တနင်္သာရီ ဒီဇင်ဘာ (၃)ရက်
မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု ကျွဲထိန်းကွင်း ရွာနေ တောင်သူ(၃၁)ဦး သည် ၄င်းတို့၏ကွင်းအမှတ်(၅၁၄)တွင်စိုက်ပျိုးထားရှိ ပြီးဖြစ်သောနွေစပါးစိုက်ခင်းဧက(၁၃၈) တွင် ညာတောင် ပိုးမွှားများ ကျရောက်ဖျက်ဆီးကိုက်စားမှုအန္တရာယ်ကြောင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံး နေရသဖြင့် သက်ဆိုင် ရာ ကျွဲထိန်းကွင်းရွာ ရာအိမ်မှူး ဦးနောင်မဲနှင့်အတူ ဒေသခံတောင်သူများလိုက်ပါလျက် ဒီဇင်ဘာလ(၁)ရက်နေ့ တွင်စိုက်ခင်းများအတွင်း ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါပိုးမွှားများအား တောင်သူတစ်ဦးက နိုဝင်ဘာလ(၂၈)ရက်နေ့တွင်စတင်တွေ့ရှိရသဖြင့် ၄င်း ညာတောင်ပိုးပုံများအား ဓါတ်ပုံများရိုက်ကူးခဲ့ပြီး ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူများ၏ စိုက်ခင်းများ ပြန်လည် ရှင်သန်ကောင်းမွန်စေရေး/ပိုးမွှားများအန္တရာယ်လျော့ပါးနိုင်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ လမ်းညွှန် ကူညီမှု ကွင်းဆင်းဆောင်ရွက်ပေးစေလိုကြောင်း သိရှိရသည်။
ထို့အတူ ယခုကဲ့သို့သာစပါးစိုက်ခင်းများအားညာတောင်ပိုးမွှားများ ဖျက်စီးဆုံးရှုံးခံရပါကလာမည့်၂၀၁၄ ခုနှစ်တွင်ဝမ်းစာဖူလုံမှုအခက် အခဲတွေ့ရှိ နိုင်ကြောင်း ကျွဲထိန်းကွင်းရွာမှတောင်သူများက စိုးရိမ်ပူပန်လျက်ရှိ ကြောင်း သတင်းရရှိသည်။
iprd myeik
No comments:
Post a Comment