Monday, July 22, 2013

ငွေကျပ် (၇၂၉ )သိန်းကျော်တန်ဖိုးရှိ အ၀တ်အထည်ပစ္စည်းများ ခိုးယူမှုဖော်ထုတ်

ငွေကျပ် (၇၂၉ )သိန်းကျော်တန်ဖိုးရှိ အ၀တ်အထည်ပစ္စည်းများ ခိုးယူမှုဖော်ထုတ်

ရန်ကုန်၊ ဇူလိုင် ၂၂

၂၁.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ဒေါ်နီလာမြင့်သည်
ကမာရွတ်မြို့နယ် (၁၀)ရပ်ကွက်၊ အင်းယားလမ်းရှိ ၎င်းပိုင် MIB ဖက်ရှင်ဆိုင်အား ဖွင့်ရန်သွားရောက်စဉ် ဆိုင်ရှေ့တွင်ခတ်ထားသော သံပန်းတံခါးသော့နှင့် အတွင်းမှန်တံခါးသော့များမှာပျက်ဆီးနေသဖြင့် စစ်ဆေးကြည့်ရှုရာ ZARA တံဆိပ်အမျိုးအစားများဖြစ်သောဖိနပ်၊ အင်္ကျီနှင့်မိုးကာ၊ ခါးပတ်၊ ဦးထုပ်၊ အမျိုးသား/အမျိုးသမီးဝတ် အ၀တ်အထည်မျိုးစုံနှင့်၊ COLEHAAN တံဆိပ်ဖိနပ်များ၊ SIM ကတ်ပါ Huawei အမျိုးအစားဖုန်း(၁)လုံး၊ ဆိုင်အတွင်းအလှဆင်ထားသော
ဆိုင်ကယ်အရုပ်သေး(၁)ခု၊ စုစုပေါင်းတန်ဘိုး ကျပ်(၇၂၉)သိန်းကျော်
ပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်
တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၂၆/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်
အမှုဖွင့်လှစ်ကာ တရားခံစုံစမ်းဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းသတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ အမှုမှမသင်္ကာတရားခံ ဝေဠု(ခ)နေ၀င်း၊ ၄၇နှစ်၊(ဘ)ဦးပါ၊ သာကေတမြို့နယ်၊ ရာဂျား(ခ)အေးလွင်၊ ၂၄နှစ်၊ (ဘ)ဦးမောင်ရွှေ၊ သာကေတမြို့နယ် နှင့် စိန်သိုက်(ခ)ဘာဘူ၊ (၃၁)နှစ်၊ (ဘ)ဦးထွန်းစိန်၊ ဒလမြို့နယ် နေသူတို့(၃)ဦးအားဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအားစစ်ဆေးခဲ့ရာ နေ၀င်း(ခ)ဝေဠုသည်
၂၀.၇.၂၀၁၃ ရက်နေ့တွင် လိုက်ထရပ်ယာဉ်အား ကြွက်မြီး(ခ)
ကျော်မြင့်၊ ပဲဖေါ နှင့် ကျားကြီး(ခ)မျိုးဌေးမောင်တို့(၃)ဦးထံ ငှားလိုက်ကြောင်း၊ ၂၁.၇.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန်ခန့်တွင် ကြွက်မြီး(ခ)ကျော်မြင့်၊ ပဲဖေါ နှင့် ကျားကြီး(ခ)မျိုးဌေးမောင်
တို့(၃)ဦးမှာ ခိုးယူရရှိလာသောအ၀တ်အထည်ပစ္စည်းမျိုးစုံနှင့်အတူ ကားဖြင့်ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ ခိုးယူလာသည့်ပစ္စည်းများ
အားရောင်းချပေးရန်အတွက် နေ၀င်း(ခ)ဝေဠု၊ စိန်သိုက်(ခ)ဘာဘူ၊ ရာဂျား(ခ)အေးလွင် တို့ထံအပ်နှံထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

အမှုမှ ပျောက်ဆုံးအ၀တ်အထည်သက်သေခံပစ္စည်းများနှင့် ခိုးယူရာတွင်အသုံးပြုသည့် ပစ္စည်းကရိယာများအားသိမ်းဆည်း
ရမိခဲ့ပြီး ကျန်တရားခံများဖြစ်သော ကြွက်မြီး(ခ)ကျော်မြင့်၊ ပဲဖေါ နှင့် ကျားကြီး(ခ)မျိုးဌေးမောင်တို့(၃)ဦးအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

No comments: