အမြင်များ
-----------
၁။ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆွေးနွေးတာ ဖြစ်လို့ ရန်သူကိုလည်း
ဖိတ်သင့်တယ် ... ခွင့်လွှတ်ရမယ် ....။
၂။ အမျိုးသား ရင်ကြားစေ့ရေး လုပ်ချင်တယ် ဆိုရင် ပွဲ သီးသန့်ကျင်းပပါ ...
ဒီပွဲဟာ ... ပြည်သူအားလုံးနဲ့ ဆိုင်တဲ့ပွဲ ဖြစ်နေတယ် ။ ဘယ်သူပဲ ဦးဆောင်
လုပ်လုပ် ... ဒီလို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သူတွေကို မဖိတ်သင့်ဘူး ။
၃။ ကောင်းတဲ့ အလုပ်တခု ဖြစ်တယ် ... မတက်တဲ့ သူတွေ မှားတယ် ။
တကိုယ်ရည် ခံစားချက်နဲ့ လုပ်လို့ မရဘူး ... သဘောထားကြီးရမယ်။
၎။ မှားပါတယ်လို့ တောင် ၀န်မခံတဲ့ ရာဇ၀တ်သားတွေကို ကျဆုံးသွားတဲ့
ညီနောင်တွေ ပြည်သူတွေရဲ့ ... ၀ိဥာဉ်တွေရှေ့မှာ ဘယ်လို မျက်နှာမျိုးနဲ့
လက်ဆွဲ နှုတ်ဆက် ပြုံးပြရမှာလဲ .....။
၅။ နိုင်ငံရေး လုပ်တယ် ဆိုတာ ... ရန်သူကိုတောင် မိတ်ဆွေ ဖြစ်အောင်
လုပ်တာ ဖြစ်တယ် ။ အာဃာတ တွေ ထားနေဖို့ မလိုဘူး ....။
၆။ ကျန်တဲ့ အချိန် ကျန်တဲ့နေရာမှာ ကြိုက်သလို ဆွေးနွေးလို့ ရတယ် ။
ဒီပွဲမှာတော့ ဒီကောင်တွေ မျက်နှာကို ... မကြည့်နိုင်ဘူး ......။
၇။ ငါတို့ကတော့ မှန်တယ် ထင်တာ လုပ်မှာပဲ ....။
၈။ အေး ငါတို့ကလည်း မှားနေတယ် ထင်လို့ကို မတက်ဘူး ပဲ ....။
( မှတ်ချက်။ ဘရန်ဆိုင်း အမြင် လုံးဝ မပါသေး )
ဘရန်ဆိုင်း အမြင် ။ ဖိတ်တဲ့လူတွေ အမှားအမှန် မဝေဖန်ချင်တော့ဘူး
သောက်ရှက်မရှိ မျက်နှာပြောင်တိုက် တက်ရဲတဲ့ကောင်
တက်ခဲ့ပါစေ .... ဘရန်ဆိုင်းကို ပြောခွင့်ပေးပါ .... သူ့တို့မျက်ခွက်ကြီး
တွေကို စိမ်းစိမ်းကြည့်ပြီး ... ကိုဖုန်းမော် အတွက် ၊ မ၀င်းမော်ဦးအတွက် ...
အခြားအခြားသော
ကျဆုံးသွားကြရတဲ့ ... အာဏာရှင်စနစ်ဆိုးရဲ့ သားကောင် သူရဲကောင်းတွေ
အတွက် ... လက်ညှိုးလေး ထိုးကာ ထိုးကာ ပြောပစ်လိုက်ချင်တယ် ....
ရာဇ၀တ်သားတွေ ရေ .......။ မင်းတို့ ကြောင့် ... မင်းတို့ လုပ်ခဲ့တာ ...
မင်းတို့ အာဏာရူးခဲ့တာ ... ငါ့ရင်ထဲမှာ သူရဲကောင်းတွေရဲ့ သွေးတွေ
မခြောက်သေးဘူး လို့ ...။

No comments:
Post a Comment