နှမြောဖို့ ကောင်းလိုက်တာ....
၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၅ ဂုဏ်ထူးဖြင့် မြေပုံမြို့က မောင်မင်းသန်းလွင် ကျရှုံး
၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ရခိုင်ပြည်နယ်
မြေပုံမြို့ တောင်ပိုင်းရပ်ကွက်မှာ နိန်ထိုင်ရေ မောင်မင်းသန်းလွင်သည် ၅
ဘာသာဂုဏ်ထူး ရကေလေ့ ဘောဂဗေဒ ဘာသာရပ်တွင် ၁၅ မှတ်ဖြင့်
စာမေးပွဲကျရှုံးခကြောင်း လေးဝတီ က သတင်းရဟိပါသည်။
မောင်မင်းသန်းလွင်သည် အဖ ဦးစိုးသိန်းနန့် အမိ ဒေါ်စောခင်လှရို့၏
သားဖြိုက်ပြီး အ.ထ.က မြေပုံမြို့တွင် ပညာသင်ကြားခရေ ကျောင်းသားတစ်ယောက်
ဖြိုက်ပါသည်။
သူတွင် မွီးချင်းအစ်မ တစ်ယောက် ရှိပြီး သူ့အစ်မ
မစောသန်းလှိုင်သည် (မူလတန်းပြ ကျောင်းဆရာမ) ဖြစ်ပါသည်။ သူ၏ ဖခင်မှာ လက်သမား
ဆရာကြီးဖြစ်ပြီး မိခင်မှာ အလတန်းပြ(မူတာဝန်)ဖြင့် မြေ ပုံမြို့မှ
ကျောင်းဆရာမ တစ်ယောက် ဖြိုက်ပါသည်။
မောင်မင်းသန်းလွင်သည် အချေကပင်
ပညာတော်ရေ ကျောင်းသားတစ်ယောက် ဖြစ်ပြီး သူငယ်တန်းမှ စတ္ထတန်းထိ ပထမဆု
ဆက်တိုက် ရရှိခပြီး န၀မတန်းထိ ထူးချွန်စွာ အောင်မြင်ခပါသည်။
“
အကျွန်သားချေရေ အချေကပင် ပညာတော်ရေ ကျောင်းသားပါ။ သူ စာမေးပွဲမှာ
အဖြေနိုင်ဆုံးဘာသာလည်း အခု ၁၅ မှတ်ရာ ရရေ ဘောဂဗေဒဘာသာရပ် ဖြိုက်နိန်ပါရေ။
အကြိုစာမေးပွဲတိမှာတောင် သူက တခြားကျောင်းသူ ကျောင်းသားတိထက်
အမှတ်အများဆုံးနန့် ဂုဏ်ထူးထွက်စော်ပါ။ ပညာရေး စာစစ်ဌာနမှာ တစ်ခုခု
လွှဲမှားနိန်ရေလို့ သံသယဖြစ်မိပါရေ။ အကျွန် အဖြေလွှာ မိတ္တူကို စာစစ်ဌာနမှာ
ကြည့်ခွင့်တောင်းထားပါရေ။
နောက် အသနားခံစာ နှစ်ကြိမ်ဟိပါယာ
ဇာတစ်ခုလည်း အကြောင်းမပြန်ပါ။ ပြည်နယ်ဝန်ကြီးချုပ်ဘားကိုပါ စာတင်ထားပါရေ”
လို့ မောင်မင်းသန်းလွင်၏ အမိဖြိုက်သူ ဒေါ်စောခင်လှ က ပြောပါသည်။
သူသည် ၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အ ထ က မြေပုံမြို့
စာစစ်ဌာန ဒဖ-၂၁၃ ဖြင့် ၀င်ရောက်ဖြေဆိုရာ ၅ ဘာသာ ဂုဏ်ထူး ရသော်လည်း
ဘောဂဗေဒဘာသာရပ် ၁၅ မှတ်ဖြင့် ကျရှုံးခဲ့ပါသည်။
အမှတ်စာရင်းအရ
ရမှတ်များမှာ မြန်မာစာ ရရ မှတ်၊ အင်္ဂလိပ်စာ ရ၈ မှတ်၊ သချာင်္ ၈၂ မှတ်၊ ဓါတုဗေဒ
၉၃ မှတ်၊ ရူပဗေဒ ၈၄ မှတ်၊ ဘောဂဗေဒ ၁၅ မှတ် ဖြစ်ပါသည်။
လေးဝတီ
နှမြောဖို့ ကောင်းလိုက်တာ....
၂၀၁၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၅ ဂုဏ်ထူးဖြင့် မြေပုံမြို့က မောင်မင်းသန်းလွင် ကျရှုံး
၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွင် ရခိုင်ပြည်နယ် မြေပုံမြို့ တောင်ပိုင်းရပ်ကွက်မှာ နိန်ထိုင်ရေ မောင်မင်းသန်းလွင်သည် ၅ ဘာသာဂုဏ်ထူး ရကေလေ့ ဘောဂဗေဒ ဘာသာရပ်တွင် ၁၅ မှတ်ဖြင့် စာမေးပွဲကျရှုံးခကြောင်း လေးဝတီ က သတင်းရဟိပါသည်။
မောင်မင်းသန်းလွင်သည် အဖ ဦးစိုးသိန်းနန့် အမိ ဒေါ်စောခင်လှရို့၏ သားဖြိုက်ပြီး အ.ထ.က မြေပုံမြို့တွင် ပညာသင်ကြားခရေ ကျောင်းသားတစ်ယောက် ဖြိုက်ပါသည်။
သူတွင် မွီးချင်းအစ်မ တစ်ယောက် ရှိပြီး သူ့အစ်မ မစောသန်းလှိုင်သည် (မူလတန်းပြ ကျောင်းဆရာမ) ဖြစ်ပါသည်။ သူ၏ ဖခင်မှာ လက်သမား ဆရာကြီးဖြစ်ပြီး မိခင်မှာ အလတန်းပြ(မူတာဝန်)ဖြင့် မြေ ပုံမြို့မှ ကျောင်းဆရာမ တစ်ယောက် ဖြိုက်ပါသည်။
မောင်မင်းသန်းလွင်သည် အချေကပင် ပညာတော်ရေ ကျောင်းသားတစ်ယောက် ဖြစ်ပြီး သူငယ်တန်းမှ စတ္ထတန်းထိ ပထမဆု ဆက်တိုက် ရရှိခပြီး န၀မတန်းထိ ထူးချွန်စွာ အောင်မြင်ခပါသည်။
“ အကျွန်သားချေရေ အချေကပင် ပညာတော်ရေ ကျောင်းသားပါ။ သူ စာမေးပွဲမှာ အဖြေနိုင်ဆုံးဘာသာလည်း အခု ၁၅ မှတ်ရာ ရရေ ဘောဂဗေဒဘာသာရပ် ဖြိုက်နိန်ပါရေ။
အကြိုစာမေးပွဲတိမှာတောင် သူက တခြားကျောင်းသူ ကျောင်းသားတိထက် အမှတ်အများဆုံးနန့် ဂုဏ်ထူးထွက်စော်ပါ။ ပညာရေး စာစစ်ဌာနမှာ တစ်ခုခု လွှဲမှားနိန်ရေလို့ သံသယဖြစ်မိပါရေ။ အကျွန် အဖြေလွှာ မိတ္တူကို စာစစ်ဌာနမှာ ကြည့်ခွင့်တောင်းထားပါရေ။
နောက် အသနားခံစာ နှစ်ကြိမ်ဟိပါယာ ဇာတစ်ခုလည်း အကြောင်းမပြန်ပါ။ ပြည်နယ်ဝန်ကြီးချုပ်ဘားကိုပါ စာတင်ထားပါရေ” လို့ မောင်မင်းသန်းလွင်၏ အမိဖြိုက်သူ ဒေါ်စောခင်လှ က ပြောပါသည်။
သူသည် ၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အ ထ က မြေပုံမြို့ စာစစ်ဌာန ဒဖ-၂၁၃ ဖြင့် ၀င်ရောက်ဖြေဆိုရာ ၅ ဘာသာ ဂုဏ်ထူး ရသော်လည်း ဘောဂဗေဒဘာသာရပ် ၁၅ မှတ်ဖြင့် ကျရှုံးခဲ့ပါသည်။
အမှတ်စာရင်းအရ ရမှတ်များမှာ မြန်မာစာ ရရ မှတ်၊ အင်္ဂလိပ်စာ ရ၈ မှတ်၊ သချာင်္ ၈၂ မှတ်၊ ဓါတုဗေဒ ၉၃ မှတ်၊ ရူပဗေဒ ၈၄ မှတ်၊ ဘောဂဗေဒ ၁၅ မှတ် ဖြစ်ပါသည်။

No comments:
Post a Comment