ကားလ်မာ့က်စ် မိတ်ဆက် (ဘာသာပြန်)
အခန်း
(၂)
ငယ်ရွယ်သော
ဟီဂယ်လီယန် တယောက်
ဘာလင်မှာ
ကျောင်းသားဘ၀နဲ့ ခြေချပြီး၊
တနှစ်ကျော်အကြာမှာပဲ သူဟာ
တစတစနဲ့ "မျက်မှောက်ခေတ်ဒဿနိကဗေဒ"
နဲ့
နီးစပ်လာကြောင်း မာ့က်စ်က
သူ့ဖခင်ထံ စာရေးခဲ့ဖူးပါတယ်။
အဲဒီ မျက်မှောက်ခေတ် ဒဿနိကဗေဒ
ဆိုတာ ဟီဂယ် ရဲ့ ဒဿနိကဗေဒ
ဖြစ်ပါတယ်။ ဟီဂယ်က ဘာလင်တက္ကသိုလ်မှာ
(၁၈၁၈)
ခုနှစ်ကနေ၊
(၁၈၃၁)
ခုနှစ်အထိ
စာသင်ခဲ့ပါတယ်။ နောက်ပိုင်း
ကာလတွေမှာ အိန်ဂယ်လ်နဲ့
မာ့က်စ်တို့ရဲ့ အတွေးအခေါ်တွေ
လူ့အဖွဲ့အစည်းကို လွှမ်းမိုးလာချိန်မှာ
တချိန်က ဟီဂယ်ရဲ့ လွှမ်းမိုးနိုင်စွမ်းကို
အိန်ဂယ်က ပြန်လည်ရေးသားပြုစုခဲ့ပါတယ်။
“ ဟီဂယ်လီယန်စနစ်ဟာ
အခြားစနစ်တွေထက် ပိုပြီး
ဆီလျော်ခြင်း မရှိပဲ ကြီးထွားလာတဲ့
ဒိုမိန်းတခု ဖြစ်ပါတယ်။
ဒီဒိုမိန်းမှာ အတွေးအခေါ်
အများအပြား ပေါင်းစပ်ပါဝင်နေပြီး၊
ဒါတွေဟာ ယနေ့ခေတ် ကာလအထိ
အံ့သြဖွယ်ကောင်းလောက်အောင်
လွှမ်းမိုးနေဆဲပဲ ရှိပါသေးတယ်“
လို့ အိန်ဂယ်က ဆိုထားခဲ့ပါတယ်။
ဒါကို
ကြည့်မယ်ဆိုရင် ဂျာမဏီရဲ့
ဒဿနိကဗေဒ အသိုင်းအ၀ိုင်းမှာ
ဟီဂယ်လီယန် စနစ်ရဲ့ သက်ရောက်မှုတွေ
ဘယ်လောက်ထိ ရှိခဲ့မယ်ဆိုတာ
တွက်ကြည့်နိုင်ပါတယ်။
ဟီဂယ်လီယန်စနစ်ဟာ
ဆယ်စုနှစ်ပေါင်းများစွာ
အောင်ပွဲဆင်ခဲ့ပြီး၊
ဟီဂယ်သေဆုံးချိန်မှာတော့
ရပ်တန့်သွားခဲ့ပါတယ်။ တိတိကျကျ
ဆိုရရင် ဟီဂယ်လီယန်စနစ်
အောင်ပွဲဆင်ခဲ့ချိန်ဟာ
(၁၈၃၀)
ကနေ
(၁၈၄၀)
အထိ
ကာလမှာ ဖြစ်ပြီး၊ အတိုက်အခံတွေကိုတောင်
အနည်းနဲ့အများဆိုသလို
သက်ရောက်မှု ရှိခဲ့ပါတယ်။
(၁၈၃၇)
ခုနှစ်မှာ
မာ့က်စ်နဲ့ နီးစပ်ခဲ့တဲ့
ဟီဂယ်ရဲ့ အတွေး အခေါ်တွေဟာ
မာ့က်စ်ရဲ့ အတွေးအခေါ်တွေ
အပေါ်မှာလဲ တစုံတရာ သက်ရောက်မှုတွေ
ရှိစေခဲ့ပါတယ်။ (၁၈၄၄)
ခုနှစ်
ရေးသားခဲ့တဲ့ မာ့က်စ်ရဲ့
စာတွေထဲမှာ သူ့ဒဿနိကရဲ့
မွေးဖွားရာ ဘူမိနက်သန်နဲ့
လျှို့ဝှက်ချက်ဟာ Phenomenology
of mine လို့
မာ့က်စ်က ဆိုခဲ့ပါတယ်။
ဒီရေးသားချက်တွေဟာ မာ့က်စ်ကို
နားလည်နိုင်ဖို့အတွက်
ကနဦးစတင် လေ့လာရမယ့် စာတွေပဲ
ဖြစ်ပါတယ်။
"စိတ်"
ဆိုတဲ့
စကားလုံးကို ဂျာမန်လို
"၀ိဥာဉ်"
လို့
ရံဖန်ရံခါ ဘာသာပြန်လေ့ရှိပါတယ်။
စကြ၀ဋာကြီးကို လေ့လာဖော်ပြရာမှာ
ဟီဂယ်က ဒါကို အသုံးပြုခဲ့ပါတယ်။
သူ့ရဲ့ ရေးသားချက်တွေထဲမှာ
universal mind ရဲ့
သဏ္ဍာန်တခုအနေနဲ့ စကြ၀ဋာကြီးရဲ့
စိတ်ဝိဥာဉ် အပိုင်းကို
ရည်ညွန်းခဲ့ပါတယ်။ universal
mind ဆိုတာ
ဘုရားသခင်ကို ရည်ရွယ်တာလား၊
ဒါမှမဟုတ် ဟီဂယ်ရဲ့ pantheistic
ဖက်ရှင်အတိုင်း
ဘုရားသခင်ကို ကမ္ဘာကြီးတခုလုံး
အနေနဲ့ ဖော်ပြတာလား ဆိုတာကို
ဆွေးနွေးငြင်းခုန်မှုတွေ
အများအပြား ရှိခဲ့ပါတယ်။
ဒီမေးခွန်းတွေအတွက် တိကျတဲ့
အဖြေမရှိသေးပါဘူး။ ဒါပေမယ့်
universal mind ကို
ကိုယ်ပိုင်စိတ်ထားနဲ့
ခွဲခြားလေ့လာမယ်ဆိုရင်တော့
သင့်လျော်တဲ့ အဖြေရှိနိုင်ပါတယ်။
Phenomenology of mind ဆိုတဲ့
သဘောတရားဟာ တဦးချင်း
စိတ်နေစိတ်ထားအဖြစ် ရှိနေတဲ့
ပထမဆုံး သွင်ပြင်လက္ခဏာ
(သိစိတ်။
သို့ပေမယ့် ကိုယ်ပိုင်သိစိတ်နှင့်
လွတ်လပ်သော စိတ်ထား မဟုတ်)
မှ
လွတ်လပ်ပြီး၊ ကိုယ်ပိုင်သိစိတ်
အစုအဝေးအဖြစ် အပြည့်အဝ
ပြောင်းလဲသွားသော စိတ်နေစိတ်ထား
ပြောင်းလဲတိုးတက်မှုကို
ခြေရာကောက်လေ့လာထားတဲ့
သဘောတရား ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ
သမိုင်းရေးရာသီးသန့်၊
လော့ဂျစ်ရေးရာ သီးသန့်မဟုတ်ပဲ
နှစ်မျိုးလုံး ပေါင်းစပ်ပါဝင်
နေပါတယ်။ သမိုင်းကို
ကြောင်းကျိုးဆီလျော်ပြီး
လိုအပ်တဲ့ လမ်းကြောင်းတလျှောက်
တိုးတက်နေတဲ့ စိတ်နေစိတ်ထား
အဖြစ် ဟီဂယ်က ပြသဖို့
ကြိုးစားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
နောက်ဆုံးပန်းတိုင်ကို
ရောက်ရှိဖို့အတွက်
ဒီလမ်းကြောင်းအတိုင်း စိတ်က
ခရီးနှင်ရမှာ ဖြစ်ပါတယ်။
စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်မှု
ဆိုတာကို ကြောင်းကျိုးဆီလျော်သော
ငြင်းဆိုမှုများအား
ဖလှယ်ခြင်းအားဖြင့် အမှန်တရားကို
ရှာဖွေခြင်း လို့လဲ
သတ်မှတ်နိုင်ပါတယ်။ မာ့က်စ်ရဲ့
ကိုယ်ပိုင်ဒဿနိကဗေဒကို
ကြောင်းကျိုးဆီလျော်သော
ငြင်းဆိုမှုများအား
ဖလှယ်ခြင်းအားဖြင့် အမှန်တရား
ရှာဖွေထားသော ရုပ်ဝါဒလို့
သတ်မှတ်ကြတာ ဖြစ်တဲ့အတွက်
ဒီစကားလုံးဟာ မာ့က်စ်နဲ့
ဆက်နွယ်ပြီး ပေါ်ထွက်
လာတာဖြစ်ပါတယ်။ မာ့က်စ်သီအိုရီရဲ့
ကြောင်းကျိုးဆီလျော်စွာ
အမှန်တရားရှာဖွေခြင်း သဘောတရား
တွေဟာ ဟီဂယ်ရဲ့ အတွေးအခေါ်တွေကနေ
တစိတ်တပိုင်း ဆင်းသက်လာတာ
ဖြစ်ပါတယ်။ ဒါကြောင့်
ကြောင်းကျိုးဆီလျော်သော
ငြင်းဆိုမှုများအား
ဖလှယ်ခြင်းအားဖြင့် အမှန်တရား
ရှာဖွေခြင်းဆိုတာရဲ့
ဆိုလိုရင်းကို လေ့လာဖို့
လိုအပ်ပါတယ်။
Phenomenology မှာ
ဖော်ပြထားချက်တွေမှာ သခင်နဲ့
ကျွန် ဆက်နွယ်မှုတွေ ပါဝင်ပါတယ်။
ဟီဂယ်ရဲ့ ကြောင်းကျိုးဆီလျော်စွာ
အမှန်တရားရှာဖွေခြင်း
ဆိုလိုချက်တွေမှာ အရင်းရှင်နဲ့
အလုပ်သမားတို့ အကြားက
ဆက်နွယ်မှုတွေကို ဖော်ပြထားပြီး၊
ဒါတွေက မာ့က်စ်ရဲ့ အတွေးအခေါ်နဲ့
အယူအဆ တွေအပေါ်မှာ သက်ရောက်မှု
ရှိလာခဲ့ပါတယ်။
ဥပမာအားဖြင့်
လွတ်လပ်သော လူနှစ်ယောက်ဟာ
ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်လို့
နားလည် ထားပေမယ့် သဘောသဘာဝတွေကတော့
universal mind ရဲ့
သွင်ပြင်လက္ခဏာအတိုင်း မရှိနေပဲ
တယောက်က နောက်တယောက်ကို
ပြိုင်ဘက်လို့ သဘောထားမယ်
ဆိုရင် အခြားအရာတွေအပေါ်မှာ
အာဏာရှိခြင်းရဲ့ ကန့်သတ်ချက်တွေ
ဖြစ်လာနိုင်ပါတယ်။ အခြေအနေက
တည်ငြိမ်မှုမရှိပဲ ထိပ်တိုက်
ရင်ဆိုင်ကြရာမှာ တယောက်က
အနိုင်ရပြီး၊ အခြားတယောက်ကို
ကျွန်ပြုနိုင်သွားပါတယ်။
ကနဦးအစမှာ သခင်က အရာအားလုံးကို
ပိုင်ဆိုင်သူဖြစ်ပြီး၊
ကျွန်ကတော့ ဘာမှ မရှိပါဘူး။
ဒါပေမယ့် အမှန်တကယ် အလုပ်လုပ်တာက
ကျွန်ဖြစ်ပြီး၊ သဘာဝလောကကြီးကို
သူ့ရဲ့ လုပ်အားနဲ့ ပြောင်းလဲမှုတွေ
ဖြစ်လာစေပါတယ်။
ဒီလိုနဲ့
သဘာဝလောကကြီးကို သူ့ရဲ့
လုပ်အား၊ အသိဥာဏ်တွေနဲ့
ပြောင်းလဲလာစေပြီးချိန်မှာ
ကျွန်ဖြစ်သူဟာ ကျေနပ်စိတ်တွေ
ရရှိလာပြီး၊ ကိုယ်ပိုင်သိစိတ်ကလဲ
ဖွံ့ဖြိုးတိုးတက်လာပါတယ်။
သခင်ကတော့ ကျွန်အပေါ်မှာ
မှီခိုသူ ဖြစ်လာပါတယ်။
ဒီအခါမှာ အဆုံးစွန်ရလဒ်ကတော့
ကျွန်ဖြစ်သူကို လွတ်လပ်ခွင့်
ပေးလိုက်ပြီး၊ လွတ်လပ်သူနှစ်ယောက်အကြားမှာ
ရှိခဲ့တဲ့ ကနဦးပဋိပက္ခကို
ကျော်လွှားမှုပဲ ဖြစ်ပါတယ်။
ဒါဟာ
Phenomenology နဲ့
ပတ်သက်တဲ့ ကဏ္ဍလေးတခုပဲ ဖြစ်ပါတယ်။
Phenomenology ဟာ
ဆန့်ကျင်ဘက်နဲ့ အတိုက်အခံတွေကို
ကျော်လွှားတဲ့ စိတ်နေစိတ်ထား
ဖွံ့ဖြိုးတိုးတက်မှုကို
ခြေရာကောက် လေ့လာထားပါတယ်။
စိတ်နေစိတ်ထားဟာ universal
ဖြစ်တယ်ဆိုပေမယ့်
အကန့်အသတ်နဲ့ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အချို့လူတွေက
universal mind ရဲ့
သဘောသဘာဝကို သိမြင်နားလည်ခြင်း
မရှိပါဘူး။ အချို့လူတွေဟာ
သူတို့ကိုယ်သူတို့ universal
mind ရဲ့
အစိတ်အပိုင်းတွေအဖြစ်လဲ
ရှုမြင်ခြင်း မရှိပါဘူး။
ဟီဂယ်က
ဒီလိုအခြေအနေကို စိတ်နေစိတ်ထား
သွေဖည်ခြင်း လို့ သတ်မှတ်ဖော်ပြထားပါတယ်။
တူညီတဲ့ အစိတ်အပိုင်းတွေနဲ့
ဖွဲ့စည်းထားသူတွေ အနေနဲ့
တယောက်နဲ့တယောက် ခြားနားသူတွေ၊
ပြင်ပလူတွေ၊ ရန်သူတွေအဖြစ်
ရှုမြင်ခြင်းဟာ စိတ်နေစိတ်ထား
သွေဖည်ခြင်း ဖြစ်ပါတယ်။
ဒီလို သွေဖည်နေချိန်မှာ
စိတ်ဓာတ်က လွတ်လပ်နေခြင်း
မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့
အတိုက်အခံ တွေနဲ့ အတားအဆီးတွေကို
ကျော်လွှားပြီး၊ အလုံးစုံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လုပ်ဆောင် နေရတဲ့ အတွက်ဖြစ်ပါတယ်။
ဒီအခါမှာ
စိတ်ဟာ တည်ငြိမ်မှုမရှိပဲ
ဖြစ်နေပြီး၊ သွားလာ
လှုပ်ရှားနေပါတယ်။ အတိုက်အခံနဲ့
အတားအဆီးတွေက အပေါ်ယံပုံရိပ်တွေ
ဖြစ်ပြီး၊ စိတ်ရဲ့ရလဒ်က
သူကိုယ့်သူ ဘာလဲဆိုတာကို
အသိအမှတ်မပြုပဲ ဖြစ်နေပါတယ်။
ဒါပေမယ့်လဲ စိတ်ရဲ့ တပိုင်းတစကတော့
တစုံတရာ alien
ဖြစ်နေပြီး၊
တိုက်ပွဲပြန်ဖြစ်နေတတ်ပါတယ်။
ဒီလို alien
အင်အားတွေက
စိတ်ရဲ့ လွတ်လပ်ခွင့်ကို
ထိန်းချုပ် ထားပါတယ်။
စိတ်ဟာသူ့ရဲ့ အဆုံးစွန်စွမ်းအားတွေကို
မသိတဲ့အတွက် ကမ္ဘာကြီးကို
စီမံချက်တွေ အတိုင်း
စုစည်းနိုင်မယ့် ပါဝါကို
မကျင့်သုံးနိုင်ပဲ ဖြစ်လာပါတယ်။
ဟီဂယ်ရဲ့
ဒဿနိကဗေဒအရ ကြောင်းကျိုးဆီလျော်သော
ငြင်းဆိုမှုများအား
ဖလှယ်ခြင်းအားဖြင့် အမှန်တရားကို
ရှာဖွေခြင်းဆိုတာ လွတ်လပ်ခြင်းကို
ဦးတည်ပါတယ်။ ကမ္ဘာ့သမိုင်းဆိုတာ
လွတ်လပ်ခွင့်ကို သိစိတ်တိုးတက်မှု
မှတပါး အခြားမရှိလို့ သူက
ရေးသားခဲ့ပါတယ်။ ဒီလိုစဉ်းစားမယ်
ဆိုရင်တော့ Phenomenology
ဆိုတာ
ကြမ်းတမ်းသော ကမ္ဘာထဲမှာ
ဖြတ်သန်းရာကနေ ကိုယ်ပိုင်
ဗဟုသုတနဲ့ လွတ်လပ်ခွင့်တွေ
ရှိလာပြီး၊ စကြာဝဠာရဲ့
အရှင်သခင်လို့ သူ့ဘာသာသူ
အသိအမှတ် ပြုသွားသော စိတ်ရဲ့
သမိုင်းကို ခြေရာကောက်တဲ့
ဒဿနိကဗေဒရဲ့ ကဗျာရှည်တပုဒ်လို့
ဆိုနိုင်ပါတယ်။
ဟီဂယ်ရဲ့
ဒဿနိကဗေဒမှာ ဆိုးဝါးတဲ့
နောက်ဆက်တွဲပြဿနာတခု ရှိပါတယ်။
သမိုင်းကြောင်း အားလုံးဟာ
သူ့ရဲ့ ကိုယ်ပိုင်သဘောသဘာဝကို
နားလည်စေတဲ့ ပန်းတိုင်ကို
ဦးတည်သော စိတ်ရဲ့ ပုံပြင်ဆိုရင်
ဒီပန်းတိုင်ဟာ Phenomenology
ပြီးပြည့်စုံသွားမှသာ
ရောက်ရှိမယ့် ပန်းတိုင်ဖြစ်ပါတယ်။
ဟီဂယ်ရဲ့ စိတ်သဘာဝအရဆိုရင်
စိတ်ဟာ သူ့ရဲ့ သဘောသဘာဝဆောင်လာချိန်မှာ
သမိုင်းရဲ့ နောက်ဆုံးအဆင့်ကို
ရောက်ရှိသွားနိုင်ပါတယ်။
ကျွန်ုပ်တို့အတွက် ဒါဟာ
ထူးခြားတဲ့ ဆန်းကြယ်မှုတွေ
ဖြစ်လာစေနိုင်ပါတယ်။ ဒီလို
နောက်ဆက်တွဲ ပြဿနာတွေကြောင့်
ဟီဂယ်ရဲ့ ဒဿနိကဗေဒနဲ့ သမိုင်းကို
ပေါင်းစပ်ထားမှု သဘောတရားဟာ
အချိန်အတန်ကြာအောင်
ရေရှည်ခေတ်မစားပဲ ဖြစ်သွားတာပါ။
ဒါပေမယ့်လဲ မာ့က်စ်ငယ်စဉ်တုန်းကတော့
ဒါကို အလေးအနက် အတော်ထားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
universal mind ကို
အရာဝတ္ထုအားလုံးရဲ့
အဆုံးစွန်အမှန်တရား ဆိုတာနဲ့
ပတ်သက်ပြီး ငြင်းပယ်ခဲ့ရင်တောင်
Phenomenology ရဲ့
တစိတ်တဒေသကိုတော့ သိနားလည်ရမှာ
ဖြစ်ပါတယ်။ universal
mind ကို
လူတွေရဲ့ စိတ်တွေအားလုံးကို
စုပေါင်းခေါ်ဝေါ်တဲ့ အဆိုတရပ်လို့
သတ်မှတ်ပြီး၊ Phenomenology
ကို
လူသားလွတ်မြောက်ရေး
နည်းလမ်းအဖြစ်လဲ အဓိပ္ပာယ်
ဖွင့်ဆိုနိုင်ပါတယ်။ ဒီအခါမှာ
စိတ်ရဲ့ ပုံပမာတွေဟာ
လူသားဝိဥာဉ်ရဲ့ ပုံပမာတွေ
ဖြစ်လာနိုင်ပါတယ်။
ဒါက
ဟီဂယ်သေဆုံးပြီးနောက်ပိုင်း
ဆယ်စုနှစ်ကာလတခုမှာ
ပေါ်ထွက်လာခဲ့တဲ့ ငယ်ရွယ်သော
ဟီရယ်လီယန်ဆိုတဲ့ ဒဿနိကဗေဒ
ပညာရှင် အုပ်စုတခုရဲ့
ကြိုးပမ်းချက်ဖြစ်ပါတယ်။
ဟီဂယ်ကို အစွန်းရောက်
ဖွင့်ဆိုချက်များအရ
လူ့အဖွဲ့အစည်းဟာ ကမ္ဘာလောကထဲက
စိတ်တွေအပေါ်မှာ အခြေတည်ထားတာကြောင့်
အရာအားလုံးက မှန်ပြီး၊
ကြောင်းကျိုးဆီလျော်မှု
ရှိတယ်လို့ ဆိုကြပါတယ်။
ဟီဂယ်ရဲ့ ရေးသားချက်တွေထဲမှာလဲ
ဒါကို ပံ့ပိုးတဲ့ စာပိုဒ်တွေ
အများအပြားပါဝင်ပါတယ်။
အဲဒီအချိန်မှာတုန်းက
ဟီဂယ်က ပါရှန်းနိုင်ငံတော်ကို
စိတ်ရဲ့ အကြီးမြတ်ဆုံး
ပေါ်ထွန်းရှင်သန်မှုအဖြစ်
အသိအမှတ်ပြုထားခဲ့ပါတယ်။
ပါရှန်းနိုင်ငံတော်ဟာ ဟီဂယ်ကို
ဘာလင်မှာ ဒဿနိကဗေဒ ပါမောက္ခ
အဖြစ် လစာပေးခန့်အပ်ထားတာ
ဖြစ်တဲ့အတွက် ဒီစာပိုဒ်တွေရေးသားပြီး၊
ဟီဂယ်က သူ့ရဲ့ကိုယ်ပိုင်
ဒဿနကို သူကိုယ်တိုင်သစ္စာဖောက်ထားကြောင်း
ရှုမြင်သုံးသပ်မှုတွေဟာ
အံ့သြဖွယ်ရာ မဟုတ်ကြောင်း
ငယ်ရွယ်သော ဟီဂယ်လီယန်များက
သတ်မှတ်ကြပါတယ်။ ဒီလိုသတ်မှတ်သူတွေထဲမှာ
မာ့က်စ်လဲ ပါဝင်ခဲ့ပါတယ်။
မာ့က်စ်ရဲ့ ဒေါက်တာဘွဲ့ယူစာတမ်းမှာ
အကယ်၍ ဒဿနိကဗေဒပညာရှင်ဟာ
အလျှော့အတင်း၊ အပေးအယူ
အမှန်တကယ် လုပ်ခဲ့ရတယ်ဆိုရင်
သူ့ရဲ့ superficial
expression ကို
အမှန်တကယ်သိအောင် ဖော်ထုတ်နိုင်ရေးဟာ
နောက်လိုက်တွေရဲ့ အလုပ်တာဝန်လို့
မာ့က်စ်က ရေးသားဖော်ပြထားခဲ့ပါတယ်။
ငယ်ရွယ်သော
ဟီဂယ်လီယန်တွေက ဟီဂယ်
ဒဿနိကဗေဒရဲ့ superficial
expression ဟာ
(၁၉)
ရာစု
အစောပိုင်းကာလ ပါရှန်းနိုင်ငံရေး၊
ဘာသာရေးနဲ့ လူ့အဖွဲ့အစည်းကို
လက်ခံရေးဖြစ်ပြီး၊ inner
core ကတော့
alienation
ကျော်လွှားနိုင်ရေးလို့
သုံးသပ်ကြပါတယ်။
ကိုယ်တိုင်နားလည်သိစိတ်ရှိလာပြီး၊
လွတ်လပ်ခွင့်ကို အတားအဆီးပြုနေသော
စိတ်ရှုပ်ထွေးဖွယ်ရာများမှ
ကိုယ်ပိုင်သိစိတ်နဲ့ လွတ်မြောက်
လာခြင်းကို alienation
ကျော်လွှားနိုင်မှုလို့
သတ်မှတ်ကြပါတယ်။
မာ့က်စ်ဟာ
ဘာလင်မှာ ကျောင်းတက်ပြီး
နှစ်နှစ်ခန့်ကြာချိန်လောက်မှာပဲ
သီအိုလော်ဂျီသင်တဲ့ ကတိက
Bruno Bauer
ဆိုသူနဲ့
အတော်ပဲ ရင်းနှီးသွားခဲ့ပါတယ်။
ဘရူနိုဟာ ငယ်ရွယ်သော ဟီဂယ်လီယန်
တယောက် ဖြစ်ပါတယ်။ သူ့ရဲ့
လွှမ်းမိုးမှုကြောင့် မာ့က်စ်ဟာ
orthodox christian religion
ကို
လူသားရေးရာ ကိုယ်ပိုင်နားလည်မှုမှာ
ရပ်တန့်ပိတ်ဆို့နေတဲ့
အကြီးမားဆုံး illusion
တရပ်လို့
သတ်မှတ်လာခဲ့ပါတယ်။ ဒီလို
illusion ကို
တိုက်ခိုက်နိုင်တဲ့ အကြီးမားဆုံး
လက်နက်ကတော့ ဒဿနိကဗေဒ လို့
သူက ယူဆခဲ့ပါတယ်။
မာ့က်စ်ရဲ့
ဘွဲ့ယူစာတမ်းမှာ ဒဿနိကဗေဒမှာ
လျှို့ဝှက်ချက်တွေ မရှိဘူး။
Prometheus
ဆိုခဲ့တဲ့
ဘုရားတွေအားလုံးကို
ပြန်လည်ဆန်းစစ်နေတယ် ဆိုတဲ့
အဆိုဟာ သူမရဲ့ ကိုယ်ပိုင်အဆိုပြုချက်ဖြစ်ပြီး၊
လူသားတွေရဲ့ ကိုယ်ပိုင်အသိဥာဏ်ကို
အမြင့်မားဆုံး ကိုးကွယ်စရာလို့
အသိအမှတ်မပြုတဲ့ ဘုရားတွေအားလုံးကို
ဆန့်ကျင်မှုဟာ သူမရဲ့
ကြွေးကြော်သံဖြစ်တယ်။
လူသားတွေရဲ့ ကိုယ်ပိုင်
အသိဥာဏ်က လွဲရင် တခြားဘာအရာမှ
မရှိဘူးလို့ ရေးသား
ဖော်ပြထားခဲ့ပါတယ်။
ငယ်ရွယ်သော
ဟီဂယ်လီယန်များရဲ့ ကျင့်သုံးတဲ့
နည်းစနစ်အတိုင်း၊ Bauer
နဲ့
မာ့က်စ်တို့ဟာ ဘာသာရေးဆိုင်ရာ
ဝေဖန်မှုတွေမှာ ပိုပြီးအစွန်းရောက်တဲ့
ကောက်ချက်ချမှုတွေ
ပြုလုပ်လာခဲ့ကြပါတယ်။
ဘာသာရေးအယူအဆတွေအရ ဘုရားသခင်က
ကောင်းကင်ဘုံမှာနေတယ်
ဆိုခြင်းဟာ၊ လူသားတွေရဲ့
ဖြစ်တည်မှုကို ပိုမိုနိမ့်ကျမှုနဲ့
တန်ဖိုးမဲ့မှုကို ဖော်ပြရာ
ရောက်တယ်လို့ သူတို့က ယူဆပါတယ်။
ဘာသာတရားက လူတွေရဲ့ သဘာဝကို
လိုအပ်တဲ့ သဘာဝဖြစ်တဲ့
ကောင်းကင်ဘုံနဲ့ မလိုအပ်တဲ့
သဘာဝဖြစ်တဲ့ မြေကြီးဆိုပြီး
ခွဲခြားထားကြောင်းနဲ့
ဒီလိုခွဲခြားမှုတွေကြောင့်
လူသားတွေဟာ သူတို့အမှန်တကယ်
နေထိုင်နေတဲ့ ကမ္ဘာနဲ့
ဖြစ်တည်မှုတွေကနေ စိတ်ပိုင်းဆိုင်ရာအရ
သွေဖည် နေကြောင်း ဆိုထားကြပါတယ်။
ဟီဂယ်က
ဒီအကြောင်းအရာတွေကို လူသားတွေရဲ့
ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာ
သွေဖည်မှု အကြောင်းတွေ
ရေးသားရာမှာ ထည့်သွင်းဖော်ပြထားပေမယ့်၊
လက်တွေ့ကောက်ချက်ချမှုတော့
မပြုလုပ်ခဲ့ပါဘူး။ Bauer
က
ကျယ်ကျယ်ပြန့်ပြန့်
တွေးတောအဆိုပြုလာခဲ့တာ
ဖြစ်ပါတယ်။ သူ့အဆိုမှာ
ဘုရားသခင်ဆိုတာ လူသားတွေက
သူတို့နဲ့ မတူညီတဲ့ တည်ရှိမှု
တစုံတရာအဖြစ် ဖန်ဆင်းထားတာ
ဖြစ်တဲ့အတွက်၊ အမြင့်ဆုံး
ကိုးကွယ်စရာအဖြစ် မသတ်မှတ်သင့်ကြောင်း
ဖော်ပြထားပါတယ်။ ဒီအတွေးအခေါ်က
လက်တွေ့ လုပ်ငန်းတာဝန်တရပ်ကို
ထပ်မံပြဌာန်းလာပါတယ်။
ဘာသာရေးကို ဝေဖန်ခြင်း၊
ဘုရားသခင် ဆိုတာ လူက
ဖန်ဆင်းထားကြောင်းကို
လူအများအား သက်သေပြခြင်း
စတာတွေနဲ့ လူသားတွေရဲ့
ဘုရားသခင်ကို ကိုးကွယ်ယုံကြည်မှုကနေ
တဆင့် ဖြစ်ပွားလာတဲ့ လက်တွေ့
လူ့ဘ၀မှ သွေဖည် တွေးခေါ်မှုတွေကို
ရပ်တန့်ရန် ဖြစ်ပါတယ်။
ငယ်ရွယ်သော
ဟီဂယ်လီယန်တွေက ဟီဂယ်ရဲ့
ဒဿနိကဗေဒဟာ ပြီးပြည့်စုံတယ်လို့
မယူဆကြပါဘူး။ ရှုပ်ထွေးနက်နဲမှုတွေ
ရောထွေးပါဝင်နေတယ်လို့လဲ
သုံးသပ်ကြပါတယ်။ လက်တွေ့ဘ၀နဲ့
ကိုက်ညီ အောင် ပြန်ဆိုရေးသားမယ်ဆိုရင်တော့
စိတ်ဆိုတာကို လူသားတွေရဲ့
ကိုယ်ပိုင်သိစိတ်၊ အသိဥာဏ်လို့
အဓိပ္ပာယ်ကောက်ယူနိုင်ကြောင်း
ဆိုကြပါတယ်။ သမိုင်းရဲ့
ရည်မှန်းချက်ပန်းတိုင်ဟာ
humanity ရဲ့
လွတ်မြောက်ရေးဖြစ်ပြီး၊
religious illusion
တွေကို
မကျော်လွှားပဲ ဒီပန်းတိုင်ကို
မရောက်နိုင်ဘူးလို့ သူတို့က
ယူဆခဲ့ကြပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
မူရင်းစာအုပ်အမည် -
Marx: A Very Short Introduction
စာအုပ်ရေးသားသူ
- Peter Singer
စာအုပ်ထုတ်ဝေနှစ် -
၁၉၈၀
(ပထမအကြိမ်)၊
၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
ဘာသာပြန်သူ -
ခင်မမမျိုး
(၂၈၊
၁၊ ၂၀၁၃)
No comments:
Post a Comment