နေ့စဉ်လုပ်နေကျ ပုံမှန် တန်းစီအလံအလေးပြုချိန်ဖြစ်တဲ့ မနက် ၇ နာရီအချိန်မှာ နိုင်ငံတော်လံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆာင်ကြီးများ၊ ဒီမိုကရေစီတော်လှန်ရေးအတွက်
အသေက်ပေးသွားသူများ အားလံးကို အလေးပြုတဲ့အချိန် တန်းစီကတည်းက အာဇာနည်နေ့
အထိမ်းအမှတ်အတွက် ၁၀ နာရီတိတိမှာ လူနာနဲ့ လူနာစောင့်ဆေးမှူး
တယောက်နှစ်ယောက်မှအပ တပ်ရင်းမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်အားလုံး တန်းပြန်စီရမယ်ဆိုတာ
သိထားလို့ အားလုံးက အဆင်သင့်ဖြစ်နေကြပါတယ်။ ၀ီစီသံ ကြားလိုက်တာနဲ့
အားလုံးက ယူနီဖေါင်းအပြည့်အစုံနဲ့ အလံတိုင်ရှိရာ ကွင်းထဲကို
ရောက်လာကြပါတယ်။ တပ်စုတပ်ဖွဲ့အသီးသီး ကွင်းထဲရောက်လာပြီးတဲ့ အခါမှာ စောစောက
အလံတိုင်ဖျားအထိ လွှင့်ထားတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အာဇာနည်နေ့
ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတိုင်တ၀က်အထိ
လျှော့ချနေတဲ့အချိန်မှာတော့
အားလုံးက လက်တင်ပြီး အလေးပြုနေကြပါတယ်။ နေ့စဉ် အလေးပြုတဲ့အတိုင်း
လွှင့်ထားတဲ့အထဲမှာမပါဘဲ စိတ်ကူးထဲက နိုင်ငံတော်အလံ၊
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံနဲ့ 
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆာင်ကြီးတွေကို
အလေးပြုခြင်းကို ၁၀ နာရီခွဲမတိုင်ခင်မှာ အပြီးလုပ်ပြီး
ဆယ်နာရီခွဲတဲ့အချိန်မှာတော့
ဗိုလ်ချုပ်တို့ စတင်ပစ်ခတ် ခံရတဲ့အချိန် ဆယ်နာရီ ၃၇ ခုနှစ်မိနှစ်မှာ
မြည်လာမည့် မြန်မာ့အသံက ဥသြဆွဲသံကို စောင့်ကြိုရန် အသင့်ပြင်ထားပြီး
အားလုံးက ရေဒယိုဖွင့်ပြီး ဥသြဆွဲသံကို သတိဆွဲလျှက် စောင့်နေကြပါတယ်။
သြဥဆွဲသံအဆုံးမှာ အလေးပြုကြမှာဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျွန်မတို့ တောတွင်း ABSDF တပ်ရင်း (၂၀၁) မင်းသမီးခန်းမှာ ကြုံခဲ့ရတဲ့ အာဇာနည်နေ့တုန်းကအကြောင်း ဖြစ်ပါတယ်။ ၁၀ နာရီခွဲတိတိမှာ ကျွန်မတို့ သတိဆွဲပြီး မြန်မာ့အသံက ဥသြဆွဲသံကို စောင့်နေလိုက်ကြတာ ၁၀ နာရီ ၃၇ ခုနှစ်မိနှစ် မကလို့ ၄၅ မိနှစ်အထိ ရောက်လာတာတောင် ရေဒယိုက ဘာဥသြဆွဲသံမှ မထွက်လာခဲ့ဘူး။ အရှေ့တည့်တည့်ကိုပဲ ကြည့်ပြီးသတိဆွဲနေရာကနေ အားလုံးက ခန္ဓာကိုယ်ကပဲ သတိအနေအထားမှာ ရှိပြီး မျက်လုံးတွေကိုတော့ ရေဒယိုက ဥသြဆွဲသံ ဘာကြောင့် မပေါ်လာသေးတာလဲ၊ ဘယ်တော့ ထွက်လာမလဲ ဥသြမဆွဲတော့ဘူးလား ဆိုတာတွေကို စူးစမ်းလိုဇောနဲ့ ရေဒီယိုရှိရာကိုပဲ အားလုံးက ပေကလပ် ပေကလပ်နဲ့ ကြည့်လာကြတယ်။ နောက်တော့ အရှေ့ကတပ်မှူးက သက်သာအနေအထား ပြန်နေဖို့ အားလုံးသက်သာ လို့အမိန့်ပေးလိုက်ပြီး ရေဒယိုက ဥသြဆွဲသံက နှစ်တိုင်းဆို ၃၇ မိနှစ်တိတိမှာ လာတယ် အခုဘာဖြစ်လို့လဲမသိဘူး မြန်မာ့အသံမှာ စက်တခုခု ချွတ်ယွင်းတာ ဖြစ်နိုင်တယ်၊ ကိုယ့်ဖါသာကိုယ်ပဲ အာဇာနည်ကြီးများ ကျဆုံးတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ခေတ္တငြိမ်ရအောင် ဆိုပြီး ပြန်အမိန့်ပေးလို့ အားလုံးက သတိဆွဲပြီး အာဇာနည်တွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥသြဆွဲသံမပါဘဲ ကိုယ့်အစီစဉ်နဲ့ကိုယ် ခေတ္တ ပြန်ငြိမ်လိုက်တယ်။
အဲဒီိလို ကိုယ့်အစီအစဉ်နဲ့ကိုယ် ၀မ်းနည်းတဲ့ အထိမ်အမှတ်အဖြစ် ငြိမ်သက်ပြီးတဲ့အချိန်မှာ ရုတ်တရက် တန်းမဖြုတ်သေးဘဲ မြန်မာ့အသံက ဥသြဆွဲသံ ပြန်လာလိမ့်မယ် မတော်တဆ အခန့်မသင့် ဖြစ်သွားတာပဲ ဖြစ်မယ် ဆိုပြီး အားလုံးက အစပိုင်းမှာ ဒီလိုပဲ ထင်နေကြတယ်။ အသံလွှင့်ရုံ စက်ပျက်နေလို့လည်း ဖြစ်နိုင်တယ် တော်ကြာ ဥသြပြန်ဆွဲရင် ဆွဲနိုင်တယ်ဆိုပြီး တကယ်လို့ ဥသြဆွဲသံ ရုတ်တရက် ပေါ်လာရင် အားလုံး ချက်ချင်း သတိပြန်ဆွဲကြမယ်ဆိုပြီး ကျွန်မတို့ အလံတိုင်ရှေ့မှာ စောင့်နေကြပါသေးတယ်။ ဒါပေမဲ့ ၁၁ နာရီ ထိုးပြီးတဲ့အထိလည်း ဥသြဆွဲသံ ပေါ်မလာတော့ တန်းဖြုတ်လိုက်ရတယ်။ တန်းဖြုတ်ပြီးတဲ့အချိန်မှာ အားလုံးက ဥသြမဆွဲတာ ဘာကြောင့်ဘာလိမ့်၊ မြန်မာ့အသံက အသံလွှင့်ဌာန စက်တခုခုများ ချွတ်ယွင်းတာလား၊ ဒါမှမဟုတ် အသံလွှင့်ရုံပဲ မီးလောင်နေပြီလား သူပုန်ဝင်စီးတာတော့ မဟုတ်လောက်ပါဘူး၊ အသံလွှင့်ရုံ ဘာများဖြစ်ပါလိမ့် စသည်ဖြင့် တယောက်တပေါက် ပြောနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို မေ့မရနိုင်တာ ဒီမိုကရေစီ လိုလားသူတွေမှ မဟုတ်ဘူး စစ်အာဏာရှင်တွေလည်း တပ်မတော်က တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ကို ဘယ်တော့မှ မေ့လိမ့်မယ် မထင်လို့ အစပထမမှာ တမင်ဥသြမဆွဲတာဖြစ်တယ်လို့ ဘယ်သူမှ မထင်ကြဘူး။ နောက်တော့မှ တယောက်က (ဘယ်သုဆိုတာ မမှတ်မိတော့ပါ) “ခါတိုင်းနှစ်တွေ ဒီလိုတခါမှ မဖြစ်ဘူး အခုမှ ဒီလိုဖြစ်တယ် ပြီးတော့ အသံလွှင့်တယ်ဆိုကတည်းက သေချာအောင် အရင် ကြိုတင် စမ်းသပ်ထားပြီးမှ လွှင့်တာ ဖြစ်လို့ စက်ပျက်တာလည်း မဖြစ်နိုင်ဘူး၊ အသံလွှင့်ရုံမှာ ပြဿနာတခုခု ကြုံတာလည်း မဖြစ်နိုင်ဘူး၊ သေချာတယ် ဒီယုတ်မာတဲ့ကောင်တွေ တမင် လုပ်တာဖြစ်ရမယ်” လို့ ပြောလိုက်တဲ့အချိန်မှာ “အေးဟုတ်တယ် ဖြစ်နိုင်တယ် ကြည့်စမ်း ဒီကောင်တွေ ဘယ်လောက်ယုတ်မာလဲဆိုတာ အာဇာနည်နေ့မှာတောင် ဥသြမဆွဲတော့ါဘူး” လို့ စခန်းကော်မတီထဲက ခေါင်းဆောင်တွေ အချင်းချင်း ပြောနေကြတယ်။ တချို့ကလည်း “ဟုတ်မယ်မထင်ပါဘူး နှစ်တိုင်းလုပ်နေကျပဲ သူတို့လည်း အာဇာနည်နေ့ကိုတော့ ဒီလိုတမင် လစ်လျူရှုမှာ မဟုတ်ပါဘူး တခုခုချွတ်ယွင်းလို့ပဲ ဖြစ်မှာပါ” ဆိုပြီး ပြောတဲ့သူကလည်း ပြောနေကြတယ်။
ကျွန်မကလည်း တမင်လုပ်တာမဟုတ်ဘူး မတော်တဆ တခုခု ဖြစ်သွားတာ ဖြစ်မယ်လို့ ထင်တဲ့ဘက်မှာ ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင် ဖြစ်တဲ့အတွက်လည်း စစ်သားတွေဟာ အရပ်သားတွေထက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို ပိုပြီးလေးစားလိမ့်မယ်လို့ အဲဒီတုန်းကအထိ ကျွန်မထင်ခဲ့တာအမှန်ပဲ။ တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့အာဇာနည်နေ့ကို တပ်မတော်က ဘယ်တော့မှ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ကျွန်မက လုံးဝ ယုံကြည်ခဲ့ပါတယ်။ အဲဒီနေ့က ကျွန်မတို့ ကိုယ်စီ ထင်ကြေးတွေ ပြောပြီးတန်းဖြုတ်လိုက်ခဲ့တ ယ်။
နောက်တော့ နောက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့
ဖမ်းတယ်ဆိုတဲ့ သတင်းကို ကြားလာရတယ်။ အာဇာနည်နေ့ ဥသြမဆွဲဖြစ်တာနဲ့
ပတ်သက်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ ရေဒယိုမှာ ဘာမှ ပြောသံဆိုသံ မကြားတော့
ဒါမတော်တဆ ဖြစ်တာမဟုတ်၊ တမင်ကို ဥသြမဆွဲတာ ဖြစ်ကြောင်းနားလည်လိုက်တယ်။
နောက်ပိုင်းကျတော့ ၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားအကြောင်းကို မြက်ခင်းသစ် မဂ္ဂဇင်းထဲမှာလား မြန်မာ့အလင်း သတင်းစာထဲမှာလားဆိုတာတော့ ကျွန်မ မမှတ်မိတော့ဘူး ကျွန်မဖတ်ခဲ့ရတယ်။ အဲဒီထဲမှာ ရေးထားတာက အဲဒီတုန်းက အာဇာနည်တွေရဲ့ မိသားစုတွေကို န၀တက အာဇာနည်ဗီမာန်ကို အတူတူ ချီတက်အလေးပြုဖို့ ကြိုတင် အကြောင်းကြားထားခဲ့တယ်။ အာဇာနည်နေ့မှာ တခြား အာဇာနည် ၈ ဦးရဲ့ မိသားစုတွေ အကုန်ရောက်လာကြပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုတွေ မရောက်လာလို့ အချိန်ပေးပြီး စောင့်နေခဲ့ပါသေးတယ်။ နောက်တော့ မရောက်လာတာနဲ့ ဆက်မစောင့်တော့ဘဲ လာတဲ့ အာဇာနည် မိသားစုတွေနဲ့ပဲ အလေးပြုလိုက်ရတယ်လို့ ရေးထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က န၀တလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မလာဘဲ NLD အနေနဲ့ သူ့အစီအစီနဲ့သူ သွားအလေးပြုတာတာဟာ အာဏာဖီဆန်ပြီး လူထုကို ဆူပူစေလိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်လို့ ရေးထားတာ တွေ့တယ်။ ဥသြမဆွဲဖြစ်တဲ့ အကြောင်းတော့ ဘယ်မှာမှ ရေးထားတာ မတွေ့ရဘူး။
ဒီတော့ ကျွန်မသိထားတာ အာဏာရှင်တွေဟာ အာဇာနည်နေ့မှာ ဥသြမဆွဲတော့ပေမဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ ၁၉၈၉ ခုနှစ်ကလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု မပါပေမဲ့ ကျန်တဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ နိုင်ငံတော် အခမ်းအနားအနေနဲ့ နှစ်တိုင်း ဆက်လုပ်နေသေးတယ်လို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မတို့ ဒီမိုကရေစီ လိုလားသူတချို့ ရေးတဲ့စာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း
လူမသိသူမသိဖြစ်လာပြီ အာဇာနည်နေ့ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့ ဆိုတာလည်း
လူငယ်တွေကြားမှာ ဘာလုပ်တဲ့နေ့မှန်းမသိ ဖြစ်လာကြပြီ၊ ငွေစက္ကူတွေမှာလည်း
ဗိုလ်ချုပ်ပုံ ပျောက်ကုန်ပြီလို့ ရေးထားတဲ့ စာတွေကို စတွေ့ရတုန်းက
ကိုယ်တိုင်မဆန်းစစ်ရရင် မယုံတတ်ဘဲ အကောင်းမြင်ဝါဒလည်း သိပ်ထားတတ်တဲ့
ကျွန်မဟာ ပိုက်ဆံမှာ ဗိုလ်ချုပ်ပုံ ပျောက်ကုန်တာတော့ လက်တွေ့မြင်နေရလို့
လွယ်လွယ်ကူကူ ယုံခဲ့ပြီး တခြား အကြောင်းအရာတွေ အပေါ်မှာတော့ အကောင်းဘက်ကပဲ
တွေးပြီး ဒါအစိုးရနဲ့ သိပ်ဆိုင်မယ်မထင်ဘူး၊ ကျောင်းတွေမှာ Educate
လုပ်လျက်နဲ့ လူငယ်တွေကိုယ်တိုင်က စိတ်မ၀င်စားလို့ ခေါင်းထဲမှာ မထားလို့လည်း
ဖြစ်နိုင်ပါတယ်လို့ အကောင်းဘက်ကပဲ အမြဲမြင်ပေးတတ်ပါတယ်။ ၆၂ နောက်ပိုင်း
သမိုင်းကိုပဲ ဖုံးကွယ်တာ ဖြစ်နိုင်တယ် ၆၂ မတိုင်ခင်နဲ့ လွတ်လပ်ရေး
လှုပ်ရှားမှု ကာလကသမိုင်းတွေကိုတော့ ဖုံးကွယ်စရာအကြောင်း မရှိဘူးလို့
ထင်ခဲ့ပါတယ်။ သို့ပေမဲ့ အခုဘလော့ဂ်ရေးတဲ့အချိန်မှာ
ဗိုလ်ချုပ်အောင်ဆန်းတို့အြေ ကာင်း
ပို့စ်တွေ တင်ပြီးနောက်ပိုင်း မှတ်ချက်နဲ့ C-Box တွေမှာ လာရေးတဲ့
တချို့လူငယ်တွေရဲ့ မှတ်ချက်တွေကို ကြည့်ပြီး ဒီအခြေအနေတွေဟာ တကယ်ပဲ
ဖြစ်နေတယ်၊ စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ အာဏာတည်မြဲရေးအတွက် သမိုင်းကို
တကယ်ပဲ လိမ်ညာ/ဖုံးကွယ်နေတယ်ဆိုတာ လုံးဝလက်ခံလိုက်ရတယ်။
ကျွန်မ ဘလော့ဂ်မရေးခင်က ဘလော့ဂ်တခုမှာ လူငယ်တွေက ကျန်စစ်သားဆိုတာ ဘယ်သူမှန်းမသိတော့ဘူး ဆိုတာနဲ့ ပတ်သက်ပြီး မှတ်ချက်တွေနဲ့ ဆွေးနွေးထားတာ တွေ့တုန်းကလည်း ကျွန်မမှာ အံ့သြလို့ မဆုံးဖြစ်ခဲ့ဖူးတယ်။ အခုတော့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင်
ကောင်းကောင်းမသိကြရင် ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗန္ဓုလတို့ကို
မသိကြတာ ဘာမှမဆန်းပါဘူးလို့ သဘောပေါက်သွားတယ်။ လူငယ်တွေ မိမိလူမျိုး၊
နိုင်ငံနဲ့ ဆိုင်တာကို မသိတာဟာလည်း လက်ရှိအုပ်စိုးနေသူ အစိုးရနဲ့ဆိုင်တယ်၊
အစိုးရမှာ အများကြီးတာဝန်ရှိတယ်ဆိုတာ လုံးဝလက်ခံသွားတယ်။ မြန်မာလူမျိုးက
မြန်မာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်းပြည်ရဲ့အခြေခံ
အကြောင်းအရာ လေးတွေကိုတောင် မသိထားရင် အမျိုး၊ ဘာသာ၊ သာသနာ ယဉ်ကျေးမှုကို
တန်ဖိုးထားတတ်ဖို့ မလွယ်ပါဘူး။ အာဏာရှင်တွေ မှိုင်းတိုက်ခံထားရပြီး
အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်ဖို့နဲ့ စောင့်လေမျိုးနွယ်လို့ တဖွဖွ
ပြောနေတဲ့ စစ်ဘက်အရပ်ဘက် လူငယ်တချို့ဟာ မြန်မာပြည်ရဲ့
နောက်ခံသမိုင်းကြောင်း၊ လွတ်လပ်ရေးပိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြား
သိသင့်သိထိုက်တဲ့ မြန်မာသူရဲကောင်းတွေရဲ့ အကြောင်း၊ မြန်မာပြည်က
အထွတ်အမြတ်ထားတဲ့ နေ့ကြီးရက်မြတ်တွေရဲ့ အကြောင်းကို မသိကြဘဲနဲ့
ဘယ်လိုလုပ်ပြီး မြန်မာရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်လို့
ရနိုင်မလဲဆိုတာ လူငယ်တွေ တကယ်ကို ဆန်းစစ်သင့်ပါတယ်။
ဥသြမဆွဲတဲ့ ပထမဦးဆုံး အာဇာနည်နေ့ဟာ 19/07/89 မှာ စခဲ့ပါတယ်။ ကျွန်မကတော့ ငယ်စဉ်ဘ၀က ဥသြမဆွဲတဲ့ အာဇာနည်နေ့ဆိုတာ မြန်မာပြည်မှာ တနေ့တချိန် ရှိလာလိမ့်မယ်လို့ စိတ်ကူး၊ အိပ်မက်ထဲမှာတောင် ဘယ်တုန်းကမှ မထင်ခဲ့ဖူးတာ အမှန်ပဲ။ အခုတော့ မထင်ခဲ့တာတွေက တကယ်ဖြစ်လာပြီး ဥသြဆွဲတာ ဘာအတွက်ဆိုတာ သိဖို့နေနေသာသာ အာဇာနည်နေ့ဆိုတာတောင် ဘာကြောင့် ဖြစ်လာရတယ်ဆိုတာ မသိတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ မျက်ဝါးထင်ထင် သိလာရချိန်မှာ ဥသြမဆွဲတဲ့ အာဇာနည်နေ့တွေအထဲမှာ ပထမဦးဆုံးနေ့ဖြစ်တဲ့ 19/07/89 တုန်းကတောင် ဒီလောက်ဝမ်းမနည်းခဲ့ပေမဲ့ အခု 19/07/10 မှာတော့ လူငယ်တွေက အာဇာနည်နေ့ကို မသိတဲ့အတွက်၊ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်က ကျယ်ကျယ်ပြန့်ပြန့် မလုပ်ပေးတာ့တဲ့အတွက်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရတဲ့အတွက်ပါ ပေါင်းပြီး ကျွန်မ အရင်ကထက် နှစ်ဆပိုပြီး ၀မ်းနည်းရပါတယ်။
၂၀၁၀ ခုနှစ် အာဇာနည်နေ့ အထိမ်းအမှတ်တင်ခဲ့တဲ့ ဘလော့ဂ်က ပို့စ် http:// nge-naing.blogspot.com.au/ 2010/07/blog-post_19.html ကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ ဒီနှစ်တော့ ၂၅ နှစ်မှာ ပထမဦးဆုံးအနေနဲ့ ဥသြပြန်ဆွဲလိမ့်မယ်လို့ မျှော်လင့်လျှက်....
ရွှင်လန်းချမ်းမြေ့ကြပါစေ...
၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျွန်မတို့ တောတွင်း ABSDF တပ်ရင်း (၂၀၁) မင်းသမီးခန်းမှာ ကြုံခဲ့ရတဲ့ အာဇာနည်နေ့တုန်းကအကြောင်း ဖြစ်ပါတယ်။ ၁၀ နာရီခွဲတိတိမှာ ကျွန်မတို့ သတိဆွဲပြီး မြန်မာ့အသံက ဥသြဆွဲသံကို စောင့်နေလိုက်ကြတာ ၁၀ နာရီ ၃၇ ခုနှစ်မိနှစ် မကလို့ ၄၅ မိနှစ်အထိ ရောက်လာတာတောင် ရေဒယိုက ဘာဥသြဆွဲသံမှ မထွက်လာခဲ့ဘူး။ အရှေ့တည့်တည့်ကိုပဲ ကြည့်ပြီးသတိဆွဲနေရာကနေ အားလုံးက ခန္ဓာကိုယ်ကပဲ သတိအနေအထားမှာ ရှိပြီး မျက်လုံးတွေကိုတော့ ရေဒယိုက ဥသြဆွဲသံ ဘာကြောင့် မပေါ်လာသေးတာလဲ၊ ဘယ်တော့ ထွက်လာမလဲ ဥသြမဆွဲတော့ဘူးလား ဆိုတာတွေကို စူးစမ်းလိုဇောနဲ့ ရေဒီယိုရှိရာကိုပဲ အားလုံးက ပေကလပ် ပေကလပ်နဲ့ ကြည့်လာကြတယ်။ နောက်တော့ အရှေ့ကတပ်မှူးက သက်သာအနေအထား ပြန်နေဖို့ အားလုံးသက်သာ လို့အမိန့်ပေးလိုက်ပြီး ရေဒယိုက ဥသြဆွဲသံက နှစ်တိုင်းဆို ၃၇ မိနှစ်တိတိမှာ လာတယ် အခုဘာဖြစ်လို့လဲမသိဘူး မြန်မာ့အသံမှာ စက်တခုခု ချွတ်ယွင်းတာ ဖြစ်နိုင်တယ်၊ ကိုယ့်ဖါသာကိုယ်ပဲ အာဇာနည်ကြီးများ ကျဆုံးတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ခေတ္တငြိမ်ရအောင် ဆိုပြီး ပြန်အမိန့်ပေးလို့ အားလုံးက သတိဆွဲပြီး အာဇာနည်တွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥသြဆွဲသံမပါဘဲ ကိုယ့်အစီစဉ်နဲ့ကိုယ် ခေတ္တ ပြန်ငြိမ်လိုက်တယ်။
အဲဒီိလို ကိုယ့်အစီအစဉ်နဲ့ကိုယ် ၀မ်းနည်းတဲ့ အထိမ်အမှတ်အဖြစ် ငြိမ်သက်ပြီးတဲ့အချိန်မှာ ရုတ်တရက် တန်းမဖြုတ်သေးဘဲ မြန်မာ့အသံက ဥသြဆွဲသံ ပြန်လာလိမ့်မယ် မတော်တဆ အခန့်မသင့် ဖြစ်သွားတာပဲ ဖြစ်မယ် ဆိုပြီး အားလုံးက အစပိုင်းမှာ ဒီလိုပဲ ထင်နေကြတယ်။ အသံလွှင့်ရုံ စက်ပျက်နေလို့လည်း ဖြစ်နိုင်တယ် တော်ကြာ ဥသြပြန်ဆွဲရင် ဆွဲနိုင်တယ်ဆိုပြီး တကယ်လို့ ဥသြဆွဲသံ ရုတ်တရက် ပေါ်လာရင် အားလုံး ချက်ချင်း သတိပြန်ဆွဲကြမယ်ဆိုပြီး ကျွန်မတို့ အလံတိုင်ရှေ့မှာ စောင့်နေကြပါသေးတယ်။ ဒါပေမဲ့ ၁၁ နာရီ ထိုးပြီးတဲ့အထိလည်း ဥသြဆွဲသံ ပေါ်မလာတော့ တန်းဖြုတ်လိုက်ရတယ်။ တန်းဖြုတ်ပြီးတဲ့အချိန်မှာ အားလုံးက ဥသြမဆွဲတာ ဘာကြောင့်ဘာလိမ့်၊ မြန်မာ့အသံက အသံလွှင့်ဌာန စက်တခုခုများ ချွတ်ယွင်းတာလား၊ ဒါမှမဟုတ် အသံလွှင့်ရုံပဲ မီးလောင်နေပြီလား သူပုန်ဝင်စီးတာတော့ မဟုတ်လောက်ပါဘူး၊ အသံလွှင့်ရုံ ဘာများဖြစ်ပါလိမ့် စသည်ဖြင့် တယောက်တပေါက် ပြောနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို မေ့မရနိုင်တာ ဒီမိုကရေစီ လိုလားသူတွေမှ မဟုတ်ဘူး စစ်အာဏာရှင်တွေလည်း တပ်မတော်က တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ကို ဘယ်တော့မှ မေ့လိမ့်မယ် မထင်လို့ အစပထမမှာ တမင်ဥသြမဆွဲတာဖြစ်တယ်လို့ ဘယ်သူမှ မထင်ကြဘူး။ နောက်တော့မှ တယောက်က (ဘယ်သုဆိုတာ မမှတ်မိတော့ပါ) “ခါတိုင်းနှစ်တွေ ဒီလိုတခါမှ မဖြစ်ဘူး အခုမှ ဒီလိုဖြစ်တယ် ပြီးတော့ အသံလွှင့်တယ်ဆိုကတည်းက သေချာအောင် အရင် ကြိုတင် စမ်းသပ်ထားပြီးမှ လွှင့်တာ ဖြစ်လို့ စက်ပျက်တာလည်း မဖြစ်နိုင်ဘူး၊ အသံလွှင့်ရုံမှာ ပြဿနာတခုခု ကြုံတာလည်း မဖြစ်နိုင်ဘူး၊ သေချာတယ် ဒီယုတ်မာတဲ့ကောင်တွေ တမင် လုပ်တာဖြစ်ရမယ်” လို့ ပြောလိုက်တဲ့အချိန်မှာ “အေးဟုတ်တယ် ဖြစ်နိုင်တယ် ကြည့်စမ်း ဒီကောင်တွေ ဘယ်လောက်ယုတ်မာလဲဆိုတာ အာဇာနည်နေ့မှာတောင် ဥသြမဆွဲတော့ါဘူး” လို့ စခန်းကော်မတီထဲက ခေါင်းဆောင်တွေ အချင်းချင်း ပြောနေကြတယ်။ တချို့ကလည်း “ဟုတ်မယ်မထင်ပါဘူး နှစ်တိုင်းလုပ်နေကျပဲ သူတို့လည်း အာဇာနည်နေ့ကိုတော့ ဒီလိုတမင် လစ်လျူရှုမှာ မဟုတ်ပါဘူး တခုခုချွတ်ယွင်းလို့ပဲ ဖြစ်မှာပါ” ဆိုပြီး ပြောတဲ့သူကလည်း ပြောနေကြတယ်။
ကျွန်မကလည်း တမင်လုပ်တာမဟုတ်ဘူး မတော်တဆ တခုခု ဖြစ်သွားတာ ဖြစ်မယ်လို့ ထင်တဲ့ဘက်မှာ ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင် ဖြစ်တဲ့အတွက်လည်း စစ်သားတွေဟာ အရပ်သားတွေထက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို ပိုပြီးလေးစားလိမ့်မယ်လို့ အဲဒီတုန်းကအထိ ကျွန်မထင်ခဲ့တာအမှန်ပဲ။ တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့အာဇာနည်နေ့ကို တပ်မတော်က ဘယ်တော့မှ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ကျွန်မက လုံးဝ ယုံကြည်ခဲ့ပါတယ်။ အဲဒီနေ့က ကျွန်မတို့ ကိုယ်စီ ထင်ကြေးတွေ ပြောပြီးတန်းဖြုတ်လိုက်ခဲ့တ
နောက်ပိုင်းကျတော့ ၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားအကြောင်းကို မြက်ခင်းသစ် မဂ္ဂဇင်းထဲမှာလား မြန်မာ့အလင်း သတင်းစာထဲမှာလားဆိုတာတော့ ကျွန်မ မမှတ်မိတော့ဘူး ကျွန်မဖတ်ခဲ့ရတယ်။ အဲဒီထဲမှာ ရေးထားတာက အဲဒီတုန်းက အာဇာနည်တွေရဲ့ မိသားစုတွေကို န၀တက အာဇာနည်ဗီမာန်ကို အတူတူ ချီတက်အလေးပြုဖို့ ကြိုတင် အကြောင်းကြားထားခဲ့တယ်။ အာဇာနည်နေ့မှာ တခြား အာဇာနည် ၈ ဦးရဲ့ မိသားစုတွေ အကုန်ရောက်လာကြပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုတွေ မရောက်လာလို့ အချိန်ပေးပြီး စောင့်နေခဲ့ပါသေးတယ်။ နောက်တော့ မရောက်လာတာနဲ့ ဆက်မစောင့်တော့ဘဲ လာတဲ့ အာဇာနည် မိသားစုတွေနဲ့ပဲ အလေးပြုလိုက်ရတယ်လို့ ရေးထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က န၀တလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မလာဘဲ NLD အနေနဲ့ သူ့အစီအစီနဲ့သူ သွားအလေးပြုတာတာဟာ အာဏာဖီဆန်ပြီး လူထုကို ဆူပူစေလိုတဲ့ရည်ရွယ်ချက်နဲ့
ဒီတော့ ကျွန်မသိထားတာ အာဏာရှင်တွေဟာ အာဇာနည်နေ့မှာ ဥသြမဆွဲတော့ပေမဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ ၁၉၈၉ ခုနှစ်ကလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု မပါပေမဲ့ ကျန်တဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ နိုင်ငံတော် အခမ်းအနားအနေနဲ့ နှစ်တိုင်း ဆက်လုပ်နေသေးတယ်လို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မတို့ ဒီမိုကရေစီ လိုလားသူတချို့ ရေးတဲ့စာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း
ကျွန်မ ဘလော့ဂ်မရေးခင်က ဘလော့ဂ်တခုမှာ လူငယ်တွေက ကျန်စစ်သားဆိုတာ ဘယ်သူမှန်းမသိတော့ဘူး ဆိုတာနဲ့ ပတ်သက်ပြီး မှတ်ချက်တွေနဲ့ ဆွေးနွေးထားတာ တွေ့တုန်းကလည်း ကျွန်မမှာ အံ့သြလို့ မဆုံးဖြစ်ခဲ့ဖူးတယ်။ အခုတော့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင
ဥသြမဆွဲတဲ့ ပထမဦးဆုံး အာဇာနည်နေ့ဟာ 19/07/89 မှာ စခဲ့ပါတယ်။ ကျွန်မကတော့ ငယ်စဉ်ဘ၀က ဥသြမဆွဲတဲ့ အာဇာနည်နေ့ဆိုတာ မြန်မာပြည်မှာ တနေ့တချိန် ရှိလာလိမ့်မယ်လို့ စိတ်ကူး၊ အိပ်မက်ထဲမှာတောင် ဘယ်တုန်းကမှ မထင်ခဲ့ဖူးတာ အမှန်ပဲ။ အခုတော့ မထင်ခဲ့တာတွေက တကယ်ဖြစ်လာပြီး ဥသြဆွဲတာ ဘာအတွက်ဆိုတာ သိဖို့နေနေသာသာ အာဇာနည်နေ့ဆိုတာတောင် ဘာကြောင့် ဖြစ်လာရတယ်ဆိုတာ မသိတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ မျက်ဝါးထင်ထင် သိလာရချိန်မှာ ဥသြမဆွဲတဲ့ အာဇာနည်နေ့တွေအထဲမှာ ပထမဦးဆုံးနေ့ဖြစ်တဲ့ 19/07/89 တုန်းကတောင် ဒီလောက်ဝမ်းမနည်းခဲ့ပေမဲ့ အခု 19/07/10 မှာတော့ လူငယ်တွေက အာဇာနည်နေ့ကို မသိတဲ့အတွက်၊ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်က ကျယ်ကျယ်ပြန့်ပြန့် မလုပ်ပေးတာ့တဲ့အတွက်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရတဲ့အတွက်ပါ ပေါင်းပြီး ကျွန်မ အရင်ကထက် နှစ်ဆပိုပြီး ၀မ်းနည်းရပါတယ်။
၂၀၁၀ ခုနှစ် အာဇာနည်နေ့ အထိမ်းအမှတ်တင်ခဲ့တဲ့ ဘလော့ဂ်က ပို့စ် http://
ရွှင်လန်းချမ်းမြေ့ကြပါစေ...
No comments:
Post a Comment