Tuesday, December 3, 2013

ဦးဝင်းတင်ရဲ့ ခေတ်စကား


                                                                    (ဟံသာဝတီ ဦးဝင်းတင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ခေတ်စကားအစီအစဉ်မှာ အခုတပတ်မှာတော့ ပြည်တွင်းမှာအပြောများနေတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ကားပါမစ်အကြောင်း ဆရာကြီးဦးဝင်းတင် တင်ပြထားတာကို RFA မှတဆင့် ကူးယူဖော်ပြ ပေးလိုက်ပါတယ်ခင်ဗျာ။
ကိုခင်မောင်စိုးရေ ကျနော်ဒီတပတ်ပြောချင်တာကတော့ ဗမာပြည်မှာ တော်တော်ကို လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ သတင်းတစ်ပုဒ် ကိစ္စပြောချင်ပါတယ်။
အဲဒါကဘာလည်းဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့တွေကို အခု အစိုးရနဲ့ဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဖို့ဆိုပြီးတော့ ဆွေးနွေးနေတဲ့ လက်နက်ကိုင်အဖွဲ့အ စည်းများပေါ့ဗျာ၊ အဲဒီအဖွဲ့အစည်းများကို မော်တော်ကားတွေ ပါမစ်တွေ ထုတ်ပေးတယ်ဆိုတဲ့ သတင်းတွေ ဘာတွေပြတယ်။ အဲဒီသတင်းက ဘာဘဲပြောပြော သတင်း ကတော့ တော်တော်ကိုမှန်တဲ့သတင်း ဖြစ်နေပြီ။ ဖြစ်တဲ့အပြင် လူတိုင်းကလည်း တော်တော်ကိုစိတ်ဝင်စားတယ်။
နောက်တခါ စိတ်ဝင်စားတဲ့အကြောင်းကလည်း ပေးလိုက်တဲ့ ကားတွေကလည်း နည်းတဲ့အရေအတွက်မဟုတ်ဘူး၊ ဒီ သတင်းကလည်း ဂျာနယ်တွေကလည်း အကုန် လုံးဝိုင်းရေးကြ ဆိုတော့ တော်တော်ကို ဆူပွက်နေတဲ့ ခေတ်စကားတစ်ခုဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။
ဒီလိုဗျ၊ ဒီ ငြိမ်းချမ်းရေးအဖွဲ့တွေ အခု ဆွေးနွေးနေတဲ့ကြတဲ့ဟာ အားလုံးသိကြတဲ့အတိုင်းဘဲ တော်တော်များတယ်ဗျ၊ ဆယ့်လေး ငါး ရှစ်ဖွဲ့ ရှိတယ်၊ ဒီအဖွဲ့တွေကို ပြည် တွင်းကိုလည်းခေါ်ပြီးတော့ လိုင်ဇာတို့ ဘာတို့မှာ သွားဆွေးနွေးတယ်၊ နောက်တခါ မကြာခင်မှာဆိုလို့ရှိရင်လည်း ဘားအံတို့ဘာတို့မှာ ဆွေးနွေးမယ်။ နောက်တခါ ရန် ကုန်မြို့ကိုလည်း ခေါင်းဆောင်တွေဘာတွေခေါ်ပြီးတော့ တွေ့တယ်၊ ဒီလိုပေါ့ဗျာ အစုံပေါ့။
အဲဒီအထဲမှာ ထင်ရှားတဲ့အဖွဲ့အစည်းတွေကတော့ ကရင်တို့၊ ကရင်နီတို့ ABSDF တို့ ကချင်တို့ နောက် မွန်တို့ ရှမ်းတို့ စသည်ပေါ့ဗျာ၊ အဖွဲ့တွေက တော်တော်စုံပါတယ်။ အဲဒီတော့ ဒီအဖွဲ့တွေကိုပေးတဲ့ မော်တော်ကားတွေက ပါမစ်တွေက အားလုံး အစီးပေါင်း ၃,၀၀၀ လောက်ရှိတယ်လို့ပြောတယ်၊ ၃,၀၀၀ လောက်မှာ အခု အစီး ၁,၀၀၀ လောက်ကတော့ ထုတ်ပြီးနေပြီ၊ ထုတ်ပြီးတော့ သုံးနေပြီပေါ့လေ၊ ပါမစ်တွေရပြီ၊ အစီး ၂,၀၀၀ လောက် ကျန်သေးတယ်။
အစိုးရကနေပြီးတော့ ပေးတဲ့ပုံစံက ဒီ ပါမစ်တွေကို ထုတ်ပေးတဲ့အခါမှာ အခွန်တွေ ကင်းလွတ်ခွင့်တွေကလည်း ရသေးတယ်ဗျ၊ ဒီ ၄၀ ရာခိုင်နှုန်းလောက်ကို လျော့ပေး တယ်။ ဒါ့အပြင်ကို တခါ တဆင့် ရောင်းစားလို့ရှိရင်လည်း ကားတစီးကို သိန်း ၅၀၀ လောက်ရတယ်ဆိုတဲ့ သတင်းတွေကလည်း ဖြစ်နေတယ်ဗျ။
ဒီ သိန်း ၅၀၀ ဆိုတာ အောက်ဈေး၊ အထက်ဈေးက သူ့ထက် များတဲ့ ဈေးတွေလည်းရတယ်လို့ပြောတယ်။ အဲဒီတော့ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သတင်းတွေက ဘာထပ်ဖြစ်ပြန်သလဲဆိုတဲ့အခါကျတော့ ဒီ ငြိမ်းချမ်းရေးအဖွဲ့တွေကို ဒီဟာတွေပေးတဲ့ဟာက ပေးချင်လို့ပေးတာ မဟုတ်ပါဘူးတဲ့၊ ဒီဟာတွေအကုန်လုံးက ၀န်ကြီး ဦး အောင်မင်းတို့ဘာတို့ ရှင်းချက်ပေါ့ဗျာ။
ဒါတွေဟာ အကုန်လုံးဟာ အစိုးရအဖွဲ့ကို တင်ပြတယ်၊ တင်ပြရတဲ့အကြောင်းက ဘာလဲဆိုတော့ ဒီငြိမ်းချမ်းရေးအဖွဲ့တွေဟာ ကားသွင်းထားတာတွေဟာ သူတို့မှာ ကား တွေဟာ အများကြီးဘဲတဲ့၊ ဘယ်လိုသွင်းတယ်တော့ မသိဘူးပေါ့။ အဲဒီသွင်းတဲ့ကားတွေကို သူတို့က အလွတ်မောင်းနေကြတာ၊ စီးနေကြတာ၊ အဲဒီတော့ ဒီလိုသာ မောင်းနေကြမယ်ဆိုရင် နောင်ကို ဥပဒေနဲ့ငြိစွန်းတာတွေဘာတွေပေါ်လာရင် မကောင်းဘူးဆိုပြီးတော့ ပါမစ်ထုတ်ပေးတာတဲ့ ဆိုပြီးတော့ ဦးအောင်မင်းတို့က ပြော တယ်။
ပါမစ်ထုတ်ပေးတယ်ဆိုတဲ့နေရာမှာလည်း ဒါ သမ္မတဆီကို တင်ပြတယ်၊ သမ္မတကလည်း ဒီဟာကို အားလုံးနဲ့ညှိလုပ်ပါဆိုပြီးတော့ ၀န်ကြီးအဖွဲ့ ၀န်ကြီးအားလုံးပါတယ် လို့ပြောတယ်၊ ၀န်ကြီးအားလုံးကနေ သဘောတူ ထောက်ခံလိုက်တဲ့အတွက် ဒီကားပါမစ် ပေးတယ်လို့ ပြောတယ်။
ထားတော့ဗျာ ဒီဟာတွေက သာမာန်အားဖြင့်တော့ ထုံးစံအတိုင်းဘဲ ကျနော်တို့တွေက ဒါတွေက မသိကြဘူးပေါ့၊ တိုင်းပြည်က လူတွေက သာမာန်လူထုကတော့ မသိ ဘူး။ သတင်း သဲ့သဲ့ကြားရင် သတင်းစာထဲပါမယ်၊ သတင်းစာထဲပါတာသည်ပင်လျှင် လူတွေက သိပ်နားလည်တာမဟုတ်ဘူး နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုကိစ္စ တွေက ပါမစ်တွေတို့၊ အခွန်းကင်းလွတ်ခွင့်တို့၊ အစီးရေဘယ်လောက်တို့ ဆိုတာတွေက တော်တော်ကိုနားလည်ဖို့ခက်တဲ့ ကိစ္စတွေပေါ့ဗျာ။
ဒါပေမယ့် ကျနော်ပြောချင်တာက ဘာပြောချင်သလဲဆိုတော့ ဒီလိုကိစ္စတွေဟာ ရိုးရိုးတန်းတန်းတွေဖြစ်ရဲ့လား၊ ရိုးရိုးသားသားတွေ ဟုတ်ရဲ့လား၊ ဒီလိုလည်းစဉ်းစားလို့ ရတယ်၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဒါတွေကို လက်ခံတာဟာ လက်ခံသင့်သလား၊ လက်မခံသင့်ဘူးလား၊ ဒါတွေလည်း စဉ်း စားစရာ၊ ဆွေးနွေးစရာကိစ္စတွေ ဖြစ်တယ်လို့ ကျနော်တို့ယူဆလို့ ရတယ်ပေါ့ဗျာ။
အဲဒီတော့ ကောင်းပြီ၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ဒီဟာတွေကို ဒီလောက်နဲ့ပြီးသလားဆိုတော့ ဒီလောက်နဲ့လည်း မပြီးဘူးဗျ။ ဒီဟာတွေကိုတဲ့ ဒီ ငြိမ်းချမ်းရေးအဖွဲ့ တွေကိုက နော် အခု ၀န်ကြီးတွေ ဘာတွေပါဝင်တဲ့ ၀န်ကြီးဦးအောင်မင်းတို့ ပါဝင်တဲ့အဖွဲ့တွေပေါ့ဗျာ၊ ဒီ ငြိမ်းချမ်းရေးအဖွဲ့တွေ ကိုယ်တိုင်ကနေပြီးတော့ ဒီပါမစ်တွေကို ပြန်ပြီးတော့ သူတို့က၀ယ်တယ်၊ ၀ယ်ပြီးတော့ အပြင်မှာ သူတို့က ပြန်ပြီးတော့ ရောင်းစေတယ်ဆိုတဲ့သတင်းကလည်း MPC ပေါ့ဗျာ၊ Myanmar Peace Center ပေါ့ နော်၊ မြန်မာ ငြိမ်းချမ်းရေး ဗဟိုအဖွဲ့ ပေါ့နော်၊ ဗဟိုအဖွဲ့၊ ဒီအဖွဲ့ကလည်း သူတို့ ဒီပါမစ်တွေပြန်ပြီးတော့ ရှင်းရှင်းပြောရရင်တော့ သူတို့ထုတ်ပေးတယ်၊ ထုတ်ပေးပြီးတော့ အဲ ဒီဟာတွေကိုလည်း ပြန်ပြီးတော့ဝယ်တယ်၊ သူတို့ပြန်ဝယ်တယ်၊ ၀ယ်ပြီးတော့ အပြင်မှာ သူတို့ကရောင်းစေတယ်ဆိုတဲ့ သတင်းတွေက လည်းဖြစ်နေတယ်။
ဒီသတင်းက မှန်ဖို့ဖြစ်လာတဲ့အခြေအနေက ဘာလည်းဆိုတော့ မကြာခင်တုန်းက နာမည်ကျော် ၀န်ကြီးတစ်ပါးပေါ့ဗျာ၊ ဒေါက်တာစိန်ဝင်းတို့ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ အရင်တုန်းက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ဘူးတဲ့ ပီတာလင်းပင်ဆိုတဲ့ ပုဂ္ဂိုလ် ရှိပါတယ်။ ပီတာလင်းပင်က သူက တော်တော်ရိုးရိုးသားသားကို ပြောတဲ့ ပုဂ္ဂိုလ်၊ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောတဲ့လူ၊ အခု ဒီမှာ ၀င်လာတဲ့အခါကျတော့ သူက ဘာပြောသလဲဆိုတော့ ၀န်ကြီးတွေနဲ့ တွေ့တယ်၊ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းနဲ့တွေ့တယ်၊ တွေ့တဲ့အခါမှာ ဦးစိုးသိန်းတို့ ဘာပြောလဲ၊ ဦးအောင်မင်းတို့ ဘာပြောလဲဆိုတဲ့အခါကျတော့ ခင်ဗျားလိုချင်ရင် ဟော့ဒီမှာ သိန်း တစ်ထောင် ခင် ဗျားသုံးဖို့ပေးမယ်၊ နောက်တခါ ခင်ဗျားကို ကျနော်တို့မှာ ကားသုံးစီးပါလာတယ်၊ ခင်ဗျား တစ်စီးယူလိုက်၊ နောက်တခါ အင်းလျားကန်စောင်းမှာ ကျနော်တို့ ဗိုလ်ချုပ် တွေ နေသွားတဲ့ တိုက်ခန်းတွေရှိတယ်၊ အိမ်ခန်းတွေ၊ အဲဒီ တိုက်တွေကို အကုန်လုံး ဗိုလ်ချုပ်တွေက အခု တပ်ထဲတွေပြန်နေကြတယ်၊ သူတို့က သူတို့ဟာသူတို့ အိမ် ဆောက်တယ်ပေါ့ဗျာ။
အဲဒီအခါကျတော့ အင်းလျားကန်စောင်းမှာရှိတဲ့ တိုက်တွေက အခန်းတွေက လစ်လပ်သွားတယ်၊ အဲဒီလစ်လပ်သွားတဲ့အတွက် အဲဒီ လစ်လပ်တဲ့နေရာတွေက ခင်ဗျား လက်ညှိုးထိုးပြ ကြိုက်တဲ့အခန်းယူ လို့ ဆိုပြီးတော့ ပြောတယ်ဆိုပြီးတော့ ပီတာလင်းပင်က မီဒီယာတွေမှာ ဖွင့်ချတယ်ဗျ၊ ပြောတယ်။ ဒီသတင်း မဖြစ်ခင်လေးမှာတင် တခြား မီဒီယာတစ်ခုမှာ ဦးအောင်မင်းကနေပြီးတော့ ပြောတယ်၊ ပီတာလင်းပင်က သူတို့ဆီမှာလာပြီးတော့ အခွင့်အရေးတွေတောင်းတယ် ဆိုပြီးတော့ လည်းပြော တယ်။
ဒါ ဖြစ်တတ်တဲ့သဘော ပြောပါတယ်နော်။ အပြန်အလှန် စွပ်စွဲကြတာ။ အဲဒီအခါမှာ ပီတာလင်းပင်ကပြောတယ်၊ ဟုတ်တယ် ကျနော် အခွင့်ရေးသွားတောင်းတယ်၊ အ ခွင့်အရေးတောင်းတာက သူတို့ဆီက အလကားရဖို့ အခွင့်အရေးတောင်းတာမဟုတ်ဘူး၊ ဥပမာ မြေဂရမ်ကိစ္စ၊ သို့မဟုတ်လည်း ခြံမြေတွေကိစ္စ၊ နောက် အိမ်ခန်း ကိစ္စ ပေါ့ဗျာ။ အဲဒါတွေကို လျှောက်ထားခွင့်ပေးဖို့အတွက် ခွင့်တောင်းတာ သူတို့ကို၊ သူတို့ဆီက အလကားရဖို့ တောင်းတာမဟုတ်ဘူးလို့ ပီတာလင်းပင်က ပြန်ရှင်းတယ်။
ဆိုတဲ့အခါကျတော့ ဒီ အပြန်အလှန်တွေကိစ္စတွေဟာ ဒါဟာ ကြာရင် ဒီလိုဟာမျိုးတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဘာတွေမှာ ထိခိုက်လာစရာရှိတယ်၊ နောက်တစ်ခါ ဒီဟာတွေကို ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေအပိုင်းတွေမှာလည်း အရှုပ်အရှင်းတွေ ပေါ်လာနိုင်တယ်လို့ ကျနော်တို့ကယူဆတယ်။ အဲဒီတော့ ကျနော်ပြောချင်တာက ဘာလည်းဆိုတော့ ဒီလိုဟာမျိုးတွေက ကျနော်တို့ တိုင်းပြည်မှာ ဟိုး.... တုန်းကလည်း ရှိခဲ့တာဘဲ၊ ဆိုပါတော့ဗျာ ကျနော့မိတ်ဆွေ၊ ကျနော့ ဆရာသမားလို့လည်း ကျနော်ပြောလို့ ရပါတယ်၊ ဦးချမ်းအေးပေါ့ဗျာနော်၊ ဦးချမ်းအေး ကျနော်နဲ့အလွန်ရင်းပါတယ်၊ ကျနော့ ဆရာသမားလို့ပြောတဲ့အကြောင်း က ကျနော် သူ စာဖတ်ပုံလေးကို ကျနော်သဘောကျပြီးတော့ ကျနော်က သူ့ကို ဆရာသမားလိုကို စိတ်ထဲမှာ ခံစားရတာပြောတာပါ။ ကျနော်နဲ့သူနဲ့က ဒီ လောက်ကြီး တော့ စာနဲ့ပေနဲ့ နိုင်ငံရေးနဲ့ ဆက်သွယ်တဲ့ဟာ မဟုတ်ပါဘူး။
သို့သော် ဘာဘဲပြောပြော ကိုချမ်းအေးဆိုပါတော့ သူတို့ ခေတ်တုန်းက လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော်ပေါ့ဗျာ၊ ငါးဆယ်ကျော်တုန်းကဆို ကိုချမ်းအေးတို့ အလင်းဝင် လာတယ်၊ အဲဒီအခါမှာ အစိုးရကနေပြီးတော့ သူတို့ကို ဖော့ဦးထုတ်တွေပေးတယ်ဗျ၊ ဖော့ဦးထုတ်တွေ စောင်းဖို့၊ အဲဒီတော့ အပြင်မှာကျတော့ သတင်းဘယ်လိုဖြစ်သ လဲဆိုတော့ လက်နက်နဲ့ ဖော့ဦးထုတ် လဲတယ်ဆိုပြီးတော့ သတင်းတွေဖြစ်တယ်ဗျနော်။ ဆိုလိုတာက လက်နက်ချတာကိုး ကိုချမ်းအေးတို့က။
အဲဒီတော့ ကိုချမ်းအေးတို့ခေတ်တုန်းကဆိုရင် ဖော့ဦးထုတ်လောက်နဲ့ပြီးတဲ့ကိစ္စမျိုးဟာ အခု ဒီနေ့အခါမှာ သိန်းပေါင်း ထောင် ပေါင်းများစွာတန်တဲ့ မော်တော်ကားတွေ၊ အိမ်ယာတွေ၊ အခွင့်အရေးတွေ၊ အဲဒါတွေနဲ့ပတ်သက်နေတဲ့အခါကျတော့ ဒီဟာတွေဟာ ကြာရင် တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ အရှုပ်အထွေးတွေ ပေါ်မှာစိုးတယ်၊ နောက်တစ်ခုက ဒါတွေက ထောက်လှမ်းရေးနည်းတွေဗျ။ နိုင်ငံရေးကိစ္စတွေမှာ ထောက်လှမ်းရေးနည်းတွေနဲ့ ကျင့်သုံးပြီးတော့ အခွင့်အရေးတွေ ပေးတယ်ဆိုတာမျိုး တွေ ဖြစ်နေတဲ့အခါကျတော့ ကြာရင် ဒါဟာ တိုင်းပြည်မှာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးတဲ့ဟာတွေ ထိခိုက်လာမှာစိုးရတယ်လို့ ကျနော်ပြောချင်ပါတယ်။
ဒါကို သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေကလည်း လူကြီးတွေပေါ့ဗျာ၊ ဥပမာ သမ္မတအပါအ၀င်ပေါ့။ အဲဒီတော့ ဒီကိစ္စမှာ သမ္မတကိုယ်တိုင် သိတယ်လို့ ပြောတာကိုး။ အဲဒီ တော့ သမ္မတကနေစပြီးတော့ ဒီကိစ္စတွေကို စပြီးတော့ ကွပ်ကဲဖို့ လိုတယ်၊ စိစစ်ဖို့ လိုတယ်၊ ဆန်းစစ်ဖို့ လိုတယ်၊ ဖြေရှင်းဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ဒီ လောက်ပါ ဘဲခင်ဗျ။

No comments: