Tuesday, October 1, 2013

မင်းဒင်ရဲ့သက်ခိုင်

အော် လူ့သဘော လူ့မနော ၊နာမည်ကြီးတွေရဲ့ အတွင်းရေးမပါသမို့ စာလေးလှပါသတဲ့။ ကဲ ဒီတပတ် နာမည်ကြီးတယောက်ရဲ့အတွင်းရေးကို
ဖတ်ပြီး ကျေနပ်ကြပါတော့။ မင်းဒင်ရဲ့သက်ခိုင်(၂) နှစ်ဦးသား ပန်းခြံမှပြန်ချိန်တွင် ကားလမ်းပေါ်မှာ ကားတွေအတော်ရှုပ်နေခဲ့ပြီ။ ပန်းခြံရှေ့မှာ စာသင်ကျောင်းရှိနေ၍ ပိုရှုပ်သည်။ တူညီကျောင်းဝတ်စုံနှင့် ကလေးငယ်များကို ဆိုင်ကယ်နှင့်တမျိုးကားနှင့်တဖုံ လိုက်ပို့နေကြသည့် ကျောင်းသား မိဘများကို တွေ့နေရသည်။နံနက်ခုနစ်နာရီဝန်းကျင်ရှိရော့မည်။ အခန်း(၇) ဘဝတာတိုတိုမှာ အရသာချိုချိုရှာ ရွှေထီးဆောင်းစဉ်အချိန်များက ကိုသက်ခိုင်မည်သို့မည်ပုံနေထိုင်ခဲ့လေသည်ကို ကျနော်မသိချေ။ ကျနော်နှင့်တရင်းတနှီး နေရစဉ်ကာလများတွင်မူ ကိုသက်ခိုင်သည် အနေအစားရိုးသူဖြစ်သည်။အလုပ်တစ်ခုကို ကိုယ်တိုင်လုပ်ရမှ ကျေနပ် သူဖြစ်၏။လမ်းလျှောက်ရာမှအပြန် ရေမိုးချိုးပြီးချိန်တွင် ကိုသက်ခိုင်သည် နံနက်စာကို သူကိုယ်တိုင်စီမံသည်။ အထွေ အထူးတော့မဟုတ်။ ဆီမပါသလောက်ဖြစ်သော ပဲပြုပ်ထမင်းကြော်နှင့်ကော်ဖီတခွက်စီသာဖြစ်ပါ၏။ `နေပါဦးဗျ၊ကိုကျော်စိုးပြောပြတဲ့ ခင်ဗျားဘ၀မှာ မမေ့နိုင်တဲ့စကားတစ်ခွန်းဆိုတာ ဘာများပါလိမ့်´ `သိပ်အထူးအဆန်းတော့မဟုတ်ဘူးဗျ။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့စွဲနေတယ်။ ကိုကျော်စိုးဟာ အရပ်အမောင်းမြင့် တယ်။ ကိုယ်လုံးကိုယ်ပေါက်ကြီးတယ်။လိုရင်းပြောရရင် ၀တဲ့လူစာရင်းမှာပါတယ်ဆိုပါတော့။ကျနော်က စင်္ကာပူဗီဇာရဖို့ သူ့အကူအညီနဲ့ဟိုသွား၊ဒီသွားကာလတွေမှာ သူနဲ့ကျနော်စကားတွေအများကြီးပြောဖြစ်တယ်။သူက အစားအသောက် ကောင်းတော့ အတော်ကြိုက်ရှာတယ်။ကျနော်က သူစားချင်တာမှန်သမျှ ဒကာခံတော့ ဘန်ကောက်မာပိုကရောင်း ကုန်တိုက်ထဲက (MK)ဆိုင်မှာထိုင်ကြရင်း အစားအသောက်နဲ့ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုကို ရောက်သွားရော ဆိုပါတော့၊သူဟာ ငယ်စဉ်ဘ၀က အတော်ဆင်းရဲခဲ့တယ်တဲ့။ အဲဒီတော့ စားချင်တာ စားလို့မရဘူး။ သူက ခေါက်ဆွဲကြော် အရမ်းကြိုက်တယ်ဆိုပဲ။ ဒါပေမဲ့ သူငယ်ငယ်တုန်းက သူကြိုက်တဲ့ခေါက်ဆွဲကြော်ကို အားရပါးရ တ၀ကြီး မစားခဲ့ရဘူးတဲ့။ အခုချမ်းသာနေပြီ၊စားချင်တာ စားနိုင်နေပြီ၊ဒါပေမဲ့ သူကြိုက်တဲ့ ခေါက်ဆွဲကြော်ကို အ၀စားနိုင်တဲ့အခွင့်အရေးမရှိပြန်ဘူးတဲ့။ ကျနော်က အံ့သြတကြီးနဲ့ခေါက်ဆွဲကြော်စားချင်တာများ ရေးကြီးခွင်ကျယ်လုပ်လို့ ကိုကျော်စိုးရာ၊ကျနော်ဝယ်ကျွေးပါ့မယ် လည်းဆိုရော….၊ ဟေ့ကောင် သက်ခိုင်၊ငါ့မှာ ဆီးချိုရော ကျောက်ကပ်၊နှလုံး ရောဂါစုံဝင်နေတာဟ၊ခေါက်ဆွဲကြော်ရော ကျန်တဲ့ဘာအစားမဆို တ၀တပြဲစားလို့ မရဘူးတဲ့။ သူကတော့ အမှတ်မထင်ပြောလိုက်တာပါပဲ။ကျနော့်စိတ်ထဲမှာတော့ အတော်ကိုတွေးတောစရာ ဖြစ်ကျန်ခဲ့တယ်။လောက ကြီးရဲ့သရော်လှောင်ပြောင်မှုကြီးပါလား။ နေပျော်တဲ့ဘ၀၊ပြည့်စုံတဲ့ဘ၀ဆိုတာ ဘာလဲ။ငွေဟာ ဘ၀ရဲ့ဘယ်အဆင့်အခြေမှာ ရှိနေသလဲ။စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ခြင်းကင်းတဲ့ဘ၀မှာ ပိုင်ဆိုင်နေတဲ့ ဥစ္စာဓနဟာ ဘာအသုံးဝင်သလဲ။ ကျနော်အရှည်ကြီး လျှောက်တွေးနေဖြစ်ခဲ့တယ်ဗျာ´ `ခင်ဗျားပြောနေတာ ငွေအကြောင်းရောက်လာတော့ တခုမေးချင်သေးတယ်။ ခင်ဗျားရဲဘက်မှာနေခဲ့ရတယ်။ စီးပွား ပျက်သွားတယ်။ အခုတိုင်းပြည်အပြင်ထွက်လာတော့ အခြေတကျနေထိုင်ဖို့ ပိုက်ဆံက ဘယ်ကနေထွက်လာတုန်းဗျ´ `အင်း၊ မပြီးမပြတ်သေးတဲ့ သာသနာ့ရိပ်သာလမ်းအမွေဆိုင်အမှုကနေ ကျနော့်ဝေစုကို ခွဲပေးဖို့ ကိုလှမောင်ရွှေနဲ့ ဦးကြီးစိန် တို့ဆီစာလှမ်းရေးရတာပေါ့။ကျနော့်ဘ၀က လမ်းဆုံးနေပြီမို့ ဘယ်လောက်တန်တန် ကျနော်စိတ်မ၀င်စားနိုင်တော့ပါဘူး။ သူတို့ဘက်ကလည်း ကျနော်တို့သဘောတူထားတဲ့အတိုင်း သိန်းထောင့်ခုနှစ်ရာကို လွှဲပေးလိုက်တော့ စာရင်းတစ်ခု ရှင်း ရောဆိုပါတော့ဗျာ။တစ်ခုတော့ ပြောပါရစေဗျာ၊အခု ဒီလူတွေ ကျိကျိတက်ချမ်းသာကုန်ပြီ၊သမ္မတအကြံပေးလိုနေရာမျိုးကို ရောက်နေပြီမို့ သူတို့အကြောင်းလူအထင်ကြီးခံရယုံ လျှောက်ပြောနေတာမျိုး အထင်မခံချင်တော့ဘူး။ ဘ၀ဟောင်းကို ကျနော်မေ့ချင်ပြီ။ သူတို့ကို ကြောက်စရာဘာအကြောင်းမှ ကျနော့်မှာ မရှိဘူး။ကျနော်စိတ်ထဲမှာ ဘ၀တစ်ခုထူထောင်ဖို့ ကူညီပေးလိုက်တယ်လို့ပဲ မှတ်ပါတယ်။ သူတို့ကိုကျေးဇူးတင်တယ်။ သူတို့ဘက်က ပြောသံဆိုသံတစ်ချို့ ကျနော်တဆင့် စကားနဲ့ ကြားတာတွေရှိပါတယ်။ ဥပမာ စံနစ်တကျလိမ်တတ်တဲ့ လူလိမ်ဆိုတဲ့စကားမျိုးပေါ့။ လက်ကြောင့်ကျေ၊နှုတ်ကြောင့်သေဆိုတဲ့ ဗမာ့ဆိုထုံးကို သူမေ့များနေရော့သလား။ဝက်သားဟင်းနဲ့ ချဉ်ပေါင်ရွက်ဟင်း လဲပစ်ချင်တဲ့စိတ်ပေါက်အောင်လာဆွနေသလိုပဲ။တကယ်တော့ကျနော်အစွယ်မကျိုးသေးပါဘူး။ပန်းပန်လျက်ပါဇာတ်ကားထဲမှာ မင်းသမီးကြီးဒေါ်ကြည်ကြည်ဌေးက မင်းသားကြီးမြတ်လေးကို ပြောခဲ့တဲ့ စကားတခွန်းတောင် သွားသတိရ မိသေး။ဘာတဲ့၊လူဆိုတာ ကိုယ့်အတွက်ဆို တကွက်တော့ချန်ကြတာချည်းပါပဲဆိုတဲ့ စကားလေ။ ဘာဘဲ ဖြစ်ဖြစ် ရှိပါစေ တော့။ အရင်တုန်းက လူလိမ်ဖြစ်ခဲ့ရင်တောင် ရှေ့ဆက်မယ့် ကျနော့် ဘ၀ခရီးမှာလူကောင်း အဖြစ်နဲ့သာ ကျနော်ခရီး ဆက်ချင်စိတ်ရှိတော့တယ်။ ကျနော်ကိုယ်တိုင် ကိုလှမောင်ရွှေကိုပြောပြခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိလေရဲ့ဗျာ။ အဲဒီ အကြောင်းကတော့ ပခန်းမင်းကြီးဦးရန်ဝေးရဲ့အကြောင်းပါပဲ။ အဲဒီအကြောင်းကို ပြောပြဖြစ်တာက ကျနော်ဘယ်လို လူစား၊ဘယ်လိုစိတ်ထား ရှိတယ်ဆိုတာ သူသိစေချင်လို့ပါပဲ။ `အော် ခင်ဗျားက သမ္မတအကြံပေးကိုတောင် ပုံပြောပြခဲ့ဖူးသေးတာကိုး၊လုပ်ပါဦးဗျ။ ဦးရန်ဝေးဇာတ်လမ်း´ `အမှန်တော့ ကိုလှမောင်ရွှေကို မိတ်ဆက်ပေးတာ ကိုဇော်ဝင်းဦးဗျ။ ဒေါ်ကြည်ကြည့်အမွေဆိုင်ခြံကိစ္စ အကျိုးတူလုပ်ဖြစ် ကြတော့ ကျနော်နဲ့သူ မကြာခဏ တွေ့ဖြစ်တယ်ဆိုပါတော့။အမွေမှုထုံးစံအတိုင်း ထိုင်ရာမထ အပွကြံချင်တဲ့သူတွေနဲ့ ကျနော် အမြဲမျက်နှာချင်းဆိုင်နေရတယ်။ ကျနော်ကိုယ်တိုင်လည်း ချွတ်ခြုံကျနေတဲ့အချိန်၊ဒါကြောင့် အသင့်ဟထားတဲ့ ပါးစပ်ပေါက်တွေကို ပိတ်နိုင်ဖို့ ငွေခဏခဏလိုတယ်လေ။များသောအားဖြင့် ငွေကြေးကိစ္စကို ကိုလှမောင်ရွှေနဲ့ ညှိရတာ များပါတယ်။ မှတ်မှတ်ရရတကြိမ်မှာ ဦးကြီးစိန်ဟာ ကျနော်အရေးတကြီး လိုနေတဲ့ငွေငါးသိန်းကို အလကားထုတ်ပေးဖူးတာ ကျနော်သတိရနေတုန်းပဲ။ ကိုလှမောင်ရွှေအဖေက ဗိုလ်ကြီးကျော်ရွှေ၊မဆလလက်ထက် ရန်ကုန်တိုင်းကောင်စီမှာ အတွင်းရေးမှူးလို့ ဆိုတယ်။ အဲဒီတုန်းက ရန်ကုန်တိုင်းကောင်စီဥက္ကဋ္ဌဟာ ဗိုလ်မှူးသိန်းအောင်(ရေ)လို့ မှတ်မိနေတယ်။ ထူးခြားချက်ကတော့ မဆလခေတ်ဆိုးကြီးထဲမှာ ဗိုလ်မှူးသိန်းအောင်နဲ့ ဗိုလ်ကြီးကျော်ရွှေတို့ဟာ လာဘ်ပေးလာဘ်ယူကိစ္စကို မစင်ဘင်ပုပ်လို ရွံတဲ့သူတွေ ကိုယ်ကျင့်တရားကောင်းမွန်သူတွေဖြစ်တယ်လို့ ရှေ့မှီနောက်မှီပုဂ္ဂိုလ်တွေက မှတ်ချက်ချဖူးသဗျ။ ကျနော်နဲ့ တွေ့စဉ်မှာ ဗိုလ်ကြီးကျော်ရွှေဟာ သူ့သားတွေကို ဥမကွဲသိုက်မပျက်စေဖို့ သူ့သားတွေပိုင်တဲ့ ကုမ္ပဏီမှာ ရုံးအုပ်ကြီးလို ထင်ရတဲ့ ပုံစံမျိုးနဲ့ ရိုးရိုးကုပ်ကုပ် နေထိုင်တာကို ကျနော်သတိပြုမိတယ်ဗျ။မာန်မာနရှိဟန် မတူပါဘူး။ ကိုလှမောင်ရွှေ ပြောနေကျ စကားတစ်ခွန်းကို ကျနော်မှတ်မိနေတယ်။`ကျနော်တို့က တပ်မိသားစုဆိုတော့ ထမင်းစားရင်တောင် ဝေပုံကျပဲ။ ဘဲဥတစ်ခြမ်းနဲ့ ထမင်း လိုသလောက်ရမယ်။ ထမင်းလိုချင်ရင်သာ ထပ်ရမယ်။ ဘဲဥတော့ထပ်မရ ဘူး´တဲ့။အေးဗျာ၊ကျနော်လည်းသူပြောမှ ကျနော်ငါးနှစ်သားအရွယ် သာကေတဘက် ဦးလေးဘုန်းကြီးရဲ့ ကျောင်းမှာ သွားနေခဲ့ရတုန်းက ဘ၀ကိုပြေးသတိရမိတယ်။ ကျနော့်တစ်သက်မမေ့နိုင်တာက ကာဘော်လစ်ဆပ်ပြာနံ့၊ ပဲကြီးလှော်နဲ့ ငါးပုဏ္ဏားပဲ။ ဘုန်းကြီးကျောင်းမှာ ရေပြတ်လို့ လမ်းဘေးရေဘုံဘိုင်မှာ ရေချိုးတိုင်း ကာဘော်လစ်ဆပ်ပြာနဲ့ တိုက်ရတယ်။တစ်ပတ် တစ်ကြိမ် ကျနော့်အဖေရောက်လာရင် ပဲကြီးလှော်တထုတ်နဲ့ မုန့်ဖိုးပြားနှစ်ဆယ်ပေးလေ့ရှိတယ်။ ငါးပုဏ္ဏားကတော့ ကျောင်းနဲ့မလှမ်းမကမ်းမှာရှိတဲ့ ငမိုးရိပ် ချောင်းစပ်မှာ ပိုက်ကွန်ပစ်နေတဲ့ တံငါသည်တွေက ခဏခဏ အလကားပေးတတ်လို့။လူမမည် ဘုန်းကြီးကျောင်းသားတွေ ကို သနားတယ်ထင်ပါ့။ သူ ဘ၀မမေ့တာကို ကျနော် သဘောကျမိတယ်။အခုအဆင့်လောက်တော့ မဟုတ်သေးဘူးဆိုပါတော့။ ကျနော်ရောက်တိုင်းလိုလို သူက တပ်မတော်ဖွဲ့စည်းပုံ၊ထိပ်တန်းတပ်မတော်အရာရှိတွေ ရာထူးအရွေ့အပြောင်း အကြောင်း တွေ သူရှင်းရှင်း ပြနေတာ ကျနော်နားထောင်ဖူးတယ်။ဘယ်သူက စစ်ထောက်ချုပ်ဖြစ်သွားပြီ။စစ်ရေးချုပ်ဟာ ဘယ်သူ။ ဒီတော့ မကြာခင်မှာ ကာကွယ်ရေးဦးစီးချုပ် ဘယ်သူဖြစ်လာမယ် ဆိုတာမျိုးတွေ။သူက စစ်တပ်ရှေ့ရေးကို ကြိုတင် တွက်ဆတာ အတော်ဝါသနာကြီးပုံရတယ်။ ယုဇနဦးဌေးမြင့်နဲ့ကျောက်တွင်းတွေ ဖက်စပ်လုပ်တာ၊ဆက်သွယ်ရေးဝန်ကြီးဦးသိန်းဇော်ဆီက တယ်လီဖုန်းဘယ်နှစ်လုံးရ တယ်၊ဖားကန့်မှာကျောက်တူးဖို့ မြေတူးစက်ဘယ်နှစ်စီး၊ဘယ်နိုင်ငံက တင်သွင်းလာတယ်ဆိုတာ။မျိုး တွေလည်းပါသပေါ့။ တနေ့တော့ ကျနော်ငွေလိုတာနဲ့ စမ်းချောင်းကျွန်းတောလမ်းထဲက သူ့ရုံးခန်းကို ရောက်သွားပါရော။အမှန်က အဲဒီနေ့က ငွေလိုတာဟာ လုပ်ငန်းကိစ္စထက် ကျနော့်ကိုယ်ရေးကိုယ်တာ ဖြစ်နေတာမို့ စိတ်ထဲမှာလိပ်ပြာသိပ်မသန့်လှတာနဲ့ ကျနော့်စိတ်ဓာတ်ကို သူရိပ်စားမိပါစေတော့ဆိုပြီး သူ့ကို ဇာတ်လမ်းတစ်ပုဒ် ပြောပြဖြစ်တယ်။မင်းတုန်းမင်းလက်ထက်က ထင်ရှားခဲ့တဲ့ ပခန်းမင်းကြီးဦးရန်ဝေးအကြောင်းပေါ့။သူက ကျနော်ပြောတာကို စိတ်ဝင်တစားနဲ့ငြိမ်ပြီး နားထောင်နေတယ်။ ဒီလိုဗျ။ မင်းတုန်းမင်းလက်ထက်မှာ ချင်းတွင်းနယ်ဘက်က ဘုန်းကြီးလူထွက်နှစ်ဦးဟာ နေပြည်တော်မှာ ထိပ်တန်းစာရင်းဝင်တဲ့ မင်းကြီးရာထူးတွေ ရခဲ့ဖူးတယ်။ကံတူအကျိုးပေးဆိုရမဲ့ သူတို့နှစ်ယောက်ကတော့ ပခန်းမင်းကြီးဦးရန်ဝေးနဲ့ ကင်းဝန်မင်း ကြီးဦးကောင်းပဲဗျ။သူကောင်းပြုခံရပြီးတဲ့နောက် ဦးရန်ဝေးဟာ အမှန်တရားနဲ့သစ္စာတရားအတွက် ရှင်ဘုရင်ကိုတောင် ပြန်လှန်တတ်တာမို့ မင်းတုန်းမင်းကိုယ်တော်တိုင်က ပခန်းရှင်ဘုရင်ကြီးလို့ ခေါ်လေ့ရှိသတဲ့။ ဦးရန်ဝေးဟာ ချင်းတွင်းအနောက်ဖက် ဗန့်ကျီနယ်၊ဗဒူရွာဇာတိ။(၁၁၇၄)မှာ မွေးတယ်။ဗဒူရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမဟာ ဦးရန်ဝေးရဲ့ ဦးလေးတော်သတဲ့။အဲဒီကျောင်းမှာပဲ ဦးရန်ဝေးဟာ ဦးဝိသုဒ္ဓိဆိုတဲ့ဘွဲ့နဲ့ ခန်းနေဦးပဉ္ဇင်းကြီးဖြစ် လာပြီး ပုဂံမင်းနန်းတက်တဲ့အခါ ဗားကရာကို ရောက်လာတယ်။ငွေရေးကျောင်းတိုက်မှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာ တယ်။အဲဒီအချိန်မှာ လွှတ်တော်မင်းသားကြီးဖြစ်နေတဲ့ မင်းတုန်းမင်းသားအိမ်ကို မှန်မှန်ကြွရောက်ပြီး တရားဟော သီလ ပေးတာတွေ လုပ်လေ့ရှိသတဲ့။၁၂၁၁ခုနှစ်မှာ မင်းတုန်းမင်းသားက ပညာဗဟုသုတအရာ ရှာမှီးသူတွေလိုအပ်ကြောင်း မိန့် ကြားတဲ့အတွက် ဦးဝိသုဒ္ဓိ(ဦးရန်ဝေး)ဟာ သူ့ဆီမှာ အတွင်းတပည့်အဖြစ် ရဟန်းဘ၀နဲ့ စာပေကျမ်းဂန် ပေါက်မြောက် အောင် သင်ယူနေတဲ့ ကင်းဝန်မင်းကြီးအလောင်းအလျာ(ရှင်အာသဘ)ကို လူထွက်စေသတဲ့။အရှင်အာသဘကလည်း မင်းတုန်းမင်းသားဟာ တစ်နေ့ရှင်ဘုရင်ဖြစ်မယ်ဆိုတာ ကြိုသိလို့ ၀မ်းမြောက်ဝမ်းသာ ရဟန်းသိက္ခာချသတဲ့။ မကြာခင်မှာပဲ ဦးရန်ဝေးလည်း မင်းတုန်းမင်းသား အကြိမ်ကြိမ်လျှောက်တင် တိုက်တွန်းချက်ကြောင့် လူဝတ်လဲပြီး မင်းတုန်းမင်းသားရဲ့ အကြီးတော်ရာထူးရလာတယ်။ မင်းတုန်းမင်းသား နန်းရတဲ့အခါ ဦးရန်ဝေးကို ပခန်းမင်းကြီးအဖြစ် ၀န်ကြီးရာထူးပေးတဲ့အပြင် ခမည်းတော်သာယာဝတီမင်း ရဲ့ကိုယ်လုပ်တော် သန်လျင်မြို့စားနဲ့ ထိမ်းမြားပေးသတဲ့။မင်းတုန်းမင်းဟာ ပခန်းမင်းကြီးအိမ်တော်ကို နေ့စဉ်ပွဲတော်အုပ် ပို့ပြီး လစာတော်ငွေ နှစ်ထောင်ပေးတယ်။ထူးခြားချက်က ပခန်းမင်းကြီးဟာ လာဘ်မစားဘူး။ရတဲ့လစာနှစ်ထောင်ကို သူ့ အတွက် တစ်ထောင်သုံးတယ်။မင်းကြီးကတော်နဲ့ တပည့်တွေအတွက် ငါးရာစီ ကွက်တိခွဲဝေသုံးတယ်။ တစ်ခါမှာတော့ ပခန်းမင်းကြီးဆီကို မုဆိုးမဘ၀ရောက်နေတဲ့ သူ့နှမဒေါ်နီ နွမ်းပါးတဲ့ဘ၀နဲ့ ရောက်လာပြီး ခိုလှုံတဲ့အခါ နှမ ဖြစ်သူကို ထောက်ပံ့ဖို့နည်းလမ်းရှာရင်း ဘုရင့်ရွှေပန်းတိမ်တော်သားတွေဆီရောက်သွားရောဆိုပါတော့။အဲဒီအချိန် ပန်းတိမ် တော်မှာ ရွှေပုခက်တစ်ခုကိုစီခြယ်နေရင်း ပိုနေတဲ့ လေးဆယ့်ငါးကျပ်သားလောက်ရွှေတုံးတစ်တုံးကိုတွေ့တော့ ဦးရန်ဝေး က `နန်းတော်ကမေးရင် ဒီရွှေတုံးကို ငါယူသွားတယ်ပြောလိုက်´လို့ မှာပြီး ကောက်ယူသွားရောတဲ့။ နှစ်ဦးသား ပန်းခြံမှပြန်ချိန်တွင် ကားလမ်းပေါ်မှာ ကားတွေအတော်ရှုပ်နေခဲ့ပြီ။ ပန်းခြံရှေ့မှာ စာသင်ကျောင်းရှိနေ၍ ပိုရှုပ်သည်။ တူညီကျောင်းဝတ်စုံနှင့် ကလေးငယ်များကို ဆိုင်ကယ်နှင့်တမျိုးကားနှင့်တဖုံ လိုက်ပို့နေကြသည့် ကျောင်းသား မိဘများကို တွေ့နေရသည်။နံနက်ခုနစ်နာရီဝန်းကျင်ရှိရော့မည်။ အခန်း(၇) ဘဝတာတိုတိုမှာ အရသာချိုချိုရှာ ရွှေထီးဆောင်းစဉ်အချိန်များက ကိုသက်ခိုင်မည်သို့မည်ပုံနေထိုင်ခဲ့လေသည်ကို ကျနော်မသိချေ။ ကျနော်နှင့်တရင်းတနှီး နေရစဉ်ကာလများတွင်မူ ကိုသက်ခိုင်သည် အနေအစားရိုးသူဖြစ်သည်။အလုပ်တစ်ခုကို ကိုယ်တိုင်လုပ်ရမှ ကျေနပ် သူဖြစ်၏။လမ်းလျှောက်ရာမှအပြန် ရေမိုးချိုးပြီးချိန်တွင် ကိုသက်ခိုင်သည် နံနက်စာကို သူကိုယ်တိုင်စီမံသည်။ အထွေ အထူးတော့မဟုတ်။ ဆီမပါသလောက်ဖြစ်သော ပဲပြုပ်ထမင်းကြော်နှင့်ကော်ဖီတခွက်စီသာဖြစ်ပါ၏။ `နေပါဦးဗျ၊ကိုကျော်စိုးပြောပြတဲ့ ခင်ဗျားဘ၀မှာ မမေ့နိုင်တဲ့စကားတစ်ခွန်းဆိုတာ ဘာများပါလိမ့်´ `သိပ်အထူးအဆန်းတော့မဟုတ်ဘူးဗျ။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့စွဲနေတယ်။ ကိုကျော်စိုးဟာ အရပ်အမောင်းမြင့် တယ်။ ကိုယ်လုံးကိုယ်ပေါက်ကြီးတယ်။လိုရင်းပြောရရင် ၀တဲ့လူစာရင်းမှာပါတယ်ဆိုပါတော့။ကျနော်က စင်္ကာပူဗီဇာရဖို့ သူ့အကူအညီနဲ့ဟိုသွား၊ဒီသွားကာလတွေမှာ သူနဲ့ကျနော်စကားတွေအများကြီးပြောဖြစ်တယ်။သူက အစားအသောက် ကောင်းတော့ အတော်ကြိုက်ရှာတယ်။ကျနော်က သူစားချင်တာမှန်သမျှ ဒကာခံတော့ ဘန်ကောက်မာပိုကရောင်း ကုန်တိုက်ထဲက (MK)ဆိုင်မှာထိုင်ကြရင်း အစားအသောက်နဲ့ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုကို ရောက်သွားရော ဆိုပါတော့၊သူဟာ ငယ်စဉ်ဘ၀က အတော်ဆင်းရဲခဲ့တယ်တဲ့။ အဲဒီတော့ စားချင်တာ စားလို့မရဘူး။ သူက ခေါက်ဆွဲကြော် အရမ်းကြိုက်တယ်ဆိုပဲ။ ဒါပေမဲ့ သူငယ်ငယ်တုန်းက သူကြိုက်တဲ့ခေါက်ဆွဲကြော်ကို အားရပါးရ တ၀ကြီး မစားခဲ့ရဘူးတဲ့။ အခုချမ်းသာနေပြီ၊စားချင်တာ စားနိုင်နေပြီ၊ဒါပေမဲ့ သူကြိုက်တဲ့ ခေါက်ဆွဲကြော်ကို အ၀စားနိုင်တဲ့အခွင့်အရေးမရှိပြန်ဘူးတဲ့။ ကျနော်က အံ့သြတကြီးနဲ့ခေါက်ဆွဲကြော်စားချင်တာများ ရေးကြီးခွင်ကျယ်လုပ်လို့ ကိုကျော်စိုးရာ၊ကျနော်ဝယ်ကျွေးပါ့မယ် လည်းဆိုရော….၊ ဟေ့ကောင် သက်ခိုင်၊ငါ့မှာ ဆီးချိုရော ကျောက်ကပ်၊နှလုံး ရောဂါစုံဝင်နေတာဟ၊ခေါက်ဆွဲကြော်ရော ကျန်တဲ့ဘာအစားမဆို တ၀တပြဲစားလို့ မရဘူးတဲ့။ သူကတော့ အမှတ်မထင်ပြောလိုက်တာပါပဲ။ကျနော့်စိတ်ထဲမှာတော့ အတော်ကိုတွေးတောစရာ ဖြစ်ကျန်ခဲ့တယ်။လောက ကြီးရဲ့သရော်လှောင်ပြောင်မှုကြီးပါလား။ နေပျော်တဲ့ဘ၀၊ပြည့်စုံတဲ့ဘ၀ဆိုတာ ဘာလဲ။ငွေဟာ ဘ၀ရဲ့ဘယ်အဆင့်အခြေမှာ ရှိနေသလဲ။စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ခြင်းကင်းတဲ့ဘ၀မှာ ပိုင်ဆိုင်နေတဲ့ ဥစ္စာဓနဟာ ဘာအသုံးဝင်သလဲ။ ကျနော်အရှည်ကြီး လျှောက်တွေးနေဖြစ်ခဲ့တယ်ဗျာ´ `ခင်ဗျားပြောနေတာ ငွေအကြောင်းရောက်လာတော့ တခုမေးချင်သေးတယ်။ ခင်ဗျားရဲဘက်မှာနေခဲ့ရတယ်။ စီးပွား ပျက်သွားတယ်။ အခုတိုင်းပြည်အပြင်ထွက်လာတော့ အခြေတကျနေထိုင်ဖို့ ပိုက်ဆံက ဘယ်ကနေထွက်လာတုန်းဗျ´ `အင်း၊ မပြီးမပြတ်သေးတဲ့ သာသနာ့ရိပ်သာလမ်းအမွေဆိုင်အမှုကနေ ကျနော့်ဝေစုကို ခွဲပေးဖို့ ကိုလှမောင်ရွှေနဲ့ ဦးကြီးစိန် တို့ဆီစာလှမ်းရေးရတာပေါ့။ကျနော့်ဘ၀က လမ်းဆုံးနေပြီမို့ ဘယ်လောက်တန်တန် ကျနော်စိတ်မ၀င်စားနိုင်တော့ပါဘူး။ သူတို့ဘက်ကလည်း ကျနော်တို့သဘောတူထားတဲ့အတိုင်း သိန်းထောင့်ခုနှစ်ရာကို လွှဲပေးလိုက်တော့ စာရင်းတစ်ခု ရှင်း ရောဆိုပါတော့ဗျာ။တစ်ခုတော့ ပြောပါရစေဗျာ၊အခု ဒီလူတွေ ကျိကျိတက်ချမ်းသာကုန်ပြီ၊သမ္မတအကြံပေးလိုနေရာမျိုးကို ရောက်နေပြီမို့ သူတို့အကြောင်းလူအထင်ကြီးခံရယုံ လျှောက်ပြောနေတာမျိုး အထင်မခံချင်တော့ဘူး။ ဘ၀ဟောင်းကို ကျနော်မေ့ချင်ပြီ။ သူတို့ကို ကြောက်စရာဘာအကြောင်းမှ ကျနော့်မှာ မရှိဘူး။ကျနော်စိတ်ထဲမှာ ဘ၀တစ်ခုထူထောင်ဖို့ ကူညီပေးလိုက်တယ်လို့ပဲ မှတ်ပါတယ်။ သူတို့ကိုကျေးဇူးတင်တယ်။ သူတို့ဘက်က ပြောသံဆိုသံတစ်ချို့ ကျနော်တဆင့် စကားနဲ့ ကြားတာတွေရှိပါတယ်။ ဥပမာ စံနစ်တကျလိမ်တတ်တဲ့ လူလိမ်ဆိုတဲ့စကားမျိုးပေါ့။ လက်ကြောင့်ကျေ၊နှုတ်ကြောင့်သေဆိုတဲ့ ဗမာ့ဆိုထုံးကို သူမေ့များနေရော့သလား။ဝက်သားဟင်းနဲ့ ချဉ်ပေါင်ရွက်ဟင်း လဲပစ်ချင်တဲ့စိတ်ပေါက်အောင်လာဆွနေသလိုပဲ။တကယ်တော့ကျနော်အစွယ်မကျိုးသေးပါဘူး။ပန်းပန်လျက်ပါဇာတ်ကားထဲမှာ မင်းသမီးကြီးဒေါ်ကြည်ကြည်ဌေးက မင်းသားကြီးမြတ်လေးကို ပြောခဲ့တဲ့ စကားတခွန်းတောင် သွားသတိရ မိသေး။ဘာတဲ့၊လူဆိုတာ ကိုယ့်အတွက်ဆို တကွက်တော့ချန်ကြတာချည်းပါပဲဆိုတဲ့ စကားလေ။ ဘာဘဲ ဖြစ်ဖြစ် ရှိပါစေ တော့။ အရင်တုန်းက လူလိမ်ဖြစ်ခဲ့ရင်တောင် ရှေ့ဆက်မယ့် ကျနော့် ဘ၀ခရီးမှာလူကောင်း အဖြစ်နဲ့သာ ကျနော်ခရီး ဆက်ချင်စိတ်ရှိတော့တယ်။ ကျနော်ကိုယ်တိုင် ကိုလှမောင်ရွှေကိုပြောပြခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိလေရဲ့ဗျာ။ အဲဒီ အကြောင်းကတော့ ပခန်းမင်းကြီးဦးရန်ဝေးရဲ့အကြောင်းပါပဲ။ အဲဒီအကြောင်းကို ပြောပြဖြစ်တာက ကျနော်ဘယ်လို လူစား၊ဘယ်လိုစိတ်ထား ရှိတယ်ဆိုတာ သူသိစေချင်လို့ပါပဲ။ `အော် ခင်ဗျားက သမ္မတအကြံပေးကိုတောင် ပုံပြောပြခဲ့ဖူးသေးတာကိုး၊လုပ်ပါဦးဗျ။ ဦးရန်ဝေးဇာတ်လမ်း´ `အမှန်တော့ ကိုလှမောင်ရွှေကို မိတ်ဆက်ပေးတာ ကိုဇော်ဝင်းဦးဗျ။ ဒေါ်ကြည်ကြည့်အမွေဆိုင်ခြံကိစ္စ အကျိုးတူလုပ်ဖြစ် ကြတော့ ကျနော်နဲ့သူ မကြာခဏ တွေ့ဖြစ်တယ်ဆိုပါတော့။အမွေမှုထုံးစံအတိုင်း ထိုင်ရာမထ အပွကြံချင်တဲ့သူတွေနဲ့ ကျနော် အမြဲမျက်နှာချင်းဆိုင်နေရတယ်။ ကျနော်ကိုယ်တိုင်လည်း ချွတ်ခြုံကျနေတဲ့အချိန်၊ဒါကြောင့် အသင့်ဟထားတဲ့ ပါးစပ်ပေါက်တွေကို ပိတ်နိုင်ဖို့ ငွေခဏခဏလိုတယ်လေ။များသောအားဖြင့် ငွေကြေးကိစ္စကို ကိုလှမောင်ရွှေနဲ့ ညှိရတာ များပါတယ်။ မှတ်မှတ်ရရတကြိမ်မှာ ဦးကြီးစိန်ဟာ ကျနော်အရေးတကြီး လိုနေတဲ့ငွေငါးသိန်းကို အလကားထုတ်ပေးဖူးတာ ကျနော်သတိရနေတုန်းပဲ။ ကိုလှမောင်ရွှေအဖေက ဗိုလ်ကြီးကျော်ရွှေ၊မဆလလက်ထက် ရန်ကုန်တိုင်းကောင်စီမှာ အတွင်းရေးမှူးလို့ ဆိုတယ်။ အဲဒီတုန်းက ရန်ကုန်တိုင်းကောင်စီဥက္ကဋ္ဌဟာ ဗိုလ်မှူးသိန်းအောင်(ရေ)လို့ မှတ်မိနေတယ်။ ထူးခြားချက်ကတော့ မဆလခေတ်ဆိုးကြီးထဲမှာ ဗိုလ်မှူးသိန်းအောင်နဲ့ ဗိုလ်ကြီးကျော်ရွှေတို့ဟာ လာဘ်ပေးလာဘ်ယူကိစ္စကို မစင်ဘင်ပုပ်လို ရွံတဲ့သူတွေ ကိုယ်ကျင့်တရားကောင်းမွန်သူတွေဖြစ်တယ်လို့ ရှေ့မှီနောက်မှီပုဂ္ဂိုလ်တွေက မှတ်ချက်ချဖူးသဗျ။ ကျနော်နဲ့ တွေ့စဉ်မှာ ဗိုလ်ကြီးကျော်ရွှေဟာ သူ့သားတွေကို ဥမကွဲသိုက်မပျက်စေဖို့ သူ့သားတွေပိုင်တဲ့ ကုမ္ပဏီမှာ ရုံးအုပ်ကြီးလို ထင်ရတဲ့ ပုံစံမျိုးနဲ့ ရိုးရိုးကုပ်ကုပ် နေထိုင်တာကို ကျနော်သတိပြုမိတယ်ဗျ။မာန်မာနရှိဟန် မတူပါဘူး။ ကိုလှမောင်ရွှေ ပြောနေကျ စကားတစ်ခွန်းကို ကျနော်မှတ်မိနေတယ်။`ကျနော်တို့က တပ်မိသားစုဆိုတော့ ထမင်းစားရင်တောင် ဝေပုံကျပဲ။ ဘဲဥတစ်ခြမ်းနဲ့ ထမင်း လိုသလောက်ရမယ်။ ထမင်းလိုချင်ရင်သာ ထပ်ရမယ်။ ဘဲဥတော့ထပ်မရ ဘူး´တဲ့။အေးဗျာ၊ကျနော်လည်းသူပြောမှ ကျနော်ငါးနှစ်သားအရွယ် သာကေတဘက် ဦးလေးဘုန်းကြီးရဲ့ ကျောင်းမှာ သွားနေခဲ့ရတုန်းက ဘ၀ကိုပြေးသတိရမိတယ်။ ကျနော့်တစ်သက်မမေ့နိုင်တာက ကာဘော်လစ်ဆပ်ပြာနံ့၊ ပဲကြီးလှော်နဲ့ ငါးပုဏ္ဏားပဲ။ ဘုန်းကြီးကျောင်းမှာ ရေပြတ်လို့ လမ်းဘေးရေဘုံဘိုင်မှာ ရေချိုးတိုင်း ကာဘော်လစ်ဆပ်ပြာနဲ့ တိုက်ရတယ်။တစ်ပတ် တစ်ကြိမ် ကျနော့်အဖေရောက်လာရင် ပဲကြီးလှော်တထုတ်နဲ့ မုန့်ဖိုးပြားနှစ်ဆယ်ပေးလေ့ရှိတယ်။ ငါးပုဏ္ဏားကတော့ ကျောင်းနဲ့မလှမ်းမကမ်းမှာရှိတဲ့ ငမိုးရိပ် ချောင်းစပ်မှာ ပိုက်ကွန်ပစ်နေတဲ့ တံငါသည်တွေက ခဏခဏ အလကားပေးတတ်လို့။လူမမည် ဘုန်းကြီးကျောင်းသားတွေ ကို သနားတယ်ထင်ပါ့။ သူ ဘ၀မမေ့တာကို ကျနော် သဘောကျမိတယ်။အခုအဆင့်လောက်တော့ မဟုတ်သေးဘူးဆိုပါတော့။ ကျနော်ရောက်တိုင်းလိုလို သူက တပ်မတော်ဖွဲ့စည်းပုံ၊ထိပ်တန်းတပ်မတော်အရာရှိတွေ ရာထူးအရွေ့အပြောင်း အကြောင်း တွေ သူရှင်းရှင်း ပြနေတာ ကျနော်နားထောင်ဖူးတယ်။ဘယ်သူက စစ်ထောက်ချုပ်ဖြစ်သွားပြီ။စစ်ရေးချုပ်ဟာ ဘယ်သူ။ ဒီတော့ မကြာခင်မှာ ကာကွယ်ရေးဦးစီးချုပ် ဘယ်သူဖြစ်လာမယ် ဆိုတာမျိုးတွေ။သူက စစ်တပ်ရှေ့ရေးကို ကြိုတင် တွက်ဆတာ အတော်ဝါသနာကြီးပုံရတယ်။ ယုဇနဦးဌေးမြင့်နဲ့ကျောက်တွင်းတွေ ဖက်စပ်လုပ်တာ၊ဆက်သွယ်ရေးဝန်ကြီးဦးသိန်းဇော်ဆီက တယ်လီဖုန်းဘယ်နှစ်လုံးရ တယ်၊ဖားကန့်မှာကျောက်တူးဖို့ မြေတူးစက်ဘယ်နှစ်စီး၊ဘယ်နိုင်ငံက တင်သွင်းလာတယ်ဆိုတာ။မျိုး တွေလည်းပါသပေါ့။ တနေ့တော့ ကျနော်ငွေလိုတာနဲ့ စမ်းချောင်းကျွန်းတောလမ်းထဲက သူ့ရုံးခန်းကို ရောက်သွားပါရော။အမှန်က အဲဒီနေ့က ငွေလိုတာဟာ လုပ်ငန်းကိစ္စထက် ကျနော့်ကိုယ်ရေးကိုယ်တာ ဖြစ်နေတာမို့ စိတ်ထဲမှာလိပ်ပြာသိပ်မသန့်လှတာနဲ့ ကျနော့်စိတ်ဓာတ်ကို သူရိပ်စားမိပါစေတော့ဆိုပြီး သူ့ကို ဇာတ်လမ်းတစ်ပုဒ် ပြောပြဖြစ်တယ်။မင်းတုန်းမင်းလက်ထက်က ထင်ရှားခဲ့တဲ့ ပခန်းမင်းကြီးဦးရန်ဝေးအကြောင်းပေါ့။သူက ကျနော်ပြောတာကို စိတ်ဝင်တစားနဲ့ငြိမ်ပြီး နားထောင်နေတယ်။ ဒီလိုဗျ။ မင်းတုန်းမင်းလက်ထက်မှာ ချင်းတွင်းနယ်ဘက်က ဘုန်းကြီးလူထွက်နှစ်ဦးဟာ နေပြည်တော်မှာ ထိပ်တန်းစာရင်းဝင်တဲ့ မင်းကြီးရာထူးတွေ ရခဲ့ဖူးတယ်။ကံတူအကျိုးပေးဆိုရမဲ့ သူတို့နှစ်ယောက်ကတော့ ပခန်းမင်းကြီးဦးရန်ဝေးနဲ့ ကင်းဝန်မင်း ကြီးဦးကောင်းပဲဗျ။သူကောင်းပြုခံရပြီးတဲ့နောက် ဦးရန်ဝေးဟာ အမှန်တရားနဲ့သစ္စာတရားအတွက် ရှင်ဘုရင်ကိုတောင် ပြန်လှန်တတ်တာမို့ မင်းတုန်းမင်းကိုယ်တော်တိုင်က ပခန်းရှင်ဘုရင်ကြီးလို့ ခေါ်လေ့ရှိသတဲ့။ ဦးရန်ဝေးဟာ ချင်းတွင်းအနောက်ဖက် ဗန့်ကျီနယ်၊ဗဒူရွာဇာတိ။(၁၁၇၄)မှာ မွေးတယ်။ဗဒူရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမဟာ ဦးရန်ဝေးရဲ့ ဦးလေးတော်သတဲ့။အဲဒီကျောင်းမှာပဲ ဦးရန်ဝေးဟာ ဦးဝိသုဒ္ဓိဆိုတဲ့ဘွဲ့နဲ့ ခန်းနေဦးပဉ္ဇင်းကြီးဖြစ် လာပြီး ပုဂံမင်းနန်းတက်တဲ့အခါ ဗားကရာကို ရောက်လာတယ်။ငွေရေးကျောင်းတိုက်မှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာ တယ်။အဲဒီအချိန်မှာ လွှတ်တော်မင်းသားကြီးဖြစ်နေတဲ့ မင်းတုန်းမင်းသားအိမ်ကို မှန်မှန်ကြွရောက်ပြီး တရားဟော သီလ ပေးတာတွေ လုပ်လေ့ရှိသတဲ့။၁၂၁၁ခုနှစ်မှာ မင်းတုန်းမင်းသားက ပညာဗဟုသုတအရာ ရှာမှီးသူတွေလိုအပ်ကြောင်း မိန့် ကြားတဲ့အတွက် ဦးဝိသုဒ္ဓိ(ဦးရန်ဝေး)ဟာ သူ့ဆီမှာ အတွင်းတပည့်အဖြစ် ရဟန်းဘ၀နဲ့ စာပေကျမ်းဂန် ပေါက်မြောက် အောင် သင်ယူနေတဲ့ ကင်းဝန်မင်းကြီးအလောင်းအလျာ(ရှင်အာသဘ)ကို လူထွက်စေသတဲ့။အရှင်အာသဘကလည်း မင်းတုန်းမင်းသားဟာ တစ်နေ့ရှင်ဘုရင်ဖြစ်မယ်ဆိုတာ ကြိုသိလို့ ၀မ်းမြောက်ဝမ်းသာ ရဟန်းသိက္ခာချသတဲ့။ မကြာခင်မှာပဲ ဦးရန်ဝေးလည်း မင်းတုန်းမင်းသား အကြိမ်ကြိမ်လျှောက်တင် တိုက်တွန်းချက်ကြောင့် လူဝတ်လဲပြီး မင်းတုန်းမင်းသားရဲ့ အကြီးတော်ရာထူးရလာတယ်။ မင်းတုန်းမင်းသား နန်းရတဲ့အခါ ဦးရန်ဝေးကို ပခန်းမင်းကြီးအဖြစ် ၀န်ကြီးရာထူးပေးတဲ့အပြင် ခမည်းတော်သာယာဝတီမင်း ရဲ့ကိုယ်လုပ်တော် သန်လျင်မြို့စားနဲ့ ထိမ်းမြားပေးသတဲ့။မင်းတုန်းမင်းဟာ ပခန်းမင်းကြီးအိမ်တော်ကို နေ့စဉ်ပွဲတော်အုပ် ပို့ပြီး လစာတော်ငွေ နှစ်ထောင်ပေးတယ်။ထူးခြားချက်က ပခန်းမင်းကြီးဟာ လာဘ်မစားဘူး။ရတဲ့လစာနှစ်ထောင်ကို သူ့ အတွက် တစ်ထောင်သုံးတယ်။မင်းကြီးကတော်နဲ့ တပည့်တွေအတွက် ငါးရာစီ ကွက်တိခွဲဝေသုံးတယ်။ တစ်ခါမှာတော့ ပခန်းမင်းကြီးဆီကို မုဆိုးမဘ၀ရောက်နေတဲ့ သူ့နှမဒေါ်နီ နွမ်းပါးတဲ့ဘ၀နဲ့ ရောက်လာပြီး ခိုလှုံတဲ့အခါ နှမ ဖြစ်သူကို ထောက်ပံ့ဖို့နည်းလမ်းရှာရင်း ဘုရင့်ရွှေပန်းတိမ်တော်သားတွေဆီရောက်သွားရောဆိုပါတော့။အဲဒီအချိန် ပန်းတိမ် တော်မှာ ရွှေပုခက်တစ်ခုကိုစီခြယ်နေရင်း ပိုနေတဲ့ လေးဆယ့်ငါးကျပ်သားလောက်ရွှေတုံးတစ်တုံးကိုတွေ့တော့ ဦးရန်ဝေး က `နန်းတော်ကမေးရင် ဒီရွှေတုံးကို ငါယူသွားတယ်ပြောလိုက်´လို့ မှာပြီး ကောက်ယူသွားရောတဲ့။

No comments: