လယ်ဧက ၉၂၀ ရေရရှိရေးကိုအ ကြောင်းပြပြီး ရွာ(၃)ရွာ
-----------------------------------------------------------------
ကိုပြောင်းရွှေ့ခိုင်းမည့် ရေလှောင် တမံစီမံကိန်း။
-------------------------------------------------------
မြိတ်မြို့နယ် မရင်းကြီးကျေးရွာ အနီး မှာရှိတဲ့ လယ်ဧက
၉၂၀ ရေရရှိရေးကို အကြောင်းပြပြီး ရွာသုံးရွာကိုပြောင်း
ရွှေ့ခိုင်းမည့် ရေလှောင် တမံ စီမံကိန်းအ ကောင် ထည်
ဖေါ်ဆောင် ရွက်မည်ဟုသိရပါသည်။အဲဒီစီမံကိန်းကြောင့်
ကျေးရွာသုံးရွာမှာရှိတဲ့ မြေဧက ပေါင်း ၃၂၀၀ ကျော်
သိမ်းဆည်းခံရမည့်အပြင် အဲဒီရွာ သုံးရွာကိုလည်း
ပြောင်းပေးရမည်ဟု ဆည်မြောင်းဦးစီးမှူးက ပြောကြား
ခဲ့ပါသည်။
ဒီဇင် ဘာ(၃)ရက် နံနက်(၈:၃၀)တွင် မြိတ်မြို့နယ်
သဘွတ်ကျေးရွာအုပ် စု သဘွတ်ဘုန်းတော်ကြီးကျောင်း
၌ ဆည်မြောင်းဌာနမှ တာဝန် ရှိသူများ ကျေးရွာအုပ် ချုပ်
ရေးမှူးများ မှ ဒေသခံတချို့ကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု
သိရသည်။ အဲဒီတွေ့ဆုံပွဲမှာ ဆည်မြောင်းဌာနဦးစီးမှူး
မှ ရေ လှောင် တမံ စီမံကိန်းကို အ ကြောင်းပြပြီး လယ်ယာ
ဥယျာဉ်မြေများ သိမ်းဆည်းကာ ကျေးရွာတွေကိုလည်း
ပြောင်းပေးရမည် ဟုပြောကြားသည့်အတွက် ဒေသခံများ
က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့သိရသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာတဲ့ ဒေသခံတွေကိုလည်း
စာရွက် အလွတ်များတွင် လက်မှတ်ရေးထိုးခိုင်းတဲ့အတွက်
ဒေသခံတွေက လုံးဝ(လုံးဝ)လက်မှတ်ရေးထိုးခဲ့ခြင်းမရှိ
ခဲ့ပေ။ရွာသူရွာသားတွေက တော့ ရသည့်နည်းလမ်းပေါင်း
စုံဖြင့် ပြင်းထန်စွာ ကန့်ကွက်သွားမည်ဟုသိရသည်။
အဲဒီပြောင်းရွှေ့ခံရမည့်ရွာများတွင် ဖိုးလမင်းကုမ္ပဏီ နှင့်
ဧရာနဒီကုမ္ပဏီတို့ရဲ့ ရာဘာစိုက်ခင်းများ ပါဝင် မှုမရှိကြောင်း
သိရသည်။
လူဦးရေ ထောင် ချီပြီး ဒုက္ခရောက်မည့် ၄င်းစီမံကိန်းကို
လုံးဝမပြုလုပ်သင့်ကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက် နှင့်
NLD လယ်ယာကော်မတီတို့မှ ပြောကြားထားပြီးကန့်
ကွက်မှုများလုပ်ဆောင် သွားမည်ဖြစ်သလို နိုင် ငံတော်
သမ္မတနှင် လယ်ယာမြေ ကော်မတီ တို့ကိုလည်း လိပ်မူ
ပြီးတိုင်ကြားသွားမည်ဟု သိရသည်။
ရော်ဘာစိုက်ပျိုးခြင်း လယ်ယာစိုက်ပျိုးခြင်း နှင့်ဥယျာဉ်
ခြံလုပ်ငန်းများဖြင့် အသက်မွေးနေရသည့် ဒေသခံများ
ကို လယ်ယာမြေများကို သိမ်းဆည်းခံရမည့်သတင်း
ကြားသိခဲ့ရမှုအ ပေါ် ပြင်းထန်စွာ တုတ်ပြန်သွားရန်
စီစဉ်လျှက် ရှိသည်။ဒေါ်လာသန်းချီကုန်ကျမည့် အဲဒီ
စီမံကိန်းကြီး၏နောက်ကွယ်တွင် ခရိုနီများ၏အကျိုးစီးပွား
အတွက် အကွက်ဆင် ထားမှုကို အထင်းသားမြင်တွေ့
နေရပါသည်။ လယ်ဧက ၉၂၀ ရေရရှိဖို့အတွက် ရွာ သုံးရွာနှင့် လူပေါင်းထောင် ချီမှီခိုအားထားနေရသော
လယ်ယာ ဥယျာဉ် ဧက ၃၂၀၀ ကျော်ကို စ တေးခံရ
မည် ဆိုရမှာကဖြင့် အဲဒီလုပ် ရပ်ကို လုပ်သင့်သလား
မလုပ်သင့်ဘူးလားဆိုတာ က လေး တောင်တွေးတတ်
ပါရဲ့…။
Myeik (Buy&Sale) မှကူးယူဖော်ပြပါသည်။

No comments:
Post a Comment