Monday, July 22, 2013

ဗြိတိသျှ နန်းလျာလေးကို ဖွားမြင်တော့မယ်

၂၂.၀၇.၂၀၁၃ (တနင်္လာနေ့)



ဗြိတိသျှ တော်ဝင် ကိမ်းဘရစ်ခ်ျ မြို့စား ကတော် ကိတ်ဟာ နန်းလျာ ကလေး ဖွားမြင်ဖို့ ဗိုက်နာလာပြီ ဖြစ်လို့ သူ့ကို ဆေးရုံ တင်လိုက်ပြီလို့ နန်းတော် အရာရှိတွေက ပြောပါတယ်။

မြို့စား ကတော် ဟာ သူနေ ထိုင်ရာ အိမ်ကနေ ကြင်ယာတော် မင်းသား ဝီလျံနဲ့ အတူ ကားနဲ့ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။

နန်းလျာလေး ဖွားမြင်ပြီးမှ သာ၊ နန်းတော်ကနေ နောက်ထပ် သတင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။

No comments: