Monday, July 15, 2013

အကုသိုလ် အသုဘ သူတောင်းစား


ဘုရား ဘုရား ဒုက္ခတော့ ရောက်တော်မူကုန်ကြတော့မယ်၊ ခု မြန်မာပြည်က ပြုပြင်ပြင်ပြောင်းလဲရေးသမားကြီ
းလို့ နိုင်ငံတကာက ပြောကြပြီး ပြည်သူတွေကတော့ နိုင်ငံတကာသူတောင်းစားလို့ ဆိုတဲ့ စိန်ပြောင်ကြီး ဒီကနေ့ ဗြိတိန်ကို ရောက်လာမယ်တဲ့၊ တိတ်တိတ်ပုန်း လက်ဆယ်ဖြာ သြစတေးလျှမှာလိုပင် ဦးချချင်သူများ မြန်မာသံရုံးမှာ စာရင်းပေးထားကြလေရဲ့၊
အကုသိုလ်ကောင်ကြီးကို လက်ဆယ်ဖြာ မိုးချင်တဲ့ အညှောင့်မထွက်နိုင်တဲ့ အမြုံတွေကို ကျုပ်ကတော့တခုပဲမေးရမယ်။ ၂၀၀၇ စက်တင်ဘာလ ၁၄ ရက်နေ့ နေပြည်တော် စစ်ရုံးချုပ်( ယခု ကာလုံရုံးမှာ အရေးပေါ် အစည်းဝေး စစ်အစိုးရကလုပ်တယ် ၊ အဲဒီမှာ လူကြမ်းကြီး ဘိုဘရွှေက မေးတယ် ဘယ်လောက် တောင် မင်းတို့ ဆက်ပြီး လက်ပိုက်ကြည့်နေအုံးလဲ၊ အခု အုန်းထလာတဲ့ ဂတုံးတွေကို ရှင်းမလား၊ ငါက မင်းတို့ ပုခုံးပေါ်က အပွင့်တွေကို ရှင်းပြီး ထောင်ထဲပို့ရမလားတဲ့ ( စကားလုံးသက်သေ….၂၀၀၉ ခုနှစ်တွင် အရေးယူခံလိုက်ရသော သေဒဏ်ကျခံနေရသည့် ဗိုလ်မှုး ၀င်နိုင်ကျော်မှ သူနှင့် ရင်းနှီးသည့် အကျဉ်းသားတဦးအားပြောပြခြင်းဖြစ်သည်။
ထိုအချိန်မှာ ယခု ဗြိတိန်ကို ဆိုက်ရောက်လာတဲ့ ဗိုလ်စိန်ပြောင်က သူ့မှာ တာဝန်အရှိဆုံးပါ သူတာဝန်ယူ ရှင်းပါ့မယ်လို့ သစ္စာတော်ခံပြီးသကာလ၊ ၂၀၀၇ စက်တင်ဘာ ၂၄ ရက်ကနေ့ကနေစပြီး အဆင့်ဆင့် အကြမ်းဖက်ဖြေရှင်းလိုက်တာ သင်္ဃန်းတွေဂွင်းလုံးကျွတ်ပြီး အကျဉ်းထောင်ပေါင်းစုံတီးလုံးရိုက်ချက်တွေနဲ့ ဇာတ်သိန်းပြလိုက်တာကို အဘရွှေ့က သဘောတော်ကျပြီး ယခု သမ္မတ အဆင့်ကိုရောက်လာတာပဲ။
ငြင်းချင်ကြသလား? စာရေးသူက မှတ်တမ်း အပြည့်စုံရှိတယ်။ သံဃာသတ်သူကို ဦးခိုက်ကန်တော့ရင် ဘာဖြစ်သလဲဆိုတာ အတိကျ ဗုဒ္ဒက ပြဌာန်းထားတယ်။ မကြောက်ရင်လုပ်ကြ ကန်တော့ကြ။
သူကတော့ သမ္မပဲ ဒါပေမယ့် အကုသိုလ်ဒုစရိုက်နဲ့ အကျိုးပေးပြီး ရာထူးရနေတာ၊ ဒါပေမယ့် သူ့ရဲ့ နေ့စဉ်လုပ်နေရတဲ့ အလုပ်က သူတောင်းစား၊ နိုင်ငံတကာမှာရော ပြည်တွင်းမှာရော တောင်းရမ်းနေတာ အားလုံးသိတယ်။ အပိုမပြောဘူး။
ခုလဲ တောင်းဖို့လာတာ။ တိုင်းပြည်ထဲမှာ၊ ပုဒ်မ ၁၈ ပြီးတော့ ၅၀၅ နဲ့ အောက်ခြေနင်းပြား တောင်သူလယ်သမားတွေကို လက်ထိပ်တန်းလန်းနဲ့ ပြီးတော့ မြေပိုင်ရှင်တွေ မြေသိမ်းခံရသူတွေက ချေချုပ်တန်းလန်းနဲ့ လုပ်ထားတယ်။
တိုင်းပြည်တခုလုံးကိုလဲ အကုန်ရောင်စားပြီး ဘဘရွှေအိပ်ထဲကို ဒလဟော ဖြည့်သွင်းပေးနေတာ စက္ကန့်မလပါပဲ။ ကောလ ဟာလမဟုတ်ဘူးနော်။ မယုံရင် မြေလျှိးကြည့် မိုးပျံကြည့်။
မြေအောက်ကိုသွားရင် ဖြတ်သန်းသွားမရတော့တဲ့ ဦးပိုင်း ရေနံ ဂစ် ကျောက် မိုင်း ကြေးနီ ပြီးတာ့ ကျောက်မျက်တွင်းတွေနဲ့ မိုးကောင်းကင်ကိုသွားရင် ဖုန်း ၊ တယ်လီကွန်းတွေ အင်တာနက် လုပ်ပိုင်ခွင့် အွန်လိုင်း လုပ်ငန်းအားလုံး သူတို့လက်ထဲမှာပဲ။ ဒီထက် တိကျခြင်ရင် စိန်ပြောင်ကို ခုံရုံန်းတင်စစ်ကြည့် အကုန်ပေါ်တယ်။
ဒိဌိကို ကိုးကွယ်သူ ယုံကြည်သူ အားကိုသူအားလုံးတို့သည် သာသနာထွန်းကားသောအရပ်တွင် လူစင်စစ်ဖြစ်ခွင့်သော်၎င်း၊ တရားထူး မြင်သောပုဂ္ဂိုလ်အဖြစ်သော်၎င်း ၊ တရားသိမြင်ကာ နိဗ္ဗာန်မျက်မှောက်ပြုခွင့်ရသော ပါရမီထူးမှ ခွဲစေ၏ လွဲစေ၏။
ကဲရှင်းပါပြီ၊ အကုသိုလ် အသုဘ အပုတ်ကောင် ဗိုလ်စိန်ပြောင်အား ၊ ကန်တော့ကာ ဗီဇာမျော် အခွင့်မျှော်နေသူများ သိစေနိုင်ပါစေသတည်း။
(ဂိုလ်ရှယ်လေး)

No comments: