|
ရခိုင်အမျိုးသမီးကွန်ယက် ရုံးဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို အမျိုးကွန်ယက်အဖွဲ့မှ ဒ်ါညိုအေးက " ကျွန်မတို့ ရခိုင်အမျိုးသမီး ကွန်ယက်ရုံး ဖွင့်လှစ်ရတဲ့ အဓိက ရည်ရွယ်ချက်က ကျမတို့ ရခိုင်အမျိုးသမီးတွေ လုံခြုံမှုကင်းမဲ့ခြင်း ခံနေရတာတွေကို ဖြေရှင်းပေးပြီးတော့ အမျိုးသမီးတွေရဲ့ပညာရေး၊ စီးပွားရေး ဘက်ပေါင်းစုံကနေပြီးတော့ အဖွဲ့ပေါင်းစုံနှင့် ပေါင်းစည်းပြီးတော့ မျှတတဲ့အလုပ်ကို လုပ်ပြီးတော့ ဒီမှာရှိနေကြတဲ့ ရခိုင်အမျိုးသမီးတွေနဲ့ ပတ်သက်လို့ နစ်နာချက်တွေရှိလာခဲ့ရင် တစ်စုံတစ်ခု ဖြစ်လာခဲ့ရင် ရှေ့ကမားမားမတ်မတ် ရပ်တည်နိုင်ပြီးတော့ ကူညီပေးနိုင်ဖို့အတွက် ဖွဲ့စည်းရခြင်းဖြစ်တယ်။ ကျွန်မတို့ အမျိုးသမီး ကွန်ယက်မှာ ဖွဲ့စည်းထားတာ မြို့နယ်တိုင်းမှာ အမျိုးသမီး အင်အား(၁၈) ဦးကျစီနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီးတော့ ခရိုင်တွေမှာတော့ (၂၈) ဦး ကျစီနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
ရခိုင်အမျိုးသမီး ကွန်ယက် အဖွဲ့အစည်းအနေနဲ့ ရုံးများကို ရခိုင်ပြည်နယ်အနှံ့တွင် ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ပြီး မြန်မာပြည်ထဲက အမျိုးသမီးများနဲ့သာမက ပြည်ပတွင် ရောက်ရှိနေကြသော အမျိုးသမီး အဖွဲ့အစည်းများနဲ့လည်း ပူပေါင်းဆောင်ရွက်ပြီး အမျိုးသမီးတွေရဲ့ ကောင်းကျိုးအတွက် ပူးပေါင်းပြီး ကလေးငယ်များ၏ ပညာရေး လုပ်ငန်းများကိုလည်း ကွန်ယက်ချိတ်ဆက်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
" ဟုတ်ပါတယ်။ အခု ကျွန်မတို့ ရခိုင်အမျိုးသမီး ကွန်ယက်ရုံးကို စစ်တွေမှာ တစ်ခုတည်းပဲ မဟုတ်ပဲနဲ့ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာလည်း ရုံးတွေဖွင့်ပြီးသွားရင် တရားဝင် မှတ်ပုံတင်မှာ ဖြစ်ပါတယ်။ ပါတီအနေနဲ့တော့ မဟုတ်ပါဘူး။ အဖွဲ့အစည်း ဖွဲ့စည်းခွင့် ဥပဒေပုဒ်မအရ မှတ်ပုံတင်မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့နဲ့ ဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတွေနဲ့မဆို ကျွန်မတို့က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး ရခိုင်အမျိုးသမီး ကွန်ယက်ရုံးကို ဖွင့်နိုင်ဖို့အတွက် လေးလကျော်တိတိ အချိန်ယူ စည်းရုံးပြီးတော့ အားကြိုးမန်တက် လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ တခြားနေရာက ပူးပေါင်းပါဝင်မှုမရှိသေးတဲ့ အမျိုးသမီးတွေကိုလည်း ဆက်သွယ်ပြီးတော့ ပူးပေါင်းပါမယ်။ နောက်ဆိုရင် ကျွန်မတို့အနေနဲ့ မြန်မာပြည်ထဲက အမျိုးသမီးအဖွဲ့အစည်းတွေနဲ့သာမက ပြည်ပက အမျိုးသမီးအဖွဲ့အစည်းများနဲ့လည်း အမျိုးသမီးတွေ ကောင်းကျိုးအတွက် လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ အမျိုးသမီးတွေ နစ်နာခံနေရတာတွေကိုကလေးငယ်တွေ ပညာသင်ကြားခွင့်မရတာတွေကို ဖော်ထုတ်ပြီးတော့ ရည်ရွယ်ချက်ချင်းတူတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရခိုင်လူငယ် Forum ဆွေးနွေးပွဲမှာလည်း ကျွန်မတို့ အမျိုးသမီးတွေ သင်တန်းသွားတက် ကြတာတွေ ရှိပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ရခိုင်စာပေနဲ့ ပတ်သက်ပြီးတော့ ရခိုင်အမျိုးသမီးတွေရဲ့ကိုယ်စား စာတမ်းတစ်စောင်ကိုလည်း တင်ပြလိုက်ပါတယ်။" ဟု ပြောသည်။
စစ်တွေမြို့နယ်တွင် ရခိုင်လူငယ်ဖိုရမ်များ၊ ရခိုင်အမျိုးသမီးများ ကွန်ယက် ရုံးများ ဖွင့်လှစ်လာနေကြပြီး ပြည်သူလူထုများ၏ ကောင်းကျိုးအတွက်၊ ပြည်သူလူထုများ၏ နစ်နာချက်များ ဖော်ထုတ်ဖို့အတွက် အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားရန် တက်ကြွနေကြသည်။ မြန်မာနိုင်ငံတွင် အရင်စစ်အစိုးရလက်ထက်က ဖွဲ့စည်းခွင့်မရခဲ့သော အဖွဲ့အစည်းငယ်များ၊ အသင်းငယ်များ တရားဝင်မှတ်ပုံတင်ပြီး ဖွဲ့စည်းခွင့်ပေးလာခြင်းသည် မြန်မာနိုင်ငံ၏သမ္မတ ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်တွင် ကောင်းသော လက္ခာဏာများဖြစ်ကြောင်း သုံးသပ်ပြောဆိုသူများလည်း ရှိနေကြသည်။
No comments:
Post a Comment