ရန်ကုန်-ဇူလိုင်၁၁
၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်တွင် ကျရောက်သော (၂၅)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံငွေရတု အခမ်းအနားကြီးကို
ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ၊ဒီမိုကရေစီ
အင်အားစုများ အားလုံး တွေ့ဆုံ ညှိနိုင်းဆွေးနွေးခြင်းဖြင့်နိုင်ငံရေးအနှစ်သာရ
ပြည့်ဝစွာ ကျင်းပ မည်ဖြစ်သည်။
အဆိုပါ ငွေရတုအခမ်းအနားသို့ ရှစ်လေးလုံးမှသည် ကန်ဆောင်သပိတ်၊
ရွှေဝါရောင်တော်လှန်ရေးနှင့် ယနေ့ထိတိုင် သာသနာအကျိုး၊
နိုင်ငံ့အကျိုးများကို ဆောင်ရွက်လျက်ရှိကြသော ဆရာတော် သံဃာတော်များ
ကြွရောက်နိုင်ရေးအတွက် ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊
ကိုဂျင်မီနှင့်ကျင်းပရေးကော်မတီ ဝင်များသည်
ဆရာတော်သံဃာတော်များ သတင်းသုံးနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျုက္ကဆံ
ဓမ္မပီယ သာသနာရိပ်သာကျောင်းတိုက်သို့ ဇူလိုင်လ၊ ၉ ရက်တွင် လည်းကောင်း၊
ဇူလိုင်လ ၁၀ ရက်တွင် ပုဇွန်တောင်မြို့နယ်ရှိ
ရွှေဘုန်းပွင့်ကျောင်းတိုက်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေတောင်ကျောင်းတိုက်တို့သို့ လည်းကောင်း သွားရောက်၍ ရှစ်လေးလုံး ငွေရတုအခမ်းအနားကြွရောက်ပေးပါရန် ပင့်ဖိတ်လွှာများ လျှောက်ထား ဆပ်ကပ်ခဲ့ကြသည်။ FROM-8888 silver jubilee FACEBOOK
အေးချမ်းမွန် Copy & Credit To >Popular Myanmar News Journal< Thank
Re-post By ACM 11-7-2013 (via Aye Chan Mon)
ရန်ကုန်-ဇူလိုင်၁၁
၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်တွင် ကျရောက်သော (၂၅)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံငွေရတု
ပြည့်ဝစွာ ကျင်းပ မည်ဖြစ်သည်။
အဆိုပါ ငွေရတုအခမ်းအနားသို့ ရှစ်လေးလုံးမှသည် ကန်ဆောင်သပိတ်၊ ရွှေဝါရောင်တော်လှန်ရေးနှင့် ယနေ့ထိတိုင် သာသနာအကျိုး၊ နိုင်ငံ့အကျိုးများကို ဆောင်ရွက်လျက်ရှိကြသော ဆရာတော် သံဃာတော်များ ကြွရောက်နိုင်ရေးအတွက် ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီနှင့်ကျင်းပရေးကော်မတီ
အေးချမ်းမွန် Copy & Credit To >Popular Myanmar News Journal< Thank
Re-post By ACM 11-7-2013 (via Aye Chan Mon)
No comments:
Post a Comment