Saturday, January 7, 2012

ကံကောင်းလို့ မသေ၊ သံချောင်းတို့ အဖေ /အမေ များ




မရှိတာထက်၊မသိတာပိုခက်၏ ဟူသောစကားပုံကို ကျနော်တို့ ရင်းနီး ကြားဘူးကြပေမည်။ လူလောကအတွင်းတွင် မိမိနှင့်ပတ်သက်ဆိုင်၇ာဆိုင်၇ာ လိုအပ်သောဗဟုသုတ
အတွေ့ အကြုံ မရှိခြင်း ကြောင့် မိမိအပါဝင် မိမိအနီးပတ်ဝန်းကျင်ရှိလူများ၏အသက်
အန္တရာယ်နှင့်ပါ ထိပ်တိုက်တွေ့ ကြုံ ရတတ်ကြပေသည်။သို့ သော် အကြောင်းကံအမျိုးမျိုးကြောင့်သေကံမရောက်အသက်မပျောက်ဘဲနောင်တချိန်တွင်
ထိုအကြောင်းရာများကိုအမှတ်တရများအဖြစ်ပြန်ပြောဖြစ်ကြသောအခါများတွင်
“အဲဒီတုံးက ကံကောင်းလိုမသေခဲ့ကြတာပေါ့ကွာ” လို့ ဆိုတတ်ကြမှာပါ။

အနှစ်နှစ်ဆယ်ကျော်၊ တော်လှန်ရေးနှိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ကြရသော
ကျနော့်တို့ သူငယ်ချင်းများတွင်လဲ ငယ်ရွယ်စဉ်အချိန်ကာလများမသိနားမလည်မှုများကြောင့် ကံကောင်းလို့ မသေ၊ သံချောင်းတို့ အဖေ များ ဖြစ်ခဲ့ကြဖူးပါသည်။

မှတ်မိနေပါသေးသည်။
ကျနော်တို့ ရနောင်းမြို့ မှတဆင့် မွန်ပြည်နယ်ဘုရားသုံးဆူသို့ ရောက်ခဲ့ချိန် ကိုရွှေ မွန်နှင့် ကိုရွှေ ကရင်တို့ ၏ ဘုရားသုံးဆူရွာနယ်မြေလုစစ်ပွဲပြီးခါစ၊သုံးဆူရွာမှာရွာပျက်ကြီး
တခုအဖြစ်သို့ေ၇ာက်ရှိ နေပြီး ၊ တရွာလုံးတွင် နယ်မြေခံမဟာမိတ်များ၊ ထိုစဉ်အချိန်အခါက
 မဟာမိတ်များ စုပေါင်းဖွဲ့ စည်းထားသည့်မဒတမှတာဝန်ရှိသူများ
နှင့် ကျနော့်တိုအရင် ရှစ်လေးလုံးအပြီးတောခိုရောက်နှင့်နေကြပြီဖြစ်သောနယ်မြေခံ
ကျောင်းသူ/ကျောင်းသားများ သာရှိနေကြသောအချိန်အခါပင်တည်း။
စစ်ပွဲပြီးစအချိန်မို့  ရွာသူရွာသားများမှာ စစ်ဘေး၊စစ်ဒါဏ်မှဘေးလွတ်ရာနေရာဋ္ဌာနများသို့  ထွက်ပြေးတိမ်းဆောင်နေကြရရွာတွင်းရှိ လူမနေ သော နေအိမ်အလွတ် များတွင်၊ အုပ်စုအလိုက်ဖြစ်သလိုကြုံသလို သင့်တော်ရာရာတွင်နေထိုင်ခဲ့ကြရသည်။
ထိုသို့ နေထိုင်ခဲ့ကြတဲ့အချိန်များ၊တနေ့ ဒူဝလုပ်စရာမယ်မယ်ရရမရှိကြသည်နှင့်အညီ၊ ပတ်ဝန်းကျင်လေ့လာရေးအနေဖြင့်ဋ္ဌင်းကိုယ်ပိုင် ရိ က္ခာရှာဖွေရေး အတွက်ဋ္ဌင်း ရှာဖွေလေ၊
တွေ့ ရှိလေကဏ္ဍ ကို တဦးခြင်းသော်ဋ္ဌင်း အုပ့်စုလိုက်သော်ဋ္ဌင်း သင့်တော်သလို မကြာခဏ၊ အမြဲတစေ လုပ် ခဲ့ကြသည်။
နေ့ စဉ် စားစရာအသီးအနံများ (အထူးသဖြင့် သင်္ဘောသီးများ၊ ရွှေဖရုံ ကျောက်ဖရုံများ၊ကြံချောင်းများနှင့်တခြားစားလို့ ရမည်ဟုထင်ရသော ဘာမှန်းမသိသောသစ်ဥသစ်ဖုများ ၊တယောက်ယောက်မှသိသလိုတတ်သလိုဆရာကြီးလုပ်လမ်းညွှန်ပေးပါက၊ ပိန်းဥကို ကဇွန်းဥ ဟူစားပြီးယားခဲ့ဘူးပါကြောင်း)၊ စားလို့ ၇သော ပုတ်သင်ညိုပါမကျန်တိရိစ္ဆာန်အကောင်လေးများ၊အပြင်အသုံးဝင်သည့်အဝတ်အစားအသုံး
အဆောင်ပစ္စည်းများ ကိုလည်းရ တတ်ကြပေရာ၊ မည်သူကမျှမတိုက်တွန်းရဘဲ အချိန်အားတိုင်း ရှာဖွေလေ၊တွေ့ ရှိလေကျနော်တို့ ကလေးတသိုက်လုပ့်တတ်ကြပေသည်။
ထိုရှာဖွေလေ၊တွေ့ ရှိလေ လုပ်ရပ်များမှာအေးအေးချမ်းချမ်းဖြင့် သာမန်
ကာလျှံကာမျှ၊လုပ်ခဲ့ကြရခြင်းမဟုတ်။ အစားတလုတ်အတွက်အသက်နှင့်ရင်းကာ
စွန့် စွန့် စားစားပြုခဲ့ကြရခြင်းပါ၊
ငါ့ဝမ်းပူဆာ၊မနေသာ တော့ ဆို တဲ့ စကားပုံကို ထိုအချိန်ထိုအခါမှာလုံးဝနားလည်ခဲ့ရပေသည်။
ပြောမယုံ ကြုံဘူးမှသိဆိုသကဲ့သို့ ကိုယ်တိုင်ကြုံဘူးကြသူများစာနာခံစားသိနှိုင်ကြပေမည်။

စစ်ပွဲပြီးခါစလေးအချိန်မို့  စစ်၏အနိဋ္ဌာရုံများဖြစ်သော၊ ဘာမှန်းမသိသောတိရိစ္ဆာန်အသေကောင်များ၊ လူသေအလောင်းကောင်များ၊
 အပုတ်နံ့ များ၊ ကျဉ်ဆံခွန်များ၊မပေါက်သေးသောမှိုင်းကွင်းများ
နေရာအနံ့ ရှိနေချိန်ဟု ပြောယုံမျှဖြင့်စာရူ့ သူစိတ်ကူးဖြင့်ကျနော်
တို့ ရောက်ရှိနေသောနေရာဒေသအခင်းအကျင်းကိုအလွယ်တကူထင်မြင်
သဘောပေါက်နှိုင်ပါလိမ့်မည်။

ရှစ် လေးလုံးအေ၇းအခင်းပြီး စာသင်ခန်းများမှဋ္ဌင်း အထူးသဖြင့် မြို့ နေ
လူတန်းစား၊မှီခိုသူကလေးသူငယ်ဘဝများမှလက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရန်
ဟု မိမိကိုယ်ကိုမိမိ ထင်တလုံးဖြင့်တောခိုလာ စချိန်၊ ကျနော်တို့ ကလေး တစုမှာသေနတ်လက်နက်ကြီးများ၊
လက်ပြစ်ဗုံးနှင့်မှိုင်းဗုံးများဆိုသည်ကိုရုပ်ရှင်၊ဗီဒိယိုများထဲတွင်သာ တွေ့ မြင်ခဲ့ဘူးသူများ
သာဖြစ်ကြပေသည်။

“ မှိုင်းကွင်း၊အန္တရာယ်ရှိသည်၊ မဖြတ်သန်းရ “ ဆိုသော သတိပေးဆိုင်းဘုတ်ကိုလဲမမှု(စာမဖတ်တတ်မဟုတ်၊မျက်ကမ်းသစ္ဆေမကြောက်ကြခြင်းသာ)
ဘာမှတန်ဖိုးမရှိသည့် ရွှေဖရုံသီး၊ကျောက်ဖရုံသီးတလုံးအတွက် မှိုင်းကွင်း သတ်ကွင်းအတွင်း
သို့ စွန့် စွန့် စား စားဝင်ရောက် ကာ မိုက်ခဲ့ကြဘူးပါသည်။

စစ်ပွဲအတွင်းမှကျန်ရစ်ခဲ့သော ထောင်ဗုံးတလုံး ကိုဘုရားသုံးဆူစေတီအနီးရှိ ဇရပ့်အနီးတွင်တွေ့ ကြသောအခါတွင်လဲ သေချာအောင်ဟုဆိုကာ၊တုတ်ဖြင့်သွားထိုး နေခဲ့ကြ ပြန်သေးသည်
။နောက်မှ ယိုးဒယားစစ်တပ့်ကလာရောက်ယူဆောင်သွားခဲ့ကြပါသည်။

မှတ်မှတ်ရရအဖြစ်တခုမှာ၊
ကျနော်တို့ ကလေးတစု (အဲဒီအချိန်တုံးက၊ အကြီးဆုံးက၁၈နှစ်၊ အငယ်ဆုံး က၁၄/၁၅ နှစ်) ဘယ်ကနေဘယ်လို ရှာတွေ့ လာကြသည်မသိ၊ မပေါက်ကွဲသေးသော RPG အာပီဂျီ ဗုံးသီးတလုံး ကို၇လာကြပြီး၊ တအုပ့်လုံးဝိုင်းစုကာ၊ တယောက်ကဒီကနေဒီလိုဖွင့်ရမယ်၊ ဟိုတယောက်ကဟိုလိုဖွင့်မယ်ဟုတယောက်တမျိုး ထင်ကြေးပေးကာ ကလိနေကြပေသည်။ မည်သို့ ဖြစ်သည်မသိဗုံးသီးမှာထင်သလိုလွယ်လွယ်ကူကူပွင့်မလာဘဲ၊စိတ်မရှည်တော့တဲ့
အဆုံးတူနှင့်ရိုတ်ဖွင့်မယ်ဟု ပြောကာ တူသွားယူတော့မှ ကျနော့်တို့ အစုထဲမှ အုပ်ထိမ်းသူ
အကိုကြီးများသိသွားပြီး ကျနော်တို့ ရဲ့ တလွဲမဟာစီမံကိန်းကြီးပျက်သွားခဲ့၇တာပါ။
ကျနော်တို့ တအုပ်လဲအဆူအငါက်ခံကြရပြီး  ကံကောင်းလို့ မသေ၊ သံချောင်းတို့ အဖေ များ ဖြစ်ခဲ့ကြရခြင်းပါ။
မှတ်မိနေသောနောက်တခုမှာ
ကျနော်တို့ သူငယ်ချင်းအစုမှမဟုတ်ပါ၊တခြားနောက်သူငယ်ချင်းတစုမှာဖြစ်ခဲ့ခြင်းပါ။ စစ်ပွဲပြီးသွားပြီမို့ တချို့ ရွာသားများပြန်လာကြပြီး၊
သူတို့ နေအိမ်ခြံဝင်းများထဲတွင်ရှုတ်ပွနေသည်ကို သူတို့ ကိုယ်မှလဲမရှင်းလင်းရဲကျနော်
တို့ အမောင်ကျောင်းသားများကိုပိုက်ဆံပေး လူမိုက်ငှါးကာရှင်းခိုင်းခြင်းပင်၊ အုပ်စုလိုက် ခြံထဲရှိခြုံပင်ပေါင်းပင်များကိုခုတ်ထွင်ရှင်းလင်းပြီး စုပုံကာမီးရှို့ တော့မှ ကိုရွှေဗုံးကထကွဲခြင်းပါ၊ ကံကောင်းထှောက်မှစွာဖြင့်မည်သူမှထိခိုက်ဒါဏ်ရာမရခဲ့ကြပါ။ဒီတကြိမ်လဲ
ကံကောင်းလို့ မသေ၊ သံချောင်းတို့ အဖေ များ ဖြစ်ခဲ့ကြရခြင်းပါဘဲ့ခင်ဗျား။
မင့်တို့ ကမရှင်းချင်ရင်၊မရှင်းဘဲနေလို့ ရတာဘဲ့လို့ စောဒကတက်နှိုင်ပါတယ်၊
သို့ သော်ထိုအချိန်ထိုကာလမှာအဲဒီနေရာမှာရောက်နေကြသူများအားလုံးနီးပါးလောက်မှာ
အစာအသောက်မမှန်ဘဲ ငတ်နေကြရလို့ ပါ၊ ကြက်ရိုးကျော် ၁ဘတ်(ယိုးဒယားငွေ)တန်တခုထမင်းနဲ့ စားနှိုင်တဲ့သူကရွှေပါးစပ်ငွေပါးစပ်လူဖြစ်
ရကျိုးနပ်လောက်ပါရဲ့ လို့ ပြောနှိုင်လောက်တဲ့သူဋ္ဌေးပါခင်ဗျား။ ဆိုတော့ကိုယ့်ကိုအလုပ်ခေါ်ခိုင်းတဲ့သူကိုကျေးဇူးတင်နေကြရတဲ့ဘဝတွေမို့ ပါ။

အနှစ်နှစ်ဆယ်ကျော်ဒီဘက်မှ ဖြက်သန်းလာခဲ့ကြတဲ့ အတိတ်ကအမှတ်တရအကြောင်းလေးတွေကိုပြန်စဉ်းစားမြင်ရောင်၇င်း၊အတိတ်ကသူငယ်ချင်းများကို ကျနော်တို့ ဟာကံကောင်းလို့ မသေ၊ သံချောင်းတို့ အဖေ/အမေ များပါလို့ ………
ထိုသို့ ကျနော်တို့ ကံကောင်းခဲ့ကြရခြင်းမှာ၊ ထိုအချိန်တွင်ကျောင်းသားလူငယ်များမှာဖြူစင်ရိုးသားခဲ့ကြပြီး၊မနာလိုဝန်တိုခြင်းများကင်းကာအမိမြန်မာနှိုင်
လွတ်မြောက်ရေးအတွက်တခုတည်းသောရည်မှန်းချက်များကြောင့်၊မိဘ ပြည်သူများ၏တန်ပြန်ပို့ 
သကြသောမေတ္တာတရားကြောင့်ဟုတထက်ချယုံကြည်မိပါကြောင်း။

1 comment:

Tenissary said...

(မှတ်ချက်။ ။ ထိုအချိန်က ရွာပျက်ထဲမှရှာဖွေတွေ့ ရှိလာသောဆေးခြောက်များ ကွဲနေကြခြင်းမှာလဲအကြောင်းအချက်တခုဖြစ်ခဲ့ပါသည်။ ကျနော်တို့ အများစု

မှာထိုအချိန်မှာဆေးလိပ်ပင်ကောင်းစွာမဖွာတတ်၊မသောက်တတ်ကြသေးပါ၊နောက်ပိုင်းတွင် အစ်ကိုကြီးတဦးမှ ကျနော်တို့ မရှိတဲ့အချိန်တွင်အိမ်သာကျင်းထဲလွှင့်ပြစ်လိုက်ပြီး၊

အိမ်သာကျင်းထဲကအကောင်များအားလုံးကောင်းပြီးကွဲပြီးသေကုန်ပါကြောင်း၊အိမ်သာအတွင်းလွှင့်ပြစ်လိုက်သောပမာဏမှာစားဆီထည့်သောလေးထောင့်သံပုံးကြီး ၂ပုံးခန့် ရှိပါတယ်၊)
အောင်မိုး(ကနေဒါ)