Thursday, May 3, 2012
ဆူပါမွန်း ( Supermoon )
၂၀၁၂ ခုနှစ်အတွက် မဟာလပြည့်မှာ မေ ၅ ရက် နေ့တွင် ကျရောက်တော့မည်ဖြစ်သည်။ ဆူပါမွန်း ( Supermoon ) ဟု ခေါ်ဝေါ် သည့် မဟာလပြည့်ဟူသည်မှာ လသည် ကမ္ဘာမြေနှင့်အနီးဆုံးသို့ ချဉ်းကပ်လာချိန်တွင် တွေ့မြင်ရမည့် လပြည့်ဝန်း ဖြစ်ပြီး ပုံမှန်လပြည့်ည များထက် ၁၆ ရာခိုင်နှုန်း ပိုမိုထွန်းလင်းတောက်ပမည်ဟု ဆိုသည်။
လာမည့် စနေနေ့ မေလ ၅ ရက် ( ကဆုန်လပြည့်နေ့ ) တွင် လသည် ကမ္ဘာမြေနှင့် အနီးဆုံးအနေအထားသို့ရောက်ရှိလာမည် ဖြစ်ရာ ထိုည သန်းခေါင်းမတိုင်မီ ထွန်းလင်းနေမည့် လမင်းမှာ ယခုနှစ်အတွက် အကြီးဆုံးလမင်းအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။
ထိုအချိန်တွင် လနှင့်ကမ္ဘာကြားအကွာအဝေးမှာ ၂၂၁၈၀၂ မိုင် ( ၃၅၆၉၅၅ ကီလိုမီတာ ) ရှိနေမည်ဖြစ်ပြီး နက္ခတ်လေ့လာသူများ၏ အဆိုအရ အကြီးဆုံးနှင့် အတောက်ပဆုံးသော လမင်းကို အံ့သြဘနန်းတွေ့မြင်ရမည်ဟု ဆိုသည်။ သို့ရာတွင် လနှင့်ကမ္ဘာမြေ အနီးဆုံးသို့ ရောက်ရှိလာခြင်းကြောင့် မြေငလျင် (သို့မဟုတ်) ထူးကဲလွန် ဒီရေ စသဖြင့် အန္တရာယ်ရှိလောက်သည့် အခြေအနေမျိုး ရှိမည်မဟုတ်ကြောင်းဖြင့်လည်း သိပ္ပံပညာရှင်များက ပြောကြားသည်။
~ ကဆုန်လပြည့် ဗုဒ္ဓနေ့ ~ သန္ဓေယူကာ ဆယ်လကြာသော် မဟာ သက္ကရာဇ် ခြောက်ဆယ့်ရှစ်ကြုံ ကဆုန်လပြည့် သောကြာနေ့ ဝယ် ချမ်းမြေ့စုံစီ လုမ္ဗီနီ၌ မဟီလှိုက်ဆူ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို...။
၂၀၁၂ တနှစ်တာအတွက် ထူးခြားတဲ့ Supermoon ဖြစ်စဉ်ကို လာမယ့် မေလ ၅ ရက်၊ ကဆုန်လပြည့်နေ့မှာ တွေ့ကြုံရမယ်လို့ အာကာသ၊ ကြယ်တာရာနဲ့ နက္ခတ် လေ့လာသူတွေက ဆိုပါတယ်။
မတ်လ ၁၉ရက်၊ ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ကနေ မြင်ခဲ့ရတဲ့ Supermoon
ဒီလို Super Moon ဖြစ်စဉ်ကြောင့် လပြည့်နေ့မှာ လထွက်ချိန်မှာ လ ကို သာမာန်ထက် ၁၆ ဆ ပိုကြီး၊ ပိုထိန်လင်းတဲ့ အနေအထားနဲ့ တွေ့ရပါမယ်တဲ့။ ၂၀၁၂ တနှစ်လုံးမှာ ဒီတနေ့မှာပဲ လကို အနီးကပ်ဆုံး မြင်ရမှာပါတဲ့။
လဟာ ကမ္ဘာပတ်လမ်းကြောင်းနဲ့ တနှစ်တာအတွင်း အနီးဆုံးကို ရောက်လာတာဖြစ်လို့ Supermoon လို့ နာမည်ပေးထားတာပါ။
Supermoon ဖြစ်စဉ်ကြောင့် ကြယ်တာရာ စောင့်ကြည့်လေ့လာသူတွေအတွက် လကို အရင်ကထက် ပိုမိုနီးနီးကပ်ကပ် လေ့လာခွင့်ရမယ်၊ တယ်လီစကုတ်နဲ့ ကြည့်ရင် လပေါ်က ချိုင့်ဝှမ်း၊ ချိုင့်ခွက်နဲ့ တောင်တွေကိုတောင် မြင်နိုင်မယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ဒီဖြစ်စဉ်ကြောင့် ပင်လယ်ရေ မြင့်တက်တာတွေ၊ ထူးခြားဒီရေတက်တာ၊ ဆူနာမီလို လှိုင်းတွေတက်တာ၊ ငလျင်လှုပ်တာတွေလည်း ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ဒီ Supermoon ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လတုန်းကလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment