ကျန်ရစ်သူ အလွမ်း
==========
ဘိတ်မြို့ က
အချစ်ကြီးသမား ကို
သမုတ် မြစ် ကြီး ခြားလို့ 
ပစ်ပြီးသွား ပြီလား...
လွမ်းရေးထက်
ဝမ်းရေးကို ဦးစားပေးခဲ့သူရေ
ငွေပင်လယ်ကြီးရဲ့ 
အဝေး တစ်နေရာမှာ
မင်း ပျော်နေမှာလား....
မင်းကြိုက်တတ်တဲ့
လမ်းဘေးက ကိုက်ကြေးကိုက်ဆိုင်တွေ
ရဲ့ အနံသင်းသင်းလေးတွေ
ဝါဆိုမိုး နုနုလေးတွေ နဲ့ 
အပြိုင် အလွမ်းတွေ အုပ်မိုင်းလို့ ...
ပုလဲမြေ မှာ ဝါဆို ပန်းတွေ
အလှိုင်လှိုင် ပွင့်ပြန်ပြီ
နေနိုင် ရက် သူရေ
သိမ်တော်ကြီးရဲ့ 
ရင်ပြင်တော်မှာ
ကြယ်တွေစုံနေပြီ့
တစ်ဖက်ကမ်း မှ
ပထော် ပထက် ကျွန်းတွေကြားက
လှေတွေကို အတူတူ ပြိုင်ရေဖို့ 
စောင့်နေတယ်
ဈေးကြီးနား က နာရီစင်က
အချိန် တွေကို
တစ်နှစ်စာ
အနောက်ပြန်ဆုတ်ချင်တယ်
အချိန်ဆိုတာ ရပ်တန့် လို့ ရ ခဲ့ရင်..
ပြန်လာမှာလား.....
အခြား ကမ္ဘာ မှာ မရှိတဲ့
ပင်လယ်ကျွန်းတွေ ဆီကို
ရွက်လွင့် ကြမယ်
ပြန်လာပါတော့နော်
ပုလဲမြေမှာလည်း ပိတောက်တွေ ပွင့်ပါတယ်
သတိရ ရဲ့ သေးလား
ကန်ဖျား မြေ နီလမ်းရဲ့ သင်္ကြန်အတက်နေ့ ကို
သတိရ ပါစေ
မှတ်မိပါစေ
အဝေးရောက် သူရေ..
ပျော်ရွှင်ပါစေ....
ကျန်ရစ်သူ အလွမ်း
==========
ဘိတ်မြို့ က
အချစ်ကြီးသမား ကို
သမုတ် မြစ် ကြီး ခြားလို့ 
ပစ်ပြီးသွား ပြီလား...
လွမ်းရေးထက်
ဝမ်းရေးကို ဦးစားပေးခဲ့သူရေ
ငွေပင်လယ်ကြီးရဲ့ 
အဝေး တစ်နေရာမှာ
မင်း ပျော်နေမှာလား....
မင်းကြိုက်တတ်တဲ့
လမ်းဘေးက ကိုက်ကြေးကိုက်ဆိုင်တွေ
ရဲ့ အနံသင်းသင်းလေးတွေ
ဝါဆိုမိုး နုနုလေးတွေ နဲ့ 
အပြိုင် အလွမ်းတွေ အုပ်မိုင်းလို့ ...
ပုလဲမြေ မှာ ဝါဆို ပန်းတွေ
အလှိုင်လှိုင် ပွင့်ပြန်ပြီ
နေနိုင် ရက် သူရေ
သိမ်တော်ကြီးရဲ့ 
ရင်ပြင်တော်မှာ
ကြယ်တွေစုံနေပြီ့
တစ်ဖက်ကမ်း မှ
ပထော် ပထက် ကျွန်းတွေကြားက
လှေတွေကို အတူတူ ပြိုင်ရေဖို့ 
စောင့်နေတယ်
ဈေးကြီးနား က နာရီစင်က
အချိန် တွေကို
တစ်နှစ်စာ
အနောက်ပြန်ဆုတ်ချင်တယ်
အချိန်ဆိုတာ ရပ်တန့် လို့ ရ ခဲ့ရင်..
ပြန်လာမှာလား.....
အခြား ကမ္ဘာ မှာ မရှိတဲ့
ပင်လယ်ကျွန်းတွေ ဆီကို
ရွက်လွင့် ကြမယ်
ပြန်လာပါတော့နော်
ပုလဲမြေမှာလည်း ပိတောက်တွေ ပွင့်ပါတယ်
သတိရ ရဲ့ သေးလား
ကန်ဖျား မြေ နီလမ်းရဲ့ သင်္ကြန်အတက်နေ့ ကို
သတိရ ပါစေ
မှတ်မိပါစေ
အဝေးရောက် သူရေ..
ပျော်ရွှင်ပါစေ....
==========
ဘိတ်မြို့ က
အချစ်ကြီးသမား ကို
သမုတ် မြစ် ကြီး ခြားလို့ 
ပစ်ပြီးသွား ပြီလား...
လွမ်းရေးထက်
ဝမ်းရေးကို ဦးစားပေးခဲ့သူရေ
ငွေပင်လယ်ကြီးရဲ့ 
အဝေး တစ်နေရာမှာ
မင်း ပျော်နေမှာလား....
မင်းကြိုက်တတ်တဲ့
လမ်းဘေးက ကိုက်ကြေးကိုက်ဆိုင်တွေ
ရဲ့ အနံသင်းသင်းလေးတွေ
ဝါဆိုမိုး နုနုလေးတွေ နဲ့ 
အပြိုင် အလွမ်းတွေ အုပ်မိုင်းလို့ ...
ပုလဲမြေ မှာ ဝါဆို ပန်းတွေ
အလှိုင်လှိုင် ပွင့်ပြန်ပြီ
နေနိုင် ရက် သူရေ
သိမ်တော်ကြီးရဲ့ 
ရင်ပြင်တော်မှာ
ကြယ်တွေစုံနေပြီ့
တစ်ဖက်ကမ်း မှ
ပထော် ပထက် ကျွန်းတွေကြားက
လှေတွေကို အတူတူ ပြိုင်ရေဖို့ 
စောင့်နေတယ်
ဈေးကြီးနား က နာရီစင်က
အချိန် တွေကို
တစ်နှစ်စာ
အနောက်ပြန်ဆုတ်ချင်တယ်
အချိန်ဆိုတာ ရပ်တန့် လို့ ရ ခဲ့ရင်..
ပြန်လာမှာလား.....
အခြား ကမ္ဘာ မှာ မရှိတဲ့
ပင်လယ်ကျွန်းတွေ ဆီကို
ရွက်လွင့် ကြမယ်
ပြန်လာပါတော့နော်
ပုလဲမြေမှာလည်း ပိတောက်တွေ ပွင့်ပါတယ်
သတိရ ရဲ့ သေးလား
ကန်ဖျား မြေ နီလမ်းရဲ့ သင်္ကြန်အတက်နေ့ ကို
သတိရ ပါစေ
မှတ်မိပါစေ
အဝေးရောက် သူရေ..
ပျော်ရွှင်ပါစေ....
No comments:
Post a Comment