ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဆိုသူ ဘက်ကီမွန်းသည် ပဋိပက္ခများနှင့် ရောပွန်းနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံသားများ ဒေါသ ထွက်စေသည့် တောင်းဆိုမှု တစ်ရပ်ကို မနေ့က တောင်းဆိုလိုက်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်ချာ အာဏာကို ထိပါးစေသည့် တောင်းဆိုမှု ဆိုလည်း မမှားပေ။
ယင်းကား UN ဆိုသူများ ကွင်ပွန်းတပ် အမည်နာမပေး ခေါ်ဝေါ်နေသည့် ၎င်းတို့ အခေါ် ရိုဟင်ဂျာ မြန်မာနိုင်ငံတွင် တရားဝင် အသုံးအနှုန်း ဘင်္ဂါလီ များကို နိုင်ငံသား ဖြစ်ခွင့်ပေးရန်ပင်ဖြစ်သည်။
ဘင်္ဂါလီများကို နိုင်ငံသား ဖြစ်ရုံနှင့် ဘက်ကီမွန်း၏ တောင်းဆိုမှုကား မပြီးသေးပေ။ လူနည်းစုများကို တိုက်ခိုက်မှု ရပ်ရန်လည်း ပါသေး၏။
(သတင်းအသေးစိတ်ကို Associated Press တွင်ဖတ်ပါ)
ဘင်္ဂါလီနှင့် ပတ်သက်သည့် ဤတောင်းဆိုမှုများကို မနေ့က OIC အစ္စလာမ်အဖွဲ့ကြီးနှင့် ပူးပါင်း၍ ထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
UN ဆိုသူများသည် " မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဆိုသူများ မရှိပါဘူး" ဟု နိုင်ငံတော်သမ္မတက တရားဝင် ကြေညာထားသော်လည်း ရိုဟင်ဂျာဟု သုံးနှုန်းသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ နောက်ခံ အခြေအနေ များကြောင့် နိုင်ငံ လုံခြုံရေးကြောင့် ၁၉၈၂ ခုနှစ် ဥပဒေ အရ နိုင်ငံသား ဖြစ်ခွင့် ပေးသည်ဟု UN ဆိုသူများကို အိမ်ထဲ ဖိတ်ခေါ် ရှင်းပြသော်လည်း လက်မခံသူများဖြစ်သည်။
ပဋိပက္ခများ တည်ငြိမ်စပြုပြီဟု ဆိုလျှင် မြန်မာနိုင်ငံသားများကို စိတ်နှလုံး မသာမယာ ဖြစ်စေတဲ့ အထိဆုံးစကားလုံးကို UN ဆိုသူများက ရွေးပြီး ပစ်သည်။
ပဋိပက္ခဖြစ်လျှင် ငြိမ်းချမ်းရေး တရားဟောပြသည်။ အစိုးရက ဖိအားပေး သည်။ ဗုဒ္ဓဘာသာ လူများစုဟုဆိုပြီး တိုက်ခိုက်သည်ဟု ဆိုပြီး အမည်တပ်သည်။
မြန်မာနိုင်ငံတွင် ရခိုင် အပါအ၀င် နေရာ အများအပြားတွင် ပဋိပက္ခဖြစ်ပွား ခဲ့ပြီး ဖြစ်စဉ် တစ်ခုစီတိုင်းတွင် မီးမွေးသူများဟု ဆိုရမည့်သူများမှာ ဘင်္ဂါလီခေါ်ခေါ် အစ္စလာမ်ခေါ်ခေါ် ယင်းသူတို့ဖြစ်သည်။
အဆိုပါ ကိစ္စများကို UN ဆိုသူများက ထုတ်ဖော်လေ့မရှိပေ။
ဤနေရာတွင် အလျဉ်းသင့်၍ Bangkok Post တွင် ဖော်ပြခဲ့သည့် အယ်ဒီတာ့ထံ ပေးစာ ဖော်ပြချက်ကို အနည်းငယ် ကောက်နုတ်ဖော်ပြပါမည်။
အီရန်နိုင်ငံလည်း ဘင်္ဂါလီတွေကို ကာကွယ်ဖို့ အကြမ်းဖက်မှုတွေ ရပ်ဖို့ တောင်းဆိုတယ် OIC ကလည်း မြန်မာအစိုးရကို ကန့်ကွက်စာပို့ပြီး OIC အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံ ခရီးစဉ်မှာ ရိုဟင်ဂျာဆိုသူများ အရေးနဲ့ပက်သက်ပြီး တိုက်တွန်းပေးဖို့ စာပို့ခဲ့ကြသည်။
မူဆလင်နိုင်ငံ အားလုံးကလည်း လူ့အခွင့်အရေး ကာကွယ်ပေးဖို့ဆိုတဲ့ အသံတစ်မျိုးတည်း ထွက်တောင်းဆိုခဲ့ကြပြီး ယင်းတောင်းဆိုမှုများသည် ၎င်းတို့ နိုင်ငံများတွင် လူ့အခွင့် အရေးဆိုင်ရာ ချိုးဖောက်မှုများကို ထင်ဟပ်နေသည်။
အင်ဒိုနီးရှားဘက်က ခရစ်ယာန် လူနည်းစုကို ခွဲခြားဆက်ဆံတာနဲ့ပက်သက်ပြီ
ဆော်ဒီအာရေဗျမှာဆို အိမ်တွင်း အမျိုးသမီးအခွင့်အရေးနဲ့ပက်
ထပ်ပြီးတော့ အီရန်နိုင်ငံ ၊ အာဆက် အစိုးရက ဆီးရီးယားမှာ အစုလိုက် လူသတ်ခဲ့တာနဲ့ ပက်သက်ပြီးတော့ မေးခွန်းတွေ ထပ်မေးခဲ့တယ်။ ဒါပေမဲ့ သူတို့အားလုံးဘက်က အော်နေတာက မူဆလင် ရိုဟင်ဂျာတွေက အခြေခံ လူ့အခွင့်အရေးကို ရသင့်တယ်ဆိုတာနဲ့ မြန်မာအစိုးရက သူတို့ကို ကာကွယ်ဖို့ဆိုတာပါပဲ။
ဟု Bangkok Post မှာဖော်ခဲ့သည်။
စင်ကာပူ နိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များနှင့် လက်ထပ်မှုကို တရားရုံး ဥပဒေများ ခွဲခြားကာကန့်သတ်သည်။ ယင်းကို လူ့အခွင့်အရေး ချိုးဖောက်သည်ဟု အော်သူမရှိပေ။
မြန်မာနိုင်ငံတွင် တပွက်ပွက် မွေးနေပြီး အငတ်ဘေးမှ လွှတ်ကင်းရန် သာဖွားနှုန်း ထိန်းမည်ဆိုစဉ်က UN ဆိုသူများနှင့် လူ့အခွင့်အရေး သမားများ လိပ်ခေါင်းထွက်မတက် အော်ကုန်ကြသည်။
လူ့အခွင့်အရေး ဆိုသူများ နောက်ကွယ်တွင် မမြင်ရသော လက်များ မည်ပုံမည်ပုံရှိ သည်ကိုကား မသိရသေးပေ။
ဆင်းရဲသူနှင့် ချမ်းသာသူကာ ဤနေရာတွင် ကွာခြားသွားပေသည်။ အော်နေ သည့် အကောင်များ ပါးစပ်ပိတ်ဖို့ တစ်ဖက်က နိုင်ငံလည်း ကြွယ်ဝလာဖို့လို သည်။ ဆင်းရဲမှု နွံ့ထဲ ဆက်တိုးနေပါက နားပိတ်ထားလည်း ယင်းအသံများကို ကြားနေရပါဦးမည်။
မြန်မာနိုင်ငံကို ကယ်တင်လိုသူများ လမ်းပေါ်ထွက်ရုံနှင့် မပြီးပါ။ နိုင်ငံတကာ က ကြားတဲ့ တစ်နေရာက အင်အား ရှိရှိ ထိထိရောက်ရောက် အော်နိုင်ရင် အဆိုပါ အခွင့်အရေးသမားများ၏ နုတ်ပိတ်လာလိမ့်မည်ဟု ယူဆသည်။
No comments:
Post a Comment