ကိုညို( အော်စလို)
December 4, 2013 at 4:09pm
မဇ္စျိမ ခွပ်ဒေါင်း
၂၅နှစ်ကိုလည်ပြန်ကြည့်လိုက်တဲ့အခါ ကျနော်တို့ဟာ လောကဓာတ်ပညာမကြွယ်ဝတဲ့ တိုင်းချစ်ပြည်ချစ်တယောက်သက်သက်သာဖြစ်နေပါတယ်။
အဲဒီ၂၅နှစ်ဟာ ကျနော်တို့အတွက် တိုင်းပြည်ကြီးကို တနေ့ထက်တနေ့ပိုချစ်လာအောင်သံယောဇင် အထပ်ထပ် ရစ်ပတ်ပေးတာကလွဲလို့ စစ်ကျွန်ဘ၀က လုံးဝ လွတ်ကျွတ်သွားဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ဘူး။
အဲဒီ၂၅နှစ်ဟာ အတူတိုက်ဖော်တိုက်ဖက်၊ ငတ်ဖော်ငတ်ဖက် တွေနဲ့ တစစီခွဲပေးလိုက်သလို၊ တလမ်းစီလည်းလျှောက်ခိုင်းလိုက်ပါတယ်။
အဲဒီ၂၅နှစ်ဟာ ကံကြမ္မာက သူ့ရဲ့လက်ထဲ ဆန်ကွဲတဆုပ် ဆုပ်ယူပက်ကြဲလိုက်သလို ကျနော်တို့ ရဲဘော်ရဲဘက်အားလုံးကိုတယောက်တနိုင်ငံ၊ တမြို့တနယ်စီ လွင့်စင်ပြန့်ကြဲသွားစေပါတယ်။
ဒါပေမဲ့..အဲဒီ ၂၅နှစ်ဟာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ၊ နှလုံးသားတွေ၊ အတွေးအခေါ်တွေ နဲ့ ဘ၀တွေကိုထာဝရရှင်သန်နေအောင်တော့ လှလှပပထုဆစ်ပေးခဲ့တာပါ။
အဲဒီ၂၅နှစ်ဟာ ကျနော်တို့ရဲ့ ဘ၀အစိတ်အပိုင်းတခုဖြစ်ခဲ့သလို၊ မြန်မာပြည် ၈၈ မျိုးဆက်တွေရဲ့တော်လှန်ရေး ရေသောက်မြစ်ကြီးလည်း ဖြစ်နေပါတယ်။ ပြီးတော့ ကျနော်တို့ စိတ်ဓာတ်ခိုင်ခိုင်နဲ့ ဆက်လက် ရှင်သန်နေတာကိုအသိအမှတ်ပြုပေးလိုက်တယ်။
…………
သစ္စာ မျှော်မှန်း၊ မြတ်သောလမ်းမှာ
ခြေလှမ်း ဆတ်ဆတ် တုန့်မရပ်ခဲ့
ခွပ်လပ်ဒေသ မဇ္စျိမခရီးရောက်ခဲ့ပြီ။
(မြတ်ထက် ၏ မဇ္ဈိမ ခရီးသည် ကဗျာမှ)
-----------------
မူလရည်မှန်းချက်ကအနောက်ဖက်ဒေသမှာတပ်ဦးတခုဖွင့်ဘို့ဘဲ။ ဘယ်အရောင်၊ ဘယ်ဝါဒ၊ ဘယ်သူပုန်တွေရဲ့ အရိပ်မှ မမိုးပဲ ခတ်သန့်သန့်ကျောင်းသားတပ်ဦး ရှိမှဖြစ်မယ်ဆိုတဲ့ အိပ်မက်ကို ကျနော်တို့ အားလုံး ကိုယ်စီမက်ခဲ့ကြတယ်။အရှေ့ဘက်မှာ လက်နက်ကိုင် တိုင်းရင်းသားသူပုန်အဖွဲ့အစည်းတွေရှိတယ်၊ သူတို့ နယ်မြေသွားရင်သူတို့ကိုမှီခိုရမယ်၊ သူတို့ သြဇာလွှမ်းမိုးမယ်ဆိုတဲ့ စိုးရိမ်စိတ်ရှိကြတယ်။ ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ်နဲ့သူပုန်သူကန်မရှိတဲ့ အနောက်ဖက် စစ်မျက်နှာမှာ ကျောင်းသားတပ်ဦးအလံတလက်စိုက်ဖို့ပါဘဲ..။စစ်အာဏာသိမ်းပြီး နှစ်လအတွင်းမှာ တမူး၊ ကလေး၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်က ကျောင်းသားလူငယ်တွေနဲ့ဝန်ထမ်းတွေ အရပ်သားတွေ မဏိပူရ စခန်းကို ရောက်သွားကြတယ်။ ရေခဲလုမတတ်အေးစိမ့်နေတဲ့ မဏိပူရတောင်တန်းကြီးတွေကြားက အမှတ်(၈) မဏိပူရ ၇ိုင်ဖယ် စစ်တပ် အနီး တောင်ကုန်းတခုပေါ်မှာ ဆောက်ထားတဲ့ဆေးရုံအဆောက်အဦးသစ်မှာ ယာယီနေထိုင်ကြတယ်။ဘေးပတ်ပတ်လည် သံဆူးကြိုးတွေနဲ့ ၀န်းခတ်ထားတော့သူပုန်ကျောင်းသားတပ်ဦးစခန်းနဲ့မတူပဲ ချွေးတပ်စခန်းနဲ့ ပိုတူတယ်။ စောင်မလုံလောက်ဘူး၊အိမ်သာမလောက်ဘူး၊ သမံသလင်းပေါ် ကောက်ရိုးခင်းပြီး ရဲဘော်အားလုံး ၀ဲစို ၀ဲခြောက်တွေကိုယ်စီနဲ့။ ၄-၅ လလောက်လေထန်ကုန်းကြီးမှာ လေကြမ်းကြမ်းရှု၊ မှိုတက်နေတဲ့ ခဲ၊ သလဲ အပြည့် ဆန်ကွဲဆန်ကြမ်းနဲ့ပဲနီဟင်းကြဲကြဲ၊ အာလူးဖတ် လက်သဲခွံလောက်လေးကို နေ့စဉ် မြိန်ရေရှက်ရေစားပြီး တော်လှန်ရေးသီချင်းအဆိုမပြတ်ခဲ့ဘူး။
“ ဘာစိတ်ဓာတ်လဲ…ခွတ်ဒေါင်းစိတ်ဓာတ်”
“ ဘာလုပ်နေလဲ..လေ့ကျင့်နေတယ်”
“ ဘယ်သူ့အတွက်လဲ…ပြည်သူ့အတွက်”
“ ဘာလိုချင်လဲ..ဒီမိုကရေစီ”
မနက်စောစောအစာအိမ် ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းတွေလုပ်ကြတယ်။ ယူနီဖောင်းမရှိဘူး၊ အနွေးထည်မရှိဘူး၊ဆေးဝါးမရှိဘူး၊ ကားတာရာ ကြိုးသိုင်းဘိနပ်ကြမ်းတွေပေါက်လို့ ထော့နင်းထော့နင်းတွေနဲ့စစ်ရေးလေ့ကျင့်ခန်း လုပ်ရင်း စိတ်ဓာတ်တွေသံလိုမာခဲ့တယ်။ ပိုက်ဆံတပြား တချပ်မှလည်းမရ၊ အစားလည်းငတ်၊ ရာသီဥတုကဆိုး၊ အ၀တ်အထည်မလုံမလဲ၊ လွတ်လွတ်လပ်လပ်လည်း မနေရပေမဲ့ကျနော်တို့ ကြိတ်မှိတ်သီးခံပြီး လှုပ်ရှားခဲ့ကြတယ်။ အမေ့အိမ်မှာ စည်းမရှိ၊ကမ်းမရှိ၊အကိုအမတွေ ငေါက်ငမ်းခိုင်းတာကိုတောင် အရေးမစိုက်ထင်ရာစိုင်းနေခဲ့ပေမဲ့ ဒီစခန်းထဲမှာတော့ စာရွက်ပေါ်က စည်းကမ်းချက်လေးတခေါက်ဖတ်မိပြီးမိမိဘိနပ်ကို အများသူငါလို စီစီရီရီ ချွတ်၊ အ၀တ်အစားတွေနဲ့ အိပ်ရာစောင် တွေကို သပ်သပ်ယပ်ယပ်ခေါက်တတ်တဲ့ အလေ့အကျင့်ကို တိတိကျကျလုပ်တတ်လာတယ်။ ကိုယ့်တင်ထားတဲ့ ခေါင်းဆောင်အမိန့်ကိုသူ့ကျေးဇူးလည်းမရှိ၊ ကိုယ်နဲ့လည်း အသက်အရွယ်မကွာပေမဲ့ တလေးတစားလိုက်နာတတ်ကြတယ်။ အမေ့အိမ်မှာနေဖင်ထိုးမှ အိပ်ရာထပြီး အဆင်သင့်ခူးခတ်ထားတဲ့ မနက်စာကို အခန့်သားစားခဲ့တဲ့ သူတွေ မနက်စောစောချမ်းချမ်းစီးစီးဇိမ်နဲ့ မနှပ်နိုင်ပဲ (ဘယ်သူမှ အတင်းခိုင်းစေနေတာမဟုတ်ပဲ) ခွတ်ဒေါင်းအလံတော်အောက်မှာကျောင်းသားသမဂ သီချင်းကို မာန်ပါပါဟစ်အော်ခဲ့ကြတာဟာ အရေးတော်ပုံရဲ့ မျက်နှာနဲ့ တော်လှန်ရေးသစ္စာသက်သက်ကြောင့်သာဖြစ်တယ်။အနယ်နယ်က မတထောင် တကောင်ဘွားတွေ၊ ဆရာ့ဆရာကြီးတွေကြီး လာစုနေပေမဲ့ တပ်စုမှုးစကားကို သိုးငယ်တွေလိုကျိုးကျိုးနွှံနွှံနားထောင်ပြီး ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ကိုယ့်တာဝန်ကိုယ်ထမ်းကြတာလည်း အာဏာရှင်စနစ်တိုက်ဖျက်ဖို့ ဆိုတဲ့စိတ်ဓာတ်ကလွဲလို့ မာန်မာနတစိုးတစိမှ မရှိခဲ့ကြဘူး။ ပိုက်ဆံတပြားတချပ်မှ မရပဲ တိုင်းပြည်အတွက် အသက်စွန့်ဝံ့တယ်ဆိုတဲ့စိတ်ဓာတ်မျိုးဟာ ကျနော်တို့ အားလုံးရဲ့ ဘ၀တလျှောက် အမြင့်မားဆုံး တိုင်းချစ်ပြည်ချစ်စိတ်သက်သက်သာဖြစ်တယ်။တနည်းပြောရရင် အာဏာရှင်စနစ်ကို ရွံမုန်းတိုက်ဖျက်ချင်စိတ်က သွေးကြောတွေထိ ပျံ့နှံ့နေပြီးရိုးတွင်းချင်ဆီအထိစိမ့်ဝင်နေတယ်။
အပြင်အလည်မထွက်ရလို့ မဏိပူရ စစ်တပ် အာဏာပိုင်တွေကပိတ်ပင်ထားတဲ့ကြားက တောင်အောက်က ရွာလေးဆီ ခိုးထွက်ပြီး ကသဲ လဘက်ရေ “ကျငန်း”( ကရဝေးရွက်ထည့်ကြိုထားတဲ့လဘက်ခြောက်နှပ်ရည်ကျဲကျဲထဲ သကြားနည်းနည်းထဲ့သောက်တဲ့ မဏိပူရ လဘက်ရေ) ဆိုင်လေးမှာ ထိုင်ကြတယ်။အိမ်ခြေ နှစ်ဆယ်၊ သုံးဆယ်လောက်သာရှိတဲ့ ကသဲရွာလေးက လဘက်ရေကျဲကျဲသောက်ပြီး တက္ကသိုလ် မှာ ထိုင်နေကျ လဘက်ရေဆိုင်ကို လွမ်းကြ၊သူငယ်ချင်းတွေကိုလွမ်းကြ၊ အိမ်ကိုလွမ်းကြ၊အမေကိုလွမ်းကြ ပြီးတော့ ချစ်သူကို တမ်းတကြနဲ့ပေါ့။ အတော်ခံရခက်တဲ့ အိမ်အလွမ်းစိတ်ပါ။တော်လှန်ရေးလုပ်ဖို့၊ လက်နက်ကိုင်ဖို့လာကြသူတွေက ကသဲလက်နက်ကိုင်စစ်သားတွေလုံလုံခြုံခြုံစောင့်ကြပ်ပြီးအကျဉ်းစခန်းနဲ့တူတဲ့ ဒုက္ခသည်စခန်းကြီးထဲ နေကြရတဲ့ဘ၀ကို မကြေနပ်ကြပေမဲ့ တိုင်းပြည်လွတ်လပ်ရေးဆိုတဲ့အသိတခုထဲနဲ့ဘ၀မှာ တခါမှ မရှိခဲ့ဖူးတဲ့ စိတ်ရှည်သီးခံမှုတွေ မွေးမြူပြီး အောက်သက်သက်နဲ့ရပ်တည်ခဲ့ကြတယ်။အပြင်ခိုးထွက်လို့ မိသွားတဲ့ ရဲဘော်တွေကို မကြာခန လုံခြုံရေးအစောင့်စစ်သားတွေကဖမ်းမိပြီးပြစ်ဒါဏ်ပေးတာ၊ ကြိမ်နဲ့ ရိုက်တာကို မကျေနပ်ပေမဲ့ ဒေါသကို အံကြိတ်မြိုချခဲ့ကြတယ်။
စိတ်ဆင်းရဲမှု၊အဟာရချို့တဲ့ ငတ်မွတ်မှု၊ ရာသီဥတုဆိုးပြီး အ၀တ်အစားလုံလုံခြုံခြုံ မ၀တ်နိုင်ကြပေမဲ့ကျနော်တို့အားလုံး သီးခံပြီး စောင့်စားနေတဲ့အရာဟာ တခုတည်းရှိတယ်။ အဲဒါက…လက်နက်ပါ။ သေနပ်ပါ။စစ်ရေးအကူအညီပါ။ ကျနော်တို့ဘာလိုချင်တယ်ဆိုတာလည်း အထက်အရာရှိတွေကတဆင့် အစိုးရနားထဲပေါက်အောင်တမျိုး၊ ကလကတ္တားနဲ့ မဏိပူရအခြေစိုက်မီဒီယာတွေကတဖုံ သတင်းစကားပါးခဲ့ပြီးပြီ။ ဒါပေမဲ့ထူးမခြားနား။ ကြာတော့ စိတ်မရှည်တော့ဘူး။ အဓိပ္ပါယ်မရှိပဲ အချီးနှီးဒုက္ခခံ ရပ်တည်နေဖို့ဒီလူတွေက ခံစားချက်မဲ့တဲ့ စက်ရုပ်တွေမဟုတ်။ ဒီတော့ ကိုယ့်ဆီလက်နက်မလာရင် လက်နက်ရှိရာကိုယ်သွားရမယ်ဆိုတဲ့သဘောတရားတွေဝင်လာတယ်။ ဒီနေရာဟာ ဗလာပဲ ဆိုတဲ့ အသိတွေဝင်လာတယ်။ အဲဒီအတွေးအခေါ်တွေကကိုယ့်ကို လုံခြုံရေးအရ တာဝန်ယူစောင့်ရှောက်နေတဲ့ အမှတ်(၈) မဏိပူရ စစ်တပ် အရာရှိတွေနဲ့ထိတ်တိုက်လာတွေ့ဖို့ အကြောင်းတရားဖြစ်လာတယ်။ နောက်ဆုံး လုံခြုံရေးရဲတွေ ပြစ်ဒါဏ်ပေးမှုကိုမကျေနပ်လို့ စခန်းက ရဲဘော်တွေအားလုံး သပိတ်မှောက်ဆန္ဒပြကြတယ်။ ကသဲစစ်တပ်က အထုတ်ကိုယ်စီနဲ့တန်းစီပြီး ထွက်ခွါဖို့ပြင်တဲ့ ရဲဘော်တွေကို တားတယ်။ ဘားတိုက်ထဲပြန်နေဖို့ မေတ္တာရပ်ခံပေမဲ့ကျနော်တို့အားလုံးရဲ့ စိတ်ထဲမှာ အမာရွတ်တွေရှိနေကြပြီ။ နောက်ဆုံး ဒီဒုက္ခသည်စခန်းကြီးထဲ မနေတော့ဘူး၊ နယ်စပ်ကိုပို့ဆောင်ပေးဖို့တောင်းဆိုကြတယ်။စစ်တပ်အာဏာပိုင်တွေက ညအချိန်မတော် တိတ်တဆိတ် မြန်မာနယ်စပ်ဆီ ကားနဲ့ ပို့လိုက်တယ်။ တချို့ဗမာပြည်ထဲပြန်ဝင်၊တချို့က နယ်စပ်မှာပဲ ကုပ်ကက်နေကြ၊ တချို့ကတော့ မဏိပူရကနေ ချင်းနယ်စပ် မီဇိုရမ်ပြည်နယ်ထဲထွက်ခွါကြ။အသိုက်တွေပျက်သွားပေမဲ့ တော်လှန်ရေးစိတ်ဓာတ်တွေက တစိုးတစိမှ ပျက်ပြယ်သွားကြတာမဟုတ်။ဒါပေမဲ့ မှီခိုစရာနေရာတခုတော့ ပျက်သွားခဲ့တယ်။
မိမိအတွက်ရပ်တည်ဖို့ လွတ်မြောက်ရာ နေရာတခုမရှိပဲ အများပြည်သူလွတ်မြောက်ရေးကို အိပ်မက် မက်နေလို့မရပါ။
ရက်ပေါင်းအတန်ကြာ လုံခြုံရာအရပ်မရှိပဲ ကျနော်တို့တတွေ တောထဲလှည့်ပတ်ကျက်စားခဲ့ရတယ်။နောက်ဆုံး နေရာဟောင်းကို ခေါင်းဆောင်မှုအသစ်နဲ့ ပြန်ရောက်သွားတယ်။ တချိန်က ပြည်ချစ်လွတ်မြောက်ရေးတပ်မှုးဒေါက်တာမန်းမြင့်ဆိုင်က လွင့်စင်သွားတဲ့ ရဲဘော်တွေကို ပြန်လည်ကောက်သင်းကောက်စည်းရုံးခဲ့တယ်။မူလ အမှတ်(၈) ရိုင်ဖယ်တပ်နယ်မြေထဲမှာ ဆိုပေမဲ့ သီးခြားတောင်ကုန်းတခုမှာ ဘားတိုက်နှစ်ခုဆောက်ပြီး တသီးတခြားနေကြတယ်။ လွတ်လပ်မှုအနည်းအကျဉ်းရှိလာတယ်။ စိတ်ဓာတ်ရေးရာပြန်လည်ထူထောင်တယ်။ကျန်းမာရေးလေ့ကျင့်ခန်းတွေနဲ့အတူ စစ်ရေးလေ့ကျင့်ခန်းတွေပြန်လုပ်ကြတယ်။ လူသစ်တချို့စခန်းထဲရောက်လာတယ်။ ဒီကနေ့ အေဘီအက်စ် ဒီအက်ဖ် ဥက္ကဌ ကိုသံခဲနဲ့ ကိုသံဒုတ်တို့ ညီအကိုလည်းပြည်တွင်းကနေ ရောက်လာတယ်။ အရင်ကလို မဟုတ်၊ လက်နက်ကိုင်ပြီး စစ်ရေးလေ့ကျင့်ခန်းတွေလုပ်နေနိုင်ပြီ။စစ်သားလက်နက်အစစ်တော့မဟုတ်၊ သစ်သားလက်နက်အတု။ ဒါပေမဲ့ မငြီးမငြူ တစ်ကပြန်စတယ်။ တပ်မတော်ကဗိုလ်မှုးစိုးမြင့်က တပ်မတော်စစ်ပညာတွေ မခြွင်းမချန်သင်ပေးတယ်။ ဆရာမန်းမြင့်ဆိုင်က ပြောက်ကျားစစ်ပညာသင်ပေးတယ်။ လက်နက်စစ်စစ်မကိုင်ရပေမဲ့ ဗိုလ်သင်တန်းအဆင့် စစ်ပညာစစ်စစ်တော့ သင်ကြားခွင့်ရကြတယ်။လက်နက်အကြောင်းတွေသာမက၊ စစ်ချီ၊ စစ်ဆင်၊ စစ်ထိုး၊ တပ်ဆုတ်၊ တပ်ခွါ၊ စစ်ရေးနည်းဗျူဟာတွေသင်ကြားခွင့်ရခဲ့ကြတယ်။ တကယ် လက်နက်စစ်စစ် မကိုင်နိုင်တာကလွဲလို့ စစ်သည်တော်ပီပီပြင်ပြင်ဖြစ်လို့။ယူနီဖောင်းတွေဘာတွေနဲ့။
မဇ္ဈိမကား
အားမွေးရာတည့်...
မဇ္ဈိမကား
တရားနွှေးရာတည့်...
မဇ္ဈိမကား
ဓားသွေးရာတည့်...။
(မြတ်ထက် ၏ မဇ္ဈိမ ခရီးသည် ကဗျာမှ)
ရှာဖွေသူတွေအဖို့ လမ်းဆုံးတခုကိုရောက်တော့ လမ်းသစ်တခုကိုပြန်တွေ့တယ်။
ကျနော်တို့ ရဲဘော်တချို့ မဏိပူရထောင်ထဲမှာ လပေါင်းများစွာ နေထိုင်ပြီးတဲ့နောက် နယူးဒေလီမြို့ မှာ ဆက်လက်ရှင်သန်ဖို့ဖြစ်လာတယ်။ UNHCR (ကုလသမဂ မဟာမင်းကြီးရုံး ရဲ့ ဒုက္ခသည်အဖြင့် အသိအမှတ်ပြုခံရမှုဟာ ရပ်တည်ဖို့အခြေအနေအခွင့်အရေးတခုပါ။ လအနည်းငယ် ကြုံရာကျဘမ်း အလုပ်ကြမ်းတွေလုပ်ပြီး ၀မ်းစာကို တဖက်ကရှာကြတယ်။နောက်တော့ လက်တွေ့ကျတဲ့ အကြမ်းမဖက် နိုင်ငံရေးလမ်းကြောင်းကို လျှောက်ဖို့ဖြစ်လာတယ်။အနောက်ဖက်ဒေသမှာ နိုင်ငံရေးအရ ထိုးဖောက်ဖို့ ကျောင်းသားအဖွဲ့အစည်းကို စနစ်တကျထူထောင်ကြတယ်။နယ်စပ်က ရဲဘော်တွေနဲ့ ပူးပေါင်းလှုပ်ရှားတယ်။ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲတွေ၊ သံတမန်လောကကြားထိုးဖောက်လှုပ်ရှားမှုတွေ၊ပန်းချီပြပွဲ၊ အနုပညာပြပွဲ တွေ တဖက်ကလုပ်သလို၊ အိန္ဒိယက သံတမန်တွေ၊ နိုင်ငံရေးပါတီတွေ၊နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ နဲ့ပူးပေါင်းပြီး မြန်မာ့အရေးဆွေးနွေးပွဲတွေ၊ မြန်မာ့ဒီမိုကရေစီရေး အတွက် အိန္ဒိယ အစိုးရအပါအ၀င်နိုင်ငံတကာ အားပေးထောက်ခံမှုတွေရအောင် လမ်းဖောက်နိုင်ခဲ့တယ်။ အိန္ဒိယရောက် မြန်မာကျောင်းသားတွေနဲ့ဒီမိုကရေစီ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတကာသိအောင် အရှိန်မြှင့်လုပ်နိုင်ခဲ့တယ်။ထုံးစံအတိုင်း အရှိန်လေးလညှ်းလေးရလာရော ငွေထုတ်ပိုက်ပြီး အပေါ်စည်းက ခွထိုင်မဲ့ နိုင်ငံရေးစားဖားတွေအဝေးကနေ ရောက်လာတယ်။ အခွင့်ရေးသမားတွေ၊ ခါတော်မှီနိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီးငါးပွက်ရာ ငါးစာချတဲ့ လှုပ်ရှားမှုတွေလုပ်ကြတယ်။ အစောဆုံး အနစ်နာခံ လမ်းဖောက်ပြီး အငတ်ငတ်အပြတ်ပြတ်လှုပ်ရှားခဲ့သူတွေရဲ့ ကဏ္ဍတွေကို ပြစ်ပယ်ပြီး ငွေနဲ့ ရွေးကောက်တဲ့ အင်ဂျီအို နိုင်ငံရေးယဉ်ကျေးမှုကအရှိန်သြဇာကြီးသွားတယ်။ တချိန်က ကိုယ့်ထမင်းကိုယ်စား ဘတ်စ်ကားစီး ပြီး နိုင်ငံရေးလှုပ်ရှားသူရဲ့ခွပ်ဒေါင်းအလံကို ပျက်ရယ်ပြုပြီး အင်ဂျီအို အလံတွေ တလူလူလွှင့်လာတယ်။ လူနှစ်ယောက်တပိုင်းနဲ့နာမည်ခံ အဖွဲ့အစည်းတွေမှိုလိုပေါက်လာတယ်။ အခွင့်ရေးသမားတွေ တောထလာသလို နာမည်ခံ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အယောင်ပြ သင်တန်းတွေ၊ ဟန်ဆောင် လူ့အခွင့်အရေးပညာပေးတွေလှိုင်လှိုင်ကြီးလုပ်လာတယ်။ တကယ့် ပြည်တွင်းထိုးဖောက် စည်းရုံးလှုပ်ရှားရမဲ့ နိုင်ငံရေးကိုမျက်ခြေဖြတ်ပြီး အပေါ်ယံ အကျိုးစီးပွားရှာ အမည်ခံ နိုင်ငံရေး လှိုင်းစီးပြီး မိန်းမောခဲ့ကြတယ်။လက်တွေ့မကျတဲ့၊ အနှစ်သာရ ကင်းမဲ့တဲ့ ရေပေါ်ဆီနိင်ငံရေးတွေကို အလုအယက် တွန်းတိုက် ခွဲတမ်းချလုပ်ခဲ့ကြတယ်။ ခွပ်ဒေါင်းတွေကို ရောင်းစားခဲ့တယ်။ လက်ငင်းအာဏာရှင်စနစ် တိုက်ဖျက်ရေးလမ်းစဉ်ကို အတွင်းလူတွေနဲ့ ပူးပေါင်း အကောင်အထည်ဖော်ရမဲ့အစား၊ လိင်တူခြင်းချစ်ခွင့်တွေ၊အမျိုးသမီး ရာခိုင်နှုံးဘယ်လောက်ပါဝင်ရေးဆိုတဲ့ မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာ ပေါ်လစီတွေကိုNGO တွေက ဘေးတီးပေးတယ်။ (ဒီကနေ့ပြည်တွင်းမှ ဖြစ်နေတဲ့ NGO နိုင်ငံရေးယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ် ၂၀လောက်က ပြည်ပမှာ ကွန့်မြူးခဲ့တယ်) ခွတ်ဒေါင်းအရောင်တွေမှိန်မှေးခဲ့တယ်။ အတူတူငတ်ခဲ့တုန်းကညီညွတ်ခဲ့ကြပေမဲ့ ငွေထုတ်ကိုင် အင်ဂျီအိုတွေဝင်လာတော့ စိတ်ဓာတ်တွေ ပြိုယိုင်သွားခဲ့ကြတယ်။အရင်က အရက်မသောက်ဖူးတဲ့ အမျိုးသမီးတွေတောင် ဘီယာကြိုက်တတ်သွားတယ်။ သားသမီးရင်သွေးတွေကအစည်းအဝေးလုပ်တမ်းဆော့ပြီး အရက်သောက်ခန်းပါထည့်သွင်းကစားကြတယ်။ ခွပ်ဒေါင်းတွေ အနစ်နာခံလှုပ်ရှားခဲ့တဲ့တော်လှန်ရေး မှာ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားအခွင့်အရေးရှာ သူဖုန်းစားတွေနဲ့ ဂုဏ်သိက္ခာညှိုးနွမ်းကြရတယ်။
--------------------
အားမာန်လျှံဖြိုး
အသိတိုးချိန်
အိမ်ပြန်အောင်ပွဲ၊ မုချနွှဲမည်
မဇ္ဈိမရဲ့ ခရီးသည်...။
(မြတ်ထက် ၏ မဇ္ဈိမ ခရီးသည် ကဗျာမှ)
“တာတိုမှာ ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓာတ်”ဆိုတဲ့ ကွယ်လွန်သူ အဆိုတော်စိုင်းထီးဆိုင်သီဆိုခဲ့တဲ့ တာဝေးအပြေးသမားသီချင်းလေးကိုစာဖတ်သူတချို့ကြားဖူးလိမ့်မယ်ထင်တယ်။ ဒီကနေ့ မြန်မာ့နိုင်ငံရေးဟာ တာဝေးပြေးလမ်းတခုပေါ်ရောက်နေပါတယ်။ အောင်မြင်သူတွေ၊ ဓနဥစ္စာကြွယ်ဝသူတွေ ဟာ အခိုက်အတန့်တော့ ခွန်အားပြည့်နေပါလိမ့်မယ်။သူတို့ဟာ တာတိုခရီးတော့ ပြေးနိုင်မှာပါ။ တပွဲတိုးပညာရှင်တွေ၊ အရေးတော်ပုံမင်းသားတွေ၊ပူးစား ပေါင်းစား နိုင်ငံရေးသမားတွေရဲ့ သက်တမ်းကတော့ အားကြီးသူတွေရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မှီတည်နေမှာပါ။တကယ့် ထိရောက်တဲ့ အပြောင်းအလဲကို စိတ်ဓာတ်ခိုင်မာမှုနဲ့သာ ဦးဆောင်နိုင်ပါတယ်။ ခရီးကြာလာတာနဲ့စိတ်ဓာတ်ရေးရာ ရင့်ကျက်ခိုင်မာမှုက ပိုအရေးပါလာတယ်။ ၈၈ ခွပ်ဒေါင်းတွေဟာ အဖန်ဖန်မီးထဲကျပေမဲ့ လောင်ကြွမ်းမသွားပဲလတ်ဆတ် ပျိုမြစ်တဲ့ ဖီးနစ်ငှက်တွေလို ဖြစ်နေတယ်။ ကျနော်တို့ရဲ့ ပျော်စရာကောင်းရမဲ့လူငယ်ဘ၀တွေကို အရွယ်နဲ့ မမျှတဲ့ ဒါဏ်ရာဒါဏ်ချက်တွေပွေ့ပိုက်ပြီးခရီးဆက်လာရတာဖြစ်တယ်။ ဒီအတွက် ကျနော်တို့ ရလိုက်တာက ခံနိုင်ရည်စွမ်းအားအပြည့်နဲ့ ရင့်ကျက်တဲ့စိတ်ဓာတ်တွေသာဖြစ်တယ်။ ၂၅နှစ်ကို လည်ပြန်ကြည့်လိုက်တဲ့အခါ ကျနော်တို့မှာ စည်းစိမ်ဥစ္စာလည်းမရှိ၊မြေယာ အိုးအိမ်လည်းမပိုင်၊ ဘွဲ့လွန်ပညာတွေလည်း မတတ်ကြပါ။ ကျနော်တို့ပိုင်ဆိုင်တာ ကျနော်အားလုံးတနေ့ထက်တနေ့ ပိုပြီးချစ်လာတဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် နဲ့ တော်လှန်ရေးရဲ့ ရင့်ကျက်တဲ့ဒါဏ်ရာဒါဏ်ချက်တွေသာ ဖြစ်တယ်။ ဒီထက်ပိုပြီး ဘာမှ မပိုင်ဆိုင်ခဲ့ကြပါ။ ဒီအရာတွေထက် ပိုမိုပြီးလည်းဘာမှ ထူးထူးခြားခြား မပိုင်ဆိုင်ချင်ပါ။ စိတ်ဓာတ်အားမာန်နဲ့ ရင့်ကျက်တည်ငြိမ်မှု ဒိုင်းလွှားကိုကိုင်စွဲပြီးသာ တာဝေးခရီးပြင်း ဆက်နှင်ကြအုံးမှာပါ..။
ကိုညို( အော်စလို)
၂၀ အောက်တိုဘာ ၂၀၁၃။
(ABSDF ကျောင်းသားတပ်မတော် ၂၅ နှစ်ပြည့် ငွေရတု ဂျာနယ်အတွက် ပေးပို့ထားတဲ့ ဆောင်းပါး)

ဘယ်လိုပဲ
စိတ်ဓာတ်တွေ အရင်းတည်ပြီး ဇွဲကောင်းကောင်းနဲ့ အားထုတ်ကြပေမဲ့နောက်ဆုံးတော့
အိန္ဒိယအစိုးရဆီက ဘာမှ မရနိုင်ဘူးဆိုတဲ့ အဖြေဘဲပြန်ထွက်လာပါတယ်။
အချိန်တွေကုန်ခဲ့တယ်၊လူငယ်တွေရဲ့ အားမာန်တွေ ကျဆင်းခဲ့တယ်။ ထူးခြားတာက
ကိုယ်လိုချင်တာမရကြပေမဲ့ စိတ်ဓာတ်နဲ့ ဘ၀တွေက လုံးလုံးလျှားလျှား
ကြေမသွားခဲ့ဘူး။ကျနော်တို့ စခန်းထဲက ရဲဘော်တော်များများ မဏိပူရ
အကျဉ်းထောင်ထဲ ရောက်သွားတယ်။ ဒါပေမဲ့တော်လှန်ရေးစိတ်တွေကို
ဒုက္ခတွေကမလွှမ်းမိုးဘူး။ စခန်းထဲမှာ ဦးဆောင်မဲ့
ခေါင်းဆောင်တွေလည်းမရှိတော့ဘူး၊ ပြည်ပအပြီးအပိုင်ထွက်သွားသူနဲ့၊
ပြည်တွင်းမှာ ဇာတ်မြှုပ်သွားကြသူနဲ့၊ နောက်ဆုံးတော့ရဲဘော်တွေပဲ
ကျန်ရစ်ခဲ့တယ်။ လက်နက်ကိုင်ခွင့်မရတဲ့ အရပ်မှာ လက်နက်ကိုင်ဖို့
မရေမရတဲ့အချိန်ကာလတွေကိုသီးခံစောင့်စားရတဲ့ စိတ်ဓာတ်မျိုး၊
ခေါင်းဆောင်မဲ့တဲ့ကာလတွေမှာ စိတ်ဓာတ်ဖရိုဖရဲနဲ့ အကာအကွယ်မဲ့တဲ့
ဘ၀တွေဖြစ်မသွားအောင် တည်ဆောက်ခဲ့ရတဲ့စိတ်ကြံ့ခိုင်ကို လက်တွေ့မှာ
လုပ်ဆောင်ဖို့ လွယ်ကူတာတော့မဟုတ်။
အာဏာသိမ်းစစ်အစိုးရကနယ်စပ်ကြိုဆိုရေးစခန်းတွေဖွင့်ပြီး ဖိတ်ခေါ်နေတာကို
မိမိယုံကြည်ချက်မစွန့်ပဲ အသလွတ်ဒုက္ခကို ရင်ကော့ခံ အံတုရတဲ့စိတ်ဓာတ်မျိုးပါ။
နောက်ဆုံးကိုယ့်ဖာသာ ကိုယ် တာဝန်ယူပြီး ကိုယ်တိုင်
ရှင်သန်ဖို့ကျိုးစားကြရတယ်၊ ထူထောင်ကြရတယ်။ကိုယ့်အရည်အသွေး
ကိုယ်မြှင့်ယူရတယ်။ တချို့ရဲဘော်တွေက လက်နက်ရှိတဲ့ ကချင်ဘက်နဲ့၊
ထိုင်းနယ်စပ်ဘက်ရောက်သွားတယ်။တချို့က နယူးဒေလီကိုချီတက်သွားတယ်။ တချို့က
လွတ်မြောက်ရာနယ်မြေတခုအဖြစ် ဆုတ်ကိုင်ထားတယ်။
မဇ္ဈိမကား
အားမွေးရာတည့်...
မဇ္ဈိမကား
တရားနွှေးရာတည့်...
မဇ္ဈိမကား
ဓားသွေးရာတည့်...။
(မြတ်ထက် ၏ မဇ္ဈိမ ခရီးသည် ကဗျာမှ)
ရှာဖွေသူတွေအဖို့ လမ်းဆုံးတခုကိုရောက်တော့ လမ်းသစ်တခုကိုပြန်တွေ့တယ်။
ကျနော်တို့ ရဲဘော်တချို့ မဏိပူရထောင်ထဲမှာ လပေါင်းများစွာ နေထိုင်ပြီးတဲ့နောက် နယူးဒေလီမြို့ မှာ ဆက်လက်ရှင်သန်ဖို့ဖြစ်လာတယ်။ UNHCR (ကုလသမဂ မဟာမင်းကြီးရုံး ရဲ့ ဒုက္ခသည်အဖြင့် အသိအမှတ်ပြုခံရမှုဟာ ရပ်တည်ဖို့အခြေအနေအခွင့်အရေးတခုပါ။ လအနည်းငယ် ကြုံရာကျဘမ်း အလုပ်ကြမ်းတွေလုပ်ပြီး ၀မ်းစာကို တဖက်ကရှာကြတယ်။နောက်တော့ လက်တွေ့ကျတဲ့ အကြမ်းမဖက် နိုင်ငံရေးလမ်းကြောင်းကို လျှောက်ဖို့ဖြစ်လာတယ်။အနောက်ဖက်ဒေသမှာ နိုင်ငံရေးအရ ထိုးဖောက်ဖို့ ကျောင်းသားအဖွဲ့အစည်းကို စနစ်တကျထူထောင်ကြတယ်။နယ်စပ်က ရဲဘော်တွေနဲ့ ပူးပေါင်းလှုပ်ရှားတယ်။ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲတွေ၊ သံတမန်လောကကြားထိုးဖောက်လှုပ်ရှားမှုတွေ၊ပန်းချီပြပွဲ၊ အနုပညာပြပွဲ တွေ တဖက်ကလုပ်သလို၊ အိန္ဒိယက သံတမန်တွေ၊ နိုင်ငံရေးပါတီတွေ၊နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ နဲ့ပူးပေါင်းပြီး မြန်မာ့အရေးဆွေးနွေးပွဲတွေ၊ မြန်မာ့ဒီမိုကရေစီရေး အတွက် အိန္ဒိယ အစိုးရအပါအ၀င်နိုင်ငံတကာ အားပေးထောက်ခံမှုတွေရအောင် လမ်းဖောက်နိုင်ခဲ့တယ်။ အိန္ဒိယရောက် မြန်မာကျောင်းသားတွေနဲ့ဒီမိုကရေစီ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတကာသိအောင် အရှိန်မြှင့်လုပ်နိုင်ခဲ့တယ်။ထုံးစံအတိုင်း အရှိန်လေးလညှ်းလေးရလာရော ငွေထုတ်ပိုက်ပြီး အပေါ်စည်းက ခွထိုင်မဲ့ နိုင်ငံရေးစားဖားတွေအဝေးကနေ ရောက်လာတယ်။ အခွင့်ရေးသမားတွေ၊ ခါတော်မှီနိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီးငါးပွက်ရာ ငါးစာချတဲ့ လှုပ်ရှားမှုတွေလုပ်ကြတယ်။ အစောဆုံး အနစ်နာခံ လမ်းဖောက်ပြီး အငတ်ငတ်အပြတ်ပြတ်လှုပ်ရှားခဲ့သူတွေရဲ့ ကဏ္ဍတွေကို ပြစ်ပယ်ပြီး ငွေနဲ့ ရွေးကောက်တဲ့ အင်ဂျီအို နိုင်ငံရေးယဉ်ကျေးမှုကအရှိန်သြဇာကြီးသွားတယ်။ တချိန်က ကိုယ့်ထမင်းကိုယ်စား ဘတ်စ်ကားစီး ပြီး နိုင်ငံရေးလှုပ်ရှားသူရဲ့ခွပ်ဒေါင်းအလံကို ပျက်ရယ်ပြုပြီး အင်ဂျီအို အလံတွေ တလူလူလွှင့်လာတယ်။ လူနှစ်ယောက်တပိုင်းနဲ့နာမည်ခံ အဖွဲ့အစည်းတွေမှိုလိုပေါက်လာတယ်။ အခွင့်ရေးသမားတွေ တောထလာသလို နာမည်ခံ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အယောင်ပြ သင်တန်းတွေ၊ ဟန်ဆောင် လူ့အခွင့်အရေးပညာပေးတွေလှိုင်လှိုင်ကြီးလုပ်လာတယ်။ တကယ့် ပြည်တွင်းထိုးဖောက် စည်းရုံးလှုပ်ရှားရမဲ့ နိုင်ငံရေးကိုမျက်ခြေဖြတ်ပြီး အပေါ်ယံ အကျိုးစီးပွားရှာ အမည်ခံ နိုင်ငံရေး လှိုင်းစီးပြီး မိန်းမောခဲ့ကြတယ်။လက်တွေ့မကျတဲ့၊ အနှစ်သာရ ကင်းမဲ့တဲ့ ရေပေါ်ဆီနိင်ငံရေးတွေကို အလုအယက် တွန်းတိုက် ခွဲတမ်းချလုပ်ခဲ့ကြတယ်။ ခွပ်ဒေါင်းတွေကို ရောင်းစားခဲ့တယ်။ လက်ငင်းအာဏာရှင်စနစ် တိုက်ဖျက်ရေးလမ်းစဉ်ကို အတွင်းလူတွေနဲ့ ပူးပေါင်း အကောင်အထည်ဖော်ရမဲ့အစား၊ လိင်တူခြင်းချစ်ခွင့်တွေ၊အမျိုးသမီး ရာခိုင်နှုံးဘယ်လောက်ပါဝင်ရေးဆိုတဲ့ မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာ ပေါ်လစီတွေကိုNGO တွေက ဘေးတီးပေးတယ်။ (ဒီကနေ့ပြည်တွင်းမှ ဖြစ်နေတဲ့ NGO နိုင်ငံရေးယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ် ၂၀လောက်က ပြည်ပမှာ ကွန့်မြူးခဲ့တယ်) ခွတ်ဒေါင်းအရောင်တွေမှိန်မှေးခဲ့တယ်။ အတူတူငတ်ခဲ့တုန်းကညီညွတ်ခဲ့ကြပေမဲ့ ငွေထုတ်ကိုင် အင်ဂျီအိုတွေဝင်လာတော့ စိတ်ဓာတ်တွေ ပြိုယိုင်သွားခဲ့ကြတယ်။အရင်က အရက်မသောက်ဖူးတဲ့ အမျိုးသမီးတွေတောင် ဘီယာကြိုက်တတ်သွားတယ်။ သားသမီးရင်သွေးတွေကအစည်းအဝေးလုပ်တမ်းဆော့ပြီး အရက်သောက်ခန်းပါထည့်သွင်းကစားကြတယ်။ ခွပ်ဒေါင်းတွေ အနစ်နာခံလှုပ်ရှားခဲ့တဲ့တော်လှန်ရေး မှာ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားအခွင့်အရေးရှာ သူဖုန်းစားတွေနဲ့ ဂုဏ်သိက္ခာညှိုးနွမ်းကြရတယ်။
--------------------
အားမာန်လျှံဖြိုး
အသိတိုးချိန်
အိမ်ပြန်အောင်ပွဲ၊ မုချနွှဲမည်
မဇ္ဈိမရဲ့ ခရီးသည်...။
(မြတ်ထက် ၏ မဇ္ဈိမ ခရီးသည် ကဗျာမှ)
“တာတိုမှာ ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓာတ်”ဆိုတဲ့ ကွယ်လွန်သူ အဆိုတော်စိုင်းထီးဆိုင်သီဆိုခဲ့တဲ့ တာဝေးအပြေးသမားသီချင်းလေးကိုစာဖတ်သူတချို့ကြားဖူးလိမ့်မယ်ထင်တယ်။ ဒီကနေ့ မြန်မာ့နိုင်ငံရေးဟာ တာဝေးပြေးလမ်းတခုပေါ်ရောက်နေပါတယ်။ အောင်မြင်သူတွေ၊ ဓနဥစ္စာကြွယ်ဝသူတွေ ဟာ အခိုက်အတန့်တော့ ခွန်အားပြည့်နေပါလိမ့်မယ်။သူတို့ဟာ တာတိုခရီးတော့ ပြေးနိုင်မှာပါ။ တပွဲတိုးပညာရှင်တွေ၊ အရေးတော်ပုံမင်းသားတွေ၊ပူးစား ပေါင်းစား နိုင်ငံရေးသမားတွေရဲ့ သက်တမ်းကတော့ အားကြီးသူတွေရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မှီတည်နေမှာပါ။တကယ့် ထိရောက်တဲ့ အပြောင်းအလဲကို စိတ်ဓာတ်ခိုင်မာမှုနဲ့သာ ဦးဆောင်နိုင်ပါတယ်။ ခရီးကြာလာတာနဲ့စိတ်ဓာတ်ရေးရာ ရင့်ကျက်ခိုင်မာမှုက ပိုအရေးပါလာတယ်။ ၈၈ ခွပ်ဒေါင်းတွေဟာ အဖန်ဖန်မီးထဲကျပေမဲ့ လောင်ကြွမ်းမသွားပဲလတ်ဆတ် ပျိုမြစ်တဲ့ ဖီးနစ်ငှက်တွေလို ဖြစ်နေတယ်။ ကျနော်တို့ရဲ့ ပျော်စရာကောင်းရမဲ့လူငယ်ဘ၀တွေကို အရွယ်နဲ့ မမျှတဲ့ ဒါဏ်ရာဒါဏ်ချက်တွေပွေ့ပိုက်ပြီးခရီးဆက်လာရတာဖြစ်တယ်။ ဒီအတွက် ကျနော်တို့ ရလိုက်တာက ခံနိုင်ရည်စွမ်းအားအပြည့်နဲ့ ရင့်ကျက်တဲ့စိတ်ဓာတ်တွေသာဖြစ်တယ်။ ၂၅နှစ်ကို လည်ပြန်ကြည့်လိုက်တဲ့အခါ ကျနော်တို့မှာ စည်းစိမ်ဥစ္စာလည်းမရှိ၊မြေယာ အိုးအိမ်လည်းမပိုင်၊ ဘွဲ့လွန်ပညာတွေလည်း မတတ်ကြပါ။ ကျနော်တို့ပိုင်ဆိုင်တာ ကျနော်အားလုံးတနေ့ထက်တနေ့ ပိုပြီးချစ်လာတဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် နဲ့ တော်လှန်ရေးရဲ့ ရင့်ကျက်တဲ့ဒါဏ်ရာဒါဏ်ချက်တွေသာ ဖြစ်တယ်။ ဒီထက်ပိုပြီး ဘာမှ မပိုင်ဆိုင်ခဲ့ကြပါ။ ဒီအရာတွေထက် ပိုမိုပြီးလည်းဘာမှ ထူးထူးခြားခြား မပိုင်ဆိုင်ချင်ပါ။ စိတ်ဓာတ်အားမာန်နဲ့ ရင့်ကျက်တည်ငြိမ်မှု ဒိုင်းလွှားကိုကိုင်စွဲပြီးသာ တာဝေးခရီးပြင်း ဆက်နှင်ကြအုံးမှာပါ..။
ကိုညို( အော်စလို)
၂၀ အောက်တိုဘာ ၂၀၁၃။
(ABSDF ကျောင်းသားတပ်မတော် ၂၅ နှစ်ပြည့် ငွေရတု ဂျာနယ်အတွက် ပေးပို့ထားတဲ့ ဆောင်းပါး)
No comments:
Post a Comment