Friday, August 2, 2013

"ပရဟိတ"




ဘဝါဘဝ
လူဖြစ်ရခိုက်
အတ္တပယ်ခွါ
ဥာဏ်ကိုလွှာ၍
ပြုပါကုသိုလ်
ကျင့်ထိုသီလ
ဒေါသနည်းစေ
တွေဝေမောဟ
ပယ်သတ်ကြလော့။

သံသရာတွင်း
သူငါချင်းလျှင်
ပေါင်းသင်းမိတ်ဖွဲ့
ပီယာချဲ့သော်
သင်းသွဲ့ငြိမ်းချမ်း
မွှေးသောပန်းပွင့်
လန်းဆင့်ဝေထုံ
လူ့ဖြစ်ဘုံဝယ်
လုံးစုံဖြူမည်း
ရောင်မခွဲနှင့်
ငါလည်းသူတူ
လူ လူ လူချည်း
ကူညီဖေးမ
မြင်တတ်ကြလော့။

ပရဟိတ
မာန်ကိုချ၍
ဒါနရှေးရှု
လုံ့လပြုသော်
မှုမဲ့ဘယာ
ရောဂါကင်းဝေး
ကပ်ဘေးမတွေ့
အကွေ့သံသရာ
ဖြာဖြာကောင်းကျိုး
နတ်မျိုးချစ်ခင်
လိုအင်ဥစ္စာ
များစွာပွားစည်
မျှော်ရည်နိဗ္ဗာန်
ဧကန်မလွဲ
ပန်းတိုင်နွှဲမည်
မှတ်စွဲကျင့်ပါ အကျိုးတည်း။




မင်းကြည်ညို

No comments: