Thursday, August 1, 2013

မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ မူဆလင် အစွန်းရောက်တွေဟာ KIA အဖွဲ့နှင့် ပူးပေါင်းနေပြီလား


Thursday, August 01,2013

ဇူလိုင် ၂၆ ရက်နေ့က KIA ဗဟိုဌာနချုပ်(လိုင်ဇာ)ကို မူဆလင် အစွန်း
ရောက်တွေ ရောက်နေတယ်ဆိုပြီး အင်တာ နက်ပေါ်မှာ သတင်းတစ်ပုဒ်
ဖတ်လိုက်ရပါတယ်။ အိန္ဒိယ - ပါကစ္စတန် နှစ်နိုင်ငံ နယ်စပ်အခြေစိုက် မွတ်ဆလင် အစွန်း ရောက်တွေဟာ အိန္ဒိယကနေ တစ်ဆင့် ကချင်ပြည်နယ်
ထဲကို ၀င်ရောက်လာတယ်၊ ပြီးတော့ လိုင်ဇာကိုသွားပြီး KIA ခေါင်းဆောင်
တွေနဲ့ တွေ့တယ်ဆိုတဲ့ သတင်းတွေဟာ မှန်ခဲ့တယ်ဆိုရင် မူဆလင်အစွန်း
ရောက်တွေက မြန်မာနိုင်ငံတွင်းမှာ ပိုပြီးဆိုးရွားတဲ့ ပြဿနာတွေကို ဖန်တီးတော့မယ်ဆိုတဲ့ လက္ခဏာလို့ ထင်မြင်မိပါတယ်။

မူဆလင်အစွန်းရောက်အချို့ဟာ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဂျီဟတ်စစ်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေအမျိုး
မျိုး ထွက်ပေါ်လာပါတယ် ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ဘင်္ဂလီတွေကို ရခိုင်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပါတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ အခြေချစခန်းတွေ တည်ဆောက်ဖို့ မဖြစ်နိုင်တဲ့အတွက် ကချင်ပြည်နယ်ကို သူတို့ အခြေချစခန်းတွေ ဆောက်ဖို့ အခြေအနေ
အပေးဆုံး နေရာအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါလိမ့်မယ်၊

ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအများ
စုဟာ ခရစ်ယာန်ဘာသာဝင် တွေဖြစ်နေတာရယ်၊ KIA အဖွဲ့ဟာ လက်နက်
ကိုင်အဖွဲ့ အစည်းအဖြစ် ရပ်တည်နေပြီး ဟိုးတုန်းက မူဆလင်အစွန်းရောက်
တွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

မူဆလင်အစွန်းရောက်တွေဟာ ကချင်ပြည်နယ်ထဲကိုဝင်ရောက်လာခြင်းမှာ လက်တလော ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်ထားတဲ့ KIA အဖွဲ့ကို စည်းရုံးပြီး လက်တွဲဖို့ ကြံစည်နေတာ ဖြစ်နိုင်ပါတယ်၊ ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာကို ရန်တိုက်ပေးမယ်၊ ပြီးရင် ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်
ဘာသာကို သင့်မြတ်အောင် စည်းရုံးမယ်၊ဗုဒ္ဓဘာသာကို ကိုးကွယ် နေတဲ့
မြန်မာနိုင်ငံတစ်နိုင်ငံလုံးနီးပါးကို တိုက်ခိုက်ပြီး အစ္စလာမ်ဘာသာ လွှမ်းမိုးအောင်လုပ်မယ်၊ ဒါမှသာ ရိုဟင်ဂျာ မူဆလင်တွေ မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့် ရှိမယ်ဆိုပြီး KIA အဖွဲ့ကို လာပေါင်းတာဖြစ်နိုင် ပါတယ်။

ကချင်ပြည်နယ်မှာကတော့ ဒေသခံ ကချင်လူမျိုးတွေအများစု နေထိုင်ကြပြီး ရှမ်း၊ဗမာဆိုတာကလည်း အနည်းစု ဖြစ်ပါ တယ်၊ ပြီးတော့ ဗုဒ္ဓဘာသာ
ကိုးကွယ်တဲ့သူလည်း နည်းတော့ ဒေသခံကချင်တွေနဲ့ ပလဲနံပသင့်မယ်လို့
မြင်လာကြတယ်၊ ပြီးတော့ KIA ခေါင်းဆောင်တွေရဲ့ လိုအပ်ချက်တွေကို
လေ့လာပြီး မက်လုံးတွေနဲ့ လာရောက် ပူးပေါင်းပြီး KIA ကို စည်းရုံးပြီး
မြန်မာနိုင်ငံမှာ ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ လုပ်မယ်၊ လက်နက်ခဲယမ်းတွေနဲ့ လူအင်အားတွေကို KIA ဆီကရမယ်၊ ပြီးရင် လိုအပ်တဲ့ လက်နက်ခဲယမ်း၊
ငွေကြေးထောက်ပံ့မှု တွေကို အိန္ဒိယ၊ တရုတ်နယ်စပ်တွေကနေ OIC လို အဖွဲ့ဝင် နိုင်ငံတွေ၊ မူဆလင် အစွန်းရောက်တွေဆီက ရယူမယ်၊ အခုလာတဲ့
အဖွဲ့ဟာ အိန္ဒိယ - ပါကစ္စတန် နှစ်နိုင်ငံနယ်စပ်မှာ အခြေစိုက်ထားတာဖြစ်လို့ ကချင်ပြည်နယ်ထဲကို အလွယ်တကူ ၀င်ရောက်လာ နိုင်တယ်ဆိုတဲ့ အခြေ
အနေတွေကလည်း ရှိနေပြန်ပါတယ်။

KIA အဖွဲ့အနေနဲ့ ဒီလ ၂၃ ရက်နေ့က Technical Advisory Team ရုံးဖွင့်ပွဲ
ကို ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဒုဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ပြီး ငြိမ်းချမ်းရေးအတွက် အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲကာလမှာ KIA အဖွဲ့ခေါင်းဆောင်များကို အစိုးရနဲ့ သွေးခွဲပြီး မူဆလင်အစွန်းရောက်တွေနဲ့ ပူးပေါင်းလာ အောင် စည်းရုံးနေတယ်ဆိုတာမြင်သာပါတယ်။ ဒါကြောင့် မူဆလင်အစွန်းရောက်
တွေရဲ့ မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ ကချင် ပြည်နယ်ထဲဝင်ပြီး အခြေချ
စခန်းတွေတည်ဆောက်နိုင်အောင် စည်းရုံးနေမှုတွေကို KIA ခေါင်းဆောင်
များအနေနဲ့ နား မယောင်မိဖို့ အကြံပြုလိုက်ရခြင်းဖြစ်ပါသည်။

ဘရန်ထွန်း

အမေ့အိမ်

No comments: