Saturday, September 7, 2013

"အတ္တတွေ အပြည့်နဲ့ မြန်မာ့နိုင်ငံရေး"



လွတ်တော်ဥက္ကဌ ဦးရွှေမန်းက သမ္မတဖြစ်ချင်တာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဖြစ်ချင်တာ မဟုတ်ပဲ အခုကတည်းက ဖြစ်နိုင်ရင် ဦးသိန်းစိန်ကို ဖယ်ရှားပြီး ကျန်နေတဲ့ လပေါင်း ၂၉ လအတွက် သမ္မတ ဖြစ်ချင်တာလို. ရန်ကုန်မှာ ပြောဆိုတာတွေ ရှိပါသည်။

၂၀၁၅ ရွေးကောက်ပွဲပြီးမှဆိုရင် သေခြာချင်မှ သေခြာမှာ။ အခုဆိုရင် ကြံ့ခိုင်ရေးအမတ်နှင့် စစ်တပ်ကိုယ်စားလှယ်က တွန်းတင်ရင် လက်ရှိသမ္မတကို အယုံအကြည်မရှိ တင်ပြီး သမ္မတ လုပ်မယ်ဆိုရင် လုပ်လို.ရရင် လုပ်ချင်တဲ့သဘောတွေ မြင်နေရပါသည်။

ဒါကြောင့်လည်း သမ္မတဦးသိန်းစိန်က သူလူရင်းတွေကို ဘာပြောသလဲဆိုလျှင်-- သစ်ပင်မြင့်လို. လေတိုက်တာ ခံရတာမျိုးကို ခံနိုင်ပေမယ့် အခု ကိုရွှေမန်းလုပ်နေတာက အပင်အရင်းကနေ လာပြီး အမြစ်ကို လှန်ပြီး တူးခုတ်နေသလိုပဲ " တဲ့။

အခုလည်း လွတ်တော်နားတုန်း ဦးရွှေမန်းရဲ့ ခရီးစဉ်လေ့လာရင် ဥပဒေပြု လွတ်တော်အမတ်တဦးရဲ့ တာဝန်နဲ. လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး အုပ်ချုပ်ရေး အပိုင်းကိုပါ လူသိရှင်ကြား ၀င်ပြီး စွက်ဖက်နေသလို ဖြစ်ပါသည်။

တခြားနိုင်ငံတွေမှာလည်း လွတ်တော်ဥက္ကဌတွေ အမတ်တွေဟာ ပြည်သူတွေ နိုင်ငံရေး အဖွဲ.အစည်းတွေ ဘာသာရေး အသင်းအဖွဲ.တွေ နိုင်ငံခြား အဖွဲ.အစည်းတွေကို လက်ခံ တွေ.ဆုံ ဆွေးနွေး မေးမြန် ပြောဆိုတာတွေ လုပ်ပါသည်။ ဒါမျိုး လုပ်တာ မဆန်းပါ။

ဆန်းတာက မြို.နယ် ဆေးရုံမှာ ဆရာဝန် ဘယ်နှစ်ဦး ရှိရမှာကို ဘယ်နှစ်ဦးပဲ ရှိနေလို. အမြန်ဆုံး ခန်.ဖို. မှာကြားတာ ပြောတာ လုပ်ခိုင်းတာတွေဟာ လွတ်တော်အမတ် ဥပဒေပြု ဌာနရဲ့ တာဝန် လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး အုပ်ချုပ်ရေးအပိုင်းကို ၀င်ပြီး စွက်ဖက်ရာ ရောက်နေပါသည်။ အရင် ဦးသန်းရွှေခေတ်က အတွင်းရေးမှူး ၁ ဗိုလ်ခင်ညွှန်. လုပ်တဲ့အချိုးမျိုးဖြစ်နေပါသည်။

ဒီလို လုပ်ပြနေတာကိုက သမ္မတဦးသိန်းစိန်နှင့် လွတ်တော်ဥက္ကဌ ဦးရွှေမန်းအကြား ကြီးမားတဲ့ အားပြိုင်မှု လွန်ဆဲမှုတွေ ဖြစ်ပါသည်။

ထို.အပြင် မြန်မာပြည်ကို နိုင်ငံခြားအစိုးရ ကိုယ်စားလှယ်တွေလာတိုင်း ခေါင်းဆောင်တွေ လာတိုင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ.ဆုံသလို တချိန်တည်းမှာ လွတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့်လည်း အဲဒီ နိုင်ငံခြားသား ဧည့်သည်က တွေ.တာတွေကို သတင်းစာတွေမှာ စင်ပြိုင်လုပ်ရပ်တွေ ဖော်ပြတာကို သတိထားမိမယ် ထင်ပါသည်။

တကယ့်လို. လာတဲ့နိုင်ငံခြားသား ခေါင်းဆောင်ဟာ အနောက်နိုင်ငံက ဖြစ်နေရင် သမ္မတ ဦးသိန်းစိန်နဲ.လည်း တွေ.။ လွတ်တော်ဥက္ကဌတွေနဲ.လည်း တွေ.။ အတိုက်အခံ ဒေါ်စုနဲ.လည်း တွေ. တာမျိုး ၃ ဦးစလုံးကို ဆွဲစိတာတွေ မြင်ရမှာ ဖြစ်ပါသည်။

ဒါဆိုရင် ဒီမိုကရေစီအရ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး ဌာနကြီး ၃ ခုက သီးခြား လွတ်လပ်ပြီး လုပ်ပိုင်ခွင့် ရှိတယ်ဆိုရင်--- နိုင်ငံခြားသား ခေါင်းဆောင်တွေက သမ္မတနှင့် လွတ်တော် ဥက္ကဌ ၂ ဦးအပြင် တရားလွတ်တော်ချုပ် တရားသူကြီးချုပ်တို.နှင့်ပါ ၃ ဦးစလုံးပဲ တွေ.ရမလို ဖြစ်မနေဘူးလား။

လက်ရှိအစိုးရ လက်ထက်မှာ သမ္မတ ဦးသိန်းစိန်အတွက် အဓိက အတိုက်အခံသည် NLD ပါတီ အဖွဲ.ချုပ်က ဒေါ်စု မဟုတ်ပဲ သူ.ပါတီက ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ လွတ်တော် ဥက္ကဌ ဦးရွှေမန်ဟာ ဦးသိန်းစိန်အစိုးရ၏ အဓိက အတိုက်အခံ ဖြစ်လာနေတာ မရယ်ရတဲ့ ဟာသ ဖြစ်နေပါသည်။

ဦးရွှေမန်းက ပါလီမန်ကို ကိုင်ပြီး ပြည်သူ.အကျိုးအတွက် သူက လုပ်ပေးချင်ပါလျှက် ပါလီမန်က လုပ်ပေးလိုပါလျက် အုပ်ချုပ်ရေး ကိုင်ထားတဲ့ အစိုးရအဖွဲ.က ကန်.လန်. ကန်.လန်. လုပ်နေတာမျိုး သမ္မတ ဦးသိန်းစိန်က လုပ်ပေးဖို. တွန်.ဆုပ်နေတာမျိုး လူတွေက မြင်အောင် ပြည်သူတွေက ထင်အောင် ဒေါ်စုကို ဒိုင်ကာပြီး လှံရေးပြနေသူ ဖြစ်ပါသည်။

တကယ့်တော့ ဦးရွှေမန်းဟာ လူထု အကျိုးကို လုပ်ပေးချင်တာက သူ.အတွက် ဘယ်နည်းဖြင့်ပဲရရ သမ္မတ ဖြစ်ရေးဟာ သူ.ရဲ့ အဓိက ဆန္ဒဖြစ်ပါသည်။

နံပါတ် ၃ နေရာကနေ နံပါတ် ၁ နေရာကို မျှော်မှန်းပြီး မရပဲ နံပါတ် ၄ နေရာကို လျှောကျခဲ့တာမို. ဒီဖြစ်ရပ်ဟာ ဦးရွှေမန်းအတွက် ဥဒါန်းမကျေ ဖြစ်စေတဲ့အရာပါ။

ဗိုလ်ချုပ်ကြီးမောင်အေးက ဦးရွှေမန်းကို မထည့်ဖို. ဗြောင်ပြောတဲ့အကြားက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကောင်းပါဘူး ထားလိုက်ပါ ထည့်လိုက်ပါဆိုပြီး လွတ်တော် ဥက္ကဌ နေရာကို ပေးခဲ့မိတာ အခုတော့ " သူတို. ဆရာ တပည့် ခေါင်းချင်း တိုက်ပြီး ငိုပေတော့ " လို. ဆိုပြီး သမ္မတဦးသိန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်းက သူ.ယောကျားကို ငေါ့ တိုက်ရအောင်အထိ ဦးရွှေမန်း၏ လုပ်ရပ်တွေကြောင့် သမ္မတဦးသိန်းစိန်နှင့် သူ.ဆရာ ဦးသန်းရွှေတို. ခေါင်းကိုက်နေရပုံကို ထောက်ပြတယ်လို. သိရပါသည်။

အဖွဲ.ချုပ်နှင့် NLD ပါတီက ဖွဲ.စည်းပုံ ပြင်ချင်တာက ဒေါ်စု အတွက် သမ္မတ ဖြစ်ရေး လမ်းခင်းပေးဖို. အားသန်ပြီး တိုင်းရင်းသားတွေ ဖွဲ.စည်းပုံ ပြင်လိုတာက တိုင်းရင်းသား အခွင့်အရေးတွေ ပြည်နယ်အစိုးရတွေ၏ လုပ်ပိုင် ခွင့်တွေ ပိုရရှိရေး ဖြစ်ပါသည်။ ဒီမိုအုပ်စုတွေ ဖွဲ.စည်းပုံ ပြင်ဆင်တာက ဒီမိုကရေစီ မဆန်တဲ့အရာတွေ စစ်တပ်၏ ၂၅ % ပါဝင်မှုတွေကို ပြင်ဆင်ချင်တာ ဖြစ်တာမို. ဖွဲ.စည်းပုံ ပြင်ဆင်လိုသူတွေ အကြားမှာလည်း ပထမ ဦးစားပေးတဲ့ အရာတွေက မတူညီပါဘူး။ ဒေါ်စု သမ္မတ ဖြစ်ရေးလောက်သာ လမ်းခင်းပေးမည့် ဖွဲ.စည်းပုံ ပြင်ဆင်ရေးဆိုရင်တော့ တိုင်းရင်းသားအဖွဲ.တွေကလည်း ဒီလောက် စိတ် ၀င်စားမှာ မဟုတ်သလို အခြား ဒီမို ပါတီတွေကလည်း အားစိုက်မှာ မဟုတ်ပါ။

ဒီအချက်တွေကို တွက်ချက်ပြီး လွတ်တော်ဥက္ကဌ ဦးရွှေမန်းက ဒေါ်စုကို ဘယ်လို ပြပြီး ဘယ်လို ကစားမလဲ စဉ်းစားရင် တဖက်မှာလည်း နိုင်ငံတော် သမ္မတကြီး ဦးရွှေမန်း ဖြစ်ရေးကို ၂ ဆ တိုးပြီး ကျိုးစားနေခြင်း ဖြစ်ပါသည်။

ခက်တာက ရွှေမန်းရဲ့ ချိုမိုင်မိုင် ကကွက်တွေလောက်တော့ ပြည်သူတွေက နောကျေပြီးသား ဖြစ်နေခြင်းသာပါ။ ရွှေမန်း ဘာအချိုး ချိုးနေတာကို လူတွေက ကြို သိနေတာက သူ.အတွက် အကြီးမားဆုံး စိန်ခေါ်ချက်ပါ။ ။

ဒါကြောင့် ရွှေမန်းနှင့်ဒေါ်စု မြန်မာလူမျိုးစုထဲက သမ္မတ ဖြစ်တာထက်စာရင် ထက်မြက်တဲ့ ပညာတတ်တဲ့ တိုင်းရင်းသား တဦးဦးထဲက သမ္မတဖြစ်အောင် ၀ိုင်းဝန်းပြီး ကူညီလုပ်ပေးချင်းက ပိုပြီး ကောင်းလေမလား စဉ်းစား လာသူတွေ ရှိနေပါပြီ။

၂၀၁၅မှာ တိုင်းရင်းသားတွေထဲက အားလုံးက လက်ခံနိုင် ယုံကြည်နိုင်တဲ့ တကယ့် စစ်မှန်တဲ့ လူထု ကိုယ်စားလှယ်တဦးဦးကို သမ္မတအဖြစ် ရွေးချယ်ပေးနိုင်ခြင်းက သမိုင်းတွင်မည့် အရာ ဖြစ်စေပါမည်။

စဉ်းစားဆင်ခြင်ရန် ဖြစ်ပါသည်။

Source: Myanmar Journal

No comments: