Saturday, January 7, 2012

ကိုယ်လိုချင်ရာတောင်း




ဒေါ်စုက အမြဲအကျိုးအကြောင်းတင်
လူထုက မလွဲအဆိုးအကောင်းမြင်
အာဏာရှင်တွေက တကထဲအမဲရိုးတောင်းချင်

ဒေါ်စုက ဓမ္မ နည်းနဲ့ ပန်းတိုင်ဝင်
လူထုက ဆန္ဒပြ နည်းနဲ့ လမ်းအပိုင်ထွင်
အာဏာရှင်တွေက အဓမ္မ နည်းနဲ့ လှမ်းကိုင်ချင်

လိုချင်တာအစုစု
ဘယ်တစ်ခုကသဘာဝမကျ ဟာသဖြစ်နေပါသလဲ။

သဘာဝ မကျတာ ဖြုတ်ချမှ
သဘာဝကျတာ ပန်းဝင်ရ။

သဘာဝကျသူများ ပန်းဝင်လှပါစေ။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
ဇန္န၀ါရီ ၇ ၂၀၁၂

No comments: