မြန်မာပြည်၊ရဝမ်ဒါနှင့်ကျွန်မ၏အတွေးစများ
ကျွန်မတို့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘာဖြစ်လို့မြန်မာပြည်မှာအထူးသဖြင့်ယခုလက်ရှိကချင်ပြည်န ယ်မှာသဘောတူညီမှူတစုံတရာရရှိ ခဲ့ပြီးမှတိုင်းရင်းသားပြသနာတွေပြန်ပြီးဖြစ်ပေါ်နေသလဲဆိုတာကိုသုံးသပ်ကြည့်ရင်အားနဲ ချက်က "Shared values, goals and institutions" တွေနဲ့တည်ဆောက်ထားတဲ့ peace agreement တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်တွေမဟုတ်ခဲ့လို့ပါ။ (မှတ်ချက်။။ကျွန်မသုံးသပ်ရာမှာရှူထောင့်တခုကနေသုံးသပ်ချက်တခုကိုဆွဲထုတ်ထားခြင်းဖြစ်ပါတယ်)
ရဝမ်ဒါအရေးအခင်းကိုလေ့လာရင် အထူးသဖြင့်ကိုလိုနီစနစ်ဆိုး တွေကြောင့်မျိုးရိုးစဉ်ဆက်မ ယုံကြည်မှူ၊ အမုန်းတရားတွေကိုတွေ့ရပါတယ်
သင်ခန်းစာဘယ်လိုယူမလဲဆိုတာေ လ့လာနိုင်အောင်ကျွန်မလေ့လာထားသလောက်အကျဉ်းချုံးပြန်လည် ဝေမျပေးလိုက်ပါတယ်။ ရဝမ်ဒါအရေးအခင်းကိုလေ့လာရင် မီဒီယာတွေမှာ၁၉၉၄ခုနှစ်ကမီး လောင်ရာလေပင့်တဲ့အသုံးအနှုန်းတွေ၊အမုန်းတရားကိုအချင်းချင်းကြားပြန့်ပွါးအောင်လုပ် ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ ၁၉၂၆ခုနှစ်မှာဘယ်လ်ဂျီယံတွေ အုပ်ချုပ်ခဲ့တာမှာအချင်းချင်းသင့်မြတ်စွာနေလာခဲ့တဲ့ ( Tutsi )တူဆီတွေနဲ့ဟူတု ( Hutu )တွေကြားမှာသွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။ နိုင်ငံသားကတ်တွေကိုလုပ်ပြီးခွဲခြားဆက်ဆံတဲ့ပုံစံကိုကျ င့်သုံးခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုအချင်းချင်းကြားသွေးခွဲပြီးအမြတ်ထုတ်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒိရဲ့အကျိုးဆက်ကဒုတိယကမ္ဘာ စစ်ပြီး၁၉၅၀မှာဟူတုနဲ့တူဆီေ တွကြားရန်သူတွေဖြစ်လာပါတော့ တယ်။ဘယ်လ်ဂျီယံတွေရဲ့အုပ်ချုပ်ရေးပေါ်လစီတွေဟာပြသနာကို ဖြေလျှော့တာထက်ပိုပြီးပြင်း ထန်လာစေပါတယ်။ဘယ်လ်ဂျီယံအုပ်ချုပ်သူတွေဟာ crisis ပြသနာ တွေဖြစ်လာတဲ့အခါမှာတော့ဘက်ေ ပြာင်းခဲ့ပါတယ်။၁၉၆၂၀ဟူတုတွေအာဏာရလာပြီးတဲ့အခါဘယ်လ်ဂျီ ယံအုပ်ချုပ်သူတွေဟာအာဏာလွှဲေ ပြာင်းပေးပြီးနိုင်ငံရေး၊စီးပွါးရေးနဲ့လူမှူဆက်ဆံရေးတွေ မှာအမျိုးမျိုးမိုနိုပိုလီလုပ်ပြီးအကျိုးအမြတ်ရအောင်လု ပ်ဆောင်မြဲလုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ပြသနာကမပြီးပဲအ သက်ပေါင်းမြောက်များစွာဆုံး ရှုံးမှူကြီးတွေဟာဟူတုနဲ့တူဆီတွေကြားဆက်လက်ဖြစ်ပေါ်လာခဲ့ ပါတယ်။ အပြန်အလှန်အာဏာလုပြီးသတ်ကျတာ၁၉၇၂မှာဟူတုလူမျိုးတွေဟာတူ ဆီလူမျိုး တွေကိုလူပေါင်း ရှစ်သိန်းခန့်စနစ်တကျသုတ်သင်မှူကြီးဖြစ်ပေါ်လာခဲ့တာဟာကမ္ဘာမှာတုန်လှုပ်စရာအဖြစ်ဆိုးကြီးအဖြစ်ကျန်ရစ်ပါတော့တယ်။ဂျူလှိုင်၁၉၉၂မှာအပြစ်ရပ်ပြီြး ငိမ်းချမ်းရေးအတွက်ဆွေးနွေး ပွဲတွေလုပ်ဆောင်လာခဲ့ပါတယ်။ ဒီစစ်ပွဲတွေရဲ့ရလဒ်အဖြစ်အဆုံးသတ်မှာလူပေါင်းခြောက်သိန်းစစ်ပြေးဒုက္ခသယ်အဖြစ်ရဝမ်ဒါ မှာကျန်ရစ်ခဲ့ပါတယ်။ တဖက်မှာငြိမ်းချမ်းရေးလုပ်ေ ဆာင်စဉ်မှာပဲရဝမ်ဒါသမ္မတဟာဟူ တုတွေနဲ့ပြိုင်ဖက်ဖြစ်လာမဲ့ လူတွေနဲ့တူဆီတွေကိုရှင်းလင်းသုတ်သင်ခဲ့ပါတယ်။ ၁၉၉၃ဩဂုတ်မှာအစိုးရနဲ့လက်နက်ကိုင်အဖွဲ့ ( Rwandan Patriotic Army - RPA ) တွေဟာသဘောတူညီချက်ထပ်ယူခဲ့ေ ပမဲ့သမ္မတရဲ့အရင်ကလုပ်ရပ်တွေ ကြောင့်သံသယကြီးထွားဆဲဖြစ်ေ နခဲ့ပါတယ်။သမ္မတ္မလုပ်ကြံခံရတဲ့အခါမှာတော့တူဆီတွေအပေါ်ဟူတုတွေဟာအညိုးတကြီးပြန်တိုက်ခဲ့ကျပါတယ်။ အာဏာခွဲဝေသုံးစွဲခြင်း ကိုလက်ခံတဲ့သဘောထားပျော့ပြောင်းတဲ့ဟူတုတွေပါတူဆီတွေနဲ့ အတူအသတ်ခံခဲ့ရပါတယ်။ဒီလိုသတ်ဖြတ်မှူတွေအပြန်အလှန်လုပ်နေ ကျပေမဲယူအန် ( UN ) ဟာဘာမှလုပ်ဆောင်ပေးနိုင်ခဲ့ တာမရှိပါ။ ရဝမ်ဒါမျိုးချစ်စစ်တပ်လို့အ ဓိပ္ပါယ်ဖော်ဆောင်နိုင်တဲ့ ( RPA )ဟာနောက်ဆုံးမှာမိမိကိုယ်ပိုင်ရုန်းကန်အားထုတ်မှူနဲ့ဒီစ စ်ပွဲကြီးကိုအောင်နိုင်ခဲ့ပါတယ်။ဒီစစ်ပွဲကိုကျွန်မလေ့လာကြည့်တော့စစ်ရဲ့ရလဒ်အဖြစ်ရ ဝမ်ဒါဟာဆင်းရဲမွဲတေမှူ၊စာမတတ်မြောက်မှူကိုရရှိခဲ့ပါတယ်။ြ ပန်လေ့လာကြည့်ရင်ဘယ်လ်ဂျီယံ အုပ်ချုပ်ခဲ့သူတွေဟာအာဏာလွှဲ ပြောင်းပေးခဲ့စဉ်ကတည်ငြိမ်ေ စ့စပ်သေချာတဲ့အသွင်ကူးပြောင်းရေး (secure Transition )ကိုမလုပ်ခဲ့ပဲသွေးခွဲဆက်ဆံ ရေးကိုသာဆက်လက်ကျင့်သုံးခဲ့ တာကိုတွေ့ရပါတယ်။ အဓိကတရားခံဖြစ်တဲ့ကိုလိုနီစ နစ်ရဲ့အမွေဆိုးကြောင့်အချင်းချင်းအမုန်းတရားတွေနဲ့သွေး ကွဲပြီးပြသနာတွေဖြစ်ပေါ်ခဲ့တာကိုတွေ့ရပါတယ်။ကျွန်မတို့နိုင်ငံမှာလဲယခုအချိန်အထိဒီကိုလိုနီစနစ်ရဲ့အကျိုးဆက်တွေ ကိုခံစားနေရဆဲဆိုတာကိုတော့ေ သချာလေ့လာရင်ခံစားသိရှိလာကျ မှာကျိန်းသေပါတယ်ရှင်
(ဥမ္မာဦး)
Ref: Democracy and Deep-Rooted Conflict: Options for Negotiators
: Preventing Violent Conflicts: A Strategy for Preventive Diplomacy
ကျွန်မတို့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီ
ရဝမ်ဒါအရေးအခင်းကိုလေ့လာရင်
သင်ခန်းစာဘယ်လိုယူမလဲဆိုတာေ
(ဥမ္မာဦး)
Ref: Democracy and Deep-Rooted Conflict: Options for Negotiators
: Preventing Violent Conflicts: A Strategy for Preventive Diplomacy
No comments:
Post a Comment