Monday, December 3, 2012

လတ်တလော ဖြစ်ပွားနေတဲ့ လက်ပံတောင်း တောင်ဆနပြပွဲ ဖြို ခွဲ မူ့ တွေ ။ ကန့် ကွက် ဆနပြမူ့ တွေ နဲ့ ပက်သက်ပီး ရွေည၀ါ ဆရာတော် မိန့် ကြားချက်



လတ်တလော ဖြစ်ပွားနေတဲ့ လက်ပံတောင်း တောင်ဆနပြပွဲ ဖြို ခွဲ မူ့ တွေ ။ ကန့် ကွက် ဆနပြမူ့ တွေ နဲ့ ပက်သက်ပီး ရွေည၀ါ ဆရာတော် မိန့် ကြားချက်

 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းအရင်းများအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဟူသည့် အချက်များအား ပယ်ဖျက်ကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း PDF Print
Monday, 03 December 2012 20:09
AddThis Social Bookmark Button
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွဲ့ဝင် ၃၀ ဦးဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့က ဖွဲ့စည်းခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းအရင်းများနှင့် ယင်းအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဟူသည့် အချက်များအား ပယ်ဖျက်ကာ ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က အမိန့်ကြော်ငြာစာ ၉၅/၂၀၁၂ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်ကော်မရှင်တွင် လုပ်ဆောင်ရမည့် အချက်များအဖြစ် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောက်ရွက်ခြင်းရှိမရှိ၊ ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊ ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိမရှိ၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းရင်းများ၊ ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်၊ ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်မသင့်၊ နိုင်ငံဖွဲ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊ ကော်မရှင်၏ အထွေထွေသုံးသပ် တင်ပြချက်နှင့် အကြံပြုချက်များကို စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာရေးသားကာ ဒီဇင်ဘာလ ၃၁ ရက် နေ့မတိုင်မီ နိုင်ငံတော်သမ္မတထံ ပေးပို့သွားရမည်ဟု ဖော်ပြခဲ့ပြီး ယခုကော်မရှင်တွင် အထက်ပါအချက် ၂ ချက်ကို ပယ်ဖျက်ကာ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခု ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော ကော်မရှင်တွင် ယခင်ကော်မရှင်မှ ယခင်နှုတ်ထွက်သွားပြီးသားဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၂ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ပြည်ထောင်စုကြံခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ နိုင်ငံရေးပါတီခေါင်းဆောင် ၂ ဦး၊ အစိုးရအရာရှိ ၃ ဦး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ၁ ဦး၊ စာရေးဆရာ ၁ ဦး၊ Myanmar Enviromental Institute မှ ၁ ဦး၊  မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်မှ ၁ ဦး၊ Myanmar Peace Center မှ ၁ ဦးတို့ကို လျော့ချခဲ့သည်။
ယခုကော်မရှင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်လက် ပေးအပ်ထားသော်လည်း အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဦးစစ်မြိုင်အစား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှပင် ယခင်အဖွဲ့ဝင်ဖြစ်သူ ဦးကျော်တင့်ဆွေအား ပြောင်းလဲတာဝန် ပေးအပ်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သောကြောင့် သံဃာတော်များ အပါအ၀င် ရာဂဏန်းဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။
ယခုကဲ့သို့ ဖြိုခွင်းခဲ့ခြင်းမှာ ၂၀၁၁ ခုနှစ် မတ်လတွင် ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်မှုများကို အကြီးမားဆုံး အင်အားသုံး ဖြိုခွင်းမှုဖြစ်ခဲ့ပြီး နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် ပုဂ္ဂိုလ်များမှ ယင်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သောကြောင်း ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

No comments: