Monday, July 15, 2013

မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီး၌ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ



မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးတွင် အကြိမ်(၄၀)မြောက် ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ဇူလိုင်လ(၁၄)ရက် နေ့လည်(၁)နာရီတွင် စေတီတော် သာသနာ့ ဗိမာန်တော်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တက်ရောက် လာကြသူများက နမောဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်၍ တနင်္သာရီ တိုင်းဒေသကြီး သံဃာ့နာယက အဖွဲ့ ဥက္ကဌ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ထိုနောက် ဗိမာန်တော်တွင် ကိန်းဝပ် စံပယ်တော်မူသော ဗုဒ္ဒရုပ်ပွားတော် အရှင်သူမြတ်အား ရွှေကြာ သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်း များဆက်ကပ် လှူဒါန်းကြကာ ကန်သာ ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေ၍ ဗုဒ္ဒသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနား ရုပ်သိမ်း လိုက်သည်။

ထိုအခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသ ကြီး သံဃာ့နာယက အဖွဲ့ဥက္ကဌ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်း တိုက် ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် ဌာနဆိုင်ရာများ၊ စေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments: