*
အခု နောက်ထပ်တက်လာတဲ့ CNN နဲ့ MSNBC သတင်းတွေအရ ကားမောင်း သူ တဦးဟာ
သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော်နား လုံခြုံရေးအရ ချထားတဲ့ သံဆူးကြိုးအကာရံ
အတားအမြစ်တွေကို ကိုယ့်သဘောနဲ့ ဖြတ်မောင်းသွား လို့ ရဲတွေက လိုက်လံ
တားမြစ်ဖမ်းဆီးရာက နောက်ဆုံး အဲဒီကားသမား တခါးဖွင့်ပြီး ကားအပြင် အထွက်မှာ
ရဲတွေက ပစ်ချလိုက်ပါတယ်။ (မှတ်ချက် အမေရိန်နိုင်ငံမှာ ကားမောင်းသူတဦး
ဥပဒေချိုးဖေါက်လို့ ရဲတွေ အနောက်က လိုက်လာပြီဆိုရင် မိမိထိုင်ခုံမှာပဲ
ခါးပတ်ပတ်လျှက်နဲ့ ရဲတွေကိုယ့်ဆီ ချဉ်း ကပ် လာတဲ့အထိ ဒီတိုင်း
ထိုင်စောင့်နေရပါတယ်။ လှုပ်လှုပ်ရှားရှား လုပ် တာမျိုးဆိုရင် ရဲက
ပစ်ပိုင်ခွင့် ရှိပါတယ်)။ ကားမောင်းသူ အမျိုးသမီးရဲ့အခြေ အနေ အသေးစိတ်ကို
သက်ဆိုင်ရာက ထုတ်မပြောသေးပါဘူး။ ကားမောင် သူဟာ အမျိုးသမီးဖြစ်ပြီး
မြို့တွင်းလမ်း သတ်မှတ် စံချိန်မိုင်နှုန်းထက် အမြန် ပိုမောင်းတာကြောင့်
လိုက်လံအဖမ်းခံရတာပါ။ ကားထဲ ကလေးတယောက် ပါလာပေမယ့် ကလေးကတော့ ထိခိုက်ဒဏ်ရာ
မရဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဟာ ကားမောင်း စထွက်ပြေးသွားတဲ့ အိမ်ဖြူတော်နဲ့ ၁၆ ဘလော့ အကွာ Capitol
Hill အမေရိကန် လွှတ်တော် အဆောက်အဦး ရှိတဲ့နေရာနား ဖြစ်ပါတယ်။ ကားမောင်းသူ
အမျိုးသမီးဟာ လမ်းမှာ အထူးလုံခြုံရေး တပ်ဖွဲ့ကားကိုလည်း ဝင်တိုက်သွားလို့
လုံခြုံရေးတပ်သားတဦး ဒဏ်ရာရ သွားပါတယ်။
အခုလို အိမ်ဖြူတော်နား
ကားမောင်းထွက်ပြေးပြီး လိုက်တိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်တဲ့
လုပ်ရပ်မျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သမ္မတ အိမ်တော်ဝင်းတဝိုက်တော့
လုံခြုံရေး ပိုတင်းချထားပါတယ်။ nwa/ Burma- NewsElite
Source: USA Today
*
အခု နောက်ထပ်တက်လာတဲ့ CNN နဲ့ MSNBC သတင်းတွေအရ ကားမောင်း သူ တဦးဟာ သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော်နား လုံခြုံရေးအရ ချထားတဲ့ သံဆူးကြိုးအကာရံ အတားအမြစ်တွေကို ကိုယ့်သဘောနဲ့ ဖြတ်မောင်းသွား လို့ ရဲတွေက လိုက်လံ တားမြစ်ဖမ်းဆီးရာက နောက်ဆုံး အဲဒီကားသမား တခါးဖွင့်ပြီး ကားအပြင် အထွက်မှာ ရဲတွေက ပစ်ချလိုက်ပါတယ်။ (မှတ်ချက် အမေရိန်နိုင်ငံမှာ ကားမောင်းသူတဦး ဥပဒေချိုးဖေါက်လို့ ရဲတွေ အနောက်က လိုက်လာပြီဆိုရင် မိမိထိုင်ခုံမှာပဲ ခါးပတ်ပတ်လျှက်နဲ့ ရဲတွေကိုယ့်ဆီ ချဉ်း ကပ် လာတဲ့အထိ ဒီတိုင်း ထိုင်စောင့်နေရပါတယ်။ လှုပ်လှုပ်ရှားရှား လုပ် တာမျိုးဆိုရင် ရဲက ပစ်ပိုင်ခွင့် ရှိပါတယ်)။ ကားမောင်းသူ အမျိုးသမီးရဲ့အခြေ အနေ အသေးစိတ်ကို သက်ဆိုင်ရာက ထုတ်မပြောသေးပါဘူး။ ကားမောင် သူဟာ အမျိုးသမီးဖြစ်ပြီး မြို့တွင်းလမ်း သတ်မှတ် စံချိန်မိုင်နှုန်းထက် အမြန် ပိုမောင်းတာကြောင့် လိုက်လံအဖမ်းခံရတာပါ။ ကားထဲ ကလေးတယောက် ပါလာပေမယ့် ကလေးကတော့ ထိခိုက်ဒဏ်ရာ မရဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဟာ ကားမောင်း စထွက်ပြေးသွားတဲ့ အိမ်ဖြူတော်နဲ့ ၁၆ ဘလော့ အကွာ Capitol Hill အမေရိကန် လွှတ်တော် အဆောက်အဦး ရှိတဲ့နေရာနား ဖြစ်ပါတယ်။ ကားမောင်းသူ အမျိုးသမီးဟာ လမ်းမှာ အထူးလုံခြုံရေး တပ်ဖွဲ့ကားကိုလည်း ဝင်တိုက်သွားလို့ လုံခြုံရေးတပ်သားတဦး ဒဏ်ရာရ သွားပါတယ်။
အခုလို အိမ်ဖြူတော်နား ကားမောင်းထွက်ပြေးပြီး လိုက်တိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်တဲ့ လုပ်ရပ်မျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သမ္မတ အိမ်တော်ဝင်းတဝိုက်တော့ လုံခြုံရေး ပိုတင်းချထားပါတယ်။ nwa/ Burma- NewsElite

No comments:
Post a Comment