Wednesday, October 2, 2013

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်သလိုဖြစ်နေသော အချက်များ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်



ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ကန့်သတ်သလိုဖြစ်နေတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံဥပဒေပါ အကြောင်းအရာလေးတွေ ဟာ ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ရေဆွဲခဲ့တဲ့ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ မပါဝင်တာကို အခုလို တွေ့ရှိရပါတယ်။

တချို့ကပြောပြောနေလို့၊ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတဲ့ ဥပဒေက ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေမှာလဲပါတယ်ဆိုဆိုပြီး ပြောနေကြတဲ့အတွက် တနေ့ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ ပြန်ရှာကြည့်တော့ အခုလိုတွေ့ရပါတယ်။

၁၉၄၇ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ

နိုင်ငံတော်သမ္မတဟာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပိုင်နက်အတွင်း မွေးဖွားသော ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်ဟု ဆိုသည့်အချက်သာပါဝင်ခဲ့ပြီး သား/သမီးများကိုပါ ကန့်သတ်သည့်

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာပါတဲ့

မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ ၏ဇနီး (သို့မဟုတ်)
ခင်ပွန်းသော်လည်းကောင်း၊ မိမိ ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊

ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး(သို့မဟုတ်)
ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်
ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ် သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်
သူ သော်လည်းကောင်း၊

တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။
ဆိုတဲ့ အချက်တွေ မပါဝင်တာတွေ့ရှိရပါတယ်။

ဗဟုသုတအဖြစ်တင်ပြခြင်းသာဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခြင်း/မဖြစ်ခြင်းသည် ပြည်သူနှင့်သာ
တိုက်ရိုက်သက်ဆိုင်ပါသည်။

No comments: