Thursday, October 3, 2013

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အမေရိကန်တိုက်တွန်း"

ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြောင်းလဲမှု့ အခြေနေဟာ၊  ပြောင်းလဲဘို့ လဲ တကယ့်ကို လိုအပ့်နေတဲ့၊ ပြောင်းရင်လည်းပြောင်းနိုင်တဲ့ အလွန်ဘဲ့အရေးကြီးတဲ့၊လမ်းဆုံ လမ်းခွကိုရောက်နေကြပါပြီ။

ကျနော်အမြင်ကိုပြောရရင်၊ ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ကို ၂၀၁၅အတိုင်ခင် အချိန်မှိ အနဲဆုံးပြောင်းလဲနိုင်ဘို့ က အရေးကြီးဆုံးလုပ့်ကြရမယ့် အလုပ့်တာဝန်တခုပါ။


ပြင်မှာလား၊ အသစ်ရေးမှာလားဆို ....

ကျနော့် တဦးတည်းသဘောအရတော့၊ဒီ ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံ ဟာ ပြည်သူတွေကရေးဆွဲထားခဲ့တဲ့ ပြည်သူတွေအတွက်ရေရှည်မှာ အကျိုးကျေးဇူးများစေမယ့် ဖွဲ့ စည်းပုံ မဟုတ်လို့  အသစ်ကို ရေးစေချင်တာပါဘဲ့။ 
ဒီလိုရေးဆွဲရင် ဟိုစိမ်ခေါ်မှု့ တွေ၊ ဒီလိုအခက်ခဲတွေ ရှိနေနိုင်တာတွေ၊ မကြာသင့်တဲ့အချိန်တွေထပ့် ကြာပြီး ဇတ်မျောကြီး ဖြစ်သွားမှာတို့ ၊ အကယ်လို့ များ အခန့် မသင့်ရင် လက်ရှိရထားတာလေးတွေ တောင် လက်လွတ်သွားနိုင်ပြီး နောက်ပြန်လှည့်နိုင်တယ်လို့ တွေးကြကောင်းတွေးကြနိုင်ပါတယ်။ ဒီနေရာမှာကျနော်မြင်တာက၊ စိမ်ခေါ်မှု့ တွေ၊ အခက်ခဲတွေက ဘာတွေဘဲလုပ့်လုပ့်ကျနော်တို့ ကြုံကြရမှာပါဘဲ့၊ ဒီအတွက်တော့ ပူပင်ကြောင့်ကြနေစရာမလိုပါဘူး။ 
ဟုတ်တိ၊ ပတ်တိ အဓိကကြတဲ့ ဘာတွေကိုမှ မပြောင်းသေးနိုင်တဲ့၊ အပေါ်ယံ ပါးပါးလေးကိုသာဆေးပါးပါးလေးသုတ်ပြီး၊ အမြင်ကောင်းအောင် ပြောင်းတယ်လို့ အမည်ခံ လုပ့်နေကြတဲ့ ဒီ နေ့  ပြောင်းလဲမှုတွေကနေ နောက်ပြန်လှည့်သွားလည်း အခြေခံလူတန်းစား အဖိနိုပ့်ခံ ကျောမွဲလူထုကြီးအတွက်တော့ ဘာတွေမှပိုပြီးထူလာမှာ မဟုတ်လို့  ဒီအတွက် ဘာမှ အထွေထွေ အထူးထူးထှောက်ပြစရာမရှိ။
ဥပဒေ အသစ်ရေးဆွဲ ကြတဲ့အခါ မကြာစေချင်ကြရင် မကြာစေရအောင်အားလုံးကဝိုင်းကျိုးစားကြရင်
 ဖြစ်နိုင်စရာနည်းလမ်းတွေအများကြီးကျနော်တို့ ဆီမှာ ရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ့်နှင့် ပြည်တွင်းက ပါတီတွေမှာ ဥပဒေအကြမ်းတွေရေးထားတာတွေရှိကြပါတယ်။ ထို့ အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ
စုပေါင်းပြီးရေးထားခဲ့ကြတဲ့ ဥပဒေမှုကြမ်းလည်းရှိနေပါတယ်။ အဲဒါတွေထဲကယူသင့်တာတွေယူပြီး ရေးဆွဲကြရင်။
မလွယ်ဘူးလို့ စေဒကတက်နိုင်ပေမယ့်၊ မလုပ့်နိုင်အောင် မခက်ခဲပါ။ အဲဒါတွေထဲက ဘာတခုမျမကြိုက်လို့ မယူဘူး ဆိုရင်လည်းရပါတယ်။ စိတ်ရင်းစေတနာအမှန်နဲ့ သာကမ္ဘာ့ဖွဲ့ စည်းပုံတွေကို နမှုနာယူပြီး၊ ရေးဆွဲပါ၊ စစ်အစိုးရလုပ့်ခဲ့သလို ၁၅နှစ်တော့ မကြာနိုင်ပါ။ ဒီတော့ ကျနော့်အမြင်ပွင့်လင်းစွာပြောရရင်၊ ကြံ့ ဖွတ်နဲ့ စစ်တပ့်ကသာ စေတနာအမှန်နဲ့ ဆန္တသာရှိပါ၊  အချိန်မှိမလုပ့်နိုင်စရာမရှိပါ။သူတို့ ရဲ့စေတနာမှန် ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် မှန်ကန်ကြတယ်ဆိုရင် အခုအချိန်ဟာ သူ့ တို့ စေတနာတွေကို ပြည်သူတွေ လက်တွေ့  တွေ့ မြင် နိုင်အောင် ပြဘို့ လိုနေပါပြီ၊ သူတို့ အတွက်လည်း ယူတတ်ခဲ့ကြရင် အချိန်အခါကောင်းပါဘဲ့။
ဖြစ်ချင်တဲ့ဆန္တ တွေနဲ့ ဖြစ်သင့်တဲ့ လက်တွေ့ ကြုံတွေ့ နေကြရတဲ့ ပကတိ ဘဝ တွေရဲ့ အခက်ခဲတွေကို ကိုထည့်တွက်ပြီး၊ အသစ်ရေးဘို့ ကို မရွေးဘဲ၊ ပြုပြင် ပြောင်းလဲ ဘို့ ကိုရွေးချယ် ခဲ့ကြရင်တော့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို မျှော်ကိုးပြီး၊ ပြောင်းသင့်တဲ့ အချက်အလက်တွေကို လက်တွေ့ တကယ် ပြောင်းကြဘို့ တော့လိုပါလိမ့်မယ်။ မဟုတ်ရင် စစ်ကျွန်အဖြစ် ဆွေစဉ်မျိုးဆက် သွတ်သွင်းတာကို ခံကြရပါလိမ့်မယ်။ 
ဒီတော့ ကျနော်တို့  ပြတ်သားကြဘို့ ၊ သတ္တိရှိကြဘို့ လိုပါပြီ။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အမေရိကန်တိုက်တွန်း"

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲအတွက် အချိန်မီ ပြင်ဆင်ပြောင်းလဲနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အစိုးရက ပြောပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ အပြည့်အ၀ လွတ်လပ်မျှတပြီး၊ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံ့ ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးနိုင်အောင် အခြေခံဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေ အချိန်မီ ပေါ်ပေါက်လာလိမ့်မယ်လို့ မိမိတို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jason Rebholz က မနေ့က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီလုပ်ငန်းစဉ် အပြည့်အ၀အောင်မြင်ဖို့အတွက် လူနည်းစု အခွင့်အရေး၊ အရပ်ဘက်က ထိန်းချုပ်တဲ့ စစ်တပ်၊ ခေါင်းဆောင်တွေကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တဲ့ နိုင်ငံသားအခွင့်အရေး တွေ အပါအ၀င်၊ ခေတ်မီ နိုင်ငံတော်တစ်ခု ရဲ့ နိုင်ငံတကာ စံနှုန်းတွေ နဲ့ကိုက်ညီတဲ့ ဥပဒေဆိုင်ရာ အဆောက်အအုံ အခင်းအကျင်း တစ်ရပ် လိုအပ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ က ပြောကြားခဲ့ပါတယ်။

No comments: