မြန်မာအစိုးရ ဓာတ်ဆီဈေး ပြောင်းလဲသတ်မှတ်
လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ အစိုးရက ဓာတ်ဆီဆိုင်တွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုပါ စတင် လုပ်ကိုင်ခွင့် ပြုခဲ့ပေမဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးမှုတွေကိုတော့ ဆက်လက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ယာဉ်တစ်စင်းအတွက် တစ်နေ့ကို ဓာတ်ဆီ ၂ ဂါလံနှုန်းသာ ဖြည့်ခွင့် ပြုထားတာ ဖြစ်တဲ့အတွက် ပြင်ပမှောင်ခို ဓာတ်ဆီဈေးကွက်လည်း ဆက်လက်ရှိနေခဲ့တာပါ။
လောင်စာဆီဈေးနှုန်း ရုတ်တရက် တိုးမြှင့်တဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်ခဲ့ရာက ဈေးနှုန်းတွေ ပြန်ချပေးဖို့ တောင်းဆိုဆန္ဒပြ လှုပ်ရှားမှုတွေလည်း ၂၀၀၇ ခုနှစ်မှာတုန်းက ပေါ်ပေါက်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် မတ်လကုန်ကစလို့ အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေ လုပ်ဆောင်လာတာနဲ့အတူ အစိုးရက သတ်မှတ်ထားတဲ့ အခွန်အခတွေ၊ နှုန်းထားတွေကိုလည်း ပြင်ဆင်မှုတွေ လုပ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာပဲ လျှပ်စစ်မီတာခတွေကို နှစ်ဆတိုး ကောက်ခံမယ်လို့ အစိုးရ တာဝန်ရှိသူတွေ ပြောခဲ့ကြတာဖြစ်ပေမဲ့ လူတွေရဲ့ မကျေမနပ်သံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ဒီအစီအစဉ်ကို ချက်ချင်းလက်ငင်း စတင်မှာ မဟုတ်သေးဘူးလို့ နောက်ပိုင်းမှာ ပြောဆိုလာကြတာလည်း ဖြစ်ပါတယ်။
အစိုးရ ဓါတ်ဆီဈေးနှုန်း ၃၀ ရာနှုန်း တိုးမြှင့် – Gas prices rise 30 percent in Burma for new year
မိုးမခ
ဇန်န၀ါရီ ၁ ရက်၊ ၂၀၁၂
ဇန်န၀ါရီ ၁ ရက်၊ ၂၀၁၂
ရွှေသံလွင်ကုမဏီ၏ ပဲခူးတိုင်းအတွင်းရှိ ဓာတ်ဆီဆိုင်တခုတွင် ဆီဝယ်ရန် စောင့်ဆိုင်းနေသော ဆိုင်ကယ်သမားများ (ဓာတ်ပုံ – မိုးမခ)
ဓါတ်ဆီဖြူဟု ခေါ်ဆိုကြသည့် ပြည်တွင်းမှ ချက်လုပ်သည့် ဓါတ်ဆီသည် တဂါလံ ကျပ် ၂၅၀၀ မှ ၃၃၅၀ ကျပ်သို့ယနေ့ ဇန်န၀ါရီလ ၁ ရက်နေ့မှ စ၍ တိုးမြှင့်သွားပြီဖြစ်သည်။
စွမ်းအင်ဝန်ကြီးဋ္ဌာနက ပုဂ္ဂလိကစက်သုံးဆီဆိုင်များသို့ ရောင်းချပေးသည့် ဈေးနှုန်းကို တိုးမြှင့် လိုက်သဖြင့် ယခုကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် လက်လီရောင်းချသည့် ဈေးနှုန်းမြင့်တက်သွားခြင်း ဖြစ်သည်။
တဂါလံလျင် ၈၅၀ ကျပ် ဈေးနှုန်းမြင့်တက်သွားသော်လည်း လွတ်လပ်စွာ ၀ယ်ယူနိုင်ခြင်းမရှိသေးပဲ မော်တော်ယာဉ် တစီးလျှင် တရက်လျှင် ၂ ဂါလံ ခွဲတမ်းစနစ်ဖြင့်သာ ဆက်လက်ဝယ်ယူရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။
ယင်းဓါတ်ဆီဖြူအား ပြင်ပဈေးကွက်တွင် တဂါလံ ၄၆၀၀ ကျပ်မှ ၄၈၀၀ ကျပ်ထိ ပေါက်ဈေးရှိနေသည်ဟုလည်း အငှားယာဉ်မောင်းသူတဦးကပြောသည်။
ပြည်တွင်းမှ ချက်လုပ်သည့် ဓါတ်ဆီသည် ပေါက်ကွဲအား နည်းပါးသဖြင့် မောင်းနှင်ရာတွင် ကုန်ကျသက်သာခြင်းကြောင့် မြန်မာနိုင်ငံမှ အငှားကားများ၊ ကားဟောင်းများက ကြိုက်နှစ်သက်ကြသဖြင့် လွတ်လပ်စွာရောင်းချသည့် အော့တိန်းဓါတ်ဆီထက် ဈေးနှုန်းမြင့်မားနေခြင်းဖြစ်သည်။
အော့တိန်းဓါတ်ဆီ တဂါလံလျှင် ၃၇၀၀ ကျပ်သာရှိသော်လည်း ပိုမိုကုန်ကျသဖြင့် မိုဒယ်မြင့်အိမ်စီးကားများသာ ၀ယ်ယူလေ့ရှိပြီး အငှားကားနှင့် ဘတ်စ်ကားများမှာ ပြည်တွင်းဖြစ် ဓါတ်ဆီကိုသာ ၀ယ်ယူသုံးစွဲကြသည်။
ယမန်နှစ် ဇွန်လတွင် အစိုးရပိုင် စက်သုံးဆီဆိုင်များအား ပုဂ္ဂလိကသို့ လုပ်ခွင့်ပြုပြီးနောက် အနည်းငယ်ကြာသည်အထိ ဓါတ်ဆီ တဂါလံ ၂၅၀၀ ကျပ်ဖြင့် လိုသလောက် ရောင်းချခဲ့ရာမှ အောက်တိုဘာမှစပြီး ၀ယ်ယူနိုင်သည့် အရေအတွက်ကို ဆိုင်အပေါ်မူတည်၍ ၂ ဂါလံမှ ၄ ဂါလံအထိ ကန့်သတ်ရောင်းချခဲ့သည်။
ထို့နောက် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ၀ယ်ယူရန် ပြန်လည်သတ်မှတ်ပြီး တရက်လျှင် ၂ ဂါလံ ၊ စာအုပ်ပြုလုပ်ထားရာ ကုမ္ပဏီတခုတည်းတွင်သာ ထုတ်ယူခွင့်ရှိကြောင်း ထပ်မံကန့်သတ်ခဲ့သည်။
ယနေ့ ဇန်န၀ါရီ ၁ ရက်နေ့တွင် ဓါတ်ဆီ ဈေးနှုန်း ၈၅၀ ကျပ်တိုးမြှင့်သွားသကဲ့သို့ လျှပ်စစ်မီတာခ နှုန်းထားများကိုလည်း တယူနစ်လျှင် ၁၀ ကျပ်နှင့် စီးပွားရေး လုပ်ငန်းဖြစ်ပါက ၂၅ ကျပ် အသီးသီး တိုးမြှင့်လိုက်ပြီဖြစ်သည်။
No comments:
Post a Comment