Monday, July 15, 2013

မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌအမြင်မှန်ရပြီးနုတ်ထွက်..



Myeik ( Buy&Sale) မှ ကူးယူဖော်ပြသည်။

၂၀၁၃ ခုနှစ် ဇူလှိုင်လ (၁၄)ရက်နေ့ မြိတ် ခရိုင် အတွင်း ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်မှု စီမံကိန်းအား သန်းဖြိုးသူ ကုမ္ပဏီ နှင့် မြိတ် စီးပွားရေးလုပ်ငန်းရှင်များအများပိုင်တို့ ပူပေါင်းပြီး မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ( ခယက ဥက္ကဋ္ဌ မှ တရားဝင် မှတ်ပုံတင်ထားသည့် ဟု ဆိုခဲ့) ဥက္ကဋ္ဌ ဦးဆန်းလွင်မှ ယနေ့ မနက် ၉.၃၀ ခန့်တွင် မြိတ်ခရိုင် ၈၈ မျိုးဆက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲအား ပြုလုပ်ခဲ့ရာ ပြည်တွင်း/ ပြည်ပ သတင်း မီဒီယာများမှ တွေ့ဆုံမေးမြန်းသတင်းယူခဲ့ပါသည်။

ဦးဆန်းလွင် မှ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း မူလ လုပ်ငန်းစဉ်အနေဖြင့်ဒေသတွင်း လူထုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ဈေးနှုန်းချိုသာစွာဖြင့် လျှပ်စစ်မီးရရှိရေး အတွက် ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရေးအား ထောက်ခံခဲ့မိကြောင်း၊ မြိတ်ခရိုင်အတွင်း လူထုမှ အပြင်းအထန် ကန့်ကွက်ပြီး ဆန္ဒပြပွဲများအားပြုလုပ်ခဲ့ရာတွင် ၄င်းမှ ဦးကျော်လွင် (သန်းဖြိုးသူ ကုမ္ပဏီ) ဦးလှသန်း ( မြိတ် စက်မှုလုပ်ငန်းရှင်များ အများပိုင် ကုမ္ပဏီ) တို၏ ညွှန်ကြားချက်အရ တန်ပြန်ဆန္ဒပြပွဲကို စီစဉ်ကြီးကြပ်ဖော်ဆောင်ခဲ့သူတစ်ဦးဖြစ်ခဲ့ပါကြောင်းပြောပါသည်။

လက်ရှိ လုပ်ငန်းရှင်များမှ မူလကောင်းမွန်သည့် ရည်ရွယ်ချက်များအား မဖော်ဆောင်ပဲ တစ်ဦး တစ်ယောက် ကောင်းစားရေး ခရိုနီများ ညီညွှတ်ရေးသာ လုပ်လျက်ရှိရာ ၄င်းအနေဖြင့်မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တရားဝင်နုတ်ထွက်ကြောင်း နှင့် မြိတ်လူထုအား အနူးအညွှတ်တောင်းပန်ပါကြောင်း ကြေငြာခဲ့ပါသည်။

မြိတ်သားလေး

No comments: