.....................................................
ဟားဟားဟား … အတော်နောက်တဲ့ ဒီချုပ်ကိုရင်လေးတွေပဲဗျာ။
အားလုံးမြင်လိုက်ကြမှာပေါ့။ လူထု အစည်းအဝေးကြီးရဲ့ ရှေ့ဆုံးတန်းအလယ်မှာ
ကျုပ်တစ်ယောက်တည်းလေ။ လက်ရုံးထောင်လို့၊ လက်သီးပြောင်လို့။ မီဒီယာတွေထဲလည်း
ပါလာတာပေါ့။ သတင်းစာမျက်နှာ ပြူးတူးပြဲတဲ။
ကျုပ်က ရုပ်သံတွေထဲမှာ
ပါလောက်တဲ့လူမဟုတ်လို့ ရုပ်ပဲပေါ်တယ်လေ။ အသံဗလံတွေ မတော်တရော်
အဆစ်မကြားရဘူးလေ။ အသံတွေသာ သွင်းလိုက်လို့ကတော့ ရွှေမကောင်း၊ စိန်မကောင်း
ဖြစ်ကုန်မှာပေါ့။ (ကျုပ်မိတ်ဆွေကာတွန်းဆရာကြီး ဦးဖေသိန်းက ဖဆပလကွဲချိန်၊
၁၉၅၈-၅၉ တုန်းက သူ့ရဲ့ပြည်သူ့အိုးဝေ- ဥဒတယံ ကာတွန်းမှာ ကျော်လည်းမကောင်း၊
ကျားလည်းမကောင်းဆိုတဲ့ စကားလုံး မကြာခဏသုံးတယ်။ တည်မြဲဖဆပလ
ဝန်ကြီးချုပ်ဟောင်း ကျားကြီးဗဆွေ မကောင်းလို့ ဆိုချင်တာပေါ့။) ကျုပ်ရဲ့
ရွှေလဲမကောင်း၊ စိန်လဲမကောင်းကတော့ ကျုပ်ရဲ့ သတို့သမီးလောင်း မင်္ဂလာပွဲအကြို၊
တကဲကဲပြင်နေတဲ့ ရွှေရည်စိမ်လက်ကောက်တွေနဲ့ ရုရှားစိန်တု လက်စွပ်တွေကို
ပြောတာပါ။ ဟဲ … ဟဲ … ဟဲ။
လူထုစည်းဝေးပွဲမှာ ကြားရတဲ့ အသံဗလံတွေက
ဘာတဲ့။ “ တို့ဘဘကြီး ချိုမိုင်မိုင်ကတယ်ဟေ့” တဲ့။ လူတစ်အုပ်က ဟားတယ်။
နောက်တစ်အုပ်က “ တို့ဘိုးတော်က ချိုလိမ်စို့ချင်လို့ တောင်းတာပါဟ” တဲ့။
နောက်တစ်အုပ် ပြက်ပုံကတော့ “တို့အကိုကြီး ဒို့ရေးအသံ မမာရဲလို့ လက်သီးပဲ
မြှောက်တာကွဲ့” တဲ့။
ကျုပ်ကို ရှစ်ဆယ့်ရှစ်ခေတ်ကြွင်း
ခေတ်ကျန်ကြီး လုပ်လိုက်တာပေါ့။ ကျုပ်ကို ချိုမိုင်မိုင်ကတယ်လို့ ပြက်လုံး
ထုတ်ခံရတာ ရယ်တောင်ရယ်မိပါသေးတယ်။ ကျုပ်ရဲ့အိမ်နီးချင်း
ဟိုနိုင်ငံရေးသူငယ်ပြန် အဘိုးကြီးနဲ့ လူမှားတာနဲ့တူရဲ့လို့ပဲ သဘောထားပါတယ်။
အဲ … အဲ တို့အရေးလုပ်တာလို့ ပြောခံရတာတော့ ရင်အောင့်တယ်ဗျာ။ ရင်တင်မဟုတ်။
တစ်ကိုယ်လုံးအောင့်တယ်ဗျ။ စစ်ကြောရေး အ၀င်ခံရသလိုမျိုး ခံစားရတယ်ဗျာ။
အဲဒါမျိုး အပြောခံရတာတော့ နာသဗျ။ အာဏာရှင်ခေတ်က ကုန်သေးတာမဟုတ်ဘူးနော်။
ရာဇပလင်ပေါ် ငုပ်တုတ်ထိုင်မနေတောင် ရာဇပလင်အရိပ်ခိုပြီး အာဏာပါဝါ
သြဇာအကျန်အကြွင်း၊ မသိုးထမင်း၊ မသိုးဟင်းတွေ ပါးဖြဲနားဖြဲမျိုကြ၊
ခဲကြတုန်းနော်။ သူတို့မကြိုက်မယ့် စကားနဲ့တော့ ကျုပ်ကို မကလိပါနဲ့ဗျာ။
ကျုပ်က ကြောက်တုန်း၊ ကြောက်ဆဲ၊ ကြောက်တွဲလဲဗျ။ ဟဲ … ဟဲ … ဟဲ။
အခုကျုပ်ပြောနေတဲ့ လူထုစည်းဝေးပွဲကြီးဆိုတာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊
ဗိုလ်စိန်မှန်ရပ်ကွက်မှာ လုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့
ရန်ကုန်တိုင်းလုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူဆန္ဒ သဘောထား
ရယူရေး လူထုဟောပြောပွဲကြီး ဖြစ်သဗျ။ တစ်ပြည်လုံး၊ မြို့နယ်အတော်များများမှာ
လုပ်နေကြတဲ့ ဒီချုပ်ပွဲတွေက အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲဆိုတာ
များသဗျ။ ဒီပွဲကတော့ လူထုဆန္ဒခံယူပွဲတဲ့။ ဒီတော့ ကျုပ်ကလည်း လူထုထဲက လူပဲ။
ကျုပ်ရဲ့ဆန္ဒကို ဖော်တာပေါ့။ ကျုပ်လက်သီးပင့်၊ လက်မောင်းထောင်လိုက်တာပေါ့။
အဲဒီ့မှာတင် ကျုပ်ကို ချိုမိုင်မိုင်ကတယ် လုပ်ကြတာဗျို့။
လုပ်ချင်တာ လုပ်ကြပါစေ။ ကျုပ်က ပျော်ပျော်ပါပဲဗျ။
၂၀၀၈ ထောင်ကလွတ်တော့ မီဒီယာတွေကို ကျုပ်ပြာခဲ့တဲ့စကားရှိတယ်။ ထောင်ထဲမှာ
နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်ခဲ့တယ်။ တစ်ပြည်လုံးလည်း
ထောင်ကျနေတယ်။ လူထုကြီးဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ အကျဉ်းသား ဖြစ်နေတယ်။
ဒီဥပဒေကြီးက ပြည်သူကိုလည်း ကောင်းအောင်မလုပ်ဘူး။ ဒီဥပဒေကြီးက
ဆုတ်ဖြဲပစ်ရမှာပဲလို့ ပြောခဲ့တယ်။
ဒီဥပဒေကြီး
သက်ဆိုးရှည်နေသေးတယ်။ သမိုင်းတရားခံ အာဏာရှင်တွေလည်း သက်ဆိုးရှည်နေဆဲ
ရှိသေးတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်အသက်ရှည်နေတာလဲ။ တွေးမနေနဲ့၊
မေးမနေနဲ့။ မူရှိရင် လူရှိနေမှာပဲ။ လူရှိရင် မူရှိနေမှာပဲ။
မကောင်းဆိုးဝါးတွေ သွားကြ။ အားလုံးဒိုးကြ။ အားလုံး ဂိုးကြ။
အားလုံးညောင်းကြ။ အားလုံး ဂျောင်းကြ။ ကိစ္စပြတ်။ ဇာတ်သိမ်းကြ။
လေများရှည်လျား တစ်သွားတည်း သွားကြတာ လုပ်မနေကြနဲ့။ နိုင်ငံရေး ဘ၀သံသရာ
ရှည်မနေကြနဲ့။
အရေးတော်ပုံ စိတ်ဓါတ်မွေးကြ။ အရေးတော်ပုံသမိုင်း
ဆက်ကြ။ အရေးတော်ပုံတိုက်ပွဲ ဆန့်ကြ။ အာဏာရှင် စစ်အုပ်စုတွေခင်းခဲ့တဲ့
ရွှေရည်စိမ်လမ်းက ခွဲထွက်ကြ။ အာဏာရှင်စစ်အုပ်စု အမွေခံ စစ်တပူးရိုင်းအုပ်စု
ခင်းနေတဲ့ စိန်တုကြဲလမ်းက ခွာထွက်ကြ။
ဒါ ၂၀၀၈ မှာ ထောင်ကထွကတဲ့နေက
ကျုပ်ကိုင်စွဲခဲ့တဲ့ နိုင်ငံရေးအမြင်။ ဒီနေ့ ၂၀၁၃ မှာ ကျုပ်သေတွင်းဝ
ရောက်နေချိန် ကျုပ်ကိုင်စွဲထားဆဲ နိုင်ငံရေးအမြင်။ ကျုပ်ရဲ့
နိုင်ငံရေးအမြင်မှာ ဒီနေ့နိုင်ငံရေးကျိုးပဲ့ခေတ်ကြီးရဲ့ အဓိကလက်သည်ဟာ
ဒီအခြေခံ ဥပဒေကြီးပဲ။ ဒါကြီးကို ဥုံဖွမတ်တပ်ထ လုပ်နေလို့ မရဘူး။ အာငွေ့ပေး၊
ကျပ်ပူတိုက်နေလို့ မရဘူး။ အကုန်ပစ်၊ အသစ်ရေးမှ ဖြစ်မယ်။
ဟော ၂၀၁၃ နိုဝင်ဘာ ၁၀ မှာ ဒီချုပ်က ရန်ကုန်တိုင်လုံးကျွတ် ဆန္ဒသဘောထားရယူပွဲကြီး ကျင်းပတယ်ဗျာ။ ကျုပ်လည်း ဆန္ဒသဘောထား ပေးခဲ့တာပေါ့။
ဆန္ဒသဘောထားယူပွဲကြီးရဲ့ ၉၉ ရာခုင်နှုန်းက ပြင်မယ်တဲ့။ ကျုပ်ရဲ့သဘောထား `သစ်ချင်သဗျား´ ဆိုတာက တစ်ရာခိုင်နှုန်းတဲ့။ ကောင်းပါလေ့ဗျာ။
ကောင်းပါလေ့လို့ပြောတာက ဒီလိုပါ။ ဒါကြီးက မိမွေးတိုင်း၊ ဖမွေးတိုင်း
မြင်မတော်၊ ရူမပျော် သရမ်းချင်တိုင်း သရမ်းနေလို့က မတော်ဘူးဗျ။ ဘယ်သူဆို
ဘယ်သူကမှလည်း လက်သင့်မခံကြတော့ဘူး။ ပြည်သူလူထုကြီးက ငြင်းလိုက်ပြီ။ “
နိုး” လိုက်ပြီ။
သွားပေတော့ဗွေဆိုး။ ဂိုးပေတော့ စစ်အာဏာရှင်အမွေဆိုး။ မြေလျှိုးလို့မိုးပျံ သဝေထိုးဦးမယ်တော့ မကြံလေနဲ့နော်။
ကျုပ်ကတော့ ပျော်ပါတယ်ဗျာ။ အနည်းအုပ် “တစ်” ရော၊ အများအုပ် “ ကိုးကိုး” ပါ
မိမွေးတိုင်း၊ ဖမွေးတိုင်းကြီးကို တစ်သံတည်းအတူတူ “ နိုးနိုးနိုး”
လုပ်ပစ်လိုက်ကြပြီလောဟဲ့လို့ ခံစားရပါတယ်ခင်ဗျား။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်း အတွဲ(၂) အမှတ် (၄၇)၊ တနင်္လာနေ့၊ ၂-၁၂-၂၀၁၃
ဟားဟားဟား … အတော်နောက်တဲ့ ဒီချုပ်ကိုရင်လေးတွေပဲဗျာ။ အားလုံးမြင်လိုက်ကြမှာပေါ့။ လူထု အစည်းအဝေးကြီးရဲ့ ရှေ့ဆုံးတန်းအလယ်မှာ ကျုပ်တစ်ယောက်တည်းလေ။ လက်ရုံးထောင်လို့၊ လက်သီးပြောင်လို့။ မီဒီယာတွေထဲလည်း ပါလာတာပေါ့။ သတင်းစာမျက်နှာ ပြူးတူးပြဲတဲ။
ကျုပ်က ရုပ်သံတွေထဲမှာ ပါလောက်တဲ့လူမဟုတ်လို့ ရုပ်ပဲပေါ်တယ်လေ။ အသံဗလံတွေ မတော်တရော် အဆစ်မကြားရဘူးလေ။ အသံတွေသာ သွင်းလိုက်လို့ကတော့ ရွှေမကောင်း၊ စိန်မကောင်း ဖြစ်ကုန်မှာပေါ့။ (ကျုပ်မိတ်ဆွေကာတွန်းဆရာကြီး ဦးဖေသိန်းက ဖဆပလကွဲချိန်၊ ၁၉၅၈-၅၉ တုန်းက သူ့ရဲ့ပြည်သူ့အိုးဝေ- ဥဒတယံ ကာတွန်းမှာ ကျော်လည်းမကောင်း၊ ကျားလည်းမကောင်းဆိုတဲ့ စကားလုံး မကြာခဏသုံးတယ်။ တည်မြဲဖဆပလ ၀န်ကြီးချုပ်ဟောင်း ကျားကြီးဗဆွေ မကောင်းလို့ ဆိုချင်တာပေါ့။) ကျုပ်ရဲ့ ရွှေလဲမကောင်း၊ စိန်လဲမကောင်းကတော့ ကျုပ်ရဲ့ သတို့သမီးလောင်း မင်္ဂလာပွဲအကြို၊ တကဲကဲပြင်နေတဲ့ ရွှေရည်စိမ်လက်ကောက်တွေနဲ့ ရုရှားစိန်တု လက်စွပ်တွေကို ပြောတာပါ။ ဟဲ … ဟဲ … ဟဲ။
လူထုစည်းဝေးပွဲမှာ ကြားရတဲ့ အသံဗလံတွေက ဘာတဲ့။ “ တို့ဘဘကြီး ချိုမိုင်မိုင်ကတယ်ဟေ့” တဲ့။ လူတစ်အုပ်က ဟားတယ်။ နောက်တစ်အုပ်က “ တို့ဘိုးတော်က ချိုလိမ်စို့ချင်လို့ တောင်းတာပါဟ” တဲ့။ နောက်တစ်အုပ် ပြက်ပုံကတော့ “တို့အကိုကြီး ဒို့ရေးအသံ မမာရဲလို့ လက်သီးပဲ မြှောက်တာကွဲ့” တဲ့။
ကျုပ်ကို ရှစ်ဆယ့်ရှစ်ခေတ်ကြွင်း ခေတ်ကျန်ကြီး လုပ်လိုက်တာပေါ့။ ကျုပ်ကို ချိုမိုင်မိုင်ကတယ်လို့ ပြက်လုံး ထုတ်ခံရတာ ရယ်တောင်ရယ်မိပါသေးတယ်။ ကျုပ်ရဲ့အိမ်နီးချင်း ဟိုနိုင်ငံရေးသူငယ်ပြန် အဘိုးကြီးနဲ့ လူမှားတာနဲ့တူရဲ့လို့ပဲ သဘောထားပါတယ်။ အဲ … အဲ တို့အရေးလုပ်တာလို့ ပြောခံရတာတော့ ရင်အောင့်တယ်ဗျာ။ ရင်တင်မဟုတ်။ တစ်ကိုယ်လုံးအောင့်တယ်ဗျ။ စစ်ကြောရေး အ၀င်ခံရသလိုမျိုး ခံစားရတယ်ဗျာ။ အဲဒါမျိုး အပြောခံရတာတော့ နာသဗျ။ အာဏာရှင်ခေတ်က ကုန်သေးတာမဟုတ်ဘူးနော်။ ရာဇပလင်ပေါ် ငုပ်တုတ်ထိုင်မနေတောင် ရာဇပလင်အရိပ်ခိုပြီး အာဏာပါဝါ သြဇာအကျန်အကြွင်း၊ မသိုးထမင်း၊ မသိုးဟင်းတွေ ပါးဖြဲနားဖြဲမျိုကြ၊ ခဲကြတုန်းနော်။ သူတို့မကြိုက်မယ့် စကားနဲ့တော့ ကျုပ်ကို မကလိပါနဲ့ဗျာ။ ကျုပ်က ကြောက်တုန်း၊ ကြောက်ဆဲ၊ ကြောက်တွဲလဲဗျ။ ဟဲ … ဟဲ … ဟဲ။
အခုကျုပ်ပြောနေတဲ့ လူထုစည်းဝေးပွဲကြီးဆိုတာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်မှာ လုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းလုံးကျွတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူဆန္ဒ သဘောထား ရယူရေး လူထုဟောပြောပွဲကြီး ဖြစ်သဗျ။ တစ်ပြည်လုံး၊ မြို့နယ်အတော်များများမှာ လုပ်နေကြတဲ့ ဒီချုပ်ပွဲတွေက အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲဆိုတာ များသဗျ။ ဒီပွဲကတော့ လူထုဆန္ဒခံယူပွဲတဲ့။ ဒီတော့ ကျုပ်ကလည်း လူထုထဲက လူပဲ။ ကျုပ်ရဲ့ဆန္ဒကို ဖော်တာပေါ့။ ကျုပ်လက်သီးပင့်၊ လက်မောင်းထောင်လိုက်တာပေါ့။ အဲဒီ့မှာတင် ကျုပ်ကို ချိုမိုင်မိုင်ကတယ် လုပ်ကြတာဗျို့။
လုပ်ချင်တာ လုပ်ကြပါစေ။ ကျုပ်က ပျော်ပျော်ပါပဲဗျ။
၂၀၀၈ ထောင်ကလွတ်တော့ မီဒီယာတွေကို ကျုပ်ပြာခဲ့တဲ့စကားရှိတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်ခဲ့တယ်။ တစ်ပြည်လုံးလည်း ထောင်ကျနေတယ်။ လူထုကြီးဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ အကျဉ်းသား ဖြစ်နေတယ်။ ဒီဥပဒေကြီးက ပြည်သူကိုလည်း ကောင်းအောင်မလုပ်ဘူး။ ဒီဥပဒေကြီးက ဆုတ်ဖြဲပစ်ရမှာပဲလို့ ပြောခဲ့တယ်။
ဒီဥပဒေကြီး သက်ဆိုးရှည်နေသေးတယ်။ သမိုင်းတရားခံ အာဏာရှင်တွေလည်း သက်ဆိုးရှည်နေဆဲ ရှိသေးတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်အသက်ရှည်နေတာလဲ။ တွေးမနေနဲ့၊ မေးမနေနဲ့။ မူရှိရင် လူရှိနေမှာပဲ။ လူရှိရင် မူရှိနေမှာပဲ။ မကောင်းဆိုးဝါးတွေ သွားကြ။ အားလုံးဒိုးကြ။ အားလုံး ဂိုးကြ။ အားလုံးညောင်းကြ။ အားလုံး ဂျောင်းကြ။ ကိစ္စပြတ်။ ဇာတ်သိမ်းကြ။ လေများရှည်လျား တစ်သွားတည်း သွားကြတာ လုပ်မနေကြနဲ့။ နိုင်ငံရေး ဘ၀သံသရာ ရှည်မနေကြနဲ့။
အရေးတော်ပုံ စိတ်ဓါတ်မွေးကြ။ အရေးတော်ပုံသမိုင်း ဆက်ကြ။ အရေးတော်ပုံတိုက်ပွဲ ဆန့်ကြ။ အာဏာရှင် စစ်အုပ်စုတွေခင်းခဲ့တဲ့ ရွှေရည်စိမ်လမ်းက ခွဲထွက်ကြ။ အာဏာရှင်စစ်အုပ်စု အမွေခံ စစ်တပူးရိုင်းအုပ်စု ခင်းနေတဲ့ စိန်တုကြဲလမ်းက ခွာထွက်ကြ။
ဒါ ၂၀၀၈ မှာ ထောင်ကထွကတဲ့နေက ကျုပ်ကိုင်စွဲခဲ့တဲ့ နိုင်ငံရေးအမြင်။ ဒီနေ့ ၂၀၁၃ မှာ ကျုပ်သေတွင်းဝ ရောက်နေချိန် ကျုပ်ကိုင်စွဲထားဆဲ နိုင်ငံရေးအမြင်။ ကျုပ်ရဲ့ နိုင်ငံရေးအမြင်မှာ ဒီနေ့နိုင်ငံရေးကျိုးပဲ့ခေတ်ကြီးရဲ့ အဓိကလက်သည်ဟာ ဒီအခြေခံ ဥပဒေကြီးပဲ။ ဒါကြီးကို ဥုံဖွမတ်တပ်ထ လုပ်နေလို့ မရဘူး။ အာငွေ့ပေး၊ ကျပ်ပူတိုက်နေလို့ မရဘူး။ အကုန်ပစ်၊ အသစ်ရေးမှ ဖြစ်မယ်။
ဟော ၂၀၁၃ နိုဝင်ဘာ ၁၀ မှာ ဒီချုပ်က ရန်ကုန်တိုင်လုံးကျွတ် ဆန္ဒသဘောထားရယူပွဲကြီး ကျင်းပတယ်ဗျာ။ ကျုပ်လည်း ဆန္ဒသဘောထား ပေးခဲ့တာပေါ့။
ဆန္ဒသဘောထားယူပွဲကြီးရဲ့ ၉၉ ရာခုင်နှုန်းက ပြင်မယ်တဲ့။ ကျုပ်ရဲ့သဘောထား `သစ်ချင်သဗျား´ ဆိုတာက တစ်ရာခိုင်နှုန်းတဲ့။ ကောင်းပါလေ့ဗျာ။
ကောင်းပါလေ့လို့ပြောတာက ဒီလိုပါ။ ဒါကြီးက မိမွေးတိုင်း၊ ဖမွေးတိုင်း မြင်မတော်၊ ရူမပျော် သရမ်းချင်တိုင်း သရမ်းနေလို့က မတော်ဘူးဗျ။ ဘယ်သူဆို ဘယ်သူကမှလည်း လက်သင့်မခံကြတော့ဘူး။ ပြည်သူလူထုကြီးက ငြင်းလိုက်ပြီ။ “ နိုး” လိုက်ပြီ။
သွားပေတော့ဗွေဆိုး။ ဂိုးပေတော့ စစ်အာဏာရှင်အမွေဆိုး။ မြေလျှိုးလို့မိုးပျံ သဝေထိုးဦးမယ်တော့ မကြံလေနဲ့နော်။
ကျုပ်ကတော့ ပျော်ပါတယ်ဗျာ။ အနည်းအုပ် “တစ်” ရော၊ အများအုပ် “ ကိုးကိုး” ပါ မိမွေးတိုင်း၊ ဖမွေးတိုင်းကြီးကို တစ်သံတည်းအတူတူ “ နိုးနိုးနိုး” လုပ်ပစ်လိုက်ကြပြီလောဟဲ့လို့ ခံစားရပါတယ်ခင်ဗျား။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်း အတွဲ(၂) အမှတ် (၄၇)၊ တနင်္လာနေ့၊ ၂-၁၂-၂၀၁၃
No comments:
Post a Comment