Monday, July 22, 2013

ကျောက်ဖျာကျေးအုပ်စု လွတ်လွတ် ရွာတွင် သိမ်းဆည်းခံမြေယာ များ အတွက် ယနေ့ အချိန်ထိ လျော်ကြေးငွေ အပြည့်မရသေး

ကျောက်ဖျာကျေးအုပ်စု လွတ်လွတ် ရွာတွင် သိမ်းဆည်းခံမြေယာ များ အတွက် ယနေ့ အချိန်ထိ လျော်ကြေးငွေ အပြည့်မရသေး
==================

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နယ် ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ ကျေးရွာတွင် ရေချိုပုဇွန်မွေးမြူရေး ကန်များပြုလုပ်ရန်အတွက် ၂၀၀၂ ခုနှစ်က မြေယာများကို ကုမ္ပဏီအချို့ နှင့် အာဏာပိုင်များနှင့် ပူးပေါင်းကာ သိမ်းဆည်းခဲ့ ဟု မြေယာအသိမ်းခံရသည့် ဒေသခံများထံမှသိရသည်


ယင်းမြေယာ များ ကို လျော်ကြေးငွေအဖြစ် တစ်ဧက လျှင် ကျပ်တစ်သိန်း ပေးမည်ဟု ပြောခဲ့သော်လည်း ယနေ့ အချိန်အထိ သုံးသောင်းကျပ်သာ လျော်ပေးထားကြောင်း သိရသည်

ယင်းကဲ့သို့ မြေယာ လျော်ကြေးပေးဆောင်ရာတွင် ထွန်ယက်ပြီးသား လယ်ယာများအတွက်သာ ပေးဆောင်ထားပြီး မြေရိုင်းများအတွက် လျော်ကြေးမပေးကြောင်း ပုဇွန်မွေးမြူရေးကန် အစပ်ကြားရှိ မြေယာ များကို မြို့ သစ် စီံမံကိန်းဟု ဆိုကာ ရပ်မိရပ်ဖ ဆိုသူများက မြေကွက်များကို အကွက်ရိုက် ရောင်း ချခဲ့သည်

အလားတူ အကွက်ရိုက်ပြီး သိမ်းဆည်းခံ မြေယာ များထဲမှ တစ်ခု ဖြစ်သည့် ကွင်းအမှတ် ၁၇၅(ခ ) လော့လော့တောင်းကွင်း ကျောက်ဖျာကျေးရွာအုပ်စု အမည်ဖြင့် ၂၀၁၁ ခုနှစ်ထိ အခွန်ပြေစာ ရောက်ရှိကြောင်းသိရသည်

"ကျမတို့ က ပညာကလည်းမတတ် အခြားနေရာတွေကိုလည်း မသွားတတ် မလာတတ် လူကြီးတွေနဲ့ လည်း စကားပြောမတတ်တော့ သူတို့ လုပ်တာ အချောင်သက်သက်ခံနေတယ် "ဟု myeik buy & sales
သို့ ပြောသည်

ဒေသတွင်း အရပ်ဘက် အဖွဲ့ စည်း တစ်ခုက " ဒီပြသနာကို တိုင်းဒေသကြီးအစိုးရထိ တင်ပို့ ပေးမှာ မရရင် နောက်ဆုံး နိုင်ငံတော်သမ္မတ ရုံး ထိ တင်ပို့ ပေးသွားမှာl လက်ရှိနိုင်ငံတော်၏ အသွင်ကူးပြောင်းရေး ကာလ မှာ မြေယာပြသနာတွေ က အရှပ်ထွေးဆုံးပါပဲ" ဟု ဆိုသည်

ပုဇွန်မွေးမြူရေးကန် အများစုမှာ မအောင် မြင် ပဲ ပျက်စီးသွားပြီဖြစ်သော်လည်း လယ်ယာမြေ များ ကို အသိမ်းခံရသည့် ဒေသခံများမှာ နစ်နာကြေးလည်း မရ ဆက်လက်ထွန်ယက်စိုက်ပျိုးခွင့်လည်း မရ ကြောင်း ဒေသခံများထံမှသိရသည် (via Myeik (Buy&Sale))

No comments: