နိုင်ငံတစ်နိုင်ငံရဲ
့ လွှတ်တော်ထဲမှာ ဒီလို စကားမျိုးတွေ ပြောနေကြတဲ့ အမတ်မင်းများ ဒီလောက်
အရည်အချင်း ညံ့ဖျင်းလွန်းတာ အံ့သြလွန်းလို့ ၊ ဒီလိုလူမျိုးတွေ လွှတ်တော်ထဲ
ရှိနေသမျှ တိုင်းပြည်နဲ့  လူမျိုးအတွက် ရင်လေးစရာပါဘဲ။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး မြင့်လှိုင်က "လယ်သမားတွေ ကြွေးဆပ်ဖို့ ထမင်းတစ်နပ် လျှော့စားကြပါ" တဲ့။
အတော့်ကို ကိုယ်ချင်းစာတရားမရှိ လက်လွတ်စပယ်ပြောရဲတဲ့ စကားဘဲ။
ဝန်ကြီးတစ်ယောက်လုပ်နေပြီး မြန်မာနိုင်ငံ ခေတ်အစဉ်အဆက်ဆက် ကျေးဇူးရှင်လို့ 
သတ်မှတ်ထဲ့ကြတဲ့ တောင်သူလယ်သမားများရဲ့  ဘဝတိုးတက်ဖို့ 
လယ်ယာမြေလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့ အတွက် သင့်လျော်တဲ့
ထောက်ပံ့ကူညီမှုတွေကိုတော့ မလုပ်ဆောင်ပေးဘဲ၊ တောင်သူလယ်သမားတွေခမြာ
လယ်မြေတွေ မတရားအသိမ်းခံနေရတဲ့၊ မရိုးသားသော ချေးငွေများ မြင့်မားသော
အတိုးနှုန်းများနဲ့  လည်မြိုကို ညစ်သတ်မှု ခံနေရတဲ့ကြားထဲ ထမင်းတစ်နပ်ပါ
လျှော့စားဆိုတော့ လူစိတ်မရှိတဲ့ မြင့်လှိုင်ဘဲ။
ဒီလို လူငနွားတွေက ပြောခဲ့တဲ့ စကားတွေကို ပြန်ကောက်ကြည့်ရင် -
နားဂစ်မုန်တိုင်းဘေးဒဏ်သင့် ပြည်သူလူထုကို “ချောင်းတွေ မြောင်းတွေက ငါးတွေ
ဖားတွေ ရှာစားကြ” ၊ လျှပ်စစ်မီးတွေ မလာလွန်းလို့  အမှောင်ဘဝထဲ နေ့ စဉ်နဲ
့အမျှ နေထိုင်နေကြရ တဲ့ ပြည်သူလူထုက ဆန္ဒတွေ ထုတ်ဖေါ်ပြသတော့ "မီးမလာရင်
ဖယောင်တိုင်ထွန်းနေကြ” နဲ့  ပြောဆိုကြသလို၊ နိုင်ငံအရေး
တိုင်းသူပြည်သားများ အရေး ဝေဖန်သုံးသပ် ဆွေနွေး အဖြေရှာ ပြောဆိုကြရမယ့်
ပြည်သူ့ လွှတ်တော်ထဲမှာ "လွှတ်တော်ထဲမှာ နိုင်ငံရေးစကား မပြောရ" “သမ္မတကြီး
စိတ်ညစ်စေမယ့် မေးခွန်းတွေ မမေးရ” "ချောင်ပိတ်မယ့် အဆိုတွေတော့ မတင်ကြနဲ့"
ပြောဆိုတာတွေဟာ ပြောဆိုသူတွေဟာ တိုင်းကျိုးပြည်ကျိုးအတွက်
ဦးထိပ်ထားဆောင်ရွက်ရတဲ့ လွှတ်တော်ထဲမှာ မနေကြပါနဲ့ ၊ ပြည်သူ
့လွှတ်တော်ကိုယ်စားလှယ် မလုပ်နေကြပါနဲ့ လို့  ပြောရမှာပါဘဲ။
"လယ်သမားတွေ ကြွေးဆပ်ဖို့ ထမင်းတစ်နပ် လျှော့စားကြပါ" လို့ ပြောတဲ့ လယ်ယာ
စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး မြင့်လှိုင်သာ
ပြည်သူလူထုက (လွှတ်တော် အမတ်လစာနဲ့ ) ကျွေးမွေးနေတဲ့ မသထာရေစာကို မြိုဆို
့ပြီး နေနေတာကိုသာ ရပ်တန့် ဖို့  ပြော ဆိုလိုက်ရပါတယ်။
Posted by Nik Nayman
((( ရယ်စရာ မဟုတ်ပါ )))
ပြည်ခိုင်ဖြိုးပါတီ မှ ပညာရှင် ၂ ဦး၏ ကမ္ဘာကျော် အဆိုအမိန့်များ
"လယ်သမားများ ထမင်းတစ်နပ်လျှော့စားပါ"
ဦးမြင့်လှိုင်-လယ်ဆယ် ၀န်ကြီး
------------------------------ ------------------------------ --------------
"အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့"
ဦးအောင်သိန်းလင်း-
( ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ် ရေး ကော်မတီဥက္ကဋ္ဌ )
------------------------------ ------------------------------ ------------------------------ ----
ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန်၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော
January 29, 2013
မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်း အား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်း ရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ် ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။
““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့ ဒေသခံပြည်သူတွေခများမှာလည်း အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီ ဒီလိုမျိုး အနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ေ ၀ဖန်ချက်ကလုံးဝအဓိပ္ပာယ် မရှိဘူး””ဟု ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်နှင့် တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဌာနမှ ကချင်အရေးနှင့်ပတ်သက် သော ထုတ်ပြန်ချက်၌လည်း တိုက် ပွဲများကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေး အရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိကန်ပြည် ထောင်စုမှပြင်းထန်စွာကန့်ကွက် ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှကျူးလွန်သည် များအား ဖော်ပြခြင်းမရှိဘဲ အစိုး ရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည် အား ပြင်းထန်စွာကန့်ကွက်ပယ်” ချပါကြောင်း ထုတ်ပြန်ခဲ့သည်။
(ခန့်ခန့်-ဒဿနိက/Hot News)
ပြည်ခိုင်ဖြိုးပါတီ မှ ပညာရှင် ၂ ဦး၏ ကမ္ဘာကျော် အဆိုအမိန့်များ
"လယ်သမားများ ထမင်းတစ်နပ်လျှော့စားပါ"
ဦးမြင့်လှိုင်-လယ်ဆယ် ၀န်ကြီး
------------------------------
"အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့"
ဦးအောင်သိန်းလင်း-
( ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလ
------------------------------
ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန်၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန
January 29, 2013
မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်း
““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့ ဒေသခံပြည်သူတွေခများမှာလည်း အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီ ဒီလိုမျိုး အနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ေ
အမေရိကန်နိုင်ငံခြားရေး ဌာနမှ ကချင်အရေးနှင့်ပတ်သက် သော ထုတ်ပြန်ချက်၌လည်း တိုက် ပွဲများကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေး အရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိကန်ပြည် ထောင်စုမှပြင်းထန်စွာကန့်ကွက် ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှကျူးလွန်သည် များအား ဖော်ပြခြင်းမရှိဘဲ အစိုး ရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည် အား ပြင်းထန်စွာကန့်ကွက်ပယ်” ချပါကြောင်း ထုတ်ပြန်ခဲ့သည်။
(ခန့်ခန့်-ဒဿနိက/Hot News)
No comments:
Post a Comment