လုပ်ထားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီပါ့မလားဆိုရင် ညီတယ်။ လာဘ်လာဘငွေတွေ ပါနေတယ်ဆိုရင် ဘယ်သူက လာဘ်စားခိုင်းလို့လဲ၊ အဲဒီအတွက် ပြန်စစ်ပြီး အရေးယူလို့ ရတယ်။ နိုင်ငံက ဘဏ္ဍာငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ဒီလိုအပ်နိုင်တာမျိုးက နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာ ဟုတ်၊ မဟုတ်ကိုပါ စစ်သင့်ပါတယ်" ဟုလည်း ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်းမြင့်မားစွာ ပေးရလေ့ရှိသော တရုတ်နိုင်ငံမှ ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း အထိပင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်နှင့် တရုတ်ယွမ်ငွေ သန်း ၂၀၀၀ ကျော် ပမာဏအထိ ချေးယူသုံးစွဲ ထားရကြောင်း၊ ယင်းအပြင် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမည့် ချေးငွေအပါအ၀င် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်အထိ ထပ်မံချေးယူ ရဦးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိလည်း မြန်မာနိုင်ငံမှ ဆပ်ရန်ကျန်သည့် ချေးငွေများထဲတွင် တရုတ်တစ်နိုင်ငံတည်းသို့ပင် အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၇၄၄ သန်းအထိ ပြန်ဆပ်ရန် ကျန်နေသေးသည်။
မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း မြင့်မားစွာဖြင့် ယူထားသော ချေးငွေများ အပါအ၀င် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်အထိ ရှိနေချိန်၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘ၀ အကျပ်အတည်းများကို အစိုးရသစ် ကာလအတွင်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်သေးသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ လေးနှစ်ခန့်ရောင်းမှရမည့် ငွေပမာဏ၊ နိုင်ငံတကာ အကြွေးအားလုံးကို တစ်ချက်တည်းဖြင့် အကြေဆပ်နိုင်သည့် ငွေပမာဏများကို နိုင်ငံခြားတွင် အပ်နှံထားနိုင်သည် ဆိုခြင်းမှာ နိုင်ငံတကာအပြင် အများပြည်သူ အနေဖြင့်လည်း မေးခွန်းထုတ်ရမည့် ကိစ္စဖြစ်ပြီး အစိုးရအနေဖြင့်လည်း ရှင်းလင်းဖော်ထုတ် ချပြရမည့် ကိစ္စရပ်ကြီးတစ်ခုသာ ဖြစ်သည်။

၁၉၈၈ ခုနှစ် မတိုင်မီ ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်
ကျန်ရှိသည့် ပြည်ပချေးငွေများ (အမေရိကန်ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ --------- ပမာဏ
အေဒီဘီချေးငွေ ၃၅၆ ဒသမ ၉၃၅
အိုင်ဒီအေချေးငွေ ၈၀၀ ဒသမ ၅၉၀
ဒိန်းမတ်နိုင်ငံမှချေးငွေ ၅၃ ဒသမ ၀၃၉
ဂျာမနီနိုင်ငံမှချေးငွေ ၅၈၄ ဒသမ ၇၂၈
ဂျပန်နိုင်ငံမှချေးငွေ ၆၃၈၈ ဒသမ ၃၂၀
ကနေဒါနိုင်ငံမှချေးငွေ ၈ ဒသမ ၀၅၆
ဖင်လန်နိုင်ငံမှချေးငွေ ၄ ဒသမ ၈၁၂
ပြင်သစ်နိုင်ငံမှချေးငွေ ၈၄ ဒသမ ၀၀၆
အီတလီနိုင်ငံမှချေးငွေ ၆ ဒသမ ၀၉၀
နယ်သာလန်နိုင်ငံမှချေးငွေ ၉ ဒသမ ၇၅၆
နော်ဝေနိုင်ငံမှချေးငွေ ၃၇ ဒသမ ၁၂၆
သြစတြီးယားနိုင်ငံမှချေးငွေ ၃၇ ဒသမ ၀၂၇
အင်္ဂလန်နိုင်ငံမှချေးငွေ ၃၆ ဒသမ ၅၅၂
စုစုပေါင်း ၈၄၀၈ ဒသမ ၃၄၈
----------------------------
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့
တင်ပို့မှု ပမာဏ(အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂ ၃၅၀၂ .၅၂
၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက်
-------------------------
၁၉၈၈ ခုနှစ် နောင်ပိုင်း ချေးယူခဲ့သည့် ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန်
ကျန်ရှိသည့် ပြည်ပချေးငွေများ+ (အမေရိကန် ဒေါ်လာသန်း)
နိုင်ငံနှင့်အဖွဲ့အစည်းများ ----- ပမာဏ
အိုပက်ချေးငွေ ၂၂ ဒသမ ၆၄၈
အိန္ဒိယနိုင်ငံမှချေးငွေ ၁၁၀ ဒသမ ၃၈၉
ကိုရီးယားသမ္မတနိုင်ငံမှချေးငွေ ၅၀ ဒသမ ၂၇၇
ဂျပန်နိုင်ငံမှချေးငွေ ၆၈ ဒသမ ၅၃၆
ထိုင်းနိုင်ငံမှချေးငွေ ၆၃ ဒသမ ၄၂၀
မလေးရှားနိုင်ငံမှချေးငွေ ၁၅၀ ဒသမ ၀၀၀
ဆာဗီးယားနိုင်ငံမှချေးငွေ ၁၇ ဒသမ ၉၃၆
တရုတ်နိုင်ငံမှချေးငွေ ၂၁၃၁ ဒသမ ၇၄၄
စုစုပေါင်း ၂၆၁၄ ဒသမ ၉၅၀

မူရင်း--http://www.news/
 
-eleven.com/
-----------------------------------------
မြန်မာနိုင်ငံမှ ပြည်ပတွင် နိုင်ငံခြားငွေစာရင်း ငါးခုထဲနှင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သူသည် ကမ္ဘာ့ဘဏ်အနေဖြင့် ပြောကြားခြင်း မဟုတ်ဘဲ ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်သော Bank Information Center(BIC) အနေဖြင့် ပြောကြားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်၍ ပြောကြားခဲ့သူ Mr.Jelson Garcia သည် BIC ၏ Asia Program မန်နေဂျာဖြစ်ပြီး BIC အဖွဲ့မှာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အသွင်ကူးပြောင်းဆဲ နိုင်ငံများရှိ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကမ္ဘာ့ဘဏ်နှင့် အခြားသော နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများ၏ လုပ်ကိုင်မှုများကို စောင့်ကြည့် ဖိအားပေးပြီး စီးပွားရေး၊ လူမှုရေး တန်းတူညီမျှမှုရရှိရန် လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။
အဆိုပါ အဖွဲ့အစည်းသည် အမှီအခိုကင်းသော၊ အကျိုးအမြတ် မယူသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ဘဏ်နှင့် ဒေသတွင်းဖွံ့ဖြိုးဆဲ ဘဏ်များ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် အခြားဘဏ် လုပ်ငန်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ လူထုအား အခွင့်အရေး ကာကွယ်ပေးရန်၊ ပွင့်လင်းမြင်သာမှု ရှိရန်နှင့် လူထုမြင်သာ ထင်သာစွာ ပါဝင်ခွင့်ရရန် စောင့်ကြည့် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

Mr.Jelson Garcia သည် BIC အဖွဲ့၏ အာရှဒေသဆိုင်ရာ စီမံကိန်းမန်နေဂျာ တစ်ဦးဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာရှိ လူမှုအခွင့်အရေးများ၊ ဆုံးရှုံးနေရသူများကို ကာကွယ်ပေးသည့် အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ လူမှုအဖွဲ့အစည်းများတွင် မလုပ်ကိုင်မီတွင် ၎င်းသည် ဖိလစ်ပိုင် သမ္မတရုံး၏ ပေါင်းစည်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် World Vision-Asia Pacific Disaster Management Office ၏ Humanitarian Competency Program တို့တွင် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

Bank Information Center ဟာ ကမ္ဘာ့ဘဏ်ရဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်များကို စောင့်ကြည့်တဲ့ အဖွဲ့ဖြစ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ၀က်ဘ်ဆိုက်က http://www.bicusa.org/
 
ဖြစ်ပါတယ်။ အဲဒီမှာ အဖွဲ့ရဲ့ လုပ်ငန်းတာဝန်ကို အခုလို ဖော်ပြ ထားပါသည်-
Jelson Garcia
Manager, Asia Program
+1 (202) 624-0622 begin_of_the_skype_highlighting +1 (202) 624-0622 end_of_the_skype_highlighting
jgarcia@bicusa.org

မြန်မာနိုင်ငံမှ ကြွေးမြီများ ကမ္ဘာ့ဘဏ်မှ လျှော်မပစ်ခြင်းမှာ ယင်း ၁၁ ဘီလီယံကြောင့် ဖြစ်ပြီး ကမ္ဘာ့ဘဏ်နှင့်ညှိနှိုင်းရာတွင် နည်းလမ်း(၃)လမ်း ပြောကြားခဲ့ပြီး နည်းလမ်း(၁)မှာ အဆိုပါ ပြည်ပရှိ ၁၁ ဘီလီယံဖြင့် ပြန်လည်ပေးဆပ်ရန် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr.Jelson Garcia က ပြောကြားခဲ့သည်။

ယင်းသတင်းအချက်အလက်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းချက်အရ အောက်ပါအတိုင်းသိရှိရသည်-
(၁) ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံအကြား ကြွေးမြီကိစ္စများ ဆွေးနွေးပွဲများတွင် နိုင်ငံခြား ဘဏ်စာရင်း(၅)ခုတွင် ဒေါ်လာ ၁၁ ဘီလီယံ ရှိသည် ဟူသည့် ကိစ္စနှင့်စပ်လျဉ်း၍ တစ်ကြိမ်မှ ထောက်ပြဆွေးနွေးခဲ့ခြင်း မရှိခဲ့ပါ။

(၂) Mr.Jelson Garcia ဆိုသည်မှာလည်း ကမ္ဘာ့ဘဏ်ဝန်ထမ်း မဟုတ်။ Bank Information Center ဆိုသည့် NGO က ဖြစ်သည်။

(၃) ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ကမ္ဘာ့ဘဏ်ကို သတင်းဆောင်းပါးပါ အချက်အလက်များနဲ့ ပတ်သက်ပြီး တရားဝင် ထပ်မံစိစစ်ပေးရန် အကြောင်းကြားထားသည်။

နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင်မူ 'အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလိုပြည်ပမှာ အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလျံ အပ်ထားတယ်ဆိုတဲ့ အကောင့် ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက် ရှိရင်ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အသင့်ပါပဲ' ဟု ဖော်ပြထားသည်။

ဒေါ်လာ ၁၁ ဘီလျံကို အစိုးရအနေဖြင့် အပ်နှံထားခြင်း မရှိကြောင်းကိုသာ ဖော်ပြထားပြီး ပုဂ္ဂလိကအနေဖြင့် အပ်နှံထားခြင်း ရှိမရှိကိုမူ ထည့်သွင်း ဖော်ပြထားခြင်း မရှိကြောင်း၊ ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားခြင်း ရှိသည် မရှိသည်ကိုလည်း တိုက်ရိုက်ငြင်းဆိုခြင်း၊ ၀န်ခံခြင်း မပြုထားကြောင်း ဖော်ပြထားချက်အရ သိရသည်။ အကယ်၍ အကောင့် ငါးခုဖြင့် အပ်ထားသည့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံသည် ပုဂ္ဂလိက အနေဖြင့် အပ်နှံထားခြင်းမျိုးဖြင့် ရှိနေသည်ဆိုသော် အဆိုပါငွေနှင့် ပတ်သက်၍ အများပြည်သူမှ နိုင်ငံနှင့် ပြည်သူအတွက် အသုံးပြုရန် တောင်းဆိုခြင်းမျိုး ရှိလာနိုင်သည်ဟုလည်း သုံးသပ်ပြောကြားမှုများ ရှိလာသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူမှ စက်တင်ဘာလ ၁၂ ရက် ည ၇ နာရီ ၀န်းကျင်အထိ ထုတ်ဖော်ရေးသား ထားချက်အရ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံပိုင်ငွေကို ပြည်ပတွင် အပ်နှံထားခြင်းမရှိ ဆိုသည့်အချက်ကိုသာ အတည်ပြုထားပြီး ပုဂ္ဂလိက အနေဖြင့် လည်းကောင်း၊ အခြားအနေဖြင့်လည်းကောင်း နိုင်ငံခြားဘဏ် အကောင့် ငါးခုဖြင့် ဒေါ်လာ ၁၁ ဘီလျံ အပ်နှံထားခြင်း မရှိကြောင်း ငြင်းဆိုခြင်း လုံးဝမရှိသေးပေ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ထင်မြင်ချက်များ

ဒေါ်လာ (၁၁) ဘီလီယံပိုင် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ...
၁။ သန်းရွှေ
၂။ တေဇ
၃။ အောင်သောင်း
၎။ နေဝင်း မိသားစု
၅။ လော်စစ်ဟန်

မြန်မာပြည် မွဲတေစုတ်ပြတ်ပြီး လူ့အောက်လူ့နောက် ကျနေရခြင်းရဲ့ အဓိကတရားခံ ခွေးသူခိုးကြီးတွေပါ...
၂ယောက်ကတော့ သေပြီ..
နောက် ၃ယောက်ကတော့ အခုထိ ဒေါင်ဒေါင်မြည်ဆဲ ဖြစ်နေခြင်းထက် မြန်မာပြည်ကြီးက သူတို့လက်ထဲမှာ ရှိနေဆဲပဲ၊ ချယ်လှယ်နေဆဲပဲ။
မြန်မာပြည်သူတွေရဲ့ ပို့သတဲ့ မေတ္တာတွေကြောင့် ခွေးသူခိုးကြီးတွေ ကျန်းမာ ချမ်းသာကြပါစေ...

စစ်အာဏာရှင်ကို လိုလားတဲ့ မျိုးချစ်ကြီးတွေနဲ့ စစ်ခွေးအပေါင်းတို့လည်း များများဟောင်နိုင်ကြပါစေ...

သက်နှင်း သုန္ဒရီ
----------
+42 # Moe Pyae 2013-09-12 12:50 Eleven ရေ အခုလို သတင်းဖော်ထုတ်ပေးတဲ့ အတွက် အထူးကို ကျေးဇူးတင်ပါတယ်ဗျာ။

တကယ်ဆို မြန်မာပြည်သူတွေကို ဂရုဏာသက်ပြီး ဒီသတင်းကို ထုတ်ဖော်ပြောကြားတဲ့ ကမ္ဘာ့ဘဏ်ကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။
ဘယ်လို ဆက်သွယ်ပြီး ကျေးဇူးတင်ကြောင်းပြောရမလဲ မသိလို့။ ဒီ ကနေဘဲ ပြောကြားလိုက်ပါတယ်။
သိတဲ့ သူများရှိရင်လည်း ဒီ message ကို သူတို့ဆီရောက်အောင် ပြောကြားပေးပါ။ မြန်မာပြည်သားတွေကလည်း ဘာမှ အရေမရ အဖက်မရ ပို့စ်တွေ တင်မနေဘဲ။ တကယ်ကျေးဇူးတင်ထိုက်တဲ့ သူတွေကို ကျေးဇူးတင်ကြောင်းပြောဖို့ ကြိုးစားပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
နောက်တခု က ဒီပြသနာ ဒီမှာ ရပ်မသွားဘဲ။ အဆုံးထိ ကောင်းမွန်စွာ အဆုံးသပ်နိုင်ဖို့ အရေးကြီးပါတယ်။
ကောက်ရိုးမီး မဖြစ်ဖို့ လိုပါတယ်။
အားလုံးသတိနဲ့ ဒီအကြောင်းကို အမြဲ ဂရုစိုက်နေကြဖို့ တိုက်တွန်းလိုပါတယ်။
ကျေးဇူးတင်စွာဖြင့် -
----------
+46 # akyabian 2013-09-12 12:22
ဒီ ဘဏ်အကောင့် ပိုင်ရှင် ၅ ဦးလား ...ဒီထက် ပါနေသေးလား မသိပါ...သိတာကတော့ သူ့တို့တွေ ရဲ့ ညအိပ်ချိန်တွေဟာ သူ့တို့တွေအတွက် အရှင်ငရဲ ဖြစ်နေမှာကို တော့သိတယ်။

တိုင်းပြည်ကို မျိုးမစစ်တဲ့ Slogans (ဥပမာ။ ပြည်ပအားကိုပုဆိန်ရိုး...ပြည်ထောင်စုမပြိုကွဲရေး...စသဖြင့်ပေါ့ဗျာ...ဆက်ရေးပေးလိုက်ကြပါ..ကျေးဇူး) တွေ Motto တွေ စစ်ဦးနှောက်ဖြင့်တီထွင်တားထဲ့ Logic တွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်သွားတာ နောက်ဆုံး ဒီလို တိုင်းပြည်ကို ကြိုက်သလောက် ခိုးလိုရအောင် လုပ်သွားတယ်ဆိုတာ ခုမှ ပေါ်လာပြီးလေ။ မည်သည့်အရာမှ ဖုံးကွယ်လို့မရပါ။

It's a matter of time ပါ..အချိန်တန်ရင် ပေါ်လာမှာပဲလေ။
ရက်စက်တဲ့စစ်အုပ်ချုပ်ရေး ရှိတုန်းက ပြောသေးတယ်။
အနောက်တိုင်းက စီးပွားရေးပိတ်ထားလို့ တိုင်းပြည်ဆင်းရဲ ရတယ် ဘာညာ တွေ အော်သေးတယ်။
သူ့တိုအုပ်ချုပ်တဲ့ အချိန်မှာ ဗမာပြည်မှာ အာရှမှီ ကမ္ဘာမှီ သူကြွယ်တွေ က ဘာဖြစ်လို့ ကြားထဲ့ပေါ်လာရတာ လဲ။

မေးစရာ က....
ကဲအခုတော့ အခုလက်ရှိ "သန့်ရှင်းသောအစိုးရဖြစ်အောင်ကြိုးစားနေတဲ့"
(အရင်အစိုးရလို့ ဗလာကျဉ် Slogans တွေ မဟုတ်ပါဘူးနော်)
ဦးသိန်းစိန်က ဘယ်လို့ ကပြမလဲဆိုတာ လည်း အလွန်စိတ်ဝင်စား စရာကောင်းကြောင်းပါဗျား....
စောင့်မျှော်ကြည့်ရှု တော် မူကြပါ ပရိသတ်တို့။
----------
+51 # Orgalisan 2013-09-12 11:52
မန်ယူအသင်းကို ဒေါ်လာ ၁ ဘီလီလျံ နဲ့ဝယ်မယ်ဆိုတုန်းက ဟမ် အဲလောက်ကြီးတောင် ချမ်းသာပါ့မလား လို့ တွေးမိတဲ့ ငါကိုက တုံးတာပါ။
ငတုံး ငတုံး ငတုံး
ကိုယ့်စိတ်နဲ့ နှိုင်းပြီး အဲလောက်မရက်စက်ပါဘူးလေ လို့ ထင်တာလဲ ပါတာပေါ့လေ။
အခုတော့ ဆဲချင်တာတောင် ဆဲစရာ စကားလုံးရှာမရ ဖြစ်နေပြီ။
ဟုတ်လေစွ ဟုတ်လေစွ။
----------
+63 # kyawwonna 2013-09-12 10:00
ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်တွေ ဘယ်လောက် တိုင်းပြည်ကို ချစ်သလဲ ဆိုယင်.....
စင်္ကာပူလို တိုင်းပြည်မှာ ၀န်ကြီးချုပ်တွေ ဗိုလ်ချုပ်တွေ ၀ယ်ထားတဲ့ ကွန်ဒိုတွေ မနည်းဘူး....
ကိုယ့်နာမည်နဲ့ မ၀ယ်ရဲတော့ တပည့် တွေ အကျိုးတူ စီးပွားဘက်နာမည် တွေ နဲ့ ၀ယ်ကြတယ်။
ဘဏ်တွေကို မယုံတော့ အခန်းတစ်ခန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြင်...ရွှေ..ကျောက်သံ ပတ္တမြား ဒေါ်လာ တရားမ၀င် လှောင်ကြတယ်။။
(ဦခင်ညွန့်လို ထောင်ထဲရောက်...အမှုဖြစ်...နိုင်ငံတော်က သိမ်းယင် တနေ့လွတ်တဲ့အချိန်... အသက်ဆက်နိုင်အောင် စီစဉ်ကြတယ်)
ဧရာဝတီတိုင်း ၀န်ကြီးချုပ်က စင်္ကာပူမှာ ကွန်ဒိုအိမ် ကို ၀ တစ်လုံး ကားဂိတ်ပိုင်ရှင်နာမည်နဲ့ဝယ်တယ်....
အာဏာရှိတုန်း...၀ တစ်လုံးကားပိုင်ရှင်ကို တရားမ၀င် ကျွန်းသစ်တွေ သယ်ခွင့် မသိမသာပြုပြီး အပေးအယူ လုပ်ထားတယ်....
ဟော ပြည်တွင်းမှာ အဆင်မပြေတော့ စင်္ကာပူက ကွန်ဒိုကို တရားဝင်ပိုင်ရှင် ပေါက်သူက အပိုင်စီးလိုက်တယ်။။။။
တရားဝင်ဘဏ်မှာ အကောင့်ဖွင့်တာထက် အပြင်မှာ တရားမ၀င်ငွေ သိမ်းဆည်းတာ ပိုများတယ်။။
ဒီလို တရားမ၀င် လုပ်ချင်တာလုပ်နေတဲ့ ကွန်ဒို ပိုင်ရှင်တွေကို စင်္ကာပူအစိုးရက (သူ့နိုင်ငံအကျိုးစီးပွား မထိသမျှ) ရေငုံနှုတ်ပိတ်နေကြတယ်။။။

ဒီလို လုပ်ချင်ရာ လုပ်ခွင့်ပြုနေသမျှ ဦးသိန်းစိန် အမြဲပြောနေတဲ့ သန့်ရှင်းသော အစိုးရ လုံးဝ မဖြစ်နိုင်ပါ။။
စင်္ကာပူနိုင်ငံမှာ တရားမ၀င် ၀ယ်ထား.... ဥစ္စာစောင့်ထားသော ကွန်ဒိုများ စာရင်းကို ဘလော့ တစ်ခုမှာ ဖွင့်ချထားပါတယ်။။
2015 အမီ အသေးစိတ် ထုတ်ပြန်ပါလိမ့်မယ်။။
မြန်မာပြည်သူ ပြည်သားများ မင်းဆိုးမင်းညစ် ဒဏ်မှ ကင်းဝေးနိုင်ပါစေ။။

No comments: