၂-၁၂-၁၃ ည(၈း၃၀)ခန့် အချိန်မှာ ရန်ကုန်မှ ဘုရားဖူးလာရောက်သော မိသားစု တစ်စုသည် ထမင်းစားရန် တည်းခိုရာမှာ လမ်းလျှောက်ထွက်လာခဲ့ရာ လမ်း၈၀ ၊ ၃၆×၃၇ လမ်းကြား အရောက်တွင် ဆိုင်ကယ် တစ်စီးမှ လက်ကိုင်အိတ်အား ဆွဲယူ လုယက်ခံလိုက်ရသည် ။
အဆိုပါ မိသားစုဝင် တစ်ဦးက ပြောကြားရာတွင် ပိုက်ဆံ တစ်သိန်းခန့် ဖြစ်သော်လည်း ဟမ်းချိန်း က ချောင်နေ၍ လက်မှ ချွတ်ပြီး အိတ်ထဲ ထည့်ထားတာပါသွားကြောင်း ၊ လုပြေးလို့ပါ သူခိုး သူခိုး အော်သော်လည်း အနီးနား ဆိုင်ကယ်များ မှ ကူညီမှု မရခဲ့ကြောင်း ၊ မန္တလေး က ရန်ကုန်ထက် ပိုဆိုးနေပြီ ပဲ ဟု ပြောသည် ။
ရဲစခန်းဘယ်နားရှိလည်း ကျွန်တော်တို့ကို လာမေးရာမှ သိရှိရခြင်းဖြစ်ပြီး ကူညီဖြေကြားနေစဉ် ဟိုင်းလတ်ယာဉ်ဖြင့် လုံခြုံရေး ပတ်လာသော ရဲတပ်ဖွဲ့ကား လာသဖြင့် တားပြီး တိုင်ကြားစေခဲ့ပါသည် ။
ဒီလမ်းက လူစည်တဲ့နေရာ အသွားအလာများသလောက် တစ်ခါမှ မဖြစ်ဘူးဘူး ၊ ဒါပထမဆုံး ကြားဖူးရတာပဲဟု အနီးမှ ဈေးရောင်းချသူ တစ်ဦးက ပြောသည် ။
ကျွန်မတို့က ရန်ကုန်က ၊ ဘုရားဖူးထွက်လာတာ ခုဏကပဲ မုံရွာကပြန်ရောက်တာ အဲတာ ညစာ သွားစားမယ် ဆိုပြီး ထွက်လာတာ မနက်ဖြန်ပြန်ဖို့ စီစဉ်ထားတာ ဟု ဆိုသည် ။
ကိုဝိုင်ဝိုင်ကေ
၂-၁၂-၁၃
No comments:
Post a Comment