Sunday, July 14, 2013

ဦးသိန်စိန်၊ ဒေါ်စု နှင့် သူရ၊ ငါရ ရွှေမန်း တို့ ဖတ်ရန်.......

မင်းကျင့်ဝတ်လူ့ ကျင့်ဝတ်တိမ်းချွတ်လေသော်

ရှေးအခါကကပိလတိုင်းဥတ္တရပဉ္စလပြည်တွင်ပဉ္စာလမင်းစိုးစံအုပ့်ချုပ့်၏။ ထိုမင်းသည်ဂကတိတရားလေးပါးကိုလိုက်စားပြီး
လျှင်မင်းကျင့်တရားဆယ်ပါးကိုမေ့ပြစ်ထား၏။
မကောင်းသောလိုက်စားခြင်းဟူသည့်အဂတိတရားလေးပါးမှာ
(၁) ဆန္တာဂတိ = ချစ်ကျွမ်းဝင်ငည့်အတွက်မလုပ့်အပ့်သည်ကိုလုပ့်ခြင်း၊
(၂) ဒေါသာဂတိ = မုန်းတီးသည့်အတွက်မလုပ့်အပ့်သည်ကိုလုပ့်ခြင်း၊
(၃) ဘယာဂတိ = ကြောက်ရွံ့ သည့်အတွက်မလုပ့်အပ့်သည်ကိုလုပ့်ခြင်း၊
(၄) မောဟာဂတိ = အမှန်ကိုမသိသည့်အတွက်မလုပ့်အပ့်သည်ကိုလုပ့်ခြင်း။
အဂတိလိုက်စားခြင်းသည်မတရားမှုမကောင်းမှုကိုပြုကျင့်ခြင်းပင်တည်း။
သုတ်ပါထေယျပါဠိတော်၊ မဟာဟံသဇာတ်နှင့်နန္ဒိယဇတ်အဋ္ဌာကထာတို့ ၌လာသောမင်းကောင်းမင်းမြတ်များကျင့်ကြံကြသည့်မင်းကျင့်တရားဆယ်
ပါးမှာ-
(၁) ဒါန = ပေးကမ်းလှူဒါန်းခြင်း၊
(၂) သီလ = သီလဆောက်တည်ခြင်း၊
(၃) ပရိစာဂ = စွန့် ကြဲချီးမြှင့်ခြင်း၊
(၄) မုဒုက = ကိုယ်နှုတ်နှလုံးနူးညံ့သိမ်မွေ့ ခြင်း၊
(၅) ဉပေါသထ = ဥပုသ်သီလစောင့်ခြင်း၊
(၆) အက္ကောဓ = အမျက်မထွက်ခြင်း၊
(၇) အဝိရောဓ = ရဟန်းရှင်လူပြည်သူတို့ နှင့်မဆန့် ကျင်ခြင်း၊
(၈) အဝိဟိံသန = ပြည်သူလူထုကိုအခွန်အတုတ်အမျိုးမျိုးဖြင့်မညှင်းဆဲခြင်း၊
(၉) ခန္တီ = သည်းခံခြင်း၊
(၁၀) သမ္မပဋိပန္န = ဖြေင့်မတ်မှန်ကန်စွာကျင့်ခြင်း၊ တို့ ဖြစ်သည်။
ပဉ္စလမင်းသည် အဂတိလိုက်စားပြီးမင်းကျင့်တရားများကိုစွန့် ပယ်ထားသည့်အတွက်မင်းမှုထမ်းအားလုံးတို့ ကလည်း
တရားမစောင့်ကြတော့ဘဲ မိမိတို့ ရထားသည့်အခွင့်အာဏာများဖြင့်ပြည်သူလူထုကိုအမျိုးမျိုးနှိပ့်စက်ကြ၏။ ခေါင်ကမိုးမလုံ
သည့်အခါအောက်ပိုင်းကလည်းထိန်းမရအောင်မိုးယိုတော့၏။ မြို့ ရွာလုံခြုံရေးကိုတာဝန်ယူရသည့်အမှုထမ်းများကလည်း
တာဝန်ဝတ္တရားပျက်ပြားကြသည့်အတွက်သူခိုးဓာပြများထကြွသောင်းကျန်းကြတော့၏။
ပြည်သူတို့ သည်နေ့ အချိန်တွင် မင်းမှုထမ်းတို့ ၏နှိပ့်စက်ခြင်းကိုခံရပြီးညဥ့်အချိန်မှာသူခိုးဓားပြတို့ ၏နှိပ့်စက်ခြင်းကိုခံကြရ၏။ပြည်သူတို့ ကဆင်းရဲဒုက္ခ
အတိရောက်နေကြသော်လည်း ပဉ္စလမင်းသည် နန်းတော်ဝယ်စည်းစိမ်ယစ်မှုးကာကာမဂုဏ်လိုက်စားနေသဖြင့်တိုင်းပြည်အခြေအနေကိုတစ်စိုးတစ်စေ့ မျှမသိချေ။
ထိုအခါ၌ဘုရားအလောင်းတော်သည်မြို့ ပြင်တည်ပင်ကြီး၌ ရုက္ခစိုးနတ်ဖြစ်နေ၏၊ နှစ်စဉ်ပင်လျှင်မင်းထံမှအဖိုးတထောင်
ထိုက်သောပူဇော်သက္ကာရများကိုရရှိ၏။ ရုက္ခစိုးနတ်မင်းသည်မင်း၏ပူဇော်မှုကိုရရှိခဲ့ပါသော်လည်းမင်း၏အကျင့်ပျက်ပြား
မှုကိုမနက်သက်မလိုလားချေ။
“ဥတ္တရပဉ္စလပြည်ကြီးဟာမင်းနှင့်မင်းမှုထမ်းများကကျင့်ဝတ်တရားများပျက်ပြားကြသည့်အတွက်တစ်ပြည်လုံးမီးဟုန်း
ဟုန်းတောက်နေချေပြီ။ ပဉ္စလမင်း ဟာငါ့ကိုတစ်နှစ်တထောင်တန်ပူဇော်သက္ကာရများကို ပူဇော်ခဲ့တဲ့အတွက်သူ့ ကျေးဇူး
ဟာငါ့မှာရှိနေတယ်။ သူ့ ကျေးဇူးကိုောင့်သိတဲ့အနေနဲ့ သူအမြင်မှန်ရအောင်ငါလုပ့်မှတော်မယ်”
ဤသို့ ကြံစည်ပြီးသော်ရုက္ခစိုးနတ်မင်းသည်ညဥ့်အခါတွင်မင်းအိပ်စက်ရာတိုက်ခန်းထဲသို့  ဝင်ပြီးကောင်းကင်၌ရပ့်တည်၍ကိုယ်ထင်ပြလိုက်၏။ နတ်မင်း၏ကိုယ်ရောင်ကြောင့်မင်းသည်အိပ့်ရာမှလန့် နိုးပြီးမျက်စိပြူကြောင်၍ကြည့်ရင်းမေးလိုက်၏…………………
“သင်ဘယ်သူလဲ”
“ငါတည်ပင်စောင့်နတ်မင်းပါ”
“ ဘာကိစ္စနဲ့ ကြွလာပါသလဲ နတ်မင်း”
“သင်မင်းကြီးကိုဆုံးမဖို့ လာခြင်းဖြစ်တယ်”
“ဘာများဆုံးမချင်လို့ လဲ”
“သင်မင်းကြီးဟာအဂတိလိုက်စားပြီးမင်းကျင့်တရားများကိုမစောင့်ထိန်းတဲ့အတွက်ယခုအခါတိုင်းပြည်ပျက်လုမတတ်မီး
ဟုန်းဟုန်းတောက်လောင်နေချေပြီ။ သင်သည်တိုင်းပြည်၏ခေါင်းဆောင်အကြီးအကဲလုပ်ပြီးတိုင်းပြည်ငြိမ်းချမ်းသာယာအောင်အုပ့်ချုပ့်ရမယ့်အစားမင်းကျင့်
တရားများပျက်ပြားကာအဂတိလိုက်စားနေတဲ့အတွက်မင်းမှုထမ်းများအားလုံးကလည်းကိုယ်ကျင့်တရားများပျက်ပြားကြ
ပြီးမတရားတဲ့အခွန်အတုတ်တောင်းဆိုမှုများနဲ့ ပြည်သူတွေကိုအမျိုးမျိုးနှိပ့်စက်နေကြပြီ။ မင်းကတိုင်းပြည်ကိုလုံခြုံအောင်
အုပ့်ချုပ့်တော့သူခိုးဓားပြတွေသောင်းကျန်းပြီးပြည်သူတို့ ကိုညဥ့်ဘက်မှာနှိပ့်စက်နေကြပြန်တယ်။ ပြည်သူတွေဟာအားကိုးရာမဲ့ဖြစ်ပြီးဒုက္ခအတိရောက်နေကြပြီ။ တိုင်းပြည်ရဲ့အခြေအနေမှန်ကိုသိအောင်သင်စုံစမ်းပြီးမင်းကျင့်တရားနှင့်အညီအုပ့်ချုပ့်ပါ။”
ရုက္ခစိုးနတ်မင်းသည်ပြောဆိုပြီးရုတ်ချည်းပျောက်ကွယ်သွားသည့်အတွက်ပဉ္စလမင်းသည်ကြောက်ရွံ့ ထိတ်လန့် လျက်ကျန်ရစ်၏။ မိုးသောက်သည့်အခါ မှူးမတ်များအားတိုင်းပြည်ကိုအုပ့်ချုပ့်ရန်မှာထားပြီးနောက် ပုရောဟိတ်နှင့်အတူမထင်ရှားသောမြို့ သားတဦးအသွင်ဖြင့်စနည်းနာရန်ထွက်ခဲ့လေ၏။
မြို့ ၏အရှေ့ တံခါးမှထွက်လာကြရာတစ်ယူဇနာခန့် ခရီးသွားမိလျှင်အဖိုးအိုတယောက်သည်ခြေဖဝါး၌ဆူးထွင်ရင်းဤသို့ ကျိန်ဆဲလိုက်သည်ကိုကြားရ၏။
“ငါဆူးစူးခံရသလို ပဉ္စလမင်းလည်း စစ်မြေပြင်မှာမြားစူးခံရပါစေ”
မင်နှင့်ပုရောဟိတ်တို့ သည်ထိုအဖိုးအိုထံချည်းကပ့်၍
“ဘယ်နှယ်လဲအဖိုးကြီး၊ ခင်ဗျားမျက်စိမွဲလို့ ဆူးနင်းမိတာကိုဘာဖြစ်လို့ မဆီမဆိုင်မင်းကိုကျိန်ဆဲရတာလဲဗျာ” ဟုမေးကြ၏။
“ အလို- ဘာဖြစ်လို့ မဆိုင်ရတာလဲ၊ ဆိုင်တယ်ဗျ။ ခင်ဗျားတို့ ကဒီနယ်သားမဟုတ်ကြဘူးနဲ့ တူတယ်။ ဒီနယ်မှာဖြစ်နေပုံက
မင်းကတရားမစောင့်တော့မင်းမှုထမ်းတွေကကျုပ်တို့ ကိုအနိုင်အထက်ပြုပြီးအခွန်အတုတ်တွေအမျိုးမျိုးတောင်းခံနေကြ
တယ်။ အကြောင်းအမျိုးမျိုးပြပြီးတောင်းဆိုနေကြပေမယ့်ကျုပ့်တို့ ကိုဘာအကာအကွယ်မှမပေးဘူး။ ညဥ့်ဘက်ရောက်ရင်
သူခိုးဓာပြများကကျုပ့်တို့ ကိုနှိပ့်စက်ကြပြန်တယ်။ ကျုပ့်တို့ ကကိုယ့်အိမ်မှာမအိပ့်ဝံ့ကြတော့ဘူး။ ဟိုချောင်ဒီချောင်ပုန်းအောင်းကြရတယ်။ သူခိုးဓာပြများရန်နည်းနည်းကလေးသက်သာပါစေတော့လို့ ရည်ရွယ်ပြီးဆူးခက်
တွေချထားကြရတယ်၊ ဒီဆူးခက်တွေကကျုပ့်ခြေဖဝါးကိုစူးတာ။ ကျုပ့်မျက်စိမွဲလို့ မဟုတ်ပါဘူး။ ဒီတော့ကျုပ့်ကမင်းကိုမကျိန်ဆဲထိုက်ဘူးဆိုရင်ဘယ်သူ့ ကိုကျိန်ဆဲရမှာတုန်း။ မင်းကတရားပျက်လို့ ကျုပ့်ဆူးစူးခံရတာဗျ။”
အဖိုးအို၏စကားကိုကြားရသည့်အခါ မင်းသည်ပုရောဟတ်ကိုဆွဲခေါ်ပြီး “ ဟုတ်ပေသားပဲ၊ မင်းကတရားပျက်လို့ အဖိုးအို
ဆူးစူးခံရတာ။ ဒီအတိုင်းဆိုရင်ပြည်သူတွေဆင်ရဲဒုက္ခရောက်နေကြတာအမှန်ပဲ။ ငါတို့ နန်းတော်ပြန်ပြီးတရားနဲ့ အညီအုပ့်ချုပ်ကြရအောင်” ဟုမိန့် ဆို၏။
ပုရောဟိတ်က “ လူတယောက်ရဲ့ ပြောစကားမျှနဲ့ မယုံပါနဲ့ ဦးမင်းကြီး၊ ရှေ့ ဆက်စုံစမ်းကြပါဦးစို့ ” ဟုတိုက်တွန်း၍ဆက်လက်သွားကြ၏။
မကြာမီသစ်ပင်ပေါ်ကလိမ့်ကျသည့်မိန်းမကြီးတဦးကိုဆုံတွေ့ ကြရ၏။ မိန်းမကြီးသည်လိမ့်ကျသောနေရာမှလူးလဲ၍ထပြီး-
“ အဟီး အဟီး အဟီး ဒီမင်းယုတ်ကဘယ်တော့သေမှာတဲ့လဲ၊ ဒီမင်းယုတ်ကြောင့်ကျုပ့်သမီးနှစ်ယောက်လင်ရချိန်တောင်
လွန်လာပြီတော့၊ သူတို့ ဟာသူတို့ အချိန်မိလင်ရသွားကြရင်ကျုပ့်အပူဘာတစ်ပြားမှမရှိတော့ဘူး။ ခုတော့သူတို့ အပူကျုပ်အပူဖြစ်နေသတော့ ဟီး - ဟီး” လို့ ငိုပါလေတော့၏။
ပုရောဟိတ်က “ ဗျို့ အမယ်ကြီး၊ ခင်ဗျားငိုပုံကတယ်ဆန်းပါကလား၊ ခင်ဗျားသမီးနှစ်ယောက်လင်မရတာရှင်ဘုရင်
နဲ့ ဘာဆိုင်သလဲဗျာ” ဟုမေး၏။
“ ဆိုင်ပါသော်ကောကိုပုဏ္ဏားရယ်၊ ရှင်ဘုရင်ကဘာခွန်ညာခွန်ဆိုပြီးအခွန်အတုတ်အမျိုးမျိုးကိုကောက်ခံနေတယ်တော့၊
ကျမတို့ ကမပေးနိုင်လို့ နေ့ ဘက်မှာမင်းချင်းများရဲ့ အနှိပ့်အစက်ခံကြရတယ်။ ညဥ့်ဘက်မှာသူခိုးဓာပြများကကျမတို့ ကို
နှိပ့်စက်ကြပြန်ရော။ အဲသလိုအမျိုးမျိုးနှိပ့်စက်နေကြတော့ပြည်သူတွေကအေးအေးချမ်းချမ်းလုပ့်ကိုင်မစားနိုင်ကြတော့ဘူး
တော့၊ အရွယ်ရောက်တဲ့ကလေးတွေမှာထမင်းတဝမ်းဝအောင်စားလောက်တဲ့အလုပ်မရှိကြတော့ဘူး၊ အလုပ့်မရှိတော့ဇနီး
သားမယားဘယ်ကျွေးနိုင်ကြမလဲ၊ ဒါကြောင့်အိမ်ထောင်မပြုကြတော့ဘူး။ ဒါကြောင့်- ကျမသမီးနှစ်ယောက်လင်မရကြတာတော့။ ကျမသမီးတွေလင်မရတာမင်းကမင်းကျင့်တရားပျက်ပြားလို့ ပဲ။ ဒီတော့မင်းကို
အပြစ်မတင်ရင်ဘယ်သူ့ ကို အပြစ်တင်ရမှာလဲ”
ရှင်ဘုရင်က “ သူပြောတာဟုတ်တယ် ပုရောဟိတ်ရေ၊ ရှေ့ ဆက်သွားလိုက်ကြပါဦးစို့ ” ဟုဆိုပြီးဆက်သွားကြ၏။
မကြာမိလယ်သမားတဦး၏ဆဲသံကိုကြားရပြန်၏။
လယ်သမားသည်လယ်ထွန်ရင်းနွားကြီး၏ခြေထောက်ကိုထွန်သွားနှင့်ထိုးမိ၍နွားလဲကျသွား၏။ ထိုအခါလယ်သမားက--
“ ငါ့နွားကြီး- ထွန်သွားထိုးမိလို့ လဲကျရသလို ပဉ္စလမင်းလည်း စစ်မြေပြင်မှာလှံထိုးခံရလို့ လဲကျပါစေ” ဟုကျိန်ဆဲလိုက်၏။
ပုရောဟိတ်က “ ဗျို့  လယ်သမားကြီး၊ မင်းနွားထွန်သွားထိုးမိတာရှင်ဘုရင် နဲ့ ဘာဆိုင်လဲဗျ။ ဘာဖြစ်လို့ မင်းကိုကျိန်ဆဲရသလဲ” ဟုမေး၏။
“တိုင်းပြည်ကြီးပျက်စီးနေတာခင်ဗျားမသိဘူးလား၊ နေ့ မှာမင်းကနှိပ်စက်ညဥ့်မှာသူခိုးဓာပြကနှိပ့်စက်နဲ့ ရွာသူရွာသားတွေ
ဆင်းရဲကုန်ပြီဗျ။ ကျုပ့်ရဲ့ မိန်းမကိုမင်းမှုထမ်းတွေကဘာစေခိုင်းပြန်သလဲမသိဘူး၊ ထမင်းပို့ ချိန်ရောက်နေပြီ၊ ခုထိထမင်းပို့ 
မလာသေးဘူးဗျ၊ သူ့ ကိုလှမ်းမျှော်ကြည့်နေရတာနဲ့ ကျုပ့်နွားကိုထွန်သားနဲ့ ထိုးမိသွားပြီ။ ကျုပ်ဘယ်လိုဆက်ပြီးလယ်ထွန်ရပါ့မလဲ။ ဒီအရေးဟာမင်းမကောင်းလို့ ဖြစ်ရတဲ့အရေးမို့ မင်းကိုမကျိန်ဆဲရင်ဘယ်သူ့ ကိုကျုပ့်ကျိန်ဆဲရမှာလဲ”
လယ်သမားကြီး၏စိတ်ဆိုးမာန်ဆိုးနှင့်ပြောဆိုသံကိုကြားရတော့ရှင်ဘုရင်က “ ဟုတ်ပေသားပဲ- ပုရောဟိတ်ရယ်၊ ကဲဆက်သွားကြပါဦးစို့ ” ဟုဆိုပြီးခရီးဆက်ကြ၏။
ရွာထဲသို့ ဝင်မိသည့်အခါနို့ ညှစ်ယောင်္ကျားတစ်ယောက်ကိုနွားမကကန်လိုက်တာကိုမြင်ကြရ၏။ မြေပေါ်လိမ့်သွားသည့်နို့ ညှစ်ယောင်္ကျားကလူးလဲထပြီး နို့ အိုးကိုကောက်ယူရင်းဤသို့ ကျိန်ဆဲလိုက်၏။
“ ငါ့နဲ့ နို့ အိုးကိုနွားကန်လို့ လိမ့်သွားသလို ပဉ္စလမင်းလည်း စစ်မြေပြင်မှာရန်သူရဲ့ သံလျက်နဲ့ အခုတ်ခံရပြီးလိမ့်သွား
ပါစေ”
“ ဟေ့လူ၊ မင်းကိုနွားမကန်တာနဲ့ ဘယ့်နှယ်ကြောင့်ရှင်ဘုရင်ကိုကျိန်ဆဲရတာလဲ” ဟုပုရောဟိတ်ကလှမ်းမေး၏။
“ ကျိန်ဆဲထိုက်လို့ ကျိန်ဆဲရတာပဲပုဏ္ဏားကြီးရယ်။ ကျုပ့်တို့ မင်းကတရားမစောင့်တော့သူ့ အမှုထမ်းတွေကလည်းတရား
မစောင့် ကြတော့ဘူးလေ။ ဒီနွားမဟာ ကျနော်နို့ မညစ်ဘဲထားထားတာ၊ နွားသားလေးဝဝနို့ စို့ ရအောင်ပေါ့ဗျာ။ ဒါပေမယ့်
မင်းမှုထမ်းတွေက နွားနို့ ပေးရမယ်လို့ တောင်းဆိုလာလို့ နွားနို့ မဝယ်ပေးနိုင်တာနဲ့ နို့ ညစ်ရတာပါ။ ဒါကြောင့်နွားအကန်ခံ
ရတာ။ ပုဏ္ဏားကြီးစဉ်းစားကြည့်ပါ။ ကျနော်နွားအကန်ခံရတာမင်းမှုထမ်းတွေကမတရားနွားနို့ တောင်းလို့ ။ဒီလိုအတရားတောင်းဆိုပြီးအကျင့်ပျက်နေကြတာကရှင်ဘုရင်ကြီးတရားပျက်လို့ ။ ဒါကြောင့်ကျနော်မင်းကိုကျိန်ဆဲမိတာပါ။”
မင်းနှင့်ပုရောဟိတ်တို့ သည် “ ဟုတ်ပေရဲ့ ----ဟုတ်ပေရဲ့ ” ဟုခေါင်းညိတ်ပြီးခရီးဆက်ကြပြန်၏
မကြာမီ “ ဘွတ်အဲ---ဘွတ်အဲ” ဟုအော်မြည်နေသည့်နွားမကြီးကိုကြည့်နေကြသောလူငယ်တစုကိုတွေ့ မြင်ကြရ၏။
သူငယ်တို့ က “ ဒီနွားမကြီး-သားနဲ့ ကင်းကွာပြီးဆင်းရဲရသလို ရှင်ဘုရင်လည်း သားနဲ့ ကွေ့ ကွင်းပြီးဆင်းရဲ ဒုက္ခရောက်ပါစေ” ဟုကျိန်ဆဲကြ၏။
ပုရောဟိတ်က “ ဟ-သူငယ်တို့ ၊ ဒီနွားမကြီး အော်ငိုနေတာနဲ့ ရှင်ဘုရင်ကိုကျိန်ဆဲရသလား၊ ဘာဆိုင်လို့ လဲကွ” ဟု
မေးမြန်း၏။
“ ဒီနွားမကြီးအလကားအော်ငိုနေတာမဟုတ်ဘူးဗျ။ သူ့ သားနွားပြောက်ကလေးရဲ့ သာရေကိုမင်းချင်းများကသန်လျက်
အိမ်လုပ့်ဖို့ လိုချင်တယ်ဆိုပြီးသူ့ သားကိုသတ်သွားကြတာ။ မင်းကတရားမစောင့်တော့ သူ့ လူတွေလည်းတရားမစောင့်
ကြတော့ဘူးပေါ့။ ဒါကြောင့်ဒီနွားမအော်ငိုနေရတာ ရှင်ဘုရင်တရားမစောင့်လို့ ဗျ။ ဒီအကြောင်းကြောင့်ရှင်ဘုရင်ကိုကျိန်ဆဲရတာပဲ”
သူငယ်တို့ ၏ဖြေဆိုချက်ကိုကြားကြရသည့်အခါ မင်းနှင့်ပုရောဟိတ်တို့ ဟာ “ ဟုတ်ပါရဲ့--ကျိန်သင့်ပါရဲ့” ဟုမှတ်ချက်ချပြီး
ခရီးဆက်သွားကြပြန်၏။
မကြာမီ ရေခန်းနေသောအိုင်ကြီးတခုသို့ ရောက်လာကြ၏။ အိုင်ထဲ၌ရှိနေကြသည့်ဖားများကိုကျီးများကလာရောက်ထိုးဆွကြသဖြင့်ဖားတို့ ကမခံမရပ့်နိုင်ဖြစ်ပြီးလျှင်---
“ ငါတို့ ကိုကျီးတွေထိုးဆွသလိုပဉ္စလမင်းနဲ့ သူ့ သားတို့ လည်း စစ်မြေပြင်မှာကျဆုံးပြီးကျီး လင်းတများရဲ့ ထိုးဆွစားသောက်ခြင်းကိုခံကြရပါစေ” ဟုကျိန်ဆဲကြ၏။
ကျိန်ဆဲကြသည့်ဖားများ၏အသံအဓိပ္ပာယ်ကိုတည်ပင်စောင့်နတ်မင်း၏တန်ခိုးအာနုဘော်ကြောင့်မင်းနှင့်ပုရောဟိတ်တို့ နားလည်ကြ၏။ သို့ အတွက်ပုရောဟိတ်ကဖားများထံချဉ်းကပ့်သွားပြီး-----
“ အရှင်ပုဏ္ဏား၊ ရှင်ဘုရင်ကတရားစောင့်ပါလျှင်ဒီတိုင်းပြည်ဟာစည်ပင်သာယာဝပြောမှာအမှန်ပဲ၊ တိုင်းပြည်စည်ပင်သာယာဝပြော ခဲ့ လျှင်အစားအစာတွေပေါများလို့ ကျီးကန်းတွေကကျနော်တို့ ဖားစုတ်တွေရဲ့ အသားကို
ထိုးဆွစားသောက်ကြမှာမဟုတ်ပါဘူး။ ခုတော့---တိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်တဲ့မင်းကတရားမစောင့်တဲ့အတွက်မင်းမှုထမ်းများကလည်းတရားမစောင့်ကြတော့ဘူး။
မင်းမှုထမ်းများတရားမစောင့်ကြတဲ့အတွက်တိုင်းသူပြည်သားများကလည်းတရားမစောင့်ကြတော့ဘူး။
လူအားလုံးတရားပျက်တော့မိုးလေမမှန်တော့ဘူး၊ မိုးလေမမှန်တော့ဆန်ရေစပါးအစားအစာတွေရှားပါးကုန်တယ်။
လူတွေစွန့် ပစ်ကြတဲ့အစားအစာတွေကိုမစားရတော့ကျီးကန်းတွေကကျနော်တို့ ကိုအစာလုပ့်ကြတော့တာပါပဲ။
ဒါကြောင့်ကျနော်တို့ အထိုးအဆွခံရတာ မင်းတရားအတွက်ဖြစ်ရတာမို့ မင်းကိုကျိန်ဆဲကြရတာပါပဲ”
ဖားများ၏မချိတင်ကဲအသည်းကျွမ်းမျှနာကျဉ်းနေကြရတဲ့ရင်ဖွင့်သံကိုကြားသိကြရသည့်အခါမင်းနှင့်ပုရောဟိတ်တို့ က
“ တောမှာနေကြတဲ့ဖားတွေကစပြီး ငါတို့ ကိုကျိန်ဆဲကြကုန်ပြီ။တရားနှင့်အညီမင်းပြုအုပ့်ချုပ့်ကြမှတော်လိမ့်မယ်” လို့ မှတ်ချက်ချပြီး နန်းတော်သို့ ပြန်လာကြ၏။
ထိုနေ့ မှစ၍ပဉ္စလမင်းကမင်းကျင့်တရားများနှင့်အညီမင်းပြု၏။
မင်းတရားစောင့်ထိမ်းလာသည့်အခါ မင်းမှုထမ်းများနှင့်ပြည်သူများကလည်းတရားစောင့်ထိမ်းလာကြ၏။
ထို့ ကြောင့်တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောလာပေတော့သည်။

(ဂန္ဓတိန္ဒုကဇတ်)

ဒေါက်တာမင်းတင်မွန်၏ မြတ်သီလ စာအုပ့် မှ ယနေ့ အချိန်အခါနှင့်ကိုက်ညီနေပါသဖြင့် ကူးယူဖေါ်ပြလိုက်ပါသည်။
အောင်မိုး (ကနေဒါ)

No comments: